Do not conform to the pattern of this world

 Unicode Version

လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။

လောကတွင် အသက်ရှင်စဉ်ခါ လောကအရာတွေ လိုအပ်ကြပါတယ်။ ထို လောကအရာတွေက တစ်နေ့မှာ ပျက်စီးဆုံးရှုံး ပျောက်ကွယ်သွားမှာ ဖြစ်တယ်။ လောကကြီးထဲကနေ ကျွန်ုပ်တို့ ထွက်ခွါသွားတဲ့အခါတွင်လည်း ဤလောကအရာ အားလုံးကို ထားခဲ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ယုံကြည်သူ ဘုရားသားသမီးများ အနေဖြင့် မြေကြီးအရာကို တပ်မက်စွဲလမ်းမည့်အစား အထက်အရာကို စွဲလမ်းဖို့လိုပါတယ်။

ကောလောသဲဩဝါဒစာ ၃း၂ “မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကို သာ  စိတ်စွဲလမ်းခြင်း ရှိကြလော့။

 

ယနေ့ အယောက်စီတိုင်း၏ အသက်တာတွင် လောက၌ အသက်ရှင်နေထိုင်တဲ့အခါတွင် လောကသားကဲ့သို့ အသက်ရှင်ဖို့ မဟုတ်ပါဘူး။ ရောမဩဝါဒစာ ၁၂း၂ “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော် ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

 

အယောက်စီတိုင်း အသက်တာထဲတွင် ဘုရားသားသမီးများ ဖြစ်တဲ့အတွက်ကြောင့် လောကီပုံသဏ္ဍာန်ကို မဆောင်ဖို့ နိုးဆော်ချင်ပါတယ်။ ဓမ္မရာဇဝင်ပဌမစောင် ၈ တွင် ရှင်မွေလသည် အသက်အရွယ် ကြီးရင့်လာတဲ့အခါ ဣသရေလလူမျိုးတို့ကို အုပ်စိုးဖို့ရန် သူ၏ သားတို့ကို အုပ်စိုးဖို့ ခန့်အပ်ထားခဲ့တယ်။ သို့သော် ထိုသားတွေက အဘ လိုက်သော လမ်းကို မလိုက် ၊ ငွေကို တပ်မက်ကြတယ် ၊ တန်စိုးစားကြတယ်။ ထိုအရာတို့ကို ဣသရေလ လူမျိုးတို့က မနှစ်သက်ကြပါဘူး။ ဒါကြောင့် ရှင်မွေလဆီသို့လာတဲ့အခါ “သင်၏ သားတို့သည် အဘလိုက်သော လမ်းသို့မလိုက် ၊ ဒါကြောင့် ငါတို့အဖို့ လူမျိုးအပေါင်းတို့နည်းတူ အုပ်စိုးမည့် ရှင်ဘုရင်ကို ချီးမြှောက်ပေးပါ” လို့တောင်းဆိုကြပါတယ်။

ဣသရေလလူမျိုးတို့ကို တကယ်တမ်းတွင် ဘုရားသခင် ကိုယ်တော်တိုင် အုပ်စိုးနေတာ ဖြစ်တယ်။ သို့သော ထိုသူတို့က လောကသားနဲ့ တူချင်ကြပါတယ်။ လောကသားကဲ့သို့ ဖြစ်ချင်ကြတယ်ဆိုတာကို တွေ့ရပါတယ်။

 

ယနေ့ အယောက်စီတိုင်း၏ အသက်တာထဲတွင် သင်ယူဖို့ရန်အတွက် နှိုးဆော်ချင်တယ်။ ၁ယော ၂း၁၅-၁၇ ကို ကြည့်မယ်ဆိုရင် “လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သော သူမည် သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့် သာစပ်ဆိုင်ကြ၏။လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလို တော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။

 

