Unicode Version
အမြော်အမြင်သော ဆုံးဖြတ်ချက်ကို
ပြုခြင်း အချက် (၅) ချက်
ဒေသနာကျမ်း ၈း၆-၇ “လူကြံစည်သမျှအဘို့၊
ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲခြင်းကို
ခံရ၏။ နောက်ဖြစ်လတံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက် မျှမပြောနိုင်ရာ။”
အသက်တာတစ်လျှောက်လုံးအတွက်
လုပ်ဆောင်ရမည့် များစွာသော ဆုံးဖြတ်ချက်တွေကို မှန်ကန်သော အချိန်အခါ၌
သန္နိဌာန်ချဖို့ရန် သင်ကြိုးစားပါလိမ့်မည်။ ပညာရေးအပြောင်းအလဲ ၊ အလုပ်အကိုင်
အပြောင်းအလဲ (သို့) ပေါင်းသင်းဆက်ဆံရေး တို့နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရကောင်း
ဆုံးဖြတ်ရနိုင်ပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသသည်မှာ “လူကြံစည်သမျှအဘို့၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ၏။
သို့သော်လည်း၊ လူ သည် အလွန်ဆင်းရဲခြင်းကို ခံရ၏။ နောက်ဖြစ်လတံ့သောအရာကိုမသိ။
အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက် မျှမပြောနိုင်ရာ။” ဒေသနာကျမ်း ၈း၆-၇
ကာလ အချိန်အခါသည်
ဆုံးဖြတ်ချက်တိုင်း၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့် သင်ဆုံးဖြတ် သည့်အတိုင်း
စိတ်ထဲတွင် ဤအချက် (၅) ချက်ကို ထည့်သွင်းစဉ်းစားပါ။
(၁) မှန်ကန်သော
ဆုံးဖြတ်ချက်ပြုဖို့ရန် အချိန်ယူပါ။
ကလာတိဩဝါဒစာ ၅း၂၅ “သို့ဖြစ်၍
ငါတို့သည်ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။”
အလျင်စလိုဖြစ်ခြင်းအရာက
ကောင်းသောဆုံးဖြတ်ချက်၏ အဟန့်အတားဖြစ်ပါတယ်။ သင်၏ ဆုံးဖြတ်ချက် တွေအတွက်
ဘုရားသခင်အား အချိန်ကိုက် ပြုစေဖို့ရန် ခွင့်ပြုလိုက်ပါ။ ဘုရားသခင်၏ အချိန်က
အမြဲတမ်း အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ဘုရားသခင်ထံတော်
အပ်နှံနိုင်ပါတယ်။
(၂) ငြိမ်ဝပ်လျက် ဘုရားသခင်၏
နှုတ်ကပတ်တော်ကို နားထောင်ပါ။
ဆာလံကျမ်း ၁၁၉း၅၉ “ကိုယ်လိုက်ရာလမ်းကို
ဆင်ခြင်သောအခါ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့်၍လိုက်ပါ၏။”
သင့်အသက်တာက တခြားသော အသံတို့ဖြင့်
ပြည့်နှက်နေပါလျှင် ဘုရားသခင်၏ တီးတိုးအသံကို ကြားရနိုင်မည် မဟုတ်ပါ။ ဒါကြောင့်
ဘုရားသခင်နှင့် အတူ တစ်ယောက်တည်း အချိန်ယူခြင်းက အတိမ်းအစောင်း မခံခြင်း
ဖြစ်ပါတယ်။ ဘုရာသခင်၏ အလိုတော်ကို နှုတ်ကပတ်တော်တွင် တွေ့မြင်ရပါလိမ့်မည်။
(၃) တခြားသူတို့၏ ဆုတောင်းခြင်းတို့ကို စာရင်းပေးပါ။
ရောမဩဝါဒစာ ၁၅း၃၀ “ညီအစ်ကိုတို့၊
သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင် ကို ဆုတောင်း
ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို
အကြောင်းပြု၍ သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။”
ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး
ဆုတောင်းပေးဖို့ရန် တခြားသူတို့ထံ တောင်းခံတဲ့အခါတွင် အားပေးမှုနှင့်
အထောက်အမတို့ကို သူတို့ ပေးစွမ်းနိုင်ပါတယ်။ အာရုံစိုက်မှုနှင့်
ကြည်လင်ပြတ်သားမှုတို့ကို သင့်အား ပေးစွမ်းဖို့ရန် ဘုရားသခင်ထံ သူတို့ ဆုတောင်းပေးနိုင်ပါတယ်။
(၄) သင်၏ အကောင်းဆုံး လုပ်ဆောင်မှုအရာကို
ဆင်ခြင်ကြည့်ပါ။
ရှင်ပေတရုဩဝါဒစာ
ပဌမစောင် ၄း၁၀ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏
အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှ ပေးကမ်းကြ
လော့။”
တခြားသူတို့ကို
အကူအညီပေးနိုင်ဖို့ရန် သင့်အား ဘုရားသခင် ဆုကျေးဇူးတွေ ပေးထားပါတယ်။
တခြားသူတို့နှင့် သင်၏ အစွမ်းအစ ၊ ဆုကျေးဇူးတို့ကို ဝေမျှခြင်း၌
အချိန်ပိုပေးခြင်းအတွက် သင်၏ ဆုံးဖြတ်ချက်က သင့်အား အကူအညီဖြစ်စေရန် သေချာစေပါ။
(၅) ဉာဏ်အမြော်အမြင်ရှိသော မိတ်ဆွေသူငယ်ချင်းတို့၏
အကြံဉာဏ်ကို ရယူပါ။
သုတ္တံကျမ်း ၁၁း၁၄ “အကြံပေးနိုင်သော
ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊
ဘေးလွတ်တတ်၏။”
ဆုံးဖြတ်ချက်အတွက် မှန်ကန်သော
အချိန်အခါကို သန္နိဌာန်ချဖို့ရန် သင်ကြိုးစားတဲ့အခါ သင်၏ ကိုယ်ပိုင်အမြင်ထက်
တခြားသူတို့၏ အမြင်ကို သင်ပိုလိုချင်ပါတယ်။ ဘုရားကို အားကိုးသော မိတ်ဆွေသူငယ်ချင်း (သို့) ကောင်းရာညွှန်ပြသူဆရာသမား
(သို့) သင်းအုပ်ဆရာ တို့၏ အကူအညီကို ရယူပါ။ သင်သိသော ပညာအမြော်အမြင်ရှိသော လူတို့ကို
ရှာပြီး သူတို့၏ အကြံဉာဏ်ကို နားထောင်ပါ။
သင်၏
ဆုံးဖြတ်ချက်ကို သင်တွေးတောဆင်ခြင်သည့်အခါတွင် ဘုရားသခင်သည် အချိန်ကို ဖန်တီူသူ ထိုအရာအားလုံးကို
ထိန်းချုပ်သောအရှင် ဖြစ်သည်ကို သတိရပါ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချိန်ကိုက်မှုတို့သည်
ဘယ်တော့မှ နောက်ကျခြင်း ၊ စောခြင်း မရှိပါ။
ဘုရားသခင်၏
အချိန်ကာလ - သူ့အချိန်နဲ့သူ ဖြစ်လာမည်ကို သင်ယုံကြည်နိုင်ပါတယ်။
ဆင်ခြင်ရန်
-
အရေးကြီးသော ဆုံးဖြတ်ချက်များ ချသောအခါတွင် ဘုရားသခင်၏ အချိန်နှင့်မကိုက်ညီခြင်း၏ အကျိုးဆက်ကား
မည်သို့နည်း။
-
အထက်ဖော်ပြပါ အချက် (၅) ချက်အနက် မည်သည့်အချက်က သင့်အတွက် လိုက်လျှောက်ဖို့ရန် အခက်ခဲဆုံး
ဖြစ်ပါသနည်း။
------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်