Break Free from the Prison of Pretending
 Unicode Version
ဟန်ဆောင်ရခြင်း၏ ချုပ်နှောင်မှုမှ လွှတ်မြောက်ခြင်း
ဆာလံ ၁၁၉း၄၅ “ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။
တစုံတယောက်ကဲ့သို့ ဖြစ်အောင် ဟန်ဆောင်နေခြင်းအရာက စိတ်ပင်ပန်းတယ် မဟုတ်လား။
လူတော်တော်များများ မိမိ၏ စစ်မှန်မှုကို တကယ်ပင် သတိမရလောက်အောင် အသက်တာကို ဟန်ဆောင်မှုတို့ဖြင့် များစွာ အသက်ရှင်ဖြတ်သန်းကြပါတယ်။ သူတို့ အလိုရှိတဲ့ အသက်တာကို  ထိုဟန်ဆောင်ခြင်းအရာက ပေးလိမ့် မည်ဟု တွေးထင်ကြပြီး အသက်တာကို အတုအယောင်အဖြစ် ကြိုးစားလုပ်ဆောင်ပြီး ခွန်အားအကုန် အသုံးပြုကြ ပါတယ်။
အကယ်၍ ထိုသူက သင်ဖြစ်လျှင် သင်သည် ဟန်ဆောင်ခြင်း၏ အကျဉ်းထောင်ထဲ ရောက်ရှိနေပါပြီ။ သင့်ကိုယ်သင် အကျဉ်းထောင်တွင် သော့ခတ်ရခြင်း အကြောင်းရင်း (၂) ရပ်ရှိပါတယ်။
ပထမအကြောင်းရင်းက လူတွေ သဘောကျဖို့ သင်ကြိုးစားနေပါတယ်။
ထိုအရာက ဘယ်လောက် မိုက်မဲသလဲဆိုတာကို သမ္မာကျမ်းစာက ဖော်ပြပါတယ်။ သုတ္တံကျမ်း ၂၉း၂၅ “လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
ဒုတိယအကြောင်းရင်းက သင်အချစ်ခံရဖို့ရန် အပြစ်ဆိုဖွယ်မရှိအောင် ပြုခြင်းတွေ (ပကတိ ပြည့်စုံသူအဖြစ်) လိုအပ်တယ်လို့ သင်ခံစားနေပါတယ်။ ဘယ်သူမှ မပြည့်စုံတဲ့အတွက်ကြောင့် ပြီးပြည့်စုံတဲ့စိတ်က သင့်ကို ဖမ်းစားထားရင် ဘယ်တော့မှ အချစ်စစ်ကို ခံစားရမှာ မဟုတ်ပါဘူး။ အမှားမကင်းတဲ့ ဟန်ဆောင်ကမ္ဘာမှာ အမှားနဲ့ ကင်းတဲ့ သူမရှိပါဘူး။ ပိုးဆိုးတာက သင်ကိုယ်သင် ခက်ခဲအောင် လုပ်နေသလို သူတစ်ပါးပေါ်၌လည်း ကြမ်းတမ်းရက်စက်ပါတယ်။ လူတိုင်း သင်၏ အကျဉ်းထောင်ထဲတွင် အဆုံးသတ်ရပါတယ်။
သူတို့မဟုတ်တဲ့အရာကို ဟန်ဆောင်ကြတဲ့ သူတွေအကြောင်း သခင်ယေရှုက တစ်ခါပြောခဲ့ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၁၅ “ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။
သင်မဟုတ်သော သူတစ်ဦးအဖြစ် ဟန်ဆောင်နေခြင်းအသက်တာအတွက် ကုစားမှုက ဘာဖြစ်မလဲ။
ဘုရားသခင် တွေးမြင် ၊ တွေးခေါ်တဲ့အရာပေါ် သင်၏ အာရုံကို လှည့်လိုက်ပါ။ ဘုရားသခင် တစ်ပါးတည်းသာလျှင် သင့်အား ပြည့်ဝစွာ သိရှိပြီး အဆုံးမရှိ ချစ်ခြင်းတွေဖြင့် သင့်ကို ချစ်ပါတယ်။ ဘုရားသခင် အလိုတော်ရှိသော အရာတို့ကို သင်လုပ်ဆောင်ပါလျှင် မှန်ကန်သောအရာတို့ကို သင်လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
ဆာလံဆရာက ထိုအာရုံစိုက်ရခြင်းမျိုးကို ပြောထားပါတယ်။ ဆာလံကျမ်း ၁၁၉း၄၅ “ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။
သင်၏ စစ်မှန်မှုကို ဖုန်းပွတ်ပြီး ရှာဖွေဖို့ မလိုပါဘူး။ လူမှုကွန်ယက် မီဒီယာတွေက သင်ဘယ်လောက် စစ်မှန်တဲ့ အချစ်စစ်ဖြင့်် အချစ်ခံရသလဲဆိုတာ  မပြောနိုင်ပါဘူး။
ဘုရားသခင် တစ်ပါးတည်းသာလျှင် သင့်အား သင်မည်သူဖြစ်သည်ကို အမှန်အတိုင်း ပြောပြနိုင်ပါတယ်။ ထိုအရာက သင့်အား လွှတ်မြောက်စေပါမည်။
ဆင်ခြင်ရန်
- တခြားသူတွေ ဘယ်လိုဘဲ ထင်မြင်ပါစေ… ဘုရားသခင် သင့်ကို ချစ်တယ် ၊ လက်ခံတယ်ဆိုတာကို သင်သိရှိခြင်းအရာက လုံလောက်ပါရဲ့လား။
- ဘုရားသခင် တွေးမြင်တဲ့အရာပေါ် အာရုံစိုက်မှုကို မည်သို့လွှဲပြောင်းခြင်းက ဟန်ဆောင်ခြင်းအရာကနေ ကင်းဝေးရအောင် မည်သို့ အကူအညီ ပေးပါသနည်း။
- လူမှုကွန်ယက် မီဒီယာတွေက သင့်ကို မည်သို့သောနည်းလမ်းတွေဖြင့် ဟန်ဆောင်ခိုင်းစေသနည်း။ 
--------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်