ယနေ့ လောကမှာ နေထိုင်အသက်ရှင်တဲ့အခါမှာ စုဆောင်းထားတဲ့အရာတွေက တစ်နေ့ ကျွန်ုပ်တို့ကိုယ်တိုင် လောက ကနေထွက်ခွါတဲ့အခါမှာ ယူသွားလို့ မရပါဘူး။ ထားခဲ့ရမှာ ဖြစ်ပါတယ်။ ဤအရာတွေ အားလုံးက ပျက်စီးသွားမှာ ဖြစ်ပါတယ်။ လောကသားကဲ့သို့ အသက်ရှင်ဖို့ ၊ လောကသားကဲ့သို့ ဖြစ်ဖို့ မဟုတ်ဘူးဆိုတာကို ယနေ့ကျွန်ုပ်တို့ နားလည်ရပါတယ်။

 

လောတရဲ့ မယား သူ၏ ဥစ္စာပစ္စည်းတွေ နှမြောပြီး နောက်ကို လှည့်ကြည့်တဲ့အခါမှာ ဆားတိုင်ဖြစ်သွားတယ်။ ချစ်သော ညီအစ်ကို မောင်နှမတို့ စဉ်းစားကြည့်ရအောင်။ လေယာဉ်ပျံကို တီတွင်တဲ့သူတွေက အမြင့်ကို ပျံဖို့ ဖြစ်ပေမဲ့ ပြေးလမ်းအထိတော့ မြေကြီးပေါ်မှာ ပြေးရပါတယ်။ ပြေးလမ်းဆုံးသွားရင်တော့ အမြင့်မပျံလို့ မရပါ။ ယနေ့ နားလည်ရမည့်အရာက အယောက်စီတိုင်း၏ အသက်တာထဲမှာလည်း မြေကြီးပေါ်မှာ နေထိုင်ရတဲ့အချိန် မှာတော့ မြေကြီးအရာ လိုအပ်ပါတယ်။ သို့သော် အထက်အရာကို တပ်မက်စွဲလမ်းရမှာ ဖြစ်တယ်။ အထက်ကို ပြန်ဖို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့က ကောင်းကင်သားတွေ ဖြစ်ကြပါတယ်။ မြေကြီးအရာကို တပ်မက်စွဲလမ်းသောစိတ် မရှိဖို့ အထက်အရာကို တပ်မက်စွဲလမ်းသော စိတ်ရှိဖို့ ၊ လောကီပုံသဏ္ဍာန်ကို မဆောင် ကြဖို့ နှိုးဆော်ချင်တာဖြစ်တယ်။

 

 ဟေဗြဲဩဝါဒစာ ၁၁း၂၄-၂၆ “မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်း ဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင် သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။ အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာ မြော်လင့်လျက်နေ၏။

 

မောရှေက အပြစ်ရှသော ကာမဂုဏ်ကို ခံစားခြင်းထက် ဘုရားသခင်နှင့် စပ်ဆိုင်သောအရာကို သူစွဲလမ်းတယ် ဆိုတာကို တွေ့ရပါတယ်။ ယနေ့ အယောက်စီတိုင်း၏ အသက်တာတွင်လည်း မြေကြီးပေါ်မှာ အသက်ရှင်နေထိုင် တဲ့အခါ လောကအရာ လိုအပ်ပါတယ်။ သို့သော် တပ်မက်စွဲလမ်းသောစိတ် မရှိဖို့ ၊ အထက်အရာကို ကျွန်ုပ်တို့ တပ်မက်စွဲလမ်းသောသူများဖြစ်ဖို့ ၊ လောကီပုံသဏ္ဍာန်ကို မဆောင်ကြဖို့ရန် ယနေ့ ဤနှုတ်ကပတ်တော်အားဖြင့် နှိုးဆော်ချင်တာဖြစ်တယ်။ ဤနှုတ်ကပတ်တော်အားဖြင့် အယောက်စီတိုင်း ဘုရားရှင် စကားပြောပါစေ။

  By Rev. Mahn Tun Mya

-----------------------------------------------------------------------------------------

