The Better Dream for Your Life

 Unicode Version

သင့်အသက်တာအတွက် ပိုကောင်းသော အိပ်မက်

ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁ “တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည် သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့ အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။

သင်မမွေးဖွားခင်ကတည်းက ဘုရားသခင်သည့် သင့်အသက်တာအတွက် သူ၏ အိပ်မက်ကို စဉ်းစားခဲ့ပြီး ဖြစ်ပါ တယ်။ သို့ပေမဲ့ ကျွန်ုပ်တို့၏ အသက်တာတွင် ဘုရားသခင် ကျွန်ုပ်တို့အတွက် ကြံစည်ထားသောအရာအစား ကိုယ်ပိုင်အိပ်မက်တို့အပေါ်သာ မကြာခဏဆိုသလို အာရုံထားတတ်ကြပါတယ်။   ကျွန်ုပ်တို့အတွက် ပြီးပြည့်စုံပြီး ဝမ်းမြောက်ပျော်ရွှင်မည့်အရာကို ဘုရားသခင်ထက် ပိုသိနားလည်တယ်လို့ ကျွန်ုပ်တို့ ထင်မြင်ပါတယ်။

 

ဧဖက်ဩဝါဒစာ ၂း၁၀ တွင် “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

 

သင့်အသက်တာအတွက် သင်၏ ကိုယ်ပိုင်အိပ်မက်ထက် ဘုရားသခင် သင့်အတွက်ထားသော အိပ်မက်ကို သင်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကိုယ်သင် သိခြင်းထက် ဘုရားသခင်က ပိုပြီး သိမြင်လို့ ဖြစ်ပါတယ်။ ပြီးတော့ သင့်အသက်တာအတွက် ထားရှိသော အိပ်မက်က ဤကမ္ဘာကြီးအတွက် သူ၏ ကြီးမားသော အကြံအစည်နှင့် အံဝင်ခွင်ကျ ဖြစ်သည်ကို ဘုရားသခင် သိရှိပါတယ်။ အရာတိုင်းကို သင်မသိနိုင်ပါဘူး။ မှန်ကန်တဲ့ အမြင်ကိုလည်း အချိန်တိုင်း သင်မရရှိနိုင်ပါဘူး။ သို့ပေမဲ့ ဘုရားသခင်ကတော့ သိနေပါတယ်။

 

သင်ဖြည့်ဆည်းဖို့ရန် သင့်အားဖန်ဆင်းခြင်း၌ ပန်းတိုင်နှင့် အကြံအစည်တော်များက သင့်အသက်တာအတွက် ပါဝင်သော ဘုရားသခင်၏ အိပ်မက်ဖြစ်ပါတယ်။ ပြီးတော့ ထိုအိပ်မက်သည် သင်၏ ကိုယ်ပိုင်အိပ်မက်ထက်ကို များစွာ အရေးကြီးပါတယ်။

 

သင်တွေးထင်သောအရာအားလုံးတို့ပေါ် ဘုရားသခင် ကောင်းချီးပေးမည်ဟု ကတိတော်ရှိပါတယ်။ သင့်အကြံ အစည်ကို ခဏဘေးဖယ်ထား - သင်၏ အိပ်မက်လိုမျိုး “ကောင်းသောအမှုတို့ဖြင့်ပြည့်ခြင်း” အသက်တာ ကို သင် မရွေးချယ်ခြင်းက ဖြစ်နိုင်ခြေရှိပါတယ်။ ရော့ခ်စတား တစ်ယောက်ဖြစ်ဖို့ဆိုတာ ကျွန်တော့ရဲ့ ငယ်ဘဝ အိပ်မက်နှင့် ပိုပြီး နီးစပ်ပါတယ်။ ထိုအရာက ကျွန်တော့အတွက် ဘုရားသခင်၏ အိပ်မက်မဟုတ်ခဲ့လို့ ကျေးဇူးတင် ပါတယ်။ ပိုမိုကောင်းတဲ့ တစ်စုံတစ်ခုက ဘုရားသခင်၌ ရှိနေခဲ့ပါတယ်။

 

