You’re Qualified to Serve God

Unicode Version

ဘုရားသခင်အား အစေခံဖို့ရန် သင် အခွင့်ရရှိပါတယ်။

ရောမဩဝါဒစာ ၆း၁၃ “သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။

သင်ကိုယ်သင် ထက် ဘုရားသခင်၏ ကြီးမားတဲ့ အကြံအစည်အတွက် အသုံးပြုခြင်းအရာလောက် ကြီးမြတ်တဲ့ ဝမ်းမြောက်မှု မရှိပါဘူး။ “ဒါဘဲလေ ၊ ဒါကြောင့်လဲ ငါအသက်ရှင်နေတာပေါ့ ၊ ငါအခုရရှိလေ” လို့သင် နားလည်လိုက်တဲ့ အခိုက်အတန့် ရရှိတဲ့ ခံစားမှုမျိုးက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။  

 ဤခံစားမှုမျိုး သင်တစ်ခါမှ မခံစားခဲ့ရဖူးပါလျှင် သင် ပျောက်ဆုံးနေလို့ဖြစ်ပါတယ်။ အသက်တာခရီး၏ ရည်ရွယ် ချက်မှာ ပညာရေး ၊ အလုပ်အကိုင် ၊ ငွေကြေး ဖန်တီးမှု နှင့် မသေခင် အငြိမ်းစား ရရှိဖို့ အတွက် မဟုတ်ပါဘူး။ သင်၏ အသက်တာသည် သင်၏ အသက်မွေးဝမ်းကျောင်းထက် များစွာ ထူးခြားပါတယ်။ နိစ္စထာဝရ ရည်ရွယ်ချက် တို့အတွက် သင့်အား ဖန်ဆင်းထားခြင်း ဖြစ်ပါတယ်။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့”။ ရောမဩဝါဒစာ ၆း၁၃

ဘုရားသခင် သူတို့ကို ဘယ်တော့မှ အသုံးမပြုနိုင်မှာမဟုတ်ဘူး” ဆိုပြီး လူတော်တော်များများ ရင်တွင်းလျှို့ဝှက် စွာဖြင့် ကြောက်ရွံ့နေတဲ့အရာက ပြသနာဖြစ်နေပါတယ်။ တစ်ချို့လူတွေကတော့ သူတို့ပြုခဲ့တဲ့ အတိတ်က အပြစ်တွေနှင့် မှားယွင်းမှုတို့ကြောင့် အခွင့်မရှိဘူး ဆိုပြီး ခံစားကြပါတယ်။ တချို့ကျတော့ လည်း သူတို့မှာ မှန်ကန်တဲ့ ပညာရေး ၊ စွမ်းရည် (သို့) နောက်ခံ မရှိဘူးဆိုပြီး ခံစားခြင်းကြောင့် အရည်အချင်းမပြည့် မှီဘူးလို့ ခံစားကြပါတယ်။

အထက်ပါ ဖော်ပြတဲ့ အရည်အချင်း ပြည့်မှီခြင်း (သို့) မပြည့်မှီခြင်း မျိုးကို သင်သည်လည်း ခံစားကောင်း ခံစားနိုင်ပါမည်။ သို့ပေမဲ့ တမန်တော် ရှင်ပေါလု၏ အသက်တာကိုသာ သင်ကြည့်ဖို့ လိုအပ်ပါတယ်။ သို့မှသာ သင်စိတ်ကူးနဲ့တောင် မခန့်မှန်းနိုင်တဲ့ နည်းလမ်းတွေနဲ့ ဘုရားသခင် သင့်အား အသုံးပြုချင်ကြောင်း သင်သိရှိမှာ ဖြစ်ပါတယ်။

