Unicode Version
သနားခြင်းဂရုဏာသည် သင်၏အကြီးမားဆုံး
သက်သေ ဖြစ်နိုင်ပါသည်။
ရှင်လုကာခရစ်ဝင်ကျမ်း
၆း၃၆ “ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသော သူတို့အား ကျေးဇူးပြုတော်မူ၏။
ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း
သနားခြင်းစိတ်ရှိကြလော့။”
သနားညှာတာမှု မရှိခြင်း ၊
ရက်စက်ခြင်းတွေ တိုးပွားနေတဲ့ ကမ္ဘာကြီးမှာ သင်၏ အကြီးမားဆုံးသော ခရစ်ယာန်ဖြစ် ခြင်း သက်သေကား လူသားတွေကို သနားခြင်းဂရုဏာထားရှိခြင်း
ဖြစ်ပါတယ်။
ကျွန်ုပ်တို့ ကမ္ဘာကြီးမှာ သနားကြင်နာမှု
မရှိခြင်း နှင့် ခွင့်မလွှတ်နိုင်ခြင်းတွေက ဘယ်လောက်ဖြစ်နေသလဲဆိုတာ သင်သတိပြုမိပါသလား။
ပြက်ရယ်ပြုခြင်း၏ အမြင့်မားဆုံးသော သဏ္ဌာန်မှာ တဖက်သားကို ချက်ပိုင်ပိုင် နှိမ်သည့်အရာ
ဖြစ်ပါတယ်။ လူရွှင်တော်များပင်လျှင် တခြားသူများကို ရွဲ့စောင်းထိုးနက်ခြင်းအတွက်
အခကြေးငွေ ရရှိကြပါတယ်။
သို့ပေမဲ့ သင်က သနားကြင်နာတတ်ခြင်းအရာ
အထူးသဖြင့် ရိုင်းစိုင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာတာကို စဉ်းစားဆင်ခြင်တဲ့အခါ လူတွေက
“သခင်ယေရှုကဲ့သို့ ခရစ်ယာန်တွေ တူလာဖို့ ငါမျှော်လင့်တဲ့အရာ ဖြစ်တယ်” လို့ပြောပါလိမ့်မည်။
သခင်ယေရှုဆိုထားသည်မှာ ရှင်လုကာခရစ်ဝင်ကျမ်း ၆း၃၆ “သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်
နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။”
သနားခြင်းဂရုဏာဖြင့် အသက်တာကို တည်ဆောက်ဖို့ရန်
အချက် (၄) ခုရှိပါတယ်။ ယနေ့တွင် (၂) ချက် လေ့လာပြီး နက်ဖြန်တွင် (၂) ချက်ကို လေ့လာပါမည်။
(၁) လူတွေရဲ့ လိုအပ်ချက်တွေကို စတင်ပြီး
ရှာဖွေပါ ၊ နားဆင်ပါ။
ဘယ်သူတွေ လိုအပ်နေသလဲ။ သင်၏
အိမ်နီးချင်း ၊ လုပ်ဖော်ကိုင်ဖက် နှင့် မိသားစုဝင်တွေထဲက လိုအပ်ချက် တွေပေါ့။
ဂရုဏာသည် သတိမူခြင်းကနေ အမြဲတမ်း စတင်ပါတယ်။ သင်က သတိမမူဘူးဆိုလျှင် သင်ဂရုစိုက်မှာ