 “တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည် သော အကြံမဟုတ်ဘဲ၊ သင်တို့ သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့ အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။” ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁

 

မှန်ကန်သော ရွေးချယ်မှု မဟုတ်ခဲ့တဲ့ တစ်ချို့သော အိပ်မက်တွေ သင်၌ ရှိကောင်းရှိပါမည်။ (သို့) သင့်အား ရှုပ်ထွေးစေခဲ့ကောင်း ရှုပ်ထွေးစေပါမည်။ သင်ကတော့ မှန်ကန်သေချာတဲ့ ပုဂ္ဂိုလ်တစ်ယောက်နှင့် လက်ထပ်မယ်လို့ သင်ထင်ကောင်း ထင်ပါမည်။ သို့ပေမဲ့ နောက်ကို ပြန်ကြည့်တဲ့အခါမှာ ထိုအရာတို့က ဘေးဒုက္ခ ဖြစ်ကောင်း ဖြစ်မည်။ သင်၏ အိပ်မက်တို့ကို သင်လက်လွှတ်ကောင်းလက်လွှတ်နိုင်မည်။ ပြီးတော့ ဒါတွေက သင့်အသက်တာ အဆုံးသတ်ဖြစ်မည်ဟု သင်တွေးကောင်းတွေးနေမည်။ ယခုတွင် ပြန်ကြည့်တဲ့အခါ ၎င်းသည် သင့်အတွက် ဘုရား သခင်၏ ကောင်းသော အိပ်မက်၏ အစဖြစ်တယ်ဆိုတာကို သင်မြင်ပါမည်။

 

ဘုရားသခင် သင့်အားပေးသော အိပ်မက် နှင့် သင်၏ ကိုယ်ပိုင်အိပ်မက်တို့ကို သင်ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘုရားသခင်၏ အကြံအစည်ကိုသာ ရွေးချယ်လိုက်ပါ။ သင့်အတွက် ဘုရားသခင်၏ အိပ်မက်က အမြဲတမ်း အကောင်းဆုံး ဖြစ်ပါတယ်။ သင့်အား ဘယ်တော့မှ မနာကျင်စေပါ။ သင့်အား ကြီးမားတဲ့ မျှော်လင့်ခြင်းနှင့် အံ့ဩဖွယ် အနာဂတ်ကို ပေးစွမ်းပါလိမ့်မည်။

 

ဆင်ခြင်ရန်

- သင့်အသက်တာအတွက် သင်၏ကိုယ်ပိုင်အိပ်မက်က သင့်အသက်တာအတွက် မှားယွင်းသော အစီအစဉ်တစ်ခု ဖြစ်လာသည့်အချိန်ကို သတိရလိုက်ပါ။

- သင့်အသက်တာအတွက် မည်ကဲ့သို့သော အိပ်မက်တွေက ဘုရားသခင်၌ရှိကြောင်းကို သင်ယုံကြည်ပါသနည်း။ ထိုအိပ်မက်တို့ကို သင့်အား မည်ကဲ့သို့ ဘုရားဖော်ပြပါသနည်း။

- သင်၏ အိပ်မက်တို့ကို ဘုရားသခင်ထံ အပ်နှံခြင်းသည် မည်သို့သော အဓိပ္ပါယ်နည်း။

---------------------------------------------------------------------------------------

Zawgyi Version

သင့္အသက္တာအတြက္ ပိုေကာင္းေသာ အိပ္မက္

ယရမိအနာဂတၱိက်မ္း ၂၉း၁၁ “တဖန္မိန္႔ေတာ္မူသည္ကား၊ ငါသည္ သင္တို႔ကိုအက်ိဳးနည္းေစျခင္းငွာ ႀကံစည္ ေသာ အႀကံမဟုတ္ဘဲ၊ သင္တို႔သည္ ေျမာ္လင့္ေသာ အက်ိဳးကိုရမည္အေၾကာင္း၊ ၿငိမ္ဝပ္ေစျခင္းငွာသာ၊ သင္တို႔ အဘို႔ ႀကံစည္ေသာ အႀကံတို႔ကို ငါသိ၏။”