သမိုင်းတွင် ရှင်ပေါလုလောက် ဘယ်သူမှ ဘုရားသခင်၏ အသုံးပြုမှုကို မခံရပါဘူး။ ရှင်ပေါလုသည် ရောမအင် ပါယာတစ်ခုလုံးတွင် ခရစ်ယာန် သာသနာကို လက်တစ်ကမ်းနီးပါး ပြန့်နှံ့စေခဲ့ပါတယ်။ နေရာတိုင်း အသင်းတော် များစွာ မျိုးစေ့ကြဲခဲ့ပါတယ်။ ဓမ္မသစ်ကျမ်း တစ်ဝက်နီးပါးကိုလည်း သူရေးသားခဲ့ပါတယ်။ ဘုရားသခင်ကို ကျေနပ် စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် သူအသက်ရှင် နေထိုင်ခဲ့ပါတယ်။

ဟောပြောသူ ၊ ဓမ္မဆရာ နှင့် အသင်တော် တည်ထောင်သူ တစ်ဦး မဖြစ်လာခင်မှာ ရှင်ပေါလု ဘာကို လုပ်ဆောင် ခဲ့သလဲ ဆိုတာ သင်သိပါသလား။ သူဟာ ခရစ်ယာန် ဆန့်ကျင်ရေး  တိုက်ခိုက် လှုပ်ရှားသူ ဖြစ်ပါတယ်။ ခရစ်ယာန် တွေကို ညှဉ်းပန်းနှိပ်စက်ဖို့ကို တစ်ရွာပြီး တစ်ရွာ သွားခဲ့ပါတယ် ၊ ထောင်ပို့ခဲ့တယ်။ ပေါလုသည် ဘုရားသခင် အသုံးပြုသည်ဟု သင်ထင်မြင်ယူဆသူနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ကလာတိ ၁း၁၃, ၁၅ တွင် ရှင်ပေါလု ရေးသားခဲ့သည်မှာ “အဘယ်သို့နည်းဟူမူကား အထက်က ယုဒဘာသာ၌ နေ၍ ငါကျင့်သော အကျင့်တည်းဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီး ကြောင်းကို ၎င်း ၊”

ကလာတိ ၁း၁၅  “သို့သော်လည်း ငါ့ကို အမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်…”

သင်၏ အတိတ်က သင်၏ အနာဂတ်ကို မတားဆီးပါဘူး။ သင်၏ အတိတ်က အတိတ်ဖြစ်တယ်။ ၎င်းသည် ဘုရားသခင်၏ အသုံးပြုခံရခြင်းကနေ အရည်အချင်းမမှီခြင်း မဟုတ်ပါ။ သင်ရရှိခဲ့ဖူးသော (သို့) မရရှိခဲ့ဖူးသော အခွင့်အရေးမျိုးများနှင့် အလားတူပင် ဖြစ်ပါတယ်။ ၎င်းတို့က သင့်အား အရည်အချင်းမပြည့်မှီအောင် မပြုနိုင်ပါဘူး။ ဘုရားသခင်က သင့်ကို ရွေးချယ်တယ် ၊ ခေါ်တော်မူတယ် ၊ ပြီးတော့ သင်က ဘုရားအတွက် “အံ့ဩဖွယ်သော ကျေးဇူးတော်” ဖြစ်တဲ့အတွက်ကြောင့် ယနေ့တွင် သင့်အား အသုံးပြုချင်ပါသည်။

ဆင်ခြင်ရန်

- သင့်အတိတ်က မည်သည့်အပြစ်များ (သို့) အမှားများသည် ဘုရားသခင်အသုံးပြုရန် အရည်အချင်းမရှိဟု သင်ခံစားရစေသနည်း။ သင်ကိုယ်တိုင် (သို့) သင့်၏အသက်တာ ဖြစ်ပျက်မှုက သင့်အား အရည်အချင်းမရှိဟု ခံစားရစေမည့် အသွင်အပြင်မျိုးဖြစ်ပါသနည်း။

- သင့်ဘ၀တွင် မည်သူက အမှားများစွာလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ကြီးစွာသောနည်းလမ်းများဖြင့် ဘုရားသခင်က အသုံးပြုခဲ့သူ ပေါလုနှင့်တူသနည်း။ အဲဒီလူရဲ့ ဇာတ်လမ်းက သင့်အား မည်ကဲ့သို့ အားပေးသနည်း။

