Why Share the Hope of Jesus?

 Unicode Version

သခင်ယေရှုခရစ်တော်၏ မြော်လင့်ခြင်းကို ဘာကြောင့် ဝေမျှရသနည်း။

ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁၉ “ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါ ဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိ လေသော်၊ ….”

ဤကမ္ဘာလောကတွင် ဘုရားသခင်သည် သင့်အား သူ၏ သက်သေဖြစ်ဖို့ရန် ခေါ်တော်မူသည်။ သခင်ယေရှု၌ သင်ရရှိထားသော မြော်လင့်ချက်နှင့် ပတ်သက်ပြီး သူတစ်ပါးတို့အား သင်ပြောကြားဖို့ရန် အလိုတော်ရှိပါသည်။

သို့ပေမဲ့ လူတော်တော်များများကို “အာတိတ်မြစ်က ခရစ်ယာန်တွေ” လို့ ကျွန်တော် ခေါ်ပါတယ်။ သူတို့၏ နှုတ်တို့သည် အေးခဲနေပါတယ်။ ယေရှုနှင့် ပတ်သက်ပြီး ပြောကြားဖို့ တွန့်ဆုတ်နေကြပါတယ်။ သို့ပေမဲ့ သခင်ယေရှုက “သင်တို့ ငါးမမျှားဘူးဆိုလျှင် ငါ့နောက်သို့ လိုက်ခြင်း မဟုတ်ပါ” လို့ဆိုပါတယ်။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁၉ “ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါ ဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိ လေသော်၊ ….”

 သင်၏ မြော်လင့်ခြင်းတို့ကို ဝေမျှဖို့ရန် ဘုရားသခင် ဘာကြောင့် အလိုတော်ရှိပါသနည်း။ အနည်းငယ်သော အကြောင်းရင်းကို ကြည့်ပါ။

 

လူတိုင်း သခင်ယေရှုကို လိုအပ်ပါတယ်။

သခင်ယေရှုနှင့် ပတ်သက်တဲ့ သတင်းကောင်းသည် ဤလောကရှိ အရာအားလုံးတို့ထက် ပိုပြီး သာလွန် ကောင်းမြတ်ပါတယ်။ ကင်ဆာ ၊ အေအိုင်ဒီအက်(စ်) (သို့) တခြားသော အနာရောဂါ ကုသပေးခြင်းတို့ထက် ပိုကောင်းပါတယ်။ သူတစ်ပါးတို့အား သခင်ယေရှုထံ ညွှန်ပြပေးခြင်းအရာက သူတို့အား ထာဝရအသက်ကို ပေးကမ်းခြင်း ဖြစ်ပါတယ်။ သူတို့အား အပြစ်လွှတ်ခြင်း ၊ အသက်တာအတွက် ရည်ရွယ်ချက်ရရှိစေခြင်း နှင့် ကောင်းကင်ဘုံတွင် အိမ်တစ်လုံး ပိုင်ဆိုင်ရခြင်းတို့ကို မည်ကဲ့သို့ ရရှိခံစားရမည်ကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ၎င်းတို့ကို လူတိုင်း လိုအပ်ပါတယ်။

 

ထိုအရာတို့ကို သခင်ယေရှု မိန့်မှာထားပါတယ်။

သခင်ယေရှု၏ ရှင်းလင်းသော ဖော်ပြချက်တစ်ခုမှာ “သွား၍ လူမျိုးတကာတို့အား တပည့်ဖြစ်စေ” ရှင်မသဲခရစ်ဝင်ကျမ်း ၂၈း၁၉

သို့ပေမဲ့ သင်က တခြားသော သူတို့နည်းတူ ကဲ့သို့ပင် ရှိနေမယ်ဆိုလျှင် တခါတရံတွင် ဘုရားသခင် ထင်မြင်သည်ထက် သူတစ်ပါးထင်မြင်ချက်ကို သင်ပိုပြီး စိတ်ဝင်စားတတ်ပါတယ်။ သူတစ်ပါးတို့၏ ကယ်တင်ခြင်းထက် သင့်၏ အောင်မြင်ကြော်ကြားခြင်းအရာကို ပိုပြီး စိုးရိမ်နေတတ်ပါတယ်။ သို့ပေမဲ့ သင်၏ မြော်လင့်ခြင်းတို့ကို သူတစ်ပါးတို့အား ဝေမျှဖို့ရန် သခင်ယေရှု အလိုတော်ရှိပါတယ်။

 

ဘုရားသခင်နှင့် လူတွေကို သင်ချစ်ပါတယ်။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။” ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၅း၁၄

