God Is the Door to Freedom
 Unicode Version
ဘုရားသခင်သည် လွှတ်မြောက်ခြင်းတံခါး ဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ဝး၉ “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
အကျဉ်းချခြင်း အရာက သံတိုင် နောက်မှာ ရှိနေဖို့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ကူးထဲကပင်လျှင် အများစု အကျဉ်းချခြင်းတွင် ရှိနေကြပါတယ်။
သင့်အား ထောင်ချောက်လို့ ခံစားရတဲ့အခါတွင် ပေါင်းသင်းဆက်ဆံရေးကလည်း အကျဉ်းကျခြင်း ဖြစ်နိုင်ပါတယ်။ အကြွေးတင်ခြင်းအရာကလည်း လွှတ်မြောက်နိုင်ဖို့တောင် မထင်ရလောက်အောင် အသက်ရှူကြပ်စေတဲ့ အကျဉ်း ချခြင်းမျိုး ဖြစ်နိုင်ပါတယ်။  ထုံးဓမ်းစဉ်လာတစ်ခုကလည်း အကျဉ်းထောင် ဖြစ်နိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဘုရားသခင် သင့်အား ရရှိစေလိုသော လွှတ်မြောက်ခြင်းကို သင်လက်ခံယုံကြည်ဖို့ အခွင့်မရခြင်း နှင့် သင့်အား ကန့်သတ် ထားခြင်းကြောင့် ဖြစ်ပါတယ်။ နာကျင်စရာ အမှတ်ရနေမှုတွေကလည်း စတီးတံခါးနောက်တွင် သင့်အား သော့ခတ်နိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း နှင့် အရှက်ကွဲခြင်းအရာကလည်း အကျဉ်းကျစေနိုင် ပါတယ်။
သတင်းကောင်းက ဘုရားသခင် သင့်အား ရုန်းထွက်လာစေချင်ပါတယ်။
ဘုရားသခင် သင့်အား လွှတ်မြောက်ခြင်းအခွင့် ရစေချင်ပါတယ်။ တံခါးတို့ကို ဘုရားဖွင့်တဲ့အခါ တစုံတရာ ကောင်းစေလိုသော လျှောက်လမ်းများ ဖြစ်ကြပါတယ်။ သို့ပေမဲ့ သင့်အား သွားစေလိုသော နေရာသို့ မပို့ဆောင်ခင်တွင် အကျဉ်းထောင်ထဲ ရှိနေသော သင့်ကို ရုန်းထွက်စေချင်ပါတယ်။
၎င်းကို ဘုရားသခင် မည်သို့ ပြုပါသနည်း။
ပထမဦးစွာ လှုပ်ခါမှုတို့ကို ပြုပါတယ်။ တမန်တော်ဝတ္တု အခန်းကြီး ၁၆ တွင် ပေါလု နှင့် သူ၏ မိတ်ဆွေတို့ ထောင်ကျစဉ် မြေငလျင်လှုုပ်ခြင်းအရာကို ဘုရားသခင် ဖြစ်ပေါ်စေခဲ့ပါတယ်။ တခါတရံ ဘုရားသခင်က  အထူးသဖြင့် သင်၏ အခြေခံ ယုံကြည်ချက်များ၏ အကျဉ်းကျခြင်းမှ လွှတ်မြောက်ဖို့ရန်လည်း သင်၏ အုတ်မြစ်များကို လှုပ်ခါစေရပါတယ်။ ထိုယုံကြည်ချက်များကို တုန်လှုပ်စေဖို့ရန် သင့်အသက်တာဆီသို့ မြေငလျင် လှုပ်ခါမှုတစ်ခု စေလွှတ်ပေးမည် ဖြစ်တဲ့အတွက်ကြောင့် သင့်အား ပေးချင်သော လွှတ်မြောက်ခြင်းအတွက် သင်အဆင် သင့်ဖြစ်နေပါပြီ။
ဒုတိယအနေဖြင့် သင့်အား ရှင်ပြန်ထမြောက်ခြင်း၏ တန်ခိုးတော်နှင့် ချိတ်ဆွဲပေးသည်။
၎င်းသည် အီစတာ နှင့် ပတ်သက်သောအကြောင်းဖြစ်ပါတယ်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအရာက သမိုင်းအဖြစ်အပျက်တို့တွင် တန်ခိုးအား အကြီးဆုံး ဖြစ်ပါတယ်။ ထို တန်ခိုးကိုလည်း ဘုရားသခင်သည် သင်၏ နေ့စဉ်အသက်တာ၌လည်း ရရှိနိုင်စေပါတယ်။
ရှင်ပေါလု ဆိုထားသည်မှာ ဧဖက်ဩဝါဒစာ ၁း၁၉-၂၀ “ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည် အကြောင်းဆုတောင်း ပဌနာပြု၏။ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေ တော်မူ၍ ခရစ်တော်၌ ပြုပြင် သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
သခင်ယေရှု သင်္ချိုင်းကို ဖွင့်စေသော ထိုတန်ခိုးတော်သည် သင့်အား ချုပ်ကိုင်နေသော ထောင်တံခါးကိုလည်း ဖွင့်ပါလိမ့်မည်။ ၎င်းသည် စစ်မှန်သော လွှတ်မြောက်ခြင်း ဖြစ်ပါတယ်။ ဤနည်းလမ်းဖြင့် သင့်အတွက် ဘုရားသခင် လုပ်ဆောင်ပေးဖို့ရန် ယုံကြည်ဖို့သာ ဖြစ်ပါတယ်။
လာမည့် ၃ ရက်အတွင်း သခင်ယေရှု သင့်အား လွှတ်မြောက်စေလို့သော တိကျသော နည်းလမ်း (၃) မျိုးကို ဝေမျှသွားပါမည်။
ဆင်ခြင်ရန်
- ကျွန်ုပ်တို့ လွှတ်မြောက်ဖို့ရန် ဘုရားသခင် ဘာကြောင့်များ ကျွန်ုပ်တို့အသက်တာတို့ကို လှုပ်ခတ်စေပါသနည်း။
- သင် လွှတ်မြောက်ဖို့ ဘုရားသခင်ကို အလွန်လိုအပ်နေတဲ့ ယခုသင်ရောက်ရှိနေတဲ့ အကျဉ်းထောင်တစ်ချို့ကား မည်သို့နည်း။
-----------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်