သင်ကိုယ်တိုင်ထက် ပိုကြီးတဲ့ရည်ရွယ်ချက်အတွက် ဘုရားသခင်က သင့်ကိုအသုံးပြုနေတယ်ဆိုတာ သင်သိ တဲ့အချိန်ကို ဖော်ပြပါ။ ထိုအချိန်တွင် သင်၏အသက်တာ မည်သို့ေသာ ထူးခြားမှု ရှိသနည်း။ ယနေ့တွင် အလားတူနည်းလမ်းများဖြင့် ဘုရားသခင်အသုံးပြုရန် သင့်ကိုယ်သင် မည်သို့ရရှိနိုင်မည်နည်း။

------------------------------------------------------------------------------------------------


Zawgyi Version

ဘုရားသခင္အား အေစခံဖို႔ရန္ သင္ အခြင့္ရရွိပါတယ္။

ေရာမဩဝါဒစာ ၆း၁၃ “သင္တို႔၏ကိုယ္အဂၤါမ်ားကို ဒုစ႐ိုက္လက္နက္ ျဖစ္ေစ၍၊ အျပစ္တရားအား မဆက္ၾကႏွင့္။ ေသျခင္းမွ ထေျမာက္၍ အသက္ရွင္ေသာသူကဲ့သို႔၊ ဘုရားသခင္အား ကိုယ္ကိုကိုယ္ဆက္ၾကေလာ့။”

သင္ကိုယ္သင္ ထက္ ဘုရားသခင္၏ ႀကီးမားတဲ့ အႀကံအစည္အတြက္ အသုံးျပဳျခင္းအရာေလာက္ ႀကီးျမတ္တဲ့ ဝမ္းေျမာက္မႈ မရွိပါဘူး။ “ဒါဘဲေလ ၊ ဒါေၾကာင့္လဲ ငါအသက္ရွင္ေနတာေပါ့ ၊ ငါအခုရရွိေလ” လို႔သင္ နားလည္လိုက္တဲ့ အခိုက္အတန႔္ ရရွိတဲ့ ခံစားမႈမ်ိဳးက ဘာနဲ႔မွ ႏႈိင္းယွဥ္လို႔ မရပါဘူး။  


ဤခံစားမႈမ်ိဳး သင္တစ္ခါမွ မခံစားခဲ့ရဖူးပါလွ်င္ သင္ ေပ်ာက္ဆုံးေနလို႔ျဖစ္ပါတယ္။ အသက္တာခရီး၏ ရည္႐ြယ္ ခ်က္မွာ ပညာေရး ၊ အလုပ္အကိုင္ ၊ ေငြေၾကး ဖန္တီးမႈ ႏွင့္ မေသခင္ အၿငိမ္းစား ရရွိဖို႔ အတြက္ မဟုတ္ပါဘူး။ သင္၏ အသက္တာသည္ သင္၏ အသက္ေမြးဝမ္းေက်ာင္းထက္ မ်ားစြာ ထူးျခားပါတယ္။ နိစၥထာဝရ ရည္႐ြယ္ခ်က္ တို႔အတြက္ သင့္အား ဖန္ဆင္းထားျခင္း ျဖစ္ပါတယ္။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “သင္တို႔၏ကိုယ္အဂၤါမ်ားကို ဒုစ႐ိုက္လက္နက္ ျဖစ္ေစ၍၊ အျပစ္တရားအား မဆက္ၾကႏွင့္။ ေသျခင္းမွ ထေျမာက္၍ အသက္ရွင္ေသာသူကဲ့သို႔၊ ဘုရားသခင္အား ကိုယ္ကိုကိုယ္ဆက္ၾကေလာ့”။ ေရာမဩဝါဒစာ ၆း၁၃