 

“Saddleback Church တွင် သင့်အား မည်သည့်အရာက တစ်နှစ်ပြီး တစ်နှစ် လှုံ့ဆော်သလဲ” လို့လူတွေ မကြာခဏ ကျွန်ုပ်ကို မေးကြပါတယ်။ “ယေရှုခရစ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး လူတွေကို ချစ်တဲ့အတွက်ကြောင့် ဖြစ်တယ်” လို့ ကျွန်ုပ်ပြန်ပြောပါတယ်။ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား သူ၌ရှိသော မြော်လင့်ခြင်းနှင့် ပတ်သက်ပြီး တခြားသူတို့အား ပြောကြားဖို့ရန် တွန်းအားပေးပါတယ်။

 

ကောင်းကင်ဘုံတွင် ချီးမြှင့်ခြင်း ခံရမည်။

သုတ္တံကျမ်း ၁၁း၃၀ “ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။” အသီးကို သီးပြီး ပညာရှိဖြစ်ချင်ပါသလား။ လူတို့အား သခင်ယေရှုထံ ခေါ်ဆောင်လာပါ။ အမွေအနှစ်တစ်ခု ချန်ထားလိုပါသလား။ သင်သိသော သူများသည် သင်နှင့်အတူ ကောင်းကင်ဘုံ၌ တစ်နေ့ ရှိလိမ့်မည်ကို သေချာစေပါ။

ယခုအချိန်တွင် သခင်ယေရှုကို မသိသေးသော လူတစ်ဦးအကြောင်းကို တွေးကြည့်လိုက်ပါ။ ပြီးတော့ ဆုတောင်းပါ။ “ အဖဘုရားသခင်…ဤသူကို သခင့်၏ မိသားစုဝင်ထဲသို့ ကျွန်ုပ်ခေါ်သွင်းပါရစေ။ ကျွန်ုပ်အားဖြင့် သူတို့ကို ကောင်းကင်ဘုံ ရောက်စေချင်ပါတယ်။ ကျွန်ုပ်အား တွန့်ဆုတ်မနေဖို့ရန် မစတော်မူပါ။

ယခုတွင် သူတို့အား သခင်ယေရှုအကြောင်း ပြောလိုက်ပါ။

 

ဆင်ခြင်ရန်

- သင့်အသက်တာတွင် ရေငုံနှုတ်ပိတ် ခရစ်ယာန်အဖြစ် ဘယ်တုန်းက ဖြစ်ခဲ့ပါသနည်း။ ယနေ့တွင်လည်း ထိုခရစ်ယာန်ကဲ့သို့ပင် သင်ရှိနေပါသလား။

- သခင်ယေရှုနှင့် ပတ်သက်သော သတင်းကောင်းကို လူတို့အား ပြောကြားဖို့ရန် မည်သည့်အရာက တားဆီးပါသနည်း။

- သခင်ယေရှုနှင့် တခြားသူတို့အပေါ် သင်၏ ချစ်ခြင်းမေတ္တာသည် အဘယ်နည်းများအားဖြင့် ယေရှု၌ ရှိသော မြော်လင့်ချက်ကို ဝေမျှရန် သင့်အား လှုံ့ဆော်ပါသနည်း။

-------------------------------------------------------------------------


Zawgyi Version

သခင္ေယရႈခရစ္ေတာ္၏ ေျမာ္လင့္ျခင္းကို ဘာေၾကာင့္ ေဝမွ်ရသနည္း။

ရွင္မႆဲခရစ္ဝင္က်မ္း ၄း၁၉ “ထိုသူတို႔အား ငါ့ေနာက္သို႔လိုက္ၾကေလာ့။ သင္တို႔သည္ လူကို မွ်ားေသာတံငါ ျဖစ္ေစျခင္းငွါ ငါျပဳ မည္ဟု အမိန္႔ေတာ္ရွိ ေလေသာ္၊ ….”

