Resurrection Truths That Shatter Fear

 Unicode Version

ကြောက်ရွံ့မှုကို ဖြိုဖျက်သည့် ရှင်ပြန်ထမြောက်ခြင်း သမ္မာတရား

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၅း၁၄-၁၅ “အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့ အတွက်ကြောင့် အသေခံသည်မှန်လျှင်၊ လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍၎င်း၊ အသက်ရှင်သော သူတို့သည် တဖန်ကိုယ်အလို သို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။” 

“[Jesus] included everyone in his death so that everyone could also be included in his life, a resurrection life, a far better life than people ever lived on their own.”

2 Corinthians 5:14-15 (The Message)

သမ္မာကျမ်းစာတွင် အမိန့်တော်များဖြင့် ပြည့်နှက်နေပါတယ်။ သို့ပေမဲ့ ဘယ်တစ်ခုက အများဆုံး ဖြစ်သည်ကို သင်သိပါသလား။

“မကြောက်နှင့်။”

အီစတာပွဲတော်အကြောင်း (ရှင်ပြန်ထမြောက်ခြင်း) တွင် ထိုစကားလုံးကိ ကြိမ်ဖန်များစွာ အပါအဝင် - သမ္မာကျမ်းတွင်လည်း ၃၆၅ ကြိမ် သင်တွေ့မြင်ပါလိမ့်မည်။ “မကြောက်နှင့်” ဆိုတဲ့စကားလုံးသည် အီစတာ မနက်ပိုင်း သင်္ချိုင်းကုန်း၌ ရောက်လာသူတို့ကို ကောင်းကင်တမန်ပြောခဲ့သော ဦးဆုံး စကားလုံးဖြစ်ပါတယ်။ သခင်ယေရှု ထမြောက်ပြီး နောက်ပိုင်း ပြောခဲ့သော စကားလုံးလည်း ဖြစ်ပါတယ်။

၎င်းသည် အီစတာ အကြောင်းနှင့် သမ္မာကျမ်းစာရှိ ဆောင်ပုဒ်တစ်ခု ဖြစ်ရခြင်း အကြောင်းကား အံ့ဩစရာ မရှိပါ။ အကြောက်တရားဆိုတာ လူသားတို့၏ အဖြစ်များသော သာမန်ပြသနာ ဖြစ်ပါတယ်။

သင်က ကြောက်စရာ ကောင်းသောသူ ဖြစ်တယ်ဆိုတာကို သင်ကိုယ်သင် မြင်မှာမဟုတ်ပါဘူး။ သို့ပေမဲ့ သင်၏ ဆုံးဖြတ်ချက် တော်တော်များများ ကြောက်ရွံ့ခြင်းပေါ်မှာ (သူတစ်ပါး သင့်ပေါ် ထင်မြင်သည့်အရာ နှင့် ကျရှုံးမည့် အကြောက်တရားတို့) ဘယ်လောက် တည်နေတယ်ဆိုတာကို သင်နားလည်ခဲပါတယ်။

 

သို့ပေမဲ့ အီစတာက သတင်းကောင်းကို ယူဆောင်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှု ထမြောက်ခြင်း အရာက ယခုတွင် သင်အကြောက်တရား မရှိ အသက်ရှင်နေထိုင်နိုင်ပြီဖြစ်သည်။

 

သခင်ယေရှု၏ ထမြောက်ခြင်းနှင့်အညီ သင်အသက်ရှင်တဲ့အခါမှာ သာ၍ကောင်းသော အသက်တာ ၊ အကြောက်တရားလက်အောက်မှ လွှတ်မြောက်သော အသက်တာဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်းကို သမ္မာကျမ်း စာက ဖော်ပြပါတယ်။

 

တကယ်တော့ သင်နားလည်မယ်ဆိုလျှင် သင့်အား အကြောက်တရားမှ လွှတ်မြောက်စေသော ထမြောက်ခြင်းနှင့် ပတ်သက်သော သမ္မာတရား (၅) ချက်ရှိပါတယ်။

