Make It About Jesus
 Unicode Version
သခင်ယေရှုအကြောင်းကြောင့် လုပ်ဆောင်ပါ။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄း၅ “ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်း ကို၎င်း ဟောပြောကြ၏။
ဘုရားသခင်၏ အသုံးပြုခြင်းကို ခံယူလိုပါလျှင် ဤအရာကို မှတ်သားထားသင့်ပါတယ်။ “၎င်းသည်သင့် အကြောင်းမဟုတ်..အရာအားလုံး ယေရှုအကြောင်းဖြစ်သည်”။
သင့်အကြောင်းမဟုတ်ခြင်း သည် သင်လေ့လာ သင်ယူသမျှအရာအားလုံးတို့၏ တိကျသော ဆန့်ကျင် ဘက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု ထုံးဓမ်းဓလေ့မှာက မိမိကိုယ်ကိုသာ ကိုးကွယ်ရာ ၊ အားကိုးရာ အဖြစ် ဗဟိုပြုခြင်းကို နှစ်သက်ကြပါတယ်။ နေရာတိုင်းတွင် “သင့်က နံပါတ် တစ်ဖြစ်တယ် ၊ သင့်အတွက် အကောင်းဆုံးလုပ်ဆောင်ပါ၊ သင့်အတွက် ဦးဆုံး စဉ်းစားပါ” ဆိုပြီး ဖော်ပြမှုတွေ ရှိပါတယ်။
သို့ပေမဲ့ သင်က ဤလောက၏ ဗဟို မဟုတ်ပါဘူး။ ဘုရားသခင်က ဗဟို ဖြစ်ပါတယ်။ ဒါကြောင့် ပြသနာတိုင်း ၊ အခွင့်အရေးတိုင်း နှင့် သင့်ကိုယ်သင် ပြန်ပြီး စီရင်ခြင်းအမှုကို သင်ပြုလိုက်တိုင်း သင့်ကိုယ်သင် မကျေမနပ်ဖြစ်လာစေပြီး မပြည့်စုံနိုင်တော့ပေ။ အသက်တာသည် ကိုယ့်အတွက်ကိုယ် အသက်ရှင်ခြင်းထက် ပိုမိုတဲ့အတွက်ကြောင့် နောက်ဆုံးတွင် သင်ပျင်းရိလာမှာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်း ကို၎င်း ဟောပြောကြ၏။” ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄း၅
ဤကျမ်းပိုဒ်တွင် ရှင်ပေါလုက ဆိုထားသည်မှာ သခင်ယေရှုအတွက် ဖြစ်ကြောင်းကို နှစ်ကြိမ်တွေ့ မြင်ရပါမည်။ ၎င်းသည် ယေရှုအတွက် ၊ ယေရှုအကြောင်းဖြစ်ပါတယ်။ တစ်နည်းဆိုရသော် ယေရှုနောက် သို့ လိုက်ရန် သင်ယူခြင်းသည် စေ့ဆော်မှု တစ်ခု ဖြစ်ပါတယ်။
သင့်အသက်တာဖြင့် များစွာသော မတူညီတဲ့ အရာပေါင်းများစွာကို သင်လုပ်ဆောင်ကောင်း လုပ်ဆောင် နိုင်ပါမည်။ ဘုရားသခင် ဆိုထားသည်မှာ “သင့်အား ငါဖန်ဆင်းပြီး ပုံသွင်းထားသောကြောင့် ထိုအရာတို့ သည် ငါ့အတွက် အဆင်ပြေလိမ့်မည်”။
ဒါပေမဲ့ သင်၏ နည်းစနစ်တို့ထက် တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ရန် သင့်အထဲ၌ရှိသော စိတ်ဓါတ် လှုံ့ဆော်မှုကို ဘုရားသခင် ပိုပြီး စိတ်ဝင်စားပါတယ်။  အသက်တာတွင် မှန်ကန်တဲ့ နည်းလမ်းတို့ကို သင်အသုံးပြုပြီး အလွန်အောင်မြင်နိုင်ပါတယ်။ သို့ပေမဲ့ သင်၌ လောဘ ၊ ပြိုင်ဆိုင်မှု ၊ မနာလိုမှု (သို့) အပြစ်ခံစားခြင်း စသော မှားယွင်းသော လှုံ့ဆော်မှု တို့ရှိပါလျှင် ဘုရားသခင်က ထည့်တွက်မှု မဟုတ်ပါ။
တခြားတဖက်တွင် အရာအားလုံးကို မှားယွင်းစွာ သင်ပြုပြီး နည်းလမ်းပေါင်းများစွာဖြင့် ကျရှုံးနိုင်ပါတယ်။ သို့ပေမဲ့ သင်၌ မှန်ကန်တဲ့ လှုံ့ဆော်မှု - သခင်ယေရှု ရှိတယ်ဆိုလျှင် ဘုရားသခင်က “လုံလောက်ပြီ” ဟုပြောပါသည်။ သင်၏ “ဘာကို ဖြစ်ခြင်းထက် ဘာကြောင့်ဖြစ်ရခြင်း” ကို ဘုရားသခင်ပိုပြီး စိတ်ဝင်စားပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ကောလောသဲဩဝါဒစာ ၃း၁၇ “စကားပြောသော်၎င်း၊ အမှုဆောင် ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော် ကြီးလှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော်ဘုရားသခင်ရှေ့၌ ဝန်ခံကြလော့။
သင့်အသက်တာကို စိတ်ရှုပ်ထွေးခြင်း (သို့) ပျင်းရိခြင်းအဖြစ် တွေ့မြင်ရပါသလား။ ယနေ့တွင် သခင်ယေရှုအား သင်၏ လှုံ့ဆော်မှုအဖြစ် ရွေးချယ်လိုက်ပါ။ သင်ကိုယ်သင်ထက် ကြီးမားသော တစ်စုံတစ်ခုအတွက် အသက်ရှင်နေထိုင်ရခြင်း၏ ဝမ်းမြောက်မှုကို သင်တွေ့ရှိပါလိမ့်မည်။
ဆင်ခြင်ရန်
- သင့်အသက်တာ၏ မည်သည့်ကဏ္ဍများတွင် ထုံးဓမ်းဓလေ့များက သင့်အား “သင်နှင့်ပတ်သက်သမျှကို ပြုလုပ်ရန်” သြဇာလွှမ်းမိုးနိုင်သနည်း။
လောဘ၊ ပြိုင်ဆိုင်မှု၊ ငြူစူခြင်း (သို့) အပြစ်ကြောင့် လှုံ့ဆော်ခံရသည့်အချိန်များ ရှိပါသလား။ ၎င်းသည် မည်ကဲ့သို့ ဖြစ်ပါသနည်း
မိသားစုဝင်တစ်ဦးအဖြစ် ၊ သူငယ်ချင်း၊ ကျောင်းသား၊ (သို့) ဝန်ထမ်းတစ်ဦးအနေဖြင့်- သင်၏ ဤသတင်းတစ်ပတ် လုပ်ဆောင်ခဲ့သမျှအရာ အားလုံးတို့သည် အကယ်၍ ယေရှုကြောင့် သာဖြစ်ပါက သင်လုပ်ဆောင်ခဲ့သမျှသည် မည်သို့ဖြစ်မည်နည်း။
----------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်