Unicode Version
သင်၏ အသက်တာ ရည်မှန်းချက် နှင့်ပတ်သက်ပြီး မည်သည့်နေရာတွင်
လေ့လာပါသနည်း။
တမန်တော်ဝတ္တု ၂၀း၂၄ “ဘုရားသခင်၏
ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ
ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ
ပြီးစီးစေမည်အကြောင်း၊ …. ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏
နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို
မမြင်ရကြဟုငါသိ၏။”
သုံးစွဲသူတစ်ဦးအဖြစ်လည်းကောင်း
၊ သင်၏ အချိန်ကို ဖြုန်းတီးခြင်းအဖြစ်၌လည်းကောင်း ၊ အဓိပ္ပါယ်မဲ့ အသက်ရှင် ခြင်းတို့အတွက်
သင့်အား ဤကမ္ဘာမြေပေါ်တွင် ထားရှိ ပေးထားခြင်းမဟုတ်ပါ။ ဘုရားသခင်၌ သင် လုပ်ဆောင် ဖို့ရန်
ထူးခြားသော တစ်စုံတစ်ခု ရှိနေပါတယ်။ သင့်အား သုံးစွဲသူ အဖြစ် ရှိမနေစေချင်ပါဘူး။ ကူညီ
ထောက်ပံ့ ပေးမှုကို လုပ်ဆောင်ဖို့ရန် သင့်အား ဘုရားသခင် အလိုတော်ရှိပါတယ်။ သင့်အား
ထူးခြားစွာပြုဖို့ရန် အလိုတော် ရှိပါတယ်။
သင့်အသက်တာ
လုပ်ဆောင်ရန် တာဝန်ကား မည်သို့နည်း။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို
သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော
ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ …. ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏
နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို
မမြင်ရကြဟုငါသိ၏။” တမန်တော်ဝတ္တု ၂၀း၂၄
သင့်အတွက်
ဘုရားသခင်၏ လုပ်ဆောင်ရန်တာဝန်မှာ “ဘုရားသခင်၏ ကောင်းမြတ်ခြင်းအကြောင်းနှင့် ပတ်သက်သော
သတင်းကောင်းကို သူတစ်ပါးတို့အား ပြောကြားရန် ဖြစ်ပါတယ်။” ၎င်းကို လုပ်ဆောင်ဖို့ရန်
အကောင်းဆုံး လေ့လာသင်ယူနိုင်သော နေရာမှာ မိသားစု အသင်းတော်ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခု
၊ ကျောင်း (သို့) သင်၏ ဝန်းကျင်တစ်ဝိုက်တွင် သင်၏ အသက်တာ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ရန် လေ့လာသင်ယူနိုင်မည် မဟုတ်ပါ။ သို့ပေမဲ့
ဤကမ္ဘာမြေပေါ်တွင် သင့်အား ဘုရားသခင် ပို့ဆောင်ခြင်းက မည်သို့သော အရာကို လုပ်ဆောင်ဖို့
အကူအညီပေးရန် အသင်းတော် မိသားစု နှင့် သင်၏ သင်းအုပ်ဆရာတို့၏ တာဝန်ဖြစ်ပါတယ်။
သင်
ကောင်းကင်ဘုံ ရောက်ရှိတဲ့အခါ သင်၏ အသင်းတော် ဂိုဏ်းခွဲအကြောင်းကို ဘုရားသခင် မေးမည်
မဟုတ်ပါ။ “ငါပေးခဲ့သောအရာတွေဖြင့် သင်ဘာကို လုပ်ဆောင်ခဲ့သနည်း။
ထိုအရာတို့ဖြင့် တခြားသူတို့ကို ဝန်ဆောင်မှုပြုဖို့ရန် သင်အသုံးပြုခဲ့သလား” လို့ မေးနိုင်ဖို့
ရှိပါတယ်”။ “သင်တို့သည်
လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတရားကို ဟောကြလော့။” ရှင်မာကု ခရစ်ဝင်ကျမ်း ၂၆း၁၅
ဘုရားသခင်၌
အသင်းတော်၌ ဓမ္မအမှုနှင့် သင့်အား ဤလောကတွင် ရည်မှန်းချက် ဖြည့်ဆည်းဖို့ရန် အမှုရှိပါတယ်။
သူ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွင် သင့်အား ပူးပေါင်းပါဝင်စေဖို့ရန်အတွက် သင့်အား
ပြင်ဆင်ရန် အသင်းတော်ကို အသုံးပြုပါတယ်။ သင်က အသင်းတော် မိသားစုနှင့် သက်ဆိုင်တဲ့အခါမှာ
အသင်းတော်က သင့်အသက်တာအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် ကူညီပေးပါလိမ့်မည်။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့်ပတ်သက်သော သတင်းကောင်းကို သူတစ်ပါးတို့အား မည်သို့သော
နည်းလမ်းဖြင့် သင်ပြောကြားပါသနည်း။
-
သင်၏ အသင်းတော်တွင် မည်သည့် ဓမ္မအမှု၌ သင်ပါဝင်နေပါသနည်း။ သင့်အား မည်သည့်အရာက ထိုဓမ္မအမှုတွင်ပါဝင်ဖို့ရန်
ဆွဲခေါ်ပါသနည်း။
-
သင်၏ အသက်တာ ဘုရားသခင်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ရန် အသင်းတော်က မည်ကဲ့သို့ အကူအညီပေးပါသနည်း။
-----------------------------------------------------------------------------
Zawgyi Version
သင္၏ အသက္တာ ရည္မွန္းခ်က္ ႏွင့္ပတ္သက္ၿပီး မည္သည့္ေနရာတြင္ ေလ့လာပါသနည္း။
တမန္ေတာ္ဝတၱဳ ၂၀း၂၄ “ဘုရားသခင္၏ ေက်းဇူးေတာ္ႏွင့္ယွဥ္ေသာ ဧဝံေဂလိတရားကို သက္ေသခံေစျခင္းငွါ၊ သခင္ေယရႈ၏လက္မွ ငါခံခဲ့ၿပီးေသာဓမၼဆရာ အမႈတည္း ဟူေသာ ငါေဆာင္႐ြက္ရေသာအမႈကို ဝမ္းေျမာက္စြာ ၿပီးစီးေစမည္အေၾကာင္း၊ …. ယခုမူကား၊ ငါလွည့္လည္၍ ဘုရားသခင္၏ ႏိုင္ငံေတာ္အေၾကာင္းကို ေဟာေျပာရာ၊ သင္တို႔ရွိသမွ် သည္ ေနာက္တဖန္ငါ့ မ်က္ႏွာကို မျမင္ရၾကဟုငါသိ၏။”
သင့္အသက္တာအတြက္ ထူးျခားတဲ့ ရည္႐ြယ္ခ်က္တစ္ခု ဘုရားသခင္ဆီမွာ ရွိပါတယ္။ ၎ကို သင့္အသက္တာ၏ ထမ္း႐ြက္ရန္အမႈလို႔ေခၚတြင္ၿပီး ထိုအရာကို ျဖည့္ဆည္းျခင္းက သင့္အသက္တာ၏ ဦးစားေပးပန္းတိုင္လည္း ျဖစ္သင့္ ပါတယ္။
သုံးစြဲသူတစ္ဦးအျဖစ္လည္းေကာင္း ၊ သင္၏ အခ်ိန္ကို ျဖဳန္းတီးျခင္းအျဖစ္၌လည္းေကာင္း ၊ အဓိပၸါယ္မဲ့ အသက္ရွင္ ျခင္းတို႔အတြက္ သင့္အား ဤကမာၻေျမေပၚတြင္ ထားရွိ ေပးထားျခင္းမဟုတ္ပါ။ ဘုရားသခင္၌ သင္ လုပ္ေဆာင္ ဖို႔ရန္ ထူးျခားေသာ တစ္စုံတစ္ခု ရွိေနပါတယ္။ သင့္အား သုံးစြဲသူ အျဖစ္ ရွိမေနေစခ်င္ပါဘူး။ ကူညီ ေထာက္ပံ့ ေပးမႈကို လုပ္ေဆာင္ဖို႔ရန္ သင့္အား ဘုရားသခင္ အလိုေတာ္ရွိပါတယ္။ သင့္အား ထူးျခားစြာျပဳဖို႔ရန္ အလိုေတာ္ ရွိပါတယ္။
