Things God does and things man has to do.

 Unicode Version

ဘုရားလုပ်ပေးသောအရာနှင့် လူလုပ်ရမည့်အရာ

ဟေဗြဲဩဝါဒစာ ၁ဝး၁၄ “စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်းပူဇော်ခြင်း အားဖြင့် ပြုတော်မူ၏။

အထူးသဖြင့် လူကို ခန္ဓာ ၊ စိတ် ၊ ဝိညာဉ် သုံးပါစလုံးဖြင့် ဘုရားသခင်နှင့် တစ်သဏ္ဍာန်တည်း ဖန်ဆင်းထားပြီး ဘုရားဘုန်းနဲ့ပြည့်ပြီး ဘုရား ၏ အလိုတော် မြေကြီးပေါ်မှာ ပြည့်စုံဖို့ရန်အတွက် ဘုရားရဲ့ အကြံအစည်တော် ရှိပါတယ်။ ၎င်းအကြံအစည်တော်ထဲတွင် ဘုရားသခင်၏ အလိုတော်ကို ရှောင်ကြဉ်ပြီး ပညတ်တော်ကို ချိုးဖောက် သူက အပြစ်လုပ်မိတဲ့အတွက် အပြစ်ထဲမှာ ကျဆင်းသွားတဲ့အခါ ဘုရားဘုန်းမရှိတော့ပါ။ ဘုရားနှင့် အဆက်ပြတ် သွားတယ်။ ဝိညာဉ်သေ ၊ ခန္ဓာသေ သွားတယ်။ ဝိညာဉ်ရဲ့အလုပ်က ဩပဿစိတ်လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို သိခြင်း ၊ ဘုရားနဲ့ ဆက်သွယ်ဖို့ရန် အတွက်ဖြစ်တယ်။ အထူးသဖြင့် ဘုရားနဲ့ အဆက်ပြတ်သွားရ ခြင်းက ဝိညာဉ်သေ သောကြောင့် ဖြစ်ပါတယ်။

 

အသက်ရှင်သွားလာနိုင်သော်လည်း ဝိညာဉ်က အသက်ရဲ့ အရင်းအမြစ်ဖြစ်တဲ့အတွက် ဘုရားနဲ့အဆက်ပြတ် နေသောသူ ၊ ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင်လျှင် အပြစ်စီရင်ခြင်း ခံနေရသောသူ ဖြစ်သောကြောင့် ကျွန်ုပ်တို့ရဲ့ အခြေအနေက ဧကန်အမှန် ငရဲကို သွားရမဲ့အခြေအနေ ဖြစ်ပါတယ်။ အဲဒီဝိညာဉ်လွှတ်မြောက်ဖို့ရန် လူက ဘယ်လိုမှ ကြိုးစားလို့မရပါဘူး။ လူ့ရဲ့ ဝိညာဉ်က တန်ဖိုးအရှိဆုံးဖြစ်တယ်။ စကြာဝဌာတစ်ခုလုံးနဲ့လည်း လဲလို့မရပါဘူး။ စကြာဝဌာ တစ်ခုလုံးကို အစိုးရသော်ငှားလည်း ၊ ပိုင်သသော်ငြားလည်း ၊ ရှင်ဘုရင်ဖြစ်သော်ငြားလည်း ထိုအသက်ဝိညာဉ်ရှူံးလျှင် ဘာကျေးဇူးရှိမှာလဲ။ သေသွားရင် လူက အသေကောင်ဘဲဖြစ်တယ်။ ဘာမှ လုပ်လို့မရတော့ပါ။ ခန္ဓာကလည်း တန်ဖိုးမရှိတော့ဘူး။ တန်ဖိုးရှိတာက ထိုအသက်ဝိညာဉ်ဘဲဖြစ်တယ်။ ထိုဝိညာဉ်ကို ဖြောင့်မတ်သောသူ ပြန်ဖြစ်ဖို့ရန် အတွက် ၊ ဖြောင့်မတ်ခြင်းသို့ ပြန်ရောက်ရှိဖို့ရန် အတွက် လူ့အစွမ်း ၊ လူ့ကြိုးစားမှုနဲ့ ဘယ်လိုမှ မရနိုင်တော့ဘူးဆိုတာကို နားလည်စေချင်တယ်။

 

ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာတွင် ဘုရားသခင် တစ်ပါးတည်းသာ ဖြောင့်မတ်တယ်။ လူအပေါင်းတို့သည် ဒုစရိုက်အပြစ်ကို ပြု၍ ဘုရားသခင်ရှေ့တွင် တညီတညွတ်တည်း အသရေပျက်ကြပြီ။ ထိုအသရေပျက်ခြင်းက ဘုရားဘုန်းနဲ့ အဆက်ပြတ်သွားပြီလို့ ဆိုလိုတာဖြစ်တယ်။ အဲဒီ တစ်ညီတညွှတ်တည်း အသရေပျက်ကြတဲ့ ဝိညာဉ်ကို ဖြောင့်မတ်ခြင်းသို့ ပြန်ရောက်ဖို့အတွက် လူကကြိုးစားလို့မရသောကြောင့် ယေရှုခရစ်တော် ဘုရားသခင် ကိုယ်တော်တိုင် ကြွဆင်းလာရတာဖြစ်တယ်။ ဓမ္မဟောင်းကာလမှာတော့ သိုးသငယ်အသွေး ၊ ဆိတ်သငယ်အသွေး နဲ့ လူတွေတစ်နှစ်တာ ပြုမှားတဲ့ အပြစ်များကို ထိုအသွေးယူလာပြီး အပြစ်ဖြေရာယဇ်ပူဇော်ပြီးတော့ ဝန်ချတောင်းပန်တဲ့အခါမှာ တစ်နှစ်ပတ်လုံး ပြုခဲ့တဲ့အပြစ်ကို ဘုရားသခင်က လွှတ်ပေးတယ်။ သို့ရာတွင် ဓမ္မသစ်ကာလ ရောက်လာတဲ့အခါမှာ ကျေးဇူးတော်ကာလ ရောက်လာတဲ့အခါမှာ ဘုရားက ကျေးဇူးပြုသောအရာ ဖြစ်တယ်။ သိုးသငယ်အသွေး  ၊ နွားသူငယ်အသွေးနဲ့ မဟုတ်တော့ဘူး။ ဘုရားသခင်၏ တစ်ပါးတည်းသော သားတော် သခင်ယေရှုခရစ်တော်၏ အသွေးအားဖြင့် တစ်ခါတည်းဖြင့် စုံလင်ခြင်းကို ရောက်စေတယ်။ ထာဝရ စုံလင်ခြင်းအကျိုးကို ရစေတယ် ဆိုတဲ့စကားက သိပ်ပြီးကောင်းမြတ်တယ် ၊ အဓိပ္ပါယ် လေးနက်ပါတယ်။ ဒါကြောင့် သားတော်ရဲ့ အသွေးတော်ဖြစ်တဲ့ ထာဝရစုံလင်ခြင်းကို ရောက်စေတာက ကျွန်ုပ်တို့ရဲ့ ဝိညာဉ်အတွက် ဖြစ်တယ်။ ထို ဝိညာဉ်က ခရစ်တော်၏ အသေခံခြင်း ၊ ရှင်ပြန်ထမြောက်ခြင်းကြောင့် ကျွန်ုပ်တို့ အပြစ်ကြောင့် သေရမည့်အခ ၊ သေခြင်းထဲကိုလည်း မြှုပ်နှံလိုက်တဲ့အပြင် သေခြင်းမှ ရှင်ပြန်ထမြောက်စေပြီး အသစ်တဖန်မွေးဖွားပေးသော  ၊ မူလကဲ့သို့ ဖြောင့်မတ်သော ၊ အပြစ်တစ်ခါမှ မလုပ်ဖူးသော ၊ အပြစ်ဗီဇလည်း မရှိသော ဝိညာဉ်အဖြစ်သို့ စုံလင်ခြင်းကို ရောက်ရှိထားပေးပြီ ဖြစ်သောကြောင့် ၎င်းစုံလင်ခြင်းကား ထာဝရကာလ ၊ ထာဝရအသက်ကို ရရှိထားပြီးသား ဖြစ်တယ်။ ဘာမှ လုပ်စရာ မလိုတော့ဘူး။

 

သို့သော် လူ့ဘက်က လုပ်ရမည့် အပိုင်းကတော့ ရောမဩဝါဒစာ ၁၂း၂ “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

 

