The Benefits of Belonging to a Church Family, Part 1
 Unicode Version
အသင်းတော်မိသားစုဝင်တို့နှင့် သက်ဆိုင်ရခြင်း အကျိုးကျေးဇူးများ
ရောမဩဝါဒစာ ၁း၁၂ “ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာ ခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။
သင်သည် အသင်းတော် မိသားစုတို့နှင့် ကောင်းမွန်သော ဆက်နွယ်မှု ရှိလေလေ အသင်းတော်ကနေ ကမ်းလှမ်းမှု များ အားလုံးတို့ကို တွေ့ကြုံခံစားရလေလေ ဖြစ်ပါတယ်။ အသင်းတော်က ဘာတွေကို ကမ်းလှမ်းရမည်နည်း။ အသင်းတော်နှင့် သင် သက်ဆိုင်ခြင်းအတွက် သင်၌ အကျိုးကျေးဇူး (၅) မျိုးကို ရရှိပါတယ်။ ယနေ့တွင် (၂) မျိုး သော အကျိူးကျေးဇူးကို ကြည့်ပါမယ်။
သင်၏ စစ်မှန်ခြင်းကို သင်လေ့လာပါတယ်။
လူတို့သည် ၎င်းတို့၏ စစ်မှန်ခြင်းကို အပေါ်ယံအရာတွေဖြစ်တဲ့ အသက်မွေးဝမ်းကျောင်း ၊ ကြွယ်ဝချမ်းသာမှု (သို့) နှစ်သက်သော အားကစားအဖွဲ့တို့အပေါ်မှာ ရှာဖွေလေ့ရှိကြပါတယ်။ သူတို့ ဝတ်စားတဲ့ တံဆိပ်တို့တွင်လည်း သူတို့၏ စစ်မှန်ခြင်းကိုတောင် ကြိုးစားရှာဖွေကြပါတယ်။ သို့ပေမဲ့ သင်က သခင်ခရစ်တော်နှင့် သက်ဆိုင်တဲ့အခါမှာ သင့်အား အသစ်သော စစ်မှန်ခြင်းကို ပေးပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၅း၁၇
သင်သည်  သခင်ခရစ်တော်နှင့် သက်ဆိုင်ပါလျှင် သင့်အား သူ၏အသင်းတော်မိသားစုဝင်ထဲသို့ ဝင်ရောက်စေခြင်း ဖြင့် လက်ခံပေးပါသည်။ ၎င်းသည် သင်၏ရုပ်ပိုင်းဆိုင်ရာ မိသားစုတို့လို - လူများ သေဆုံးခြင်း ၊ ခွဲခွာသွားရခြင်း ၊ အဝေးသို့ ရောက်ခြင်း (သို့) ကွာရှင်းခြင်း မရှိပါ။ ဝိညာဉ်ရေးရာ မိသားစုသည် အစဉ်အမြဲတည်မြဲပြီး နိစ္စထာဝရထိတိုင် တည်နေမည်ဖြစ်သည်။ ဧဖက်ဩဝါဒစာ ၂း၁၉ “ထိုကြောင့်၊ သင်တို့သည် တကျွန်းတ နိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင် အိမ်တော်သား လည်း ဖြစ်ကြ၏။
တခြားသူများအားဖြင့် သင်သည် ဝန်းရံထောက်ပံ့ခံရသည်။
ခိုင်ခံ့သော အဆောက်အအုံတစ်ခုကဲ့သို့ပင် ကျွန်ုပ်တို့သည် တစ်ယောက်နှင့် တစ်ယောက် လက်တွဲကြပါတယ်။ အသင်းတော်၏ တည်မြဲသော ပံ့ပိုးမှု မရှိပါလျှင် အသက်တာရှိ တစ်ချို့သော အရာတွေ၌ သင့်ကိုယ်သင် ပြိုလဲနေကြောင်းကို တွေ့မြင်ကောင်း တွေ့မြင်ပါမည်။ သင်တစ်ဦးတည်းဖြင့် ထိုအရာအားလုံးတို့ကို လုပ်ဆောင်ဖို့ မဟုတ်ပါဘူး။ ဝိညာဉ်ရေးရာ ၊ ခန္ဓာရေးရာ ၊ စိတ်လှုပ်ရှားမှု နှင့် စိတ်အခြေအနေကို အထောက်အမပေးမှုတွေ သင်လိုအပ်ပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ ထိုဗိမာန် တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်ုပ်သည် မြေးများနှင့်အတူ အရုပ်ဆက်တမ်း ကစားကြပါတယ်။ ကျွန်ုပ်ဘာကို တွေ့ရှိတယ်လို့ သင်ထင်မြင်ပါသနည်း။ ထိုအရုပ်တွေက တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားမှု မရှိသရွေ့တော့ ဘာမှ အကျိုးမဖြစ်စေပါ။ အဆက် ဖြုတ်ထားလျှင်တော့ ပလတ်စတစ် အပုံတွေသာ ဖြစ်ပါတယ်။ သို့ပေမဲ့ ၎င်းတို့ကို ဆက်သွယ်တဲအခါမှာတော့ သင်တွေးထင်နိုင်တဲ့ ဘယ်အရာကိုမဆို ပုံဖော်ပြီး တည်ဆောက်နိုင်ပါတယ်။
ရောမဩဝါဒစာ ၁း၁၂ တွင် “ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာ ခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။” ထို့ကြောင့် ကျွန်ုပ်တို့အားလုံးတို့သည် အသင်းတော်နှင့် သက်ဆိုင်ကြပါတယ်။ ဒါကြောင့်လည်း ဘုရားသခင်၏ လူတို့ “သင်၏ ယုံကြည်ခြင်းက ကျွန်ုပ်အတွက် ၊ ကျွန်ုပ်၏ ယုံကြည်ခြင်းက သင့်အတွက် အကူအညီဖြစ်လိမ့်မည်” ဟု အတူတကွ ပြောနိုင်ကြပါတယ်။
ဆင်ခြင်ရန်
- သခင်ယေရှုမှလွှဲ၍ တခြားမည်သည့်နေရာတွင် သင်မည်သူမည်ဝါဖြစ်ကြောင်းကို သတ်မှတ်ရန် တစ်စုံတစ်ခုကနေ သွေးဆောင်ခြင်းခံရပါသလား။
- ခရစ်တော်၌ သင်၏စစ်မှန်သော အထောက်အထားကို လက်ခံယုံကြည်ရန် သင်၏ ဝိညာဉ်ရေးရာ မိသားစုတို့က သင့်အား မည်သို့ အားပေးပါသနည်း။
- သင်နှင့် အသင်းတော် အဆက်ပြတ်သွားသော အချိန်နှင့် အထောက်အမ မရတော့သည့် အချိန်ကို ဖော်ပြပါ။ မည်သို့သော အခြေအနေက အသင်းတော် မိသားစုထံ ပြန်ရောက်ဖို့ရန် ယူဆောင်ပေးပါသနည်း။ အသင်းတော်နှင့် တစ်ကြိမ်မျှ အဆက်အသွယ်မပြတ်ဘူးဆိုပါလျှင် သင်၌ ခက်ခဲသောအချိန် ဖြတ်သန်းရချိန်တွင် အသင်းတော်က သင့်အား မည်ကဲ့သို့ အထောက်အမ ဖြစ်စေပါသနည်း။
---------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်