(၁) သင့်အား သမ္မာတရား ၊ အမှန်တရားကို သခင်ယေရှု ပြောကြောင်းကို သင်သိပါတယ်။

ဘုရားသခင် (သို့) မေရှယ ဖြစ်ကြောင်းကို ရာဇဝင် တစ်လျှောက်လုံး လူအများတို့သည် အခိုင်အမာ ဆိုခဲ့ကြသော် လည်း ၎င်းကို တစ်ဦးတည်းသာလျှင် သက်သေပြခဲ့ပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှု ခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ” တမန်တော်ဝတ္တု ၁း၄


ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် သခင်ယေရှု ပြောသမျှတို့ကို သင်ယုံကြည်နိုင်မည် မဟုတ်ပါ။ သို့ပေမဲ့ ထမြောက်မည်ကို သခင်ယေရှု ပြောခဲ့သည့်အတိုင်း ထမြောက်တဲ့အတွက်ကြောင့် သခင်ယေရှုပြောတဲ့ ဘုရားသခင် အကြောင်း၊ ကောင်းကင်ဘုံ အကြောင်းနှင့် ပြောသမျှသော စကားတိုင်းတို့ကို သင်ယုံကြည်နိုင်ပါတယ်။

သခင်ယေရှု ပြောသော အမှန်တရား ၊ သမ္မတာရားတို့ကို သင်နားလည်သဘောပေါက်ပါလျှင် အကြောက်တရားကို လက်လွှတ်ဖို့ရန် သင့်အတွက် လွယ်ကူသွားပါမည်။


(၂) သေဆုံးခြင်းအရာက အဆုံးသတ် မဟုတ်ကြောင်း သင်သိပါတယ်။

 သေပြီးနောက်တွင် အသက်ရှင်ခြင်း ရှိကြောင်းကို သခင်ယေရှု သေခြင်းမှ မထမြောက်သည်အထိ သင်သိရှိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သက်သေမရှိသောကြောင့် ဖြစ်ပါတယ်။  ၎င်းကို သခင်ယေရှု ပြောင်းလဲပေး ခဲ့ပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူအထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိကြ၏။” ကောရိန္သုဩဝါဒ စာ ဒုတိယစောင် ၄း၁၄

 

သေခြင်းကို သင်ကြောက်ဖို့ မလိုအပ်ပါ။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအရာက သေခြင်းသည် အဆုံးသတ် မဟုတ်ကြောင်းကို ဖော်ပြနေပါတယ်။ ၎င်းသည် ဘုရားသခင်နှင့်အတူ ထာဝရ အသက်ရှင်ခြင်း၏ အစပင် ဖြစ်ပါတယ်။

 

အကြောက်တရားမရှိ အသက်ရှင်ဖို့ရန် လေ့လာြခင်းသည် သင့်အသက်တာကို ယခုပင် ပြောင်းလဲစေပါလိမ့်မည်။ မနက်ဖြန်တွင် အသက်တာကို ကြောက်ရွံ့ခြင်းမှ လွှတ်မြောက်စေဖို့ရန် အကူအညီဖြစ်စေမည့် အီစတာနှင့် ပတ်သက်သော နောက်ထပ် သမ္မာတရား (၃) ချက်ကို ဝေမျှပေးပါမည်။

ဆင်ခြင်ရန်

- ဘုရားသခင် သင့်အတွက် ကြံစည်ထားသော အသက်တာမှ သင့်ကို ကျောခိုင်းစေသော ကြောက်ရွံ့မှု တစ်ချို့ကား မည်သို့နည်း။

- ကျွန်ုပ်တို့အသက်တာက အကြောက်တရားလက်အောက်တွင် ရှိကြောင်း ဘာကြောင့် ထင်မြင်ပါသနည်း။