မဟုတ်တော့ပါဘူး။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ကိုယ်အမှုအရာကိုသာ
မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှု မှတ်ကြလော့။”
ဂရုဏာစိတ်ကို မထားရှိခြင်းသည် သင်က
ဆိုးယုတ်သောသူ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်သည်။ သင်အလွန်ပင် အလုပ်များသောကြောင့်
ဖြစ်သည်။ မအားလပ်ခြင်းက သင့်အသက်တာရှိ ဂရုဏာတရားကို ဖျက်ဆီးပစ်တဲ့ နံပါတ်(၁)
အရာဖြစ်ပါတယ်။ အလုပ်တစ်ခုပြီး နောက်တစ်ခု ၊ နေရပ် တစ်ခုပြီး နောက်တစ်ခု သို့ သင်ပြောင်း
ရွေ့တဲ့အခါမှာ သင်အနီးနားက လူတွေကို ဂရုပြုဖို့ရန် ခက်ခဲပါတယ်။ ပြီးတော့ လူတွေရဲ့ လိုအပ်ချက်တွေအတွက်
သင်က ရှာဖွေခြင်း ၊ နားဆင်ခြင် မပြုတဲ့အခါ သင်၌ ဂရုဏာတရား ရှိလာဖို့ကတော့ တော်တော်
မဖြစ်နိုင်တော့ပါ။
(၂) သူတပါးအပြစ်ကြောင့် စိတ်အနှောက်အယှက်
မဖြစ်ပါနှင့် ။ မစော်ကားပါနှင့်။
“နင့်အသက်တာကို နင် သန့်ရှင်းအောင်လုပ်လိုက်
... ပြီးရင် ငါလက်ခံပေးမယ်” ဆိုပြီး သင်ပြောလို့မရပါဘူး။ ဂရုဏာဆိုတာ
ချွင်းချက်မရှိပါဘူး။ လူတွေကို သင်က ဂရုဏာထားရှိတယ်ဆိုလျှင် ထိုလူတို့အားဖြင့်
သင်စိတ် အနှောက်အယှက် မဖြစ်နိုင်ပါဘူး။ လူတွေကို သင်က အထင်အမြင်သေး ၊ နှိမ်
တတ်တယ်ဆိုလျှင် လူတွေကို သင်ပြုစုပေးလို့ မရပါဘူး။
လူတွေရဲ့ အပြစ်တွေကြောင့် သခင်ယေရှု
စိတ်အနှောက်အယှက် မဖြစ်ခဲ့ပါ။ တကယ်တော့ သူက အဆိုးဆုံးသော အပြစ်သားတွေနဲ့အတူ တွဲနေပါတယ်။
အကျင့်ပျက် ချစားသူ ၊ ချစ်ခြင်းမေတ္တာမရှိသူ ၊ ခြယ်လှယ်သောသူများနှင့် သခင်ယေရှု
အတူတွဲနေတဲ့အတွက်ကြောင့် “အပေါင်းအသင်းအားဖြင့် အပြစ်ရှိသည်” ဟု သတ်မှတ်စွပ်စွဲခံ ခဲ့ရပါတယ်။
၎င်းသည် လူတွေ လုပ်ဆောင်တဲ့အရာအားလုံးကို
သခင်ယေရှု လက်ခံပါတယ်လို့ မဆိုလိုပါဘူး။ သင်လုပ်ဆောင် သမျှ အရာအားလုံးကို
ဘုရားသခင် မထောက်ခံပါဘူး။ သို့ပေမဲ့ သင့်ကို အပြည့်အဝ လက်ခံပါတယ်။ ဂရုဏာထားရှိခြင်းအရာက