ကျွန်ုပ်တို့ စိတ်နှလုံး နဲ့ ခန္ဓာကိုယ် နေထိုင်သွားလာတဲ့ ပုံသဏ္ဍာန်ကတော့ ပြောင်းလဲဖို့ လိုတယ်။ ထိုအရာက လူဘက်က လုပ်ရမည့်အပိုင်းဖြစ်တယ်။ ဖြစ်စဉ်ဖြစ်တယ်။ အသက်ရှင်တဲ့ကာလ တစ်လျှောက်လုံးမှာ ပြင်ဆင်သွားရမဲ့အရာ ဖြစ်တယ်။ ခရစ်တော်၏ ဘုန်းအသရေနဲ့ ပြည့်စုံသော ခန္ဓာကိုယ်ကဲ့သို့ ဖြစ်သည်အထိ လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒါက မစုံလင်သေးသောအရာ ဖြစ်တယ်။ ဘုရားဘက်က လုပ်ပေးတဲ့ ဝိညာဉ်ဘက်က စုံလင်ပြီးသွားပြီလူ့ဘက်က လုပ်ရမဲ့ စိတ်နှလုံးပြင်ဆင်ခြင်းနှင့် ခန္ဓာကိုယ်ပြုပြင်ခြင်း မစုံလင်သေးဘူး။ ဒါကြောင့်မို့ ကျွန်ုပ်တို့က မစုံလင်ဘူးလို့ ဝန်ခံကြတဲ့အရာက စိတ်နှလုံးနဲ့ ခန္ဓာကိုယ်အတွက်တော့ မှန်ပေမဲ့ ဝိညာဉ်အတွက်ကတော့ မမှန်တော့ပါဘူး။ ဝိညာဉ်က စုံလင်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ထာဝရစုံလင်ခြင်းအကျိုးကို ခရစ်တော်အားဖြင့် ရရှိသွားပြီ ဖြစ်သောကြောင့် ယုံကြည်သူတိုင်း သင့်ရဲ့ဝိညာဉ်သည် ဘုရားသခင်နှင့်ပြန်ပြီး အဆက်ရသော ၊ ဘုရားသခင် မွေးဖွားပေးသော ၊ ဘုရားသခင်၏ အသစ်ပြုပြင်ပေးသော ထာဝရစုံလင်သော ဝိညာဉ်ဖြစ်တယ်ဆိုတာကို သိမှတ်စိတ်ချလျက် သင်ရရှိသော ထာဝရ ကယ်တင်ခြင်းလည်း မဆုံးရှုံးသော ထာဝရစုံလင်ခြင်း အသက်ဖြစ်တယ်ဆိုတာကို သိနားလည်စေချင်တယ်။

 

သို့ရာတွင် လောကမှာ အသက်ရှင် အခါမှာ ဘုရားဘုန်းထင်ရှားဖို့ရန် အတွက် “ငါသည် သန့်ရှင်းသည်နည်းတူ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့” ဆိုတဲ့အတိုင်း ဘုရားရဲ့သဘော ၊ ဘုရားရဲ့ ပကတိနှင့် ဆက်ဆံရသော ကျွန်ုပ်တို့လို လူတွေက ဘုရားသခင်နဲ့ တူသထက် တူသော အသက်တာအဖြစ်သို့ ပြောင်းလဲဖို့ရန်အတွက် ဘုရားသခင် အလိုရှိတယ်။ ဤနှုတ်ကပတ်တော်အားဖြင့် သင့်ကို ဘုရားသခင် ကောင်းချီးပေးပါစေ ။ စကားပြောပါစေ။ အာမင်… By Rev. Dr. Lazum Tuja (D.D) Morning Bread

-------------------------------------------------------------------------------------------

Zawgyi Version

ဘုရားလုပ္ေပးေသာအရာႏွင့္ လူလုပ္ရမည့္အရာ 

ေဟၿဗဲဩဝါဒစာ ၁ဝး၁၄ “စင္ၾကယ္ေသာသူတို႔သည္ ထာဝရစုံလင္ျခင္းငွါ၊ တခါတည္းပူေဇာ္ျခင္း အားျဖင့္ ျပဳေတာ္မူ၏။”