“ဘုရားသခင္ သူတို႔ကို ဘယ္ေတာ့မွ အသုံးမျပဳႏိုင္မွာမဟုတ္ဘူး” ဆိုၿပီး လူေတာ္ေတာ္မ်ားမ်ား ရင္တြင္းလွ်ိဳ႕ဝွက္ စြာျဖင့္ ေၾကာက္႐ြံ႕ေနတဲ့အရာက ျပသနာျဖစ္ေနပါတယ္။ တစ္ခ်ိဳ႕လူေတြကေတာ့ သူတို႔ျပဳခဲ့တဲ့ အတိတ္က အျပစ္ေတြႏွင့္ မွားယြင္းမႈတို႔ေၾကာင့္ အခြင့္မရွိဘူး ဆိုၿပီး ခံစားၾကပါတယ္။ တခ်ိဳ႕က်ေတာ့ လည္း သူတို႔မွာ မွန္ကန္တဲ့ ပညာေရး ၊ စြမ္းရည္ (သို႔) ေနာက္ခံ မရွိဘူးဆိုၿပီး ခံစားျခင္းေၾကာင့္ အရည္အခ်င္းမျပည့္ မွီဘူးလို႔ ခံစားၾကပါတယ္။

အထက္ပါ ေဖာ္ျပတဲ့ အရည္အခ်င္း ျပည့္မွီျခင္း (သို႔) မျပည့္မွီျခင္း မ်ိဳးကို သင္သည္လည္း ခံစားေကာင္း ခံစားႏိုင္ပါမည္။ သို႔ေပမဲ့ တမန္ေတာ္ ရွင္ေပါလု၏ အသက္တာကိုသာ သင္ၾကည့္ဖို႔ လိုအပ္ပါတယ္။ သို႔မွသာ သင္စိတ္ကူးနဲ႔ေတာင္ မခန႔္မွန္းႏိုင္တဲ့ နည္းလမ္းေတြနဲ႔ ဘုရားသခင္ သင့္အား အသုံးျပဳခ်င္ေၾကာင္း သင္သိရွိမွာ ျဖစ္ပါတယ္။

သမိုင္းတြင္ ရွင္ေပါလုေလာက္ ဘယ္သူမွ ဘုရားသခင္၏ အသုံးျပဳမႈကို မခံရပါဘူး။ ရွင္ေပါလုသည္ ေရာမအင္ ပါယာတစ္ခုလုံးတြင္ ခရစ္ယာန္ သာသနာကို လက္တစ္ကမ္းနီးပါး ျပန႔္ႏွံ႔ေစခဲ့ပါတယ္။ ေနရာတိုင္း အသင္းေတာ္ မ်ားစြာ မ်ိဳးေစ့ႀကဲခဲ့ပါတယ္။ ဓမၼသစ္က်မ္း တစ္ဝက္နီးပါးကိုလည္း သူေရးသားခဲ့ပါတယ္။ ဘုရားသခင္ကို ေက်နပ္ ေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္ျဖင့္ သူအသက္ရွင္ ေနထိုင္ခဲ့ပါတယ္။

ေဟာေျပာသူ ၊ ဓမၼဆရာ ႏွင့္ အသင္ေတာ္ တည္ေထာင္သူ တစ္ဦး မျဖစ္လာခင္မွာ ရွင္ေပါလု ဘာကို လုပ္ေဆာင္ ခဲ့သလဲ ဆိုတာ သင္သိပါသလား။ သူဟာ ခရစ္ယာန္ ဆန႔္က်င္ေရး  တိုက္ခိုက္ လႈပ္ရွားသူ ျဖစ္ပါတယ္။ ခရစ္ယာန္ ေတြကို ညႇဥ္းပန္းႏွိပ္စက္ဖို႔ကို တစ္႐ြာၿပီး တစ္႐ြာ သြားခဲ့ပါတယ္ ၊ ေထာင္ပို႔ခဲ့တယ္။ ေပါလုသည္ ဘုရားသခင္ အသုံးျပဳသည္ဟု သင္ထင္ျမင္ယူဆသူႏွင့္ လုံးဝ ဆန႔္က်င္ဘက္ ျဖစ္ပါတယ္။