တစ်စုံတစ်ယောက် လုပ်ဆောင်သမျှကို သင်အဆင်ပြေပါတယ်လို့ ဆိုလိုခြင်းမဟုတ် ပါဘူး။ ဥပမာ
မူယစ်ဆေးစွဲခြင်း နှင့် အိမ်ထောင်ရေး ဖောက်ပြန်ခြင်းအရာက မကောင်းပါဘူး။ အဆင်မပြေပါဘူး။
သို့ပေမဲ့ ဂရုဏာတရားကို
သင်ထားရှိနိုင်ပါသေးတယ်။ သင့်အတွက် သခင်ယေရှု လုပ်ဆောင်ပေးတဲ့အရာကို တခြားသူတို့အားလည်း
သင်ပြုနိုင်ပါတယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင်
၄း၈ “အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာ သည် များစွာသော
အပြစ်တို့ကို ဖုံးအုပ်တတ်၏။”
ဆင်ခြင်ရန်
- ယနေ့ ကမ္ဘာတွင် ဂရုဏာတရား ဘာကြောင့်
အလွန် ခက်ခဲနေသနည်း။
- သင်နှင့် မထိုက်တန်သည့်တိုင် မည်သူက
သင့်အား ဂရုဏာ ထားရှိပေးပါသနည်း။ အခြေအနေက မည်သို့ဖြစ်သနည်း။
- နေထိုင်မှုပုံစံကို သင်သဘောမတွေ့သောကြောင့် တစ်စုံတစ်ယောက်ပေါ် ဂရုဏာထားရှိဖို့ ထိမ်ချန်ထားပါသလား။ ထိုသို့ဆိုလျှင် ယနေ့တွင် ထိုသူအား မည်ကဲ့သို့ တုန့်ပြန်နိုင်မည်နည်း။
------------------------------------------------------------------------------------------
Zawgyi Version
သနားျခင္းဂ႐ုဏာသည္ သင္၏အႀကီးမားဆုံး သက္ေသ ျဖစ္ႏိုင္ပါသည္။
ရွင္လုကာခရစ္ဝင္က်မ္း ၆း၃၆ “ထိုဘုရားသည္ ေက်းဇူးမသိေသာသူ၊ ဆိုးညစ္ေသာသေဘာရွိေသာ သူတို႔အား ေက်းဇူးျပဳေတာ္မူ၏။ ထိုေၾကာင့္ သင္တို႔အဘသည္ သနားျခင္းစိတ္ရွိေတာ္မူသည္နည္းတူ သင္တို႔သည္လည္း သနားျခင္းစိတ္ရွိၾကေလာ့။”
သနားညႇာတာမႈ မရွိျခင္း ၊ ရက္စက္ျခင္းေတြ တိုးပြားေနတဲ့ ကမာၻႀကီးမွာ သင္၏ အႀကီးမားဆုံးေသာ ခရစ္ယာန္ျဖစ္ ျခင္း သက္ေသကား လူသားေတြကို သနားျခင္းဂ႐ုဏာထားရွိျခင္း ျဖစ္ပါတယ္။
ကြၽႏ္ုပ္တို႔ ကမာၻႀကီးမွာ သနားၾကင္နာမႈ မရွိျခင္း ႏွင့္ ခြင့္မလႊတ္ႏိုင္ျခင္းေတြက ဘယ္ေလာက္ျဖစ္ေနသလဲဆိုတာ သင္သတိျပဳမိပါသလား။ ျပက္ရယ္ျပဳျခင္း၏ အျမင့္မားဆုံးေသာ သဏၭာန္မွာ တဖက္သားကို ခ်က္ပိုင္ပိုင္ ႏွိမ္သည့္အရာ ျဖစ္ပါတယ္။ လူ႐ႊင္ေတာ္မ်ားပင္လွ်င္ တျခားသူမ်ားကို ႐ြဲ႕ေစာင္းထိုးနက္ျခင္းအတြက္ အခေၾကးေငြ ရရွိၾကပါတယ္။