အထူးသျဖင့္ လူကို ခႏၶာ ၊ စိတ္ ၊ ဝိညာဥ္ သုံးပါစလုံးျဖင့္ ဘုရားသခင္ႏွင့္ တစ္သ႑ာန္တည္း ဖန္ဆင္းထားၿပီး ဘုရားဘုန္းနဲ႔ျပည့္ၿပီး ဘုရား ၏ အလိုေတာ္ ေျမႀကီးေပၚမွာ ျပည့္စုံဖို႔ရန္အတြက္ ဘုရားရဲ႕ အႀကံအစည္ေတာ္ ရွိပါတယ္။ ၎အႀကံအစည္ေတာ္ထဲတြင္ ဘုရားသခင္၏ အလိုေတာ္ကို ေရွာင္ၾကဥ္ၿပီး ပညတ္ေတာ္ကို ခ်ိဳးေဖာက္ သူက အျပစ္လုပ္မိတဲ့အတြက္ အျပစ္ထဲမွာ က်ဆင္းသြားတဲ့အခါ ဘုရားဘုန္းမရွိေတာ့ပါ။ ဘုရားႏွင့္ အဆက္ျပတ္ သြားတယ္။ ဝိညာဥ္ေသ ၊ ခႏၶာေသ သြားတယ္။ ဝိညာဥ္ရဲ႕အလုပ္က ဩပႆစိတ္လို႔ေခၚတဲ့ ကိုယ့္ကိုယ္ကို သိျခင္း ၊ ဘုရားနဲ႔ ဆက္သြယ္ဖို႔ရန္ အတြက္ျဖစ္တယ္။ အထူးသျဖင့္ ဘုရားနဲ႔ အဆက္ျပတ္သြားရ ျခင္းက ဝိညာဥ္ေသ ေသာေၾကာင့္ ျဖစ္ပါတယ္။ 


အသက္ရွင္သြားလာႏိုင္ေသာ္လည္း ဝိညာဥ္က အသက္ရဲ႕ အရင္းအျမစ္ျဖစ္တဲ့အတြက္ ဘုရားနဲ႔အဆက္ျပတ္ ေနေသာသူ ၊ ဘုရားသခင္၏ တစ္ပါးတည္းေသာ သားေတာ္ကို မယုံၾကည္ေသာေၾကာင့္ ယခုပင္လွ်င္ အျပစ္စီရင္ျခင္း ခံေနရေသာသူ ျဖစ္ေသာေၾကာင့္ ကြၽႏ္ုပ္တို႔ရဲ႕ အေျခအေနက ဧကန္အမွန္ ငရဲကို သြားရမဲ့အေျခအေန ျဖစ္ပါတယ္။ အဲဒီဝိညာဥ္လႊတ္ေျမာက္ဖို႔ရန္ လူက ဘယ္လိုမွ ႀကိဳးစားလို႔မရပါဘူး။ လူ႔ရဲ႕ ဝိညာဥ္က တန္ဖိုးအရွိဆုံးျဖစ္တယ္။ စၾကာဝဌာတစ္ခုလုံးနဲ႔လည္း လဲလို႔မရပါဘူး။ စၾကာဝဌာ တစ္ခုလုံးကို အစိုးရေသာ္ငွားလည္း ၊ ပိုင္သေသာ္ျငားလည္း ၊ ရွင္ဘုရင္ျဖစ္ေသာ္ျငားလည္း ထိုအသက္ဝိညာဥ္ရႉံးလွ်င္ ဘာေက်းဇူးရွိမွာလဲ။ ေသသြားရင္ လူက အေသေကာင္ဘဲျဖစ္တယ္။ ဘာမွ လုပ္လို႔မရေတာ့ပါ။ ခႏၶာကလည္း တန္ဖိုးမရွိေတာ့ဘူး။ တန္ဖိုးရွိတာက ထိုအသက္ဝိညာဥ္ဘဲျဖစ္တယ္။ ထိုဝိညာဥ္ကို ေျဖာင့္မတ္ေသာသူ ျပန္ျဖစ္ဖို႔ရန္ အတြက္ ၊ ေျဖာင့္မတ္ျခင္းသို႔ ျပန္ေရာက္ရွိဖို႔ရန္ အတြက္ လူ႔အစြမ္း ၊ လူ႔ႀကိဳးစားမႈနဲ႔ ဘယ္လိုမွ မရႏိုင္ေတာ့ဘူးဆိုတာကို နားလည္ေစခ်င္တယ္။ 


