Unicode Version
အသက်တာ ကျရှုံးတဲ့အခါ သင်၏အဖွဲ့အစည်းကို သင်လိုအပ်ပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၁၈း၂၀ “အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။”
သခင်ယေရှုသည် သူ၏ အမှုဆောင်လုပ်ငန်းကို
စတင်တဲ့အခါမှာ ပထမဦးစွာ လုပ်ဆောင်သောအရာမှာ အဖွဲ့ငယ် တစ်ခု ဖြစ်တည်ဖို့ရန် ဖြစ်ပါတယ်။
ခက်ခဲသော အချိန်ကာလတို့ ရောက်ရှိလာမည်ကိုလည်း သိရှိပြီး ၎င်းကာလတွင် သူနှင့် သူ့ဝန်းကျင်က
လူတို့ တစ်ဦးတည်းအထီးမကျန်စေဖို့ရန် ၊ ခွဲထွက်မနေစေဖို့ရန် အတွက် အရေးကြီးပါတယ်။
သခင်ယေရှု ဖမ်းဆီးခံရချိန်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့
တပည့်တော် ပေတရုသည် ကြီးမားတဲ့ ကျရှုံးမှုကို တွေ့ကြုံခဲ့ရပါတယ်။ သခင်ယေရှုကို သိကျွမ်းပါလျက်နဲ့
သုံးကြိမ်တိုင် ငြင်းပယ်ခဲ့ပါတယ်။ ထိုကျရှုံးမှုတွင် ပေတရု သည် ဝမ်းနည်းကြေကွဲခြင်းကို
ချက်ချင်းပင် စတင်ခံစားရပြီး ၊ သခင်ယေရှု အသေခံပြီးချိန်တွင် ပိုမိုသော ကြေကွဲခြင်းအရာတွေ
စုပြုံလာပါတော့တယ်။ ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း၁၀ “မာရိလည်းသွား၍
ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊
သူတို့အားထိုသိတင်းကို ကြားပြောလေ၏။”
ဝမ်းနည်းကြေကွဲခြင်းနှင့် ကျရှုံးခြင်းတို့
ရင်ဆိုင်ခဲ့ရပြီးနောက်တွင် ပေတရု ဘယ်ကို သွားခဲ့ပါသနည်း။ သူတို့၏
အသင်းအဖွဲ့ငယ်ဆီကို သွားခဲ့ပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “မာရိလည်းသွား၍
ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊
သူတို့အားထိုသိတင်းကို ကြားပြောလေ၏။” ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း၁၀
သူ၌ဝမ်းနည်းကြေကွဲခြင်း မရှိဘူး ၊
မကျရှုံးပါဘူးဆိုပြီး ဟန်ဆောင်နေဖို့ရန် ပေတရုအတွက် တစ်ဦးတည်းသီးသန့် ခွဲထွက်နေဖို့က
လွယ်ကူနိုင်ပါတယ်။ သို့ပေမဲ့ သူ၏ အကြံအစည်ဖြင့် အသက်တာကို ဖြတ်သန်းသွားရဖို့ရန်
မဟုတ်ဘူး ဆိုတာကို သူသိခဲ့ပါတယ်။ ကျွန်ုပ်တို့အားလုံး အတူတကွရှိရင် ကောင်းတယ်ဆိုတယ်အရာကို
သူသိရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကျန်ရှိတဲ့ တပည့်တော်တွေနဲ့အတူ ဝမ်းနည်းကြေကွဲခဲ့ပါတယ်။
ကြီးမားတဲ့ ကျရှုံးမှုကြီးတစ်ခုကို
သင်ဖြတ်သန်းသွားရတဲ့အခါ ပေတရု၏ သာဓကအတိုင်း လိုက်လျောက်ပြီး သင့်ကိုယ်သင် သီးသန့်ခွဲထွက်နေဖို့
ဆော်ဩနေမှုကို ဆန့်ကျင်ခုခံလိုက်ပါ။ သင်ကျရှုံးတဲ့အခါ ၎င်းကျရှုံးမှုကို သင်လျှို့ဝှက်ထားချင်ပါမည်။
သို့ပေမဲ့ ထိုအရာက အဆိုးဆုံးသော လုပ်ဆောင်မှု ဖြစ်ပါတယ်။ လူတိုင်းကို သင်မပြောချင်ပေမဲ့
သင့်ကို ချစ်ပြီး သင့်အတွက် ဆုတောင်းခြင်းနှင့် အထောက်အမပြုပေးမည့် လူတစ်ချို့ကိုတော့
သင်ပြောပြဖို့လိုအပ်ပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၁၈း၂၀ တွင်
ဘုရားသခင် ကတိတော်ပေးထားသည်မှာ “အကြောင်းမူကား၊ အကြင်အရပ်၌
လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ
ငါရှိသည်ဟု မိန့်တော်မူ၏။”
Saddleback
အသင်းတော် အဖွဲ့ငယ်လေးတွင် နှစ်ပေါင်းများစွာ ကျွန်ုပ်ပါဝင်ခဲ့ပါတယ်။
ကျွန်ုပ်တို့၏ စကားလုံးများ ၊ စိတ်ခံစားမှုများ ၊ ဆုတောင်းခြင်းအားဖြင့် ထိုအဖွဲ့ငယ်လေးတွင်
ကြိမ်ဖန်များစွာ သခင်ယေရှု ဖော်ပြခြင်းခံ ရပါတယ်။ အကြိမ်များစွာ တခြားသော အဖွဲ့ငယ်လေးမှတစ်ဆင့်လည်း
ဘုရားသခင် ကျွန်ုပ်အား စကားပြောခဲ့ ပါတယ်။
သင်၌ အဖွဲ့ငယ် (သို့) တခြားသော ယုံကြည်သူချင်း
ပံ့ပိုးကူညီသည့် ကွန်ယက်ရှိပါသလား။ မရှိပါလျှင် မလွှဲမ ရှောင်သာ ဆိုက်ရောက်လာနိုင်သည့်
အကျပ်အတည်းမတိုင်မှီ ထိုအထောက်အပံ့ကို တည်ဆောက်ရန် အကောင်း ဆုံး အချိန် ယခုပင် ဖြစ်ပါတယ်။
လောကအသက်တာသည် လေပြင်းတိုက်ခြင်း နှင့်
နာကျင်ခြင်း တို့သည် အမြဲတမ်း ရှိနေပါလိမ့်မည်။ ၎င်းတို့ကို သင်တွေ့ကြုံရနိုင်ပါသည်။
ပေတရုအတွက်လည်းကောင်း ၊ သင့်အတွက်သော်လည်းကောင်း မှန်သောအရာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာဖြင့်
ပေတရုတွင် (၃) နှစ်တိုင် ရှိပြီဖြစ်တဲ့ အဖွဲ့ငယ်လေး ရှိနေခဲ့ပါတယ်။ ကြီးမားတဲ့