သို႔ေပမဲ့ သင္က သနားၾကင္နာတတ္ျခင္းအရာ အထူးသျဖင့္ ႐ိုင္းစိုင္းတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္လာတာကို စဥ္းစားဆင္ျခင္တဲ့အခါ လူေတြက “သခင္ေယရႈကဲ့သို႔ ခရစ္ယာန္ေတြ တူလာဖို႔ ငါေမွ်ာ္လင့္တဲ့အရာ ျဖစ္တယ္” လို႔ေျပာပါလိမ့္မည္။
သခင္ေယရႈဆိုထားသည္မွာ ရွင္လုကာခရစ္ဝင္က်မ္း ၆း၃၆ “သင္တို႔အဘသည္ သနားျခင္းစိတ္ ရွိေတာ္မူသည္ နည္းတူ သင္တို႔သည္လည္း သနားျခင္းစိတ္ရွိၾကေလာ့။”
သနားျခင္းဂ႐ုဏာျဖင့္ အသက္တာကို တည္ေဆာက္ဖို႔ရန္ အခ်က္ (၄) ခုရွိပါတယ္။ ယေန႔တြင္ (၂) ခ်က္ ေလ့လာၿပီး နက္ျဖန္တြင္ (၂) ခ်က္ကို ေလ့လာပါမည္။
(၁) လူေတြရဲ႕ လိုအပ္ခ်က္ေတြကို စတင္ၿပီး ရွာေဖြပါ ၊ နားဆင္ပါ။
ဘယ္သူေတြ လိုအပ္ေနသလဲ။ သင္၏ အိမ္နီးခ်င္း ၊ လုပ္ေဖာ္ကိုင္ဖက္ ႏွင့္ မိသားစုဝင္ေတြထဲက လိုအပ္ခ်က္ ေတြေပါ့။ ဂ႐ုဏာသည္ သတိမူျခင္းကေန အၿမဲတမ္း စတင္ပါတယ္။ သင္က သတိမမူဘူးဆိုလွ်င္ သင္ဂ႐ုစိုက္မွာ မဟုတ္ေတာ့ပါဘူး။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ကိုယ္အမႈအရာကိုသာ မရႈမမွတ္ဘဲ၊ သူ႔အမႈအရာကို အခ်င္းခ်င္းရႈ မွတ္ၾကေလာ့။”
ဂ႐ုဏာစိတ္ကို မထားရွိျခင္းသည္ သင္က ဆိုးယုတ္ေသာသူ ျဖစ္တဲ့အတြက္ေၾကာင့္ျဖစ္သည္။ သင္အလြန္ပင္ အလုပ္မ်ားေသာေၾကာင့္ ျဖစ္သည္။ မအားလပ္ျခင္းက သင့္အသက္တာရွိ ဂ႐ုဏာတရားကို ဖ်က္ဆီးပစ္တဲ့ နံပါတ္(၁) အရာျဖစ္ပါတယ္။ အလုပ္တစ္ခုၿပီး ေနာက္တစ္ခု ၊ ေနရပ္ တစ္ခုၿပီး ေနာက္တစ္ခု သို႔ သင္ေျပာင္း ေ႐ြ႕တဲ့အခါမွာ သင္အနီးနားက လူေတြကို ဂ႐ုျပဳဖို႔ရန္ ခက္ခဲပါတယ္။ ၿပီးေတာ့ လူေတြရဲ႕ လိုအပ္ခ်က္ေတြအတြက္ သင္က ရွာေဖြျခင္း ၊ နားဆင္ျခင္ မျပဳတဲ့အခါ သင္၌ ဂ႐ုဏာတရား ရွိလာဖို႔ကေတာ့ ေတာ္ေတာ္ မျဖစ္ႏိုင္ေတာ့ပါ။
(၂) သူတပါးအျပစ္ေၾကာင့္ စိတ္အေႏွာက္အယွက္ မျဖစ္ပါႏွင့္ ။ မေစာ္ကားပါႏွင့္။