Zawgyi Version

ေလာကီပုံသ႑ာန္ကို မေဆာင္ၾကႏွင့္။

ေလာကတြင္ အသက္ရွင္စဥ္ခါ ေလာကအရာေတြ လိုအပ္ၾကပါတယ္။ ထို ေလာကအရာေတြက တစ္ေန႔မွာ ပ်က္စီးဆုံးရႈံး ေပ်ာက္ကြယ္သြားမွာ ျဖစ္တယ္။ ေလာကႀကီးထဲကေန ကြၽႏ္ုပ္တို႔ ထြက္ခြါသြားတဲ့အခါတြင္လည္း ဤေလာကအရာ အားလုံးကို ထားခဲ့ရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ယုံၾကည္သူ ဘုရားသားသမီးမ်ား အေနျဖင့္ ေျမႀကီးအရာကို တပ္မက္စြဲလမ္းမည့္အစား အထက္အရာကို စြဲလမ္းဖို႔လိုပါတယ္။

ေကာေလာသဲဩဝါဒစာ ၃း၂ “ေျမႀကီးေပၚမွာရွိေသာ အရာတို႔ကို စြဲလမ္းေသာစိတ္မရွိၾကႏွင့္။ အထက္အရာတို႔ကို သာ  စိတ္စြဲလမ္းျခင္း ရွိၾကေလာ့။”


ယေန႔ အေယာက္စီတိုင္း၏ အသက္တာတြင္ ေလာက၌ အသက္ရွင္ေနထိုင္တဲ့အခါတြင္ ေလာကသားကဲ့သို႔ အသက္ရွင္ဖို႔ မဟုတ္ပါဘူး။ ေရာမဩဝါဒစာ ၁၂း၂ “သင္တို႔သည္ ေလာကီပုံသဏၭာန္ကို မေဆာင္ၾကႏွင့္။ ေကာင္းျမတ္ေသာအရာ၊ ႏွစ္သက္ဘြယ္ေသာအရာ၊ စုံလင္ေသာအရာတည္းဟူေသာ ဘုရားသခင္အလိုေတာ္ ရွိေသာ အရာသည္ အဘယ္အရာျဖစ္သည္ကို သင္ႏိုင္မည္အေၾကာင္း၊ စိတ္ႏွလုံးကို အသစ္ျပင္ဆင္၍ ပုံသဏၭာန္ ေျပာင္းလဲျခင္းသို႔ ေရာက္ၾကေလာ့။”


အေယာက္စီတိုင္း အသက္တာထဲတြင္ ဘုရားသားသမီးမ်ား ျဖစ္တဲ့အတြက္ေၾကာင့္ ေလာကီပုံသ႑ာန္ကို မေဆာင္ဖို႔ ႏိုးေဆာ္ခ်င္ပါတယ္။ ဓမၼရာဇဝင္ပဌမေစာင္ ၈ တြင္ ရွင္ေမြလသည္ အသက္အ႐ြယ္ ႀကီးရင့္လာတဲ့အခါ ဣသေရလလူမ်ိဳးတို႔ကို အုပ္စိုးဖို႔ရန္ သူ၏ သားတို႔ကို အုပ္စိုးဖို႔ ခန႔္အပ္ထားခဲ့တယ္။ သို႔ေသာ္ ထိုသားေတြက အဘ လိုက္ေသာ လမ္းကို မလိုက္ ၊ ေငြကို တပ္မက္ၾကတယ္ ၊ တန္စိုးစားၾကတယ္။ ထိုအရာတို႔ကို ဣသေရလ လူမ်ိဳးတို႔က မႏွစ္သက္ၾကပါဘူး။ ဒါေၾကာင့္ ရွင္ေမြလဆီသို႔လာတဲ့အခါ “သင္၏ သားတို႔သည္ အဘလိုက္ေသာ လမ္းသို႔မလိုက္ ၊ ဒါေၾကာင့္ ငါတို႔အဖို႔ လူမ်ိဳးအေပါင္းတို႔နည္းတူ အုပ္စိုးမည့္ ရွင္ဘုရင္ကို ခ်ီးေျမႇာက္ေပးပါ” လို႔ေတာင္းဆိုၾကပါတယ္။ 