ကျရှုံးမှုကြီး တွေ့ကြုံရသည့်အခါတွင် ထိုအဖွဲ့ဝင်တို့ထံ “ငါရှုပ်ထွေးဗြောင်းဆန် နေခဲ့တာလား”
လို့ပြောနိုင်ပါတယ်။ သူတို့ကလည်း “ဟုတ်တယ်... ငါတို့ရောဘဲ ထိုအတိုင်းဘဲ” လို့ပြန်ပြောနိုင်ပါတယ်။
အဖွဲ့ငယ်လေး၏ အထောက်အမကို ပေတရု လက်ခံခဲ့ပါတယ်။
တစ်ဦးနှင့် တစ်ဦးဖေးမလျက် ကျရှုံးခြင်းကို အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။
၎င်းသည် သင်၌ အခက်အခဲကြုံစဉ်အခါ
လိုအပ်သော အရာ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
- သင့်အဖွဲ့ငယ်သည် ပုံမှန်အားဖြင့်
ဘဝ၏ရုန်းကန်မှုများကို မျှဝေရာနေရာမဟုတ်ပါက၊ အဖွဲ့အတွင်း ပွင့်လင်းမြင် သာမှုနှင့်
ယုံကြည်မှုကို အားပေးရန် သင် ဘာလုပ်နိုင်သနည်း။
• ကျွန်ုပ်တို့၏ဝမ်းနည်းပူဆွေးမှုကို
အခြားသူများအားဝေမျှခြင်းထက် ကျွန်ုပ်တို့သည် အထီးကျန်ဆန်သည်ဟု အဘယ်ကြောင့်
မကြာခဏသင်ထင်သနည်း။
• ကျရှုံးမှုကို သင်နှင့်အတူ လျှောက်လှမ်းခြင်းအပြင် မည်သည့်အဖွဲ့ငယ်လေးမှ အခြားပံ့ပိုးကူညီမှုမျိုး ပေးနိုင် သနည်း။
-----------------------------------------------------
Zawgyi Version
အသက္တာ က်ရႈံးတဲ့အခါ သင္၏အဖြဲ႕အစည္းကို သင္လိုအပ္ပါတယ္။
ရွင္မႆဲခရစ္ဝင္က်မ္း ၁၈း၂၀ “အေၾကာင္းမူကား၊ အၾကင္အရပ္၌ လူႏွစ္ဦးသုံးဦးတို႔သည္ ငါ၏နာမကိုေထာက္၍ စည္းေဝးၾက၏၊ ထိုအရပ္၌ သူတို႔အလယ္မွာ ငါရွိသည္ဟု မိန္႔ေတာ္မူ၏။”
သခင္ေယရႈသည္ သူ၏ အမႈေဆာင္လုပ္ငန္းကို စတင္တဲ့အခါမွာ ပထမဦးစြာ လုပ္ေဆာင္ေသာအရာမွာ အဖြဲ႕ငယ္ တစ္ခု ျဖစ္တည္ဖို႔ရန္ ျဖစ္ပါတယ္။ ခက္ခဲေသာ အခ်ိန္ကာလတို႔ ေရာက္ရွိလာမည္ကိုလည္း သိရွိၿပီး ၎ကာလတြင္ သူႏွင့္ သူ႔ဝန္းက်င္က လူတို႔ တစ္ဦးတည္းအထီးမက်န္ေစဖို႔ရန္ ၊ ခြဲထြက္မေနေစဖို႔ရန္ အတြက္ အေရးႀကီးပါတယ္။