ကလာတိ ၁း၁၃, ၁၅ တြင္ ရွင္ေပါလု ေရးသားခဲ့သည္မွာ “အဘယ္သို႔နည္းဟူမူကား အထက္က ယုဒဘာသာ၌ ေန၍ ငါက်င့္ေသာ အက်င့္တည္းဟူေသာ ဘုရားသခင္၏ အသင္းေတာ္ကို အတိုင္းထက္အလြန္ ညႇဥ္းဆဲဖ်က္ဆီး ေၾကာင္းကို ၎ ၊”

ကလာတိ ၁း၁၅  “သို႔ေသာ္လည္း ငါ့ကို အမိဝမ္းထဲကပင္ ေ႐ြးခ်ယ္ခြဲထား၍ ေက်းဇူးေတာ္အားျဖင့္ ေခၚေတာ္မူေသာ ဘုရားသခင္သည္…”

သင္၏ အတိတ္က သင္၏ အနာဂတ္ကို မတားဆီးပါဘူး။ သင္၏ အတိတ္က အတိတ္ျဖစ္တယ္။ ၎သည္ ဘုရားသခင္၏ အသုံးျပဳခံရျခင္းကေန အရည္အခ်င္းမမွီျခင္း မဟုတ္ပါ။ သင္ရရွိခဲ့ဖူးေသာ (သို႔) မရရွိခဲ့ဖူးေသာ အခြင့္အေရးမ်ိဳးမ်ားႏွင့္ အလားတူပင္ ျဖစ္ပါတယ္။ ၎တို႔က သင့္အား အရည္အခ်င္းမျပည့္မွီေအာင္ မျပဳႏိုင္ပါဘူး။ ဘုရားသခင္က သင့္ကို ေ႐ြးခ်ယ္တယ္ ၊ ေခၚေတာ္မူတယ္ ၊ ၿပီးေတာ့ သင္က ဘုရားအတြက္ “အံ့ဩဖြယ္ေသာ ေက်းဇူးေတာ္” ျဖစ္တဲ့အတြက္ေၾကာင့္ ယေန႔တြင္ သင့္အား အသုံးျပဳခ်င္ပါသည္။

ဆင္ျခင္ရန္

- သင့္အတိတ္က မည္သည့္အျပစ္မ်ား (သို႔) အမွားမ်ားသည္ ဘုရားသခင္အသုံးျပဳရန္ အရည္အခ်င္းမရွိဟု သင္ခံစားရေစသနည္း။ သင္ကိုယ္တိုင္ (သို႔) သင့္၏အသက္တာ ျဖစ္ပ်က္မႈက သင့္အား အရည္အခ်င္းမရွိဟု ခံစားရေစမည့္ အသြင္အျပင္မ်ိဳးျဖစ္ပါသနည္း။ 

- သင့္ဘ၀တြင္ မည္သူက အမွားမ်ားစြာလုပ္ခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ ႀကီးစြာေသာနည္းလမ္းမ်ားျဖင့္ ဘုရားသခင္က အသုံးျပဳခဲ့သူ ေပါလုႏွင့္တူသနည္း။ အဲဒီလူရဲ႕ ဇာတ္လမ္းက သင့္အား မည္ကဲ့သို႔ အားေပးသနည္း။

• သင္ကိုယ္တိုင္ထက္ ပိုႀကီးတဲ့ရည္႐ြယ္ခ်က္အတြက္ ဘုရားသခင္က သင့္ကိုအသုံးျပဳေနတယ္ဆိုတာ သင္သိ တဲ့အခ်ိန္ကို ေဖာ္ျပပါ။ ထိုအခ်ိန္တြင္ သင္၏အသက္တာ မည္သို႔ေသာ ထူးျခားမႈ ရွိသနည္း။ ယေန႔တြင္ အလားတူနည္းလမ္းမ်ားျဖင့္ ဘုရားသခင္အသုံးျပဳရန္ သင့္ကိုယ္သင္ မည္သို႔ရရွိႏိုင္မည္နည္း။