ဤကမာၻေလာကတြင္ ဘုရားသခင္သည္ သင့္အား သူ၏ သက္ေသျဖစ္ဖို႔ရန္ ေခၚေတာ္မူသည္။ သခင္ေယရႈ၌ သင္ရရွိထားေသာ ေျမာ္လင့္ခ်က္ႏွင့္ ပတ္သက္ၿပီး သူတစ္ပါးတို႔အား သင္ေျပာၾကားဖို႔ရန္ အလိုေတာ္ရွိပါသည္။

သို႔ေပမဲ့ လူေတာ္ေတာ္မ်ားမ်ားကို “အာတိတ္ျမစ္က ခရစ္ယာန္ေတြ” လို႔ ကြၽန္ေတာ္ ေခၚပါတယ္။ သူတို႔၏ ႏႈတ္တို႔သည္ ေအးခဲေနပါတယ္။ ေယရႈႏွင့္ ပတ္သက္ၿပီး ေျပာၾကားဖို႔ တြန႔္ဆုတ္ေနၾကပါတယ္။ သို႔ေပမဲ့ သခင္ေယရႈက “သင္တို႔ ငါးမမွ်ားဘူးဆိုလွ်င္ ငါ့ေနာက္သို႔ လိုက္ျခင္း မဟုတ္ပါ” လို႔ဆိုပါတယ္။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ရွင္မႆဲခရစ္ဝင္က်မ္း ၄း၁၉ “ထိုသူတို႔အား ငါ့ေနာက္သို႔လိုက္ၾကေလာ့။ သင္တို႔သည္ လူကို မွ်ားေသာတံငါ ျဖစ္ေစျခင္းငွါ ငါျပဳ မည္ဟု အမိန္႔ေတာ္ရွိ ေလေသာ္၊ ….”

 သင္၏ ေျမာ္လင့္ျခင္းတို႔ကို ေဝမွ်ဖို႔ရန္ ဘုရားသခင္ ဘာေၾကာင့္ အလိုေတာ္ရွိပါသနည္း။ အနည္းငယ္ေသာ အေၾကာင္းရင္းကို ၾကည့္ပါ။


လူတိုင္း သခင္ေယရႈကို လိုအပ္ပါတယ္။

သခင္ေယရႈႏွင့္ ပတ္သက္တဲ့ သတင္းေကာင္းသည္ ဤေလာကရွိ အရာအားလုံးတို႔ထက္ ပိုၿပီး သာလြန္ ေကာင္းျမတ္ပါတယ္။ ကင္ဆာ ၊ ေအအိုင္ဒီအက္(စ္) (သို႔) တျခားေသာ အနာေရာဂါ ကုသေပးျခင္းတို႔ထက္ ပိုေကာင္းပါတယ္။ သူတစ္ပါးတို႔အား သခင္ေယရႈထံ ၫႊန္ျပေပးျခင္းအရာက သူတို႔အား ထာဝရအသက္ကို ေပးကမ္းျခင္း ျဖစ္ပါတယ္။ သူတို႔အား အျပစ္လႊတ္ျခင္း ၊ အသက္တာအတြက္ ရည္႐ြယ္ခ်က္ရရွိေစျခင္း ႏွင့္ ေကာင္းကင္ဘုံတြင္ အိမ္တစ္လုံး ပိုင္ဆိုင္ရျခင္းတို႔ကို မည္ကဲ့သို႔ ရရွိခံစားရမည္ကို ေဖာ္ျပျခင္း ျဖစ္ပါတယ္။ ၎တို႔ကို လူတိုင္း လိုအပ္ပါတယ္။


ထိုအရာတို႔ကို သခင္ေယရႈ မိန႔္မွာထားပါတယ္။ 

သခင္ေယရႈ၏ ရွင္းလင္းေသာ ေဖာ္ျပခ်က္တစ္ခုမွာ “သြား၍ လူမ်ိဳးတကာတို႔အား တပည့္ျဖစ္ေစ” ရွင္မသဲခရစ္ဝင္က်မ္း ၂၈း၁၉

သို႔ေပမဲ့ သင္က တျခားေသာ သူတို႔နည္းတူ ကဲ့သို႔ပင္ ရွိေနမယ္ဆိုလွ်င္ တခါတရံတြင္ ဘုရားသခင္ ထင္ျမင္သည္ထက္ သူတစ္ပါးထင္ျမင္ခ်က္ကို သင္ပိုၿပီး စိတ္ဝင္စားတတ္ပါတယ္။ သူတစ္ပါးတို႔၏ ကယ္တင္ျခင္းထက္ သင့္၏ ေအာင္ျမင္ေၾကာ္ၾကားျခင္းအရာကို ပိုၿပီး စိုးရိမ္ေနတတ္ပါတယ္။ သို႔ေပမဲ့ သင္၏ ေျမာ္လင့္ျခင္းတို႔ကို သူတစ္ပါးတို႔အား ေဝမွ်ဖို႔ရန္ သခင္ေယရႈ အလိုေတာ္ရွိပါတယ္။