သင့္အသက္တာ လုပ္ေဆာင္ရန္ တာဝန္ကား မည္သို႔နည္း။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ဘုရားသခင္၏ ေက်းဇူးေတာ္ႏွင့္ယွဥ္ေသာ ဧဝံေဂလိတရားကို သက္ေသခံေစျခင္းငွါ၊ သခင္ေယရႈ၏လက္မွ ငါခံခဲ့ၿပီးေသာဓမၼဆရာ အမႈတည္း ဟူေသာ ငါေဆာင္႐ြက္ရေသာအမႈကို ဝမ္းေျမာက္ စြာ ၿပီးစီးေစမည္အေၾကာင္း၊ …. ယခုမူကား၊ ငါလွည့္လည္၍ ဘုရားသခင္၏ ႏိုင္ငံေတာ္အေၾကာင္းကို ေဟာေျပာရာ၊ သင္တို႔ရွိသမွ် သည္ ေနာက္တဖန္ငါ့ မ်က္ႏွာကို မျမင္ရၾကဟုငါသိ၏။” တမန္ေတာ္ဝတၱဳ ၂၀း၂၄
သင့္အတြက္ ဘုရားသခင္၏ လုပ္ေဆာင္ရန္တာဝန္မွာ “ဘုရားသခင္၏ ေကာင္းျမတ္ျခင္းအေၾကာင္းႏွင့္ ပတ္သက္ေသာ သတင္းေကာင္းကို သူတစ္ပါးတို႔အား ေျပာၾကားရန္ ျဖစ္ပါတယ္။” ၎ကို လုပ္ေဆာင္ဖို႔ရန္ အေကာင္းဆုံး ေလ့လာသင္ယူႏိုင္ေသာ ေနရာမွာ မိသားစု အသင္းေတာ္ျဖစ္ပါတယ္။
လုပ္ငန္းတစ္ခု ၊ ေက်ာင္း (သို႔) သင္၏ ဝန္းက်င္တစ္ဝိုက္တြင္ သင္၏ အသက္တာ ရည္မွန္းခ်က္ကို ျဖည့္ဆည္းဖို႔ရန္ ေလ့လာသင္ယူႏိုင္မည္ မဟုတ္ပါ။ သို႔ေပမဲ့ ဤကမာၻေျမေပၚတြင္ သင့္အား ဘုရားသခင္ ပို႔ေဆာင္ျခင္းက မည္သို႔ေသာ အရာကို လုပ္ေဆာင္ဖို႔ အကူအညီေပးရန္ အသင္းေတာ္ မိသားစု ႏွင့္ သင္၏ သင္းအုပ္ဆရာတို႔၏ တာဝန္ျဖစ္ပါတယ္။
သင္ ေကာင္းကင္ဘုံ ေရာက္ရွိတဲ့အခါ သင္၏ အသင္းေတာ္ ဂိုဏ္းခြဲအေၾကာင္းကို ဘုရားသခင္ ေမးမည္ မဟုတ္ပါ။ “ငါေပးခဲ့ေသာအရာေတြျဖင့္ သင္ဘာကို လုပ္ေဆာင္ခဲ့သနည္း။ ထိုအရာတို႔ျဖင့္ တျခားသူတို႔ကို ဝန္ေဆာင္မႈျပဳဖို႔ရန္ သင္အသုံးျပဳခဲ့သလား” လို႔ ေမးႏိုင္ဖို႔ ရွိပါတယ္”။ “သင္တို႔သည္ ေလာကီႏိုင္ငံအရပ္ရပ္ ရွိသမွ်သို႔သြား၍၊ ေဝေနယ်သတၱဝါအေပါင္းတို႔အား ဗဝံေဂလိတရားကို ေဟာၾကေလာ့။” ရွင္မာကု ခရစ္ဝင္က်မ္း ၂၆း၁၅
ဘုရားသခင္၌ အသင္းေတာ္၌ ဓမၼအမႈႏွင့္ သင့္အား ဤေလာကတြင္ ရည္မွန္းခ်က္ ျဖည့္ဆည္းဖို႔ရန္ အမႈရွိပါတယ္။ သူ၏ ကမာၻလုံးဆိုင္ရာ ရည္မွန္းခ်က္တြင္ သင့္အား ပူးေပါင္းပါဝင္ေစဖို႔ရန္အတြက္ သင့္အား ျပင္ဆင္ရန္ အသင္းေတာ္ကို အသုံးျပဳပါတယ္။ သင္က အသင္းေတာ္ မိသားစုႏွင့္ သက္ဆိုင္တဲ့အခါမွာ အသင္းေတာ္က သင့္အသက္တာအတြက္ ဘုရားသခင္၏ ရည္႐ြယ္ခ်က္ကို ျဖည့္ဆည္းရန္ ကူညီေပးပါလိမ့္မည္။
ဆင္ျခင္ရန္
- ဘုရားသခင္၏ ေကာင္းျမတ္ျခင္းႏွင့္ပတ္သက္ေသာ သတင္းေကာင္းကို သူတစ္ပါးတို႔အား မည္သို႔ေသာ နည္းလမ္းျဖင့္ သင္ေျပာၾကားပါသနည္း။
- သင္၏ အသင္းေတာ္တြင္ မည္သည့္ ဓမၼအမႈ၌ သင္ပါဝင္ေနပါသနည္း။ သင့္အား မည္သည့္အရာက ထိုဓမၼအမႈတြင္ပါဝင္ဖို႔ရန္ ဆြဲေခၚပါသနည္း။
- သင္၏ အသက္တာ ဘုရားသခင္၏ ရည္မွန္းခ်က္ကို ျဖည့္ဆည္းဖို႔ရန္ အသင္းေတာ္က မည္ကဲ့သို႔ အကူအညီေပးပါသနည္း။