- အကြောက်တရား ကင်းလွှတ်သော အသက်တာက သင့်အတွက် မည်သို့ ဖြစ်မည်နည်း။ ၎င်းသည် တခြားသူများနှင် သင်၏ နေ့စဉ် ပေါင်းသင်းဆက်ဆံမှုအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်ပါသနည်း။

----------------------------------------------------------------------

Zawgyi Version

ေၾကာက္႐ြံ႕မႈကို ၿဖိဳဖ်က္သည့္ ရွင္ျပန္ထေျမာက္ျခင္း သမၼာတရား

ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၅း၁၄-၁၅ “အေၾကာင္းမူကား၊ တေယာက္ေသာသူသည္ လူအေပါင္းတို႔ အတြက္ေၾကာင့္ အေသခံသည္မွန္လွ်င္၊ လူအေပါင္းတို႔သည္ ေသလ်က္ေနၾကသည္ ဟူ၍၎၊ အသက္ရွင္ေသာ သူတို႔သည္ တဖန္ကိုယ္အလို သို႔လိုက္၍ မရွင္၊ သူတို႔အတြက္ေၾကာင့္ အေသခံၿပီးမွ ထေျမာက္ေတာ္မူေသာ သူတို႔၏အလိုသို႔လိုက္၍ ရွင္ေစ မည္အေၾကာင္း၊ လူအေပါင္းတို႔အတြက္ေၾကာင့္ အေသ ခံေတာ္မူသည္ဟူ၍၎၊ ငါတို႔သည္သေဘာထားလ်က္၊ ခရစ္ေတာ္၏ခ်စ္ျခင္း ေမတၱာေတာ္သည္ ငါတို႔ကို အႏိုင္ အထက္ေသြးေဆာင္၏။

“[Jesus] included everyone in his death so that everyone could also be included in his life, a resurrection life, a far better life than people ever lived on their own.”

2 Corinthians 5:14-15 (The Message)


သမၼာက်မ္းစာတြင္ အမိန႔္ေတာ္မ်ားျဖင့္ ျပည့္ႏွက္ေနပါတယ္။ သို႔ေပမဲ့ ဘယ္တစ္ခုက အမ်ားဆုံး ျဖစ္သည္ကို သင္သိပါသလား။ 

“မေၾကာက္ႏွင့္။”

အီစတာပြဲေတာ္အေၾကာင္း (ရွင္ျပန္ထေျမာက္ျခင္း) တြင္ ထိုစကားလုံးကိ ႀကိမ္ဖန္မ်ားစြာ အပါအဝင္ - သမၼာက်မ္းတြင္လည္း ၃၆၅ ႀကိမ္ သင္ေတြ႕ျမင္ပါလိမ့္မည္။ “မေၾကာက္ႏွင့္” ဆိုတဲ့စကားလုံးသည္ အီစတာ မနက္ပိုင္း သခ်ႋဳင္းကုန္း၌ ေရာက္လာသူတို႔ကို ေကာင္းကင္တမန္ေျပာခဲ့ေသာ ဦးဆုံး စကားလုံးျဖစ္ပါတယ္။ သခင္ေယရႈ ထေျမာက္ၿပီး ေနာက္ပိုင္း ေျပာခဲ့ေသာ စကားလုံးလည္း ျဖစ္ပါတယ္။ 

၎သည္ အီစတာ အေၾကာင္းႏွင့္ သမၼာက်မ္းစာရွိ ေဆာင္ပုဒ္တစ္ခု ျဖစ္ရျခင္း အေၾကာင္းကား အံ့ဩစရာ မရွိပါ။ အေၾကာက္တရားဆိုတာ လူသားတို႔၏ အျဖစ္မ်ားေသာ သာမန္ျပသနာ ျဖစ္ပါတယ္။