သခင္ေယရႈ ဖမ္းဆီးခံရခ်ိန္တြင္ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ တပည့္ေတာ္ ေပတ႐ုသည္ ႀကီးမားတဲ့ က်ရႈံးမႈကို ေတြ႕ႀကဳံခဲ့ရပါတယ္။ သခင္ေယရႈကို သိကြၽမ္းပါလ်က္နဲ႔ သုံးႀကိမ္တိုင္ ျငင္းပယ္ခဲ့ပါတယ္။ ထိုက်ရႈံးမႈတြင္ ေပတ႐ု သည္ ဝမ္းနည္းေၾကကြဲျခင္းကို ခ်က္ခ်င္းပင္ စတင္ခံစားရၿပီး ၊ သခင္ေယရႈ အေသခံၿပီးခ်ိန္တြင္ ပိုမိုေသာ ေၾကကြဲျခင္းအရာေတြ စုၿပဳံလာပါေတာ့တယ္။ ရွင္မာကုခရစ္ဝင္က်မ္း ၁၆း၁၀ “မာရိလည္းသြား၍ ကိုယ္ေတာ္ႏွင့္ ေပါင္းေဘာ္ေသာသူတို႔သည္ ညည္းတြားငိုေႂကြးလ်က္ ေနၾကစဥ္ တြင္၊ သူတို႔အားထိုသိတင္းကို ၾကားေျပာေလ၏။”
ဝမ္းနည္းေၾကကြဲျခင္းႏွင့္ က်ရႈံးျခင္းတို႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္တြင္ ေပတ႐ု ဘယ္ကို သြားခဲ့ပါသနည္း။ သူတို႔၏ အသင္းအဖြဲ႕ငယ္ဆီကို သြားခဲ့ပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “မာရိလည္းသြား၍ ကိုယ္ေတာ္ႏွင့္ ေပါင္းေဘာ္ေသာသူတို႔သည္ ညည္းတြားငိုေႂကြးလ်က္ ေနၾကစဥ္ တြင္၊ သူတို႔အားထိုသိတင္းကို ၾကားေျပာေလ၏။” ရွင္မာကုခရစ္ဝင္က်မ္း ၁၆း၁၀
သူ၌ဝမ္းနည္းေၾကကြဲျခင္း မရွိဘူး ၊ မက်ရႈံးပါဘူးဆိုၿပီး ဟန္ေဆာင္ေနဖို႔ရန္ ေပတ႐ုအတြက္ တစ္ဦးတည္းသီးသန႔္ ခြဲထြက္ေနဖို႔က လြယ္ကူႏိုင္ပါတယ္။ သို႔ေပမဲ့ သူ၏ အႀကံအစည္ျဖင့္ အသက္တာကို ျဖတ္သန္းသြားရဖို႔ရန္ မဟုတ္ဘူး ဆိုတာကို သူသိခဲ့ပါတယ္။ ကြၽႏ္ုပ္တို႔အားလုံး အတူတကြရွိရင္ ေကာင္းတယ္ဆိုတယ္အရာကို သူသိရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း က်န္ရွိတဲ့ တပည့္ေတာ္ေတြနဲ႔အတူ ဝမ္းနည္းေၾကကြဲခဲ့ပါတယ္။
ႀကီးမားတဲ့ က်ရႈံးမႈႀကီးတစ္ခုကို သင္ျဖတ္သန္းသြားရတဲ့အခါ ေပတ႐ု၏ သာဓကအတိုင္း လိုက္ေလ်ာက္ၿပီး သင့္ကိုယ္သင္ သီးသန႔္ခြဲထြက္ေနဖို႔ ေဆာ္ဩေနမႈကို ဆန႔္က်င္ခုခံလိုက္ပါ။ သင္က်ရႈံးတဲ့အခါ ၎က်ရႈံးမႈကို သင္လွ်ိဳ႕ဝွက္ထားခ်င္ပါမည္။ သို႔ေပမဲ့ ထိုအရာက အဆိုးဆုံးေသာ လုပ္ေဆာင္မႈ ျဖစ္ပါတယ္။ လူတိုင္းကို သင္မေျပာခ်င္ေပမဲ့ သင့္ကို ခ်စ္ၿပီး သင့္အတြက္ ဆုေတာင္းျခင္းႏွင့္ အေထာက္အမျပဳေပးမည့္ လူတစ္ခ်ိဳ႕ကိုေတာ့ သင္ေျပာျပဖို႔လိုအပ္ပါတယ္။
ရွင္မႆဲခရစ္ဝင္က်မ္း ၁၈း၂၀ တြင္ ဘုရားသခင္ ကတိေတာ္ေပးထားသည္မွာ “အေၾကာင္းမူကား၊ အၾကင္အရပ္၌ လူႏွစ္ဦးသုံးဦးတို႔သည္ ငါ၏နာမကိုေထာက္၍ စည္းေဝးၾက၏၊ ထိုအရပ္၌ သူတို႔အလယ္မွာ ငါရွိသည္ဟု မိန္႔ေတာ္မူ၏။”
