Unicode Version
ကျရှုံးမှုက သင့်အား ကြီးမားသော အောင်မြင်မှုဆီ
ဦးတည်စေနိုင်ပါတယ်။
ရှင်လုကာခရစ်ဝင်ကျမ်း
၂၂း၃၂ “သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည်
သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊”
ကျရှုံးမှု တစ်ခုတွင် သင်ကြုံတွေ့ရချိန်
ထိုကျရှုံးမှုမှ မည်သည့်ကောင်းကျိုးတစ်ခုမှ ထွက်ပေါ်လာမည် မဟုတ်ဘူးလို့
ထင်မြင်နိုင်သည်။ သို့ပေမဲ့ သင်၏ကျရှုံးမှုတို့မှ ကောင်းကျိုးတို့ကို ဘုရားသခင်
အမြဲတမ်း သယ်ဆောင် လာနိုင်ပါ တယ်။ တကယ်တော့ အဆုံးရွားဆုံးသော ကျရှုံးမှုမှ အောင်မြင်မှုကြီးတစ်ခု
ဖြစ်လာနိုင်ပါတယ်။ သင်အခွင့် ပေးပါ လျှင် ဘုရားသခင်က သင်၏ ကျရှုံးမှုကို သူ၏ အသင်းတော်
တည်ဆောက်ဖို့ရာ အသုံးပြုပါလိမ့်မည်။
ရှင်လုကာ ၂၂း၃၂ တွင် ပေတရုက သခင်ယေရှုဆိုထားသည်မှာ
“သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည်
သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို
တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊” ပေတရုမကျရှုံးခင်တွင် သူ၏ ကျရှုံးမှုကနေ
အကျိုးအဖြစ် ဘုရားသခင် မည်သို့ အသုံးပြုနိုင်သော အမြင်ကို သခင်ယေရှု သူ့ကို ပေးခဲ့ပါတယ်။
ပေတရု ကျရှုံးပြီးနောက် သခင်ယေရှု အသေခံခဲ့ပြီး
ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ပြီးနောက် ပေတရုကို ကမ်းခြေတစ်ခုတွင် တွေ့ဆုံခိုက် “ကျရှုံးမှုကနေ
ကောင်းကျိုးမည်သို့ ပြုနိုင်သည်ကို” ပေတရုအား သခင်ယေရှု သတိပေးခဲ့ပါတယ်။
ရှင်ယောဟန်ဩဝါဒစာ
၂၁း၁၅-၁၇ “နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို
ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။
ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊
ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု
ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို
ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏ သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု
တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ် မြောက်အောင်
မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကိုသိတော်မူ၏။
ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက် သော်၊ ယေရှုက၊
ငါ၏သိုးတို့ကို ကျွေးမွေးလော့။”
ပေတရုအား သခင်ယေရှု (၃) ကြိမ်တိုင်မေးခဲ့ပါတယ်
“သင့်သည် ငါ့ကို ချစ်သလော”။ ဘာကြောင့် (၃) ကြိမ်တောင် မေးရပါသနည်း။ သခင်ယေရှုအား
(၃) ကြိမ်ငြင်းပယ်ခဲ့ခြင်းအတွက် မေ့ပျောက်စေသော
အခွင့်အရေးကို ပေတရုအား ပေးခြင်းဖြစ်ပါတယ်။
အကြိမ်တိုင်းတွင်
ကောင်းကျိုးအတွက် သူ၏ကျရှုံးခြင်းကို အသုံးပြုနိုင်မည့် တခြားသော နည်းလမ်းကို ပေတရုအား
သခင်ယေရှုပေးခဲ့ပါတယ်။ “ငါ၏ သိုးသငယ် ကျွေးမွေးလော့ ၊ ငါ့သိုးတို့ကို စောင့်ရှောက်လော့
၊ ငါ့သိုးတို့ကို ကျွေးမွေးလော့”
သခင်ယေရှုကို
ပေတရု ငြင်းပယ်ခဲ့သော ညတွင်လည်း တခြားသော တပည့်တော်တစ်ဦးဖြစ်တဲ့ ယုဒ သည်လည်း သခင်ယေရှုကို
ရှုံးနှိမ့်ခဲ့ပါတယ်။ သို့သော် နောက်ဆုံးတွင် ယုဒသည် သခင်ယေရှုကိ သစ္စာဖောက်ရန် ရွေးချယ်ခဲ့ပြီး
ပေတရုသည် ဆရာတစ်ဦးအဖြစ် သခင်ယေရှု၏ အသင်းတော် ခေါင်းဆောင်ဖြစ်လာဖို့ရန် ရွေးချယ်ခဲ့ပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၁၆း၁၈တွင် “ငါဆိုသည်ကား၊ သင်သည်
ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို
မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။” ဘုရားသခင်သည် သူ၏ အသင်းတော် ကို ကျရှုံးသောသူတို့ဖြင့်
တည်ဆောက်နေပါတယ်။ တကယ်တော့ ကျရှုံးသော သူတို့ကိုသာ ဘုရားသခင် အသုံးပြုပါ တယ်။ ဘာကြောင့်လဲဆိုတော့
ထိုသူတို့သည် ဘယ်လိုမှ ပြည့်စုံတယ်ဆိုတာ မရှိလို့ ဖြစ်ပါတယ်။
သင်၏
ကျရှုံးမှုကနေ ဘာဖြစ်လာမည်နည်း။ ၎င်းသည် သင်၏ ရွေးချယ်မှု ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
ဘုရားသခင်သည် သင်၏ရှုံးနိမ့်မှုကို ကောင်းကျိုးအတွက် အသုံးပြုသည်ကို
သင်မြင်လိုသည့် နည်းလမ်းတစ်ခုကား အဘယ်နည်း။ သင်တောင်းဆိုနိုင်သည် သို့မဟုတ်
စိတ်ကူးကြည့်နိုင်သည်ထက် ပိုလုပ်နိုင်သည်ဟု သင်ယုံကြည် ပါသလား။
- သင်လေးစားရသောခရစ်ယာန်ချင်းတစ်ဦးကို
စဉ်းစားကြည့်ပါ။ ဘုရားသခင်သည် ကြီးစွာသောကျရှုံးမှုကို သူတို့၏ဘ၀တွင်
ကြီးကျယ်သောဓမ္မအမှုအဖြစ်သို့ ပြောင်းလဲစေသည်ကို သင်မည်သို့မြင်ဖူးသနည်း။
-
သင်မည်မျှ ကြီးမားသော ကျရှုံးမှုများ ကြုံတွေ့ခဲ့ရသနည်း။ ယနေ့
ဘုရားသခင်ထံ အပ်နှံရန် အဆင်သင့် ဖြစ်ပြီ လား။
-------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်