Jesus’ Prayer and Plan for Your Failures
 Unicode Version
သင့်၏ ရှုံးနှိမ့်မှုများအတွက် သခင်ယေရှု၏ ဆုတောင်းနှင့် အကြံအစည်တော်
ရှင်လုကာခရစ်ဝင်ကျမ်း ၂၂း၃၁-၃၂ “တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန် သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊ သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊
သင်၏ ရှုံးနှိမ့်မှုတို့အားဖြင့် သခင်ယေရှု မအံ့ဩပါဘူး။
ရှင်လုကာခရစ်ဝင်ကျမ်းတွင် သခင်ယေရှုမှ ရှိမုန်ပေတရုအား ပြောသောစကားကို တွေ့ရပါမည်။ ဤတန်ဖိုးရှိသော ကျမ်းပိုဒ်က သင်၏ ကျရှုံးခြင်းနှင့် ပတ်သက်ပြီး များစွာ သွန်သင်ထားပါတယ်။
သခင်ယေရှု ရှိမုန်ပေတရုအား ပြောခဲ့သလို သင့်အသက်တာတွင်လည်း ကျရှုံးမှုတိုင်းကို မဖြစ်ပျက်ခင်ကပင် သခင်ယေရှု သိပါတယ်။ ဤနှစ်တွင် သင်၌ ကျရှုံးမည့်အရာကို ရရှိမည်အကြောင်း (သို့) အနာဂတ်တွင် သင်ပြုမည့် ဆိုးသော ဆုံးဖြတ်ချက် တစ်ခုခုအကြောင်းကိုလည်း သခင်ယေရှု မအံ့ဩပါဘူး။ ထိုအရာတို့ကို သူသိနှင့်ပြီ ဖြစ်ပါတယ်။ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ်တို့ကို သခင်ယေရှုသိပါတယ်။ မဖြစ်ပျက်ခင်ကတည်းက အရာအားလုံးကို သိပါတယ်။ ဒါကြောင့်လည်း သင်၏ ကျရှုံးမှု မတိုင်ခင် အချိန်တွေမှာ သင့်အတွက် သခင်ယေရှု ဆုတောင်းပေးပါတယ်။
“နောင်တရပြီး တဖန် လှည့်ပြန်လာတဲ့အခါ” လို့သခင်ယေရှု ပြောထားတာကို သတိမူကြည့်ပါ။ “အကယ်၍” လို့ မပြောထားပါဘူး။ အနာဂတ်တွင် သင်လုပ်ဆောင်မည့် အပြစ်တွေ ၊ မှားယွင်းမှုတွေနှင့် ဆိုးသော ဆုံးဖြတ်ချက်တိုင်းကနေ သင်ပြန်လည် နာလန်ထူလိမ့်မည်ကို သခင်ယေရှု သိနှင့်ပြီး ဖြစ်ပါတယ်။
ဘုရားသခင် သိနှင့်ပြီး ဖြစ်ပါတယ်။ သိနှင့်တဲ့အတွက်ကြောင့် သင့်အတွက် ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။ သင့်အတွက် အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ ဆုတောင်းရုံမကပါ ၊ သင်၏ အပြစ်ကနေ နောင်တရဖို့အတွက် ပါဆုတောင်းခဲ့ပါတယ်။ ဤကျမ်းပိုဒ်၏ နောက်ဆုံးပိုင်းတွင် - တခြားတပည့်တော်တို့ကိုလည်း ခွန်အားဖြစ်စေရန် ဆုတောင်းခဲ့ပါတယ်။
သင်၏ အမှားတွေကနေ သင်လေ့လာသင်ယူသည့်နည်းတူ တခြားသူတို့ကိုလည်း အကူအညီပေးဖို့ရန် သခင်ယေရှု အလိုတော်ရှိပါတယ်။ သင့်အသက်တာအတွက် ဘုရားသခင်၏ အိပ်မက် တစ်စိတ်တစ်ပိုင်းတို့တွင် သင်၏ အမှားတွေကနေ သင်ခန်းစာယူစေပြီး တစုံတယောက်ကို ကူညီဖို့ ဖြစ်ပါတယ်။
သခင်ယေရှု၏ ရှင်ပေတရုကို ပြောသော စကား (၄) မျိုးသည် သင့်ကိုလည်း ပြောနေခြင်း ဖြစ်ပါတယ်။
သင့်အသက်တာတွင် သင်ပြုမည့်အမှား အားလုံးကိုငါသိပြီး ၎င်းတို့အတွက် ငါဆုတောင်းပေးခဲ့ပြီးဖြစ်တယ်။ ၎င်းအတွက်ကြောင့် ငါ့ထံသို့ သင်ပြန်လာမည်ကို ငါသိသည်။ ပြန်လာသည့်အခါတွင် တခြားသူတို့ကိုပါ အကူအညီ ပေးဖို့ရန် သင့်အား အလိုတော်ရှိသည်။
၎င်းသည် သတင်းကောင်း ဖြစ်ပါတယ်။ ဆိုလိုသည်မှာ အသက်တာကို ဘုရားသခင်ထံ အပ်နှံတဲ့အခါမှာ ပျက်စီးဆုံးရှုံးလို့ မရနိုင်တော့ပါ။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ကို ဘုရားသခင် အားလုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် သက်တောင့်သက်တာ ရှိလိုက်သလဲ။
လူတိုင်းတွင် ကျရှုံးမှုတွေ ရှိကြပါတယ်။ သို့ပေမဲ့ ကျရှုံးမှုပေါ် သင်၏ တုံ့ပြန်မှုက ကွဲလွဲနိုင်ပါတယ်။ သခင်ယေရှု၏ နောက်လိုက်ဖြစ်သည်အလျှောက် သင်၏ အပြစ်တို့ကို နောင်တရပါ။ ပြီးတော့ တခြားသူတို့၏ ယုံကြည်ခြင်းအရာ ကို အားပေးပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ် မည်သို့ နာခံဖို့ရန် သူတို့အား ဖော်ပြပေးပါ။
ဆင်ခြင်ရန်
- သင်နောင်တရမည် အကြောင်းကို သခင်ယေရှု သိထားသည့်တိုင် ဤနောင်တရခြင်း ဖြစ်စဉ်က ဘာကြောင့် အရေးကြီးနေစဲ ဖြစ်သနည်း။
- သခင်ယေရှု သင့်အတွက် ဆုတောင်းနေခြင်းက သင့်အား အားပေးနှစ်သိမ့်မှု ဖြစ်စေပါသလား။ ဘာကြောင့်နည်း ။ - ဘုရားသခင်အား နာခံခြင်းအရာမှ သင်၏ကျရှုံးသွားခြင်း၌ နောင်တရဖို့ရန် လိုအပ်မှု ယနေ့တွင် ရှိပါသလား။ သင်၏ အတွေ့အကြုံကို မည်ကဲ့သို့ အသုံးပြုပြီး တခြားသူတို့ဆီ ဘုရားဘုန်းတော် ထင်ရှားစေမည်နည်း။
-----------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်