သင္မေမြးဖြားခင္ကတည္းက ဘုရားသခင္သည့္ သင့္အသက္တာအတြက္ သူ၏ အိပ္မက္ကို စဥ္းစားခဲ့ၿပီး ျဖစ္ပါ တယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ အသက္တာတြင္ ဘုရားသခင္ ကြၽႏ္ုပ္တို႔အတြက္ ႀကံစည္ထားေသာအရာအစား ကိုယ္ပိုင္အိပ္မက္တို႔အေပၚသာ မၾကာခဏဆိုသလို အာ႐ုံထားတတ္ၾကပါတယ္။   ကြၽႏ္ုပ္တို႔အတြက္ ၿပီးျပည့္စုံၿပီး ဝမ္းေျမာက္ေပ်ာ္႐ႊင္မည့္အရာကို ဘုရားသခင္ထက္ ပိုသိနားလည္တယ္လို႔ ကြၽႏ္ုပ္တို႔ ထင္ျမင္ပါတယ္။ 


ဧဖက္ဩဝါဒစာ ၂း၁၀ တြင္ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္ အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”


သင့္အသက္တာအတြက္ သင္၏ ကိုယ္ပိုင္အိပ္မက္ထက္ ဘုရားသခင္ သင့္အတြက္ထားေသာ အိပ္မက္ကို သင္လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ကိုယ္သင္ သိျခင္းထက္ ဘုရားသခင္က ပိုၿပီး သိျမင္လို႔ ျဖစ္ပါတယ္။ ၿပီးေတာ့ သင့္အသက္တာအတြက္ ထားရွိေသာ အိပ္မက္က ဤကမာၻႀကီးအတြက္ သူ၏ ႀကီးမားေသာ အႀကံအစည္ႏွင့္ အံဝင္ခြင္က် ျဖစ္သည္ကို ဘုရားသခင္ သိရွိပါတယ္။ အရာတိုင္းကို သင္မသိႏိုင္ပါဘူး။ မွန္ကန္တဲ့ အျမင္ကိုလည္း အခ်ိန္တိုင္း သင္မရရွိႏိုင္ပါဘူး။ သို႔ေပမဲ့ ဘုရားသခင္ကေတာ့ သိေနပါတယ္။


သင္ျဖည့္ဆည္းဖို႔ရန္ သင့္အားဖန္ဆင္းျခင္း၌ ပန္းတိုင္ႏွင့္ အႀကံအစည္ေတာ္မ်ားက သင့္အသက္တာအတြက္ ပါဝင္ေသာ ဘုရားသခင္၏ အိပ္မက္ျဖစ္ပါတယ္။ ၿပီးေတာ့ ထိုအိပ္မက္သည္ သင္၏ ကိုယ္ပိုင္အိပ္မက္ထက္ကို မ်ားစြာ အေရးႀကီးပါတယ္။


သင္ေတြးထင္ေသာအရာအားလုံးတို႔ေပၚ ဘုရားသခင္ ေကာင္းခ်ီးေပးမည္ဟု ကတိေတာ္ရွိပါတယ္။ သင့္အႀကံ အစည္ကို ခဏေဘးဖယ္ထား - သင္၏ အိပ္မက္လိုမ်ိဳး “ေကာင္းေသာအမႈတို႔ျဖင့္ျပည့္ျခင္း” အသက္တာ ကို သင္ မေ႐ြးခ်ယ္ျခင္းက ျဖစ္ႏိုင္ေျခရွိပါတယ္။ ေရာ့ခ္စတား တစ္ေယာက္ျဖစ္ဖို႔ဆိုတာ ကြၽန္ေတာ့ရဲ႕ ငယ္ဘဝ အိပ္မက္ႏွင့္ ပိုၿပီး နီးစပ္ပါတယ္။ ထိုအရာက ကြၽန္ေတာ့အတြက္ ဘုရားသခင္၏ အိပ္မက္မဟုတ္ခဲ့လို႔ ေက်းဇူးတင္ ပါတယ္။ ပိုမိုေကာင္းတဲ့ တစ္စုံတစ္ခုက ဘုရားသခင္၌ ရွိေနခဲ့ပါတယ္။