သင္က ေၾကာက္စရာ ေကာင္းေသာသူ ျဖစ္တယ္ဆိုတာကို သင္ကိုယ္သင္ ျမင္မွာမဟုတ္ပါဘူး။ သို႔ေပမဲ့ သင္၏ ဆုံးျဖတ္ခ်က္ ေတာ္ေတာ္မ်ားမ်ား ေၾကာက္႐ြံ႕ျခင္းေပၚမွာ (သူတစ္ပါး သင့္ေပၚ ထင္ျမင္သည့္အရာ ႏွင့္ က်ရႈံးမည့္ အေၾကာက္တရားတို႔) ဘယ္ေလာက္ တည္ေနတယ္ဆိုတာကို သင္နားလည္ခဲပါတယ္။ 


သို႔ေပမဲ့ အီစတာက သတင္းေကာင္းကို ယူေဆာင္ေပးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သခင္ေယရႈ ထေျမာက္ျခင္း အရာက ယခုတြင္ သင္အေၾကာက္တရား မရွိ အသက္ရွင္ေနထိုင္ႏိုင္ၿပီျဖစ္သည္။ 


သခင္ေယရႈ၏ ထေျမာက္ျခင္းႏွင့္အညီ သင္အသက္ရွင္တဲ့အခါမွာ သာ၍ေကာင္းေသာ အသက္တာ ၊ အေၾကာက္တရားလက္ေအာက္မွ လႊတ္ေျမာက္ေသာ အသက္တာျဖင့္ အသက္ရွင္ျခင္းျဖစ္ေၾကာင္းကို သမၼာက်မ္း စာက ေဖာ္ျပပါတယ္။


တကယ္ေတာ့ သင္နားလည္မယ္ဆိုလွ်င္ သင့္အား အေၾကာက္တရားမွ လႊတ္ေျမာက္ေစေသာ ထေျမာက္ျခင္းႏွင့္ ပတ္သက္ေသာ သမၼာတရား (၅) ခ်က္ရွိပါတယ္။ 


(၁) သင့္အား သမၼာတရား ၊ အမွန္တရားကို သခင္ေယရႈ ေျပာေၾကာင္းကို သင္သိပါတယ္။

ဘုရားသခင္ (သို႔) ေမရွယ ျဖစ္ေၾကာင္းကို ရာဇဝင္ တစ္ေလွ်ာက္လုံး လူအမ်ားတို႔သည္ အခိုင္အမာ ဆိုခဲ့ၾကေသာ္ လည္း ၎ကို တစ္ဦးတည္းသာလွ်င္ သက္ေသျပခဲ့ပါတယ္။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “တန္ခိုးႏွင့္တကြ ဘုရားသခင္၏သားေတာ္ ထင္ရွားျဖစ္ေတာ္မူေသာ ငါတို႔သခင္ေယရႈ ခရစ္တည္း ဟူေသာ မိမိသားေတာ္ကို အေၾကာင္းျပဳ၍ ဘုရားသခင္ သည္ ေရွးကမိမိပေရာဖက္မ်ားအားျဖင့္၊ သန္႔ရွင္းေသာ က်မ္းစာ၌ ဂတိထားေတာ္မူေသာ ဧဝံေဂလိတရားကို ေဟာေစျခင္းငွါ” တမန္ေတာ္ဝတၱဳ ၁း၄


ရွင္ျပန္ထေျမာက္ျခင္းမရွိလွ်င္ သခင္ေယရႈ ေျပာသမွ်တို႔ကို သင္ယုံၾကည္ႏိုင္မည္ မဟုတ္ပါ။ သို႔ေပမဲ့ ထေျမာက္မည္ကို သခင္ေယရႈ ေျပာခဲ့သည့္အတိုင္း ထေျမာက္တဲ့အတြက္ေၾကာင့္ သခင္ေယရႈေျပာတဲ့ ဘုရားသခင္ အေၾကာင္း၊ ေကာင္းကင္ဘုံ အေၾကာင္းႏွင့္ ေျပာသမွ်ေသာ စကားတိုင္းတို႔ကို သင္ယုံၾကည္ႏိုင္ပါတယ္။