ဘုရားသခင္ႏွင့္ လူေတြကို သင္ခ်စ္ပါတယ္။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “လူအေပါင္းတို႔အတြက္ေၾကာင့္ အေသခံေတာ္မူသည္ဟူ၍၎၊ ငါတို႔သည္သေဘာထားလ်က္၊ ခရစ္ေတာ္၏ခ်စ္ျခင္း ေမတၱာေတာ္သည္ ငါတို႔ကို အႏိုင္ အထက္ေသြးေဆာင္၏။” ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၅း၁၄


“Saddleback Church တြင္ သင့္အား မည္သည့္အရာက တစ္ႏွစ္ၿပီး တစ္ႏွစ္ လႈံ႕ေဆာ္သလဲ” လို႔လူေတြ မၾကာခဏ ကြၽႏ္ုပ္ကို ေမးၾကပါတယ္။ “ေယရႈခရစ္ေတာ္ကို စိတ္ႏွလုံး အႂကြင္းမဲ့ခ်စ္ၿပီး လူေတြကို ခ်စ္တဲ့အတြက္ေၾကာင့္ ျဖစ္တယ္” လို႔ ကြၽႏ္ုပ္ျပန္ေျပာပါတယ္။ သခင္ေယရႈ၏ ခ်စ္ျခင္းေမတၱာသည္ ကြၽႏ္ုပ္အား သူ၌ရွိေသာ ေျမာ္လင့္ျခင္းႏွင့္ ပတ္သက္ၿပီး တျခားသူတို႔အား ေျပာၾကားဖို႔ရန္ တြန္းအားေပးပါတယ္။ 


ေကာင္းကင္ဘုံတြင္ ခ်ီးျမႇင့္ျခင္း ခံရမည္။

သုတၱံက်မ္း ၁၁း၃၀ “ေျဖာင့္မတ္ေသာသူ သီးေသာ အသီးသည္ အသက္ပင္အသီးျဖစ္၏။ သူတပါးတို႔၏ စိတ္ဝိညာဥ္ကို ရေသာသူသည္လည္း ပညာရွိျဖစ္၏။” အသီးကို သီးၿပီး ပညာရွိျဖစ္ခ်င္ပါသလား။ လူတို႔အား သခင္ေယရႈထံ ေခၚေဆာင္လာပါ။ အေမြအႏွစ္တစ္ခု ခ်န္ထားလိုပါသလား။ သင္သိေသာ သူမ်ားသည္ သင္ႏွင့္အတူ ေကာင္းကင္ဘုံ၌ တစ္ေန႔ ရွိလိမ့္မည္ကို ေသခ်ာေစပါ။

ယခုအခ်ိန္တြင္ သခင္ေယရႈကို မသိေသးေသာ လူတစ္ဦးအေၾကာင္းကို ေတြးၾကည့္လိုက္ပါ။ ၿပီးေတာ့ ဆုေတာင္းပါ။ “ အဖဘုရားသခင္…ဤသူကို သခင့္၏ မိသားစုဝင္ထဲသို႔ ကြၽႏ္ုပ္ေခၚသြင္းပါရေစ။ ကြၽႏ္ုပ္အားျဖင့္ သူတို႔ကို ေကာင္းကင္ဘုံ ေရာက္ေစခ်င္ပါတယ္။ ကြၽႏ္ုပ္အား တြန႔္ဆုတ္မေနဖို႔ရန္ မစေတာ္မူပါ။ 

ယခုတြင္ သူတို႔အား သခင္ေယရႈအေၾကာင္း ေျပာလိုက္ပါ။


ဆင္ျခင္ရန္

- သင့္အသက္တာတြင္ ေရငုံႏႈတ္ပိတ္ ခရစ္ယာန္အျဖစ္ ဘယ္တုန္းက ျဖစ္ခဲ့ပါသနည္း။ ယေန႔တြင္လည္း ထိုခရစ္ယာန္ကဲ့သို႔ပင္ သင္ရွိေနပါသလား။

- သခင္ေယရႈႏွင့္ ပတ္သက္ေသာ သတင္းေကာင္းကို လူတို႔အား ေျပာၾကားဖို႔ရန္ မည္သည့္အရာက တားဆီးပါသနည္း။

- သခင္ေယရႈႏွင့္ တျခားသူတို႔အေပၚ သင္၏ ခ်စ္ျခင္းေမတၱာသည္ အဘယ္နည္းမ်ားအားျဖင့္ ေယရႈ၌ ရွိေသာ ေျမာ္လင့္ခ်က္ကို ေဝမွ်ရန္ သင့္အား လႈံ႕ေဆာ္ပါသနည္း။