Saddleback အသင္းေတာ္ အဖြဲ႕ငယ္ေလးတြင္ ႏွစ္ေပါင္းမ်ားစြာ ကြၽႏ္ုပ္ပါဝင္ခဲ့ပါတယ္။ ကြၽႏ္ုပ္တို႔၏ စကားလုံးမ်ား ၊ စိတ္ခံစားမႈမ်ား ၊ ဆုေတာင္းျခင္းအားျဖင့္ ထိုအဖြဲ႕ငယ္ေလးတြင္ ႀကိမ္ဖန္မ်ားစြာ သခင္ေယရႈ ေဖာ္ျပျခင္းခံ ရပါတယ္။ အႀကိမ္မ်ားစြာ တျခားေသာ အဖြဲ႕ငယ္ေလးမွတစ္ဆင့္လည္း ဘုရားသခင္ ကြၽႏ္ုပ္အား စကားေျပာခဲ့ ပါတယ္။
သင္၌ အဖြဲ႕ငယ္ (သို႔) တျခားေသာ ယုံၾကည္သူခ်င္း ပံ့ပိုးကူညီသည့္ ကြန္ယက္ရွိပါသလား။ မရွိပါလွ်င္ မလႊဲမ ေရွာင္သာ ဆိုက္ေရာက္လာႏိုင္သည့္ အက်ပ္အတည္းမတိုင္မွီ ထိုအေထာက္အပံ့ကို တည္ေဆာက္ရန္ အေကာင္း ဆုံး အခ်ိန္ ယခုပင္ ျဖစ္ပါတယ္။
ေလာကအသက္တာသည္ ေလျပင္းတိုက္ျခင္း ႏွင့္ နာက်င္ျခင္း တို႔သည္ အၿမဲတမ္း ရွိေနပါလိမ့္မည္။ ၎တို႔ကို သင္ေတြ႕ႀကဳံရႏိုင္ပါသည္။ ေပတ႐ုအတြက္လည္းေကာင္း ၊ သင့္အတြက္ေသာ္လည္းေကာင္း မွန္ေသာအရာ ျဖစ္ပါတယ္။ ကံေကာင္းေထာက္မစြာျဖင့္ ေပတ႐ုတြင္ (၃) ႏွစ္တိုင္ ရွိၿပီျဖစ္တဲ့ အဖြဲ႕ငယ္ေလး ရွိေနခဲ့ပါတယ္။ ႀကီးမားတဲ့ က်ရႈံးမႈႀကီး ေတြ႕ႀကဳံရသည့္အခါတြင္ ထိုအဖြဲ႕ဝင္တို႔ထံ “ငါရႈပ္ေထြးေျဗာင္းဆန္ ေနခဲ့တာလား” လို႔ေျပာႏိုင္ပါတယ္။ သူတို႔ကလည္း “ဟုတ္တယ္... ငါတို႔ေရာဘဲ ထိုအတိုင္းဘဲ” လို႔ျပန္ေျပာႏိုင္ပါတယ္။
အဖြဲ႕ငယ္ေလး၏ အေထာက္အမကို ေပတ႐ု လက္ခံခဲ့ပါတယ္။ တစ္ဦးႏွင့္ တစ္ဦးေဖးမလ်က္ က်ရႈံးျခင္းကို အတူတကြ ျဖတ္သန္းခဲ့ၾကပါတယ္။
၎သည္ သင္၌ အခက္အခဲႀကဳံစဥ္အခါ လိုအပ္ေသာ အရာ ျဖစ္ပါတယ္။
ဆင္ျခင္ရန္
- သင့္အဖြဲ႕ငယ္သည္ ပုံမွန္အားျဖင့္ ဘဝ၏႐ုန္းကန္မႈမ်ားကို မွ်ေဝရာေနရာမဟုတ္ပါက၊ အဖြဲ႕အတြင္း ပြင့္လင္းျမင္ သာမႈႏွင့္ ယုံၾကည္မႈကို အားေပးရန္ သင္ ဘာလုပ္ႏိုင္သနည္း။
• ကြၽႏ္ုပ္တို႔၏ဝမ္းနည္းပူေဆြးမႈကို အျခားသူမ်ားအားေဝမွ်ျခင္းထက္ ကြၽႏ္ုပ္တို႔သည္ အထီးက်န္ဆန္သည္ဟု အဘယ္ေၾကာင့္ မၾကာခဏသင္ထင္သနည္း။
• က်ရႈံးမႈကို သင္ႏွင့္အတူ ေလွ်ာက္လွမ္းျခင္းအျပင္ မည္သည့္အဖြဲ႕ငယ္ေလးမွ အျခားပံ့ပိုးကူညီမႈမ်ိဳး ေပးႏိုင္ သနည္း။