ဣသေရလလူမ်ိဳးတို႔ကို တကယ္တမ္းတြင္ ဘုရားသခင္ ကိုယ္ေတာ္တိုင္ အုပ္စိုးေနတာ ျဖစ္တယ္။ သို႔ေသာ ထိုသူတို႔က ေလာကသားနဲ႔ တူခ်င္ၾကပါတယ္။ ေလာကသားကဲ့သို႔ ျဖစ္ခ်င္ၾကတယ္ဆိုတာကို ေတြ႕ရပါတယ္။ 


ယေန႔ အေယာက္စီတိုင္း၏ အသက္တာထဲတြင္ သင္ယူဖို႔ရန္အတြက္ ႏႈိးေဆာ္ခ်င္တယ္။ ၁ေယာ ၂း၁၅-၁၇ ကို ၾကည့္မယ္ဆိုရင္ “ေလာကကို၎၊ ေလာက၌ရွိေသာအရာတို႔ကို၎၊ မခ်စ္ၾကႏွင့္။ ေလာကကိုခ်စ္ေသာ သူမည္ သည္ကား၊ ခမည္းေတာ္ကို ခ်စ္ျခင္းေမတၱာမရွိ။ ေလာက၌ရွိသမွ်ေသာ အရာတည္းဟူေသာ ကိုယ္ကာယ တပ္မက္ျခင္း၊ မ်က္စိတပ္မက္ျခင္း၊ ေလာကီ စည္းစိမ္၌ဝါႂကြားျခင္းတို႔သည္ ခမည္းေတာ္ႏွင့္မစပ္ဆိုင္၊ ေလာကႏွင့္ သာစပ္ဆိုင္ၾက၏။ေလာကႏွင့္ေလာကီတပ္မက္ျခင္းသည္ ေ႐ြ႕သြားကြယ္ေပ်ာက္တတ္၏။ ဘုရားသခင္၏အလို ေတာ္ႏွင့္ အညီ က်င့္ေသာသူမူကား၊ နိစၥထာဝရတည္၏။”


ယေန႔ ေလာကမွာ ေနထိုင္အသက္ရွင္တဲ့အခါမွာ စုေဆာင္းထားတဲ့အရာေတြက တစ္ေန႔ ကြၽႏ္ုပ္တို႔ကိုယ္တိုင္ ေလာက ကေနထြက္ခြါတဲ့အခါမွာ ယူသြားလို႔ မရပါဘူး။ ထားခဲ့ရမွာ ျဖစ္ပါတယ္။ ဤအရာေတြ အားလုံးက ပ်က္စီးသြားမွာ ျဖစ္ပါတယ္။ ေလာကသားကဲ့သို႔ အသက္ရွင္ဖို႔ ၊ ေလာကသားကဲ့သို႔ ျဖစ္ဖို႔ မဟုတ္ဘူးဆိုတာကို ယေန႔ကြၽႏ္ုပ္တို႔ နားလည္ရပါတယ္။ 