သခင္ေယရႈ ေျပာေသာ အမွန္တရား ၊ သမၼတာရားတို႔ကို သင္နားလည္သေဘာေပါက္ပါလွ်င္ အေၾကာက္တရားကို လက္လႊတ္ဖို႔ရန္ သင့္အတြက္ လြယ္ကူသြားပါမည္။


(၂) ေသဆုံးျခင္းအရာက အဆုံးသတ္ မဟုတ္ေၾကာင္း သင္သိပါတယ္။

ေသၿပီးေနာက္တြင္ အသက္ရွင္ျခင္း ရွိေၾကာင္းကို သခင္ေယရႈ ေသျခင္းမွ မထေျမာက္သည္အထိ သင္သိရွိမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သက္ေသမရွိေသာေၾကာင့္ ျဖစ္ပါတယ္။  ၎ကို သခင္ေယရႈ ေျပာင္းလဲေပး ခဲ့ပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “သခင္ေယရႈကို ထေျမာက္ေစေတာ္မူေသာသူသည္ ေယရႈအားျဖင့္ ငါတို႔ကိုလည္း ထေျမာက္ေစ၍၊ သင္တို႔ႏွင့္အတူအထံေတာ္၌ သြင္းေတာ္မူမည္ဟု ငါတို႔သိၾက၏။” ေကာရိႏ္သဳဩဝါဒ စာ ဒုတိယေစာင္ ၄း၁၄


ေသျခင္းကို သင္ေၾကာက္ဖို႔ မလိုအပ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သခင္ေယရႈ၏ ရွင္ျပန္ထေျမာက္ျခင္းအရာက ေသျခင္းသည္ အဆုံးသတ္ မဟုတ္ေၾကာင္းကို ေဖာ္ျပေနပါတယ္။ ၎သည္ ဘုရားသခင္ႏွင့္အတူ ထာဝရ အသက္ရွင္ျခင္း၏ အစပင္ ျဖစ္ပါတယ္။


အေၾကာက္တရားမရွိ အသက္ရွင္ဖို႔ရန္ ေလ့လာျခင္းသည္ သင့္အသက္တာကို ယခုပင္ ေျပာင္းလဲေစပါလိမ့္မည္။ မနက္ျဖန္တြင္ အသက္တာကို ေၾကာက္႐ြံ႕ျခင္းမွ လႊတ္ေျမာက္ေစဖို႔ရန္ အကူအညီျဖစ္ေစမည့္ အီစတာႏွင့္ ပတ္သက္ေသာ ေနာက္ထပ္ သမၼာတရား (၃) ခ်က္ကို ေဝမွ်ေပးပါမည္။ 

ဆင္ျခင္ရန္

- ဘုရားသခင္ သင့္အတြက္ ႀကံစည္ထားေသာ အသက္တာမွ သင့္ကို ေက်ာခိုင္းေစေသာ ေၾကာက္႐ြံ႕မႈ တစ္ခ်ိဳ႕ကား မည္သို႔နည္း။

- ကြၽႏ္ုပ္တို႔အသက္တာက အေၾကာက္တရားလက္ေအာက္တြင္ ရွိေၾကာင္း ဘာေၾကာင့္ ထင္ျမင္ပါသနည္း။ 

- အေၾကာက္တရား ကင္းလႊတ္ေသာ အသက္တာက သင့္အတြက္ မည္သို႔ ျဖစ္မည္နည္း။ ၎သည္ တျခားသူမ်ားႏွင္ သင္၏ ေန႔စဥ္ ေပါင္းသင္းဆက္ဆံမႈအေပၚ မည္ကဲ့သို႔ အက်ိဳးသက္ေရာက္ပါသနည္း။