 “တဖန္မိန္႔ေတာ္မူသည္ကား၊ ငါသည္ သင္တို႔ကိုအက်ိဳးနည္းေစျခင္းငွာ ႀကံစည္ ေသာ အႀကံမဟုတ္ဘဲ၊ သင္တို႔ သည္ ေျမာ္လင့္ေသာ အက်ိဳးကိုရမည္အေၾကာင္း၊ ၿငိမ္ဝပ္ေစျခင္းငွာသာ၊ သင္တို႔ အဘို႔ ႀကံစည္ေသာ အႀကံတို႔ကို ငါသိ၏။” ေယရမိအနာဂတၱိက်မ္း ၂၉း၁၁


မွန္ကန္ေသာ ေ႐ြးခ်ယ္မႈ မဟုတ္ခဲ့တဲ့ တစ္ခ်ိဳ႕ေသာ အိပ္မက္ေတြ သင္၌ ရွိေကာင္းရွိပါမည္။ (သို႔) သင့္အား ရႈပ္ေထြးေစခဲ့ေကာင္း ရႈပ္ေထြးေစပါမည္။ သင္ကေတာ့ မွန္ကန္ေသခ်ာတဲ့ ပုဂၢိဳလ္တစ္ေယာက္ႏွင့္ လက္ထပ္မယ္လို႔ သင္ထင္ေကာင္း ထင္ပါမည္။ သို႔ေပမဲ့ ေနာက္ကို ျပန္ၾကည့္တဲ့အခါမွာ ထိုအရာတို႔က ေဘးဒုကၡ ျဖစ္ေကာင္း ျဖစ္မည္။ သင္၏ အိပ္မက္တို႔ကို သင္လက္လႊတ္ေကာင္းလက္လႊတ္ႏိုင္မည္။ ၿပီးေတာ့ ဒါေတြက သင့္အသက္တာ အဆုံးသတ္ျဖစ္မည္ဟု သင္ေတြးေကာင္းေတြးေနမည္။ ယခုတြင္ ျပန္ၾကည့္တဲ့အခါ ၎သည္ သင့္အတြက္ ဘုရား သခင္၏ ေကာင္းေသာ အိပ္မက္၏ အစျဖစ္တယ္ဆိုတာကို သင္ျမင္ပါမည္။


ဘုရားသခင္ သင့္အားေပးေသာ အိပ္မက္ ႏွင့္ သင္၏ ကိုယ္ပိုင္အိပ္မက္တို႔ကို သင္ေ႐ြးခ်ယ္ရဖို႔ ျဖစ္လာတဲ့အခါမွာ ဘုရားသခင္၏ အႀကံအစည္ကိုသာ ေ႐ြးခ်ယ္လိုက္ပါ။ သင့္အတြက္ ဘုရားသခင္၏ အိပ္မက္က အၿမဲတမ္း အေကာင္းဆုံး ျဖစ္ပါတယ္။ သင့္အား ဘယ္ေတာ့မွ မနာက်င္ေစပါ။ သင့္အား ႀကီးမားတဲ့ ေမွ်ာ္လင့္ျခင္းႏွင့္ အံ့ဩဖြယ္ အနာဂတ္ကို ေပးစြမ္းပါလိမ့္မည္။


ဆင္ျခင္ရန္

- သင့္အသက္တာအတြက္ သင္၏ကိုယ္ပိုင္အိပ္မက္က သင့္အသက္တာအတြက္ မွားယြင္းေသာ အစီအစဥ္တစ္ခု ျဖစ္လာသည့္အခ်ိန္ကို သတိရလိုက္ပါ။

- သင့္အသက္တာအတြက္ မည္ကဲ့သို႔ေသာ အိပ္မက္ေတြက ဘုရားသခင္၌ရွိေၾကာင္းကို သင္ယုံၾကည္ပါသနည္း။ ထိုအိပ္မက္တို႔ကို သင့္အား မည္ကဲ့သို႔ ဘုရားေဖာ္ျပပါသနည္း။

- သင္၏ အိပ္မက္တို႔ကို ဘုရားသခင္ထံ အပ္ႏွံျခင္းသည္ မည္သို႔ေသာ အဓိပၸါယ္နည္း။