ဘာေၾကာင့္လဲဆိုေတာ့ သမၼာက်မ္းစာတြင္ ဘုရားသခင္ တစ္ပါးတည္းသာ ေျဖာင့္မတ္တယ္။ လူအေပါင္းတို႔သည္ ဒုစ႐ိုက္အျပစ္ကို ျပဳ၍ ဘုရားသခင္ေရွ႕တြင္ တညီတၫြတ္တည္း အသေရပ်က္ၾကၿပီ။ ထိုအသေရပ်က္ျခင္းက ဘုရားဘုန္းနဲ႔ အဆက္ျပတ္သြားၿပီလို႔ ဆိုလိုတာျဖစ္တယ္။ အဲဒီ တစ္ညီတၫႊတ္တည္း အသေရပ်က္ၾကတဲ့ ဝိညာဥ္ကို ေျဖာင့္မတ္ျခင္းသို႔ ျပန္ေရာက္ဖို႔အတြက္ လူကႀကိဳးစားလို႔မရေသာေၾကာင့္ ေယရႈခရစ္ေတာ္ ဘုရားသခင္ ကိုယ္ေတာ္တိုင္ ႂကြဆင္းလာရတာျဖစ္တယ္။ ဓမၼေဟာင္းကာလမွာေတာ့ သိုးသငယ္အေသြး ၊ ဆိတ္သငယ္အေသြး နဲ႔ လူေတြတစ္ႏွစ္တာ ျပဳမွားတဲ့ အျပစ္မ်ားကို ထိုအေသြးယူလာၿပီး အျပစ္ေျဖရာယဇ္ပူေဇာ္ၿပီးေတာ့ ဝန္ခ်ေတာင္းပန္တဲ့အခါမွာ တစ္ႏွစ္ပတ္လုံး ျပဳခဲ့တဲ့အျပစ္ကို ဘုရားသခင္က လႊတ္ေပးတယ္။ သို႔ရာတြင္ ဓမၼသစ္ကာလ ေရာက္လာတဲ့အခါမွာ ေက်းဇူးေတာ္ကာလ ေရာက္လာတဲ့အခါမွာ ဘုရားက ေက်းဇူးျပဳေသာအရာ ျဖစ္တယ္။ သိုးသငယ္အေသြး  ၊ ႏြားသူငယ္အေသြးနဲ႔ မဟုတ္ေတာ့ဘူး။ ဘုရားသခင္၏ တစ္ပါးတည္းေသာ သားေတာ္ သခင္ေယရႈခရစ္ေတာ္၏ အေသြးအားျဖင့္ တစ္ခါတည္းျဖင့္ စုံလင္ျခင္းကို ေရာက္ေစတယ္။ ထာဝရ စုံလင္ျခင္းအက်ိဳးကို ရေစတယ္ ဆိုတဲ့စကားက သိပ္ၿပီးေကာင္းျမတ္တယ္ ၊ အဓိပၸါယ္ ေလးနက္ပါတယ္။ ဒါေၾကာင့္ သားေတာ္ရဲ႕ အေသြးေတာ္ျဖစ္တဲ့ ထာဝရစုံလင္ျခင္းကို ေရာက္ေစတာက ကြၽႏ္ုပ္တို႔ရဲ႕ ဝိညာဥ္အတြက္ ျဖစ္တယ္။ ထို ဝိညာဥ္က ခရစ္ေတာ္၏ အေသခံျခင္း ၊ ရွင္ျပန္ထေျမာက္ျခင္းေၾကာင့္ ကြၽႏ္ုပ္တို႔ အျပစ္ေၾကာင့္ ေသရမည့္အခ ၊ ေသျခင္းထဲကိုလည္း ျမႇဳပ္ႏွံလိုက္တဲ့အျပင္ ေသျခင္းမွ ရွင္ျပန္ထေျမာက္ေစၿပီး အသစ္တဖန္ေမြးဖြားေပးေသာ  ၊ မူလကဲ့သို႔ ေျဖာင့္မတ္ေသာ ၊ အျပစ္တစ္ခါမွ မလုပ္ဖူးေသာ ၊ အျပစ္ဗီဇလည္း မရွိေသာ ဝိညာဥ္အျဖစ္သို႔ စုံလင္ျခင္းကို ေရာက္ရွိထားေပးၿပီ ျဖစ္ေသာေၾကာင့္ ၎စုံလင္ျခင္းကား ထာဝရကာလ ၊ ထာဝရအသက္ကို ရရွိထားၿပီးသား ျဖစ္တယ္။ ဘာမွ လုပ္စရာ မလိုေတာ့ဘူး။ 


သို႔ေသာ္ လူ႔ဘက္က လုပ္ရမည့္ အပိုင္းကေတာ့ ေရာမဩဝါဒစာ ၁၂း၂ “သင္တို႔သည္ ေလာကီပုံသဏၭာန္ကို မေဆာင္ၾကႏွင့္။ ေကာင္းျမတ္ေသာအရာ၊ ႏွစ္သက္ဘြယ္ေသာအရာ၊ စုံလင္ေသာအရာတည္းဟူေသာ ဘုရားသခင္အလိုေတာ္ရွိေသာ အရာသည္ အဘယ္အရာျဖစ္သည္ကို သင္ႏိုင္မည္အေၾကာင္း၊ စိတ္ႏွလုံးကို အသစ္ျပင္ဆင္၍ ပုံသဏၭာန္ ေျပာင္းလဲျခင္းသို႔ ေရာက္ၾကေလာ့။”