ေလာတရဲ႕ မယား သူ၏ ဥစၥာပစၥည္းေတြ ႏွေျမာၿပီး ေနာက္ကို လွည့္ၾကည့္တဲ့အခါမွာ ဆားတိုင္ျဖစ္သြားတယ္။ ခ်စ္ေသာ ညီအစ္ကို ေမာင္ႏွမတို႔ စဥ္းစားၾကည့္ရေအာင္။ ေလယာဥ္ပ်ံကို တီတြင္တဲ့သူေတြက အျမင့္ကို ပ်ံဖို႔ ျဖစ္ေပမဲ့ ေျပးလမ္းအထိေတာ့ ေျမႀကီးေပၚမွာ ေျပးရပါတယ္။ ေျပးလမ္းဆုံးသြားရင္ေတာ့ အျမင့္မပ်ံလို႔ မရပါ။ ယေန႔ နားလည္ရမည့္အရာက အေယာက္စီတိုင္း၏ အသက္တာထဲမွာလည္း ေျမႀကီးေပၚမွာ ေနထိုင္ရတဲ့အခ်ိန္ မွာေတာ့ ေျမႀကီးအရာ လိုအပ္ပါတယ္။ သို႔ေသာ္ အထက္အရာကို တပ္မက္စြဲလမ္းရမွာ ျဖစ္တယ္။ အထက္ကို ျပန္ဖို႔ျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽႏ္ုပ္တို႔က ေကာင္းကင္သားေတြ ျဖစ္ၾကပါတယ္။ ေျမႀကီးအရာကို တပ္မက္စြဲလမ္းေသာစိတ္ မရွိဖို႔ အထက္အရာကို တပ္မက္စြဲလမ္းေသာ စိတ္ရွိဖို႔ ၊ ေလာကီပုံသ႑ာန္ကို မေဆာင္ ၾကဖို႔ ႏႈိးေဆာ္ခ်င္တာျဖစ္တယ္။


 ေဟၿဗဲဩဝါဒစာ ၁၁း၂၄-၂၆ “ေမာေရွသည္ အသက္အ႐ြယ္ႀကီးေသာအခါ အျပစ္ရွိေသာ ကာမဂုဏ္ကို ခဏခံစားျခင္းထက္၊ ဘုရားသခင္၏လူတို႔ႏွင့္ အတူညႇဥ္းဆဲခံရျခင္းကိုသာ၍ အလိုရွိသျဖင့္၎၊ အဲဂုတၱဳျပည္၏ စည္းစိမ္ထက္ ခရစ္ေတာ္ေၾကာင့္ ကဲ့ရဲ႕ျခင္း ဒုကၡသည္ သာ၍ျမတ္ေသာ စည္းစိမ္ျဖစ္သည္ကို စိတ္ထင္သျဖင့္၎၊ ယုံၾကည္ျခင္းစိတ္ရွိ၍ ဖါေရာဘုရင္ သမီး၏သားဟူ၍ ေခၚေဝၚျခင္းအခြင့္ကိုပယ္၏။ အေၾကာင္းမူကား၊ ေနာက္ ရလတံ့ေသာအက်ိဳးကို ေထာက္စာ ေျမာ္လင့္လ်က္ေန၏။”


ေမာေရွက အျပစ္ရွေသာ ကာမဂုဏ္ကို ခံစားျခင္းထက္ ဘုရားသခင္ႏွင့္ စပ္ဆိုင္ေသာအရာကို သူစြဲလမ္းတယ္ ဆိုတာကို ေတြ႕ရပါတယ္။ ယေန႔ အေယာက္စီတိုင္း၏ အသက္တာတြင္လည္း ေျမႀကီးေပၚမွာ အသက္ရွင္ေနထိုင္ တဲ့အခါ ေလာကအရာ လိုအပ္ပါတယ္။ သို႔ေသာ္ တပ္မက္စြဲလမ္းေသာစိတ္ မရွိဖို႔ ၊ အထက္အရာကို ကြၽႏ္ုပ္တို႔ တပ္မက္စြဲလမ္းေသာသူမ်ားျဖစ္ဖို႔ ၊ ေလာကီပုံသ႑ာန္ကို မေဆာင္ၾကဖို႔ရန္ ယေန႔ ဤႏႈတ္ကပတ္ေတာ္အားျဖင့္ ႏႈိးေဆာ္ခ်င္တာျဖစ္တယ္။ ဤႏႈတ္ကပတ္ေတာ္အားျဖင့္ အေယာက္စီတိုင္း ဘုရားရွင္ စကားေျပာပါေစ။

  By Rev. Mahn Tun Mya