“နင့္အသက္တာကို နင္ သန႔္ရွင္းေအာင္လုပ္လိုက္ ... ၿပီးရင္ ငါလက္ခံေပးမယ္” ဆိုၿပီး သင္ေျပာလို႔မရပါဘူး။ ဂ႐ုဏာဆိုတာ ခြၽင္းခ်က္မရွိပါဘူး။ လူေတြကို သင္က ဂ႐ုဏာထားရွိတယ္ဆိုလွ်င္ ထိုလူတို႔အားျဖင့္ သင္စိတ္ အေႏွာက္အယွက္ မျဖစ္ႏိုင္ပါဘူး။ လူေတြကို သင္က အထင္အျမင္ေသး ၊ ႏွိမ္ တတ္တယ္ဆိုလွ်င္ လူေတြကို သင္ျပဳစုေပးလို႔ မရပါဘူး။
လူေတြရဲ႕ အျပစ္ေတြေၾကာင့္ သခင္ေယရႈ စိတ္အေႏွာက္အယွက္ မျဖစ္ခဲ့ပါ။ တကယ္ေတာ့ သူက အဆိုးဆုံးေသာ အျပစ္သားေတြနဲ႔အတူ တြဲေနပါတယ္။ အက်င့္ပ်က္ ခ်စားသူ ၊ ခ်စ္ျခင္းေမတၱာမရွိသူ ၊ ျခယ္လွယ္ေသာသူမ်ားႏွင့္ သခင္ေယရႈ အတူတြဲေနတဲ့အတြက္ေၾကာင့္ “အေပါင္းအသင္းအားျဖင့္ အျပစ္ရွိသည္” ဟု သတ္မွတ္စြပ္စြဲခံ ခဲ့ရပါတယ္။
၎သည္ လူေတြ လုပ္ေဆာင္တဲ့အရာအားလုံးကို သခင္ေယရႈ လက္ခံပါတယ္လို႔ မဆိုလိုပါဘူး။ သင္လုပ္ေဆာင္ သမွ် အရာအားလုံးကို ဘုရားသခင္ မေထာက္ခံပါဘူး။ သို႔ေပမဲ့ သင့္ကို အျပည့္အဝ လက္ခံပါတယ္။ ဂ႐ုဏာထားရွိျခင္းအရာက တစ္စုံတစ္ေယာက္ လုပ္ေဆာင္သမွ်ကို သင္အဆင္ေျပပါတယ္လို႔ ဆိုလိုျခင္းမဟုတ္ ပါဘူး။ ဥပမာ မူယစ္ေဆးစြဲျခင္း ႏွင့္ အိမ္ေထာင္ေရး ေဖာက္ျပန္ျခင္းအရာက မေကာင္းပါဘူး။ အဆင္မေျပပါဘူး။
သို႔ေပမဲ့ ဂ႐ုဏာတရားကို သင္ထားရွိႏိုင္ပါေသးတယ္။ သင့္အတြက္ သခင္ေယရႈ လုပ္ေဆာင္ေပးတဲ့အရာကို တျခားသူတို႔အားလည္း သင္ျပဳႏိုင္ပါတယ္။
ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၄း၈ “အျခားေသာအမႈအရာထက္မက၊ အခ်င္းခ်င္းအားႀကီးေသာ ခ်စ္ျခင္းေမတၱာ သည္ မ်ားစြာေသာ အျပစ္တို႔ကို ဖုံးအုပ္တတ္၏။”
ဆင္ျခင္ရန္
- ယေန႔ ကမာၻတြင္ ဂ႐ုဏာတရား ဘာေၾကာင့္ အလြန္ ခက္ခဲေနသနည္း။
- သင္ႏွင့္ မထိုက္တန္သည့္တိုင္ မည္သူက သင့္အား ဂ႐ုဏာ ထားရွိေပးပါသနည္း။ အေျခအေနက မည္သို႔ျဖစ္သနည္း။
- ေနထိုင္မႈပုံစံကို သင္သေဘာမေတြ႕ေသာေၾကာင့္ တစ္စုံတစ္ေယာက္ေပၚ ဂ႐ုဏာထားရွိဖို႔ ထိမ္ခ်န္ထားပါသလား။ ထိုသို႔ဆိုလွ်င္ ယေန႔တြင္ ထိုသူအား မည္ကဲ့သို႔ တုန႔္ျပန္ႏိုင္မည္နည္း။