ကြၽႏ္ုပ္တို႔ စိတ္ႏွလုံး နဲ႔ ခႏၶာကိုယ္ ေနထိုင္သြားလာတဲ့ ပုံသ႑ာန္ကေတာ့ ေျပာင္းလဲဖို႔ လိုတယ္။ ထိုအရာက လူဘက္က လုပ္ရမည့္အပိုင္းျဖစ္တယ္။ ျဖစ္စဥ္ျဖစ္တယ္။ အသက္ရွင္တဲ့ကာလ တစ္ေလွ်ာက္လုံးမွာ ျပင္ဆင္သြားရမဲ့အရာ ျဖစ္တယ္။ ခရစ္ေတာ္၏ ဘုန္းအသေရနဲ႔ ျပည့္စုံေသာ ခႏၶာကိုယ္ကဲ့သို႔ ျဖစ္သည္အထိ လုပ္ေဆာင္ရမွာ ျဖစ္တယ္။ ဒါက မစုံလင္ေသးေသာအရာ ျဖစ္တယ္။ ဘုရားဘက္က လုပ္ေပးတဲ့ ဝိညာဥ္ဘက္က စုံလင္ၿပီးသြားၿပီ ။ လူ႔ဘက္က လုပ္ရမဲ့ စိတ္ႏွလုံးျပင္ဆင္ျခင္းႏွင့္ ခႏၶာကိုယ္ျပဳျပင္ျခင္း မစုံလင္ေသးဘူး။ ဒါေၾကာင့္မို႔ ကြၽႏ္ုပ္တို႔က မစုံလင္ဘူးလို႔ ဝန္ခံၾကတဲ့အရာက စိတ္ႏွလုံးနဲ႔ ခႏၶာကိုယ္အတြက္ေတာ့ မွန္ေပမဲ့ ဝိညာဥ္အတြက္ကေတာ့ မမွန္ေတာ့ပါဘူး။ ဝိညာဥ္က စုံလင္သြားၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ထာဝရစုံလင္ျခင္းအက်ိဳးကို ခရစ္ေတာ္အားျဖင့္ ရရွိသြားၿပီ ျဖစ္ေသာေၾကာင့္ ယုံၾကည္သူတိုင္း သင့္ရဲ႕ဝိညာဥ္သည္ ဘုရားသခင္ႏွင့္ျပန္ၿပီး အဆက္ရေသာ ၊ ဘုရားသခင္ ေမြးဖြားေပးေသာ ၊ ဘုရားသခင္၏ အသစ္ျပဳျပင္ေပးေသာ ထာဝရစုံလင္ေသာ ဝိညာဥ္ျဖစ္တယ္ဆိုတာကို သိမွတ္စိတ္ခ်လ်က္ သင္ရရွိေသာ ထာဝရ ကယ္တင္ျခင္းလည္း မဆုံးရႈံးေသာ ထာဝရစုံလင္ျခင္း အသက္ျဖစ္တယ္ဆိုတာကို သိနားလည္ေစခ်င္တယ္။


သို႔ရာတြင္ ေလာကမွာ အသက္ရွင္ အခါမွာ ဘုရားဘုန္းထင္ရွားဖို႔ရန္ အတြက္ “ငါသည္ သန႔္ရွင္းသည္နည္းတူ သင္တို႔လည္း သန႔္ရွင္းျခင္းရွိၾကေလာ့” ဆိုတဲ့အတိုင္း ဘုရားရဲ႕သေဘာ ၊ ဘုရားရဲ႕ ပကတိႏွင့္ ဆက္ဆံရေသာ ကြၽႏ္ုပ္တို႔လို လူေတြက ဘုရားသခင္နဲ႔ တူသထက္ တူေသာ အသက္တာအျဖစ္သို႔ ေျပာင္းလဲဖို႔ရန္အတြက္ ဘုရားသခင္ အလိုရွိတယ္။ ဤႏႈတ္ကပတ္ေတာ္အားျဖင့္ သင့္ကို ဘုရားသခင္ ေကာင္းခ်ီးေပးပါေစ ။ စကားေျပာပါေစ။ အာမင္… By Rev. Dr. Lazum Tuja (D.D) Morning Bread