The First and Last Words of Jesus
 Unicode Version
သခင်ယေရှု၏ ပထမဦးဆုံးနှင့် နောက်ဆုံး စကား
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၁၈-၁၉ “ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
သမ္မာကျမ်းစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်မှာ - သခင်ယေရှုအားဖြင့် ရရှိသော ကယ်တင်ခြင်း ဆိုင်ရာ သတင်းကောင်းကို လူတို့အား ပြောကြားဖို့ရန် သင့်အား ဘုရားသခင် အလိုတော်ရှိပါတယ်။ တကယ်တမ်းတွင် မှတ်တမ်းတင်ထားသော သခင်ယေရှု၏ ပထမဆုံးနှင့် နောက်ဆုံး စကားတစ်ချို့တို့သည် ကိုယ်တော်အားဖြင့် သင်၌ ရရှိထားသော မျှော်လင့်ခြင်းကို ဝေမျှဖို့ အကြောင်းဖြစ်ပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁၉ တွင် သခင်ယေရှုသည် သူ၏ ဓမ္မအမှုအစတင် တံငါသည်များနှင့် လက်သမား လုပ်သူ အုပ်စုငယ် - သာမန်လူများ - ကိုစုရုံးပြီး “ငါ့နောက်သို့ လိုက်လော့၊ လူတို့ကို ဘယ်လိုမျှားရမည်ကို ငါဖော်ပြပါမည်” လို့ဆိုပါတယ်။ ၎င်းစကားလုံးတိုသည် သူ၏ နောက်လိုက်တို့အား သခင်ယေရှု ပထမဆုံး ပြောခဲ့သော စကားတစ်ချိုု့ ဖြစ်ပါတယ်။
ထိုကျမ်းပိုဒ်တွင် သခင်ယေရှု၏ ယုတ္တိကို သင်မြင်ပါသလား။ လူတွေအတွက် သင်က မမျှားဘူးဆိုလျှင် သခင်ယေရှုနောက်လိုက် အစစ်အမှန် မဟုတ်ပါ။ ဘုရားသခင်၏ မိသားစုဝင် အဖြစ် အမှန်တကယ် ရှိနေကြောင်း ၊စစ်မှန်ခြင်း၏ သက်သေပြခြင်းအရာကား တခြားသောသူတွေကို မိသားစုဝင် အဖြစ်သို့ ခေါ်ဆောင်လာခြင်း ဖြစ်ပါတယ်။
ရှင်မဿဲ ခရစ်ဝင်ကျမ်း နောက်ပိုင်းတွင် သင်၏ မျှော်လင့်ခြင်းကို ဝေမျှခြင်းအကြောင်း သခင်ယေရှု ထပ်မံ ပြောဆိုထားပါတယ်။ ထိုပြဋာန်းခြင်းကို မဟာ တာဝန်တစ်ရပ်လို့ ခေါ်ပါတယ်။ သခင်ယေရှု ဆိုထားသည်မှာ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။” ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၁၈-၁၉
၎င်းသည် သခင်ယေရှု ကောင်းကင်ဘုံသို့ ပြန်လည် မကြွမှီ နောက်ဆုံးပြောခဲ့သော စကားတစ်ချို့ ဖြစ်ပါတယ်။
ဘာကြောင့်များ သခင်ယေရှုသည် ကောင်းကင် နှင့် မြေကြီးတွင် အခွင့်အာဏာရှိပါသနည်း။ ဘာကြောင့်လဲဆိုတော့  စကြာဝဠာကို သခင်ဖန်ဆင်းခဲ့ပါတယ်။ ဒါကြောင့် ထိုအရာပေါ်တွင် အခွင့်အာဏာ အကုန်ပေးအပ်ထားခံရပါတယ်။ သင့်အား တပည့်တော်ြဖစ်စေဖို့ရန် သခင်ယေရှု အခွင့်အာဏာပေးထားပါတယ်။ ဆိုလိုသည်မှာ သင်သည်လည်း ဘုရားသခင်၏ ကိုယ်စားလှယ် ဖြစ်ပါတယ်။
သင့်အားဖြင့် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံ ရောက်ဖို့ရှိပါသလား။ သခင်ယေရှုကို ယုံကြည်ဖို့ရန် ဘယ်သူ့ကို သင်ပို့ဆောင်ခဲ့ဖူးပါသလား။ သခင်ယေရှု၏ ပထမဦီးဆုံးနှင့် နောက်ဆုံးစကားတော်ကို လိုက်လျှောက်ပါ။ လူတွေက တစ်နေ့မှာ သင့်အား ကောင်းကင်ဘုံတွင် “ကျေးဇူးတင်ပါတယ်။ သင့်အားဖြင့် ကျွန်ုပ် ကောင်းကင်ဘုံ ရောက်ရတာပါ”လို့ ပြောလာပါလိမ့်မည်။
ဆင်ခြင်ရန်
- သခင်ယေရှု အကြောင်းကို မည်သူ သင့်အား ပထမဆုံး ပြောခဲ့ပါနည်း။
- သခင်ယေရှု၏ ပထမဆုံးနှင့် နောက်ဆုံးစကားတော် မှတ်တမ်းတစ်ချို့ကား လူတွေကို သူ့ထံသို့ လမ်းညွှန်ခြင်း ဖြစ်ပါတယ်။ ဤအရာက မိသားစုဝင်တို့ကို ကြီးထွားစေချင်တဲ့ သခင်ယေရှု၏ ဆန္ဒအကြောင်းနှင့် ပတ်သက်ပြီး ဘာကို ဆိုလိုပါသနည်း။
- သခင်ယေရှု၌ရှိသော သင်၏ မျှော်လင့်ခြင်းအကြောင်းနှင့် ပတ်သက်ပြီး ဤသတင်းတစ်ပတ်တွင် မည်သူ့ကို သင်ပြောနိုင်ပါမည်နည်း။
---------------------------------------------------------------------------------------------
Zawgyi Version
- သခင်ယေရှု အကြောဆင်ခြင်ရန်င်းကို မည်သူ သင့်အား ပထမဆုံး ပြောခဲ့ပါနည်း။