Keep Your Strengths in Perspective
 Unicode Version
သင်၏ ကြံ့ခိုင်ခြင်း ၊ အစွမ်းကို ပကတိအတိုင်း ရှိစေပါ။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁ဝး၁၂ “ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။
ကျရှုံးခြင်းဆိုတာ အသက်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်မည်သူဖြစ်ပါစေ ၊ သင်အကြောင်း မည်သို့ဖြစ်နေပါစေ တစ်ချိန်ချိန်တွင် ကျရှုံးခြင်းကို သင်တွေ့ကြုံရမည်ဖြစ်သည်။ ၎င်းသည် မစုံလင်တဲ့ လောကကြီးမှာ နေထိုင်တဲ့ မစုံလင်သောသူ တစ်ဦးအဖြစ် အသက်ရှင်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ကားတိုင်ဆီမသွားခင် သခင်ယေရှု အဖမ်းခံခဲ့ရသောညတွင် တပည့်တော် ပေတရုသည် သခင်ယေရှုအား သိသာထင်ရှားစွာဖြင့် ကျရှုံးခဲ့ပါတယ်။ သခင်ယေရှုကို သူငြင်းပယ်ခဲ့ပါတယ်။ တစ်ကြိမ်မကပါ …. သုံးကြိမ်တိုင် ဖြစ်ပါတယ်။
နောက်ဆုံး ညစာစားပွဲတွင် သခင်ယေရှုက တပည့်တော်တို့အား သူအဖမ်းခံရမယ် ၊ သေဆုံးမယ်၊ သုံးရက်အကြာတွင် ထမြောက်မယ်လို့ ပြောခဲ့ပါတယ်။ ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည် ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့် တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။” ရှင်မဿဲခရစ်ကျမ်း ၂၆း၃၁
ပေတရုသည် သူ့၏ ခွန်အား ကြံ့ခိုင်မှုပေါ်တွင် လွန်ကဲစွာ တွက်ဆကာ နောက်ဆုံးတွင် သူ၏ ရှုံးနိမ့်မှုကို ဖြစ်စေခဲ့တယ်။
သင်၏ ကြံ့ခိုင်မှုကို လွန်ကဲတွက်ဆခြင်းက ယနေ့တွင် ကျရှုံးမှု၏ ဘုံအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ သင့်ကိုယ်သင်ထက် ပိုသန်မာတယ်လို့ သင်မြင်တယ်။ စုံစမ်းခြင်းကို ကိုင်တွယ်နိုင်တယ်လို့ သင်ယုံကြည်နေပါတယ်။
လူတွေ ကိုယ့်ရဲ့ ကြံ့ခိုင်မှုကို လွန်ကဲ တွက်ဆတဲ့ အခါမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာပါတယ် - စီးပွားရေးကျရှုံးတယ် ၊ စစ်ပွဲတွေ ရှုံးပြီး အိမ်ထောင်ရေးကိုပါ လှည့်စားလာပါတယ်။
“ငါ့မှာ ဘယ်တော့မှ မဖြစ်လာနိုင်ဘူး” လို့ သင်တွေးကောင်းတွေးပါမည်။ သို့ပေမဲ့ ကောရိန္သုဩဝါဒစာ ပဌမစောင် ၁ဝး၁၂ တွင် ဆိုထားသည်မှာ ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။
1 Corinthians 10:12 says, “If you think you are standing strong, be careful not to fall” (NLT). 
ဘယ်သူမှ ကင်းလွှတ်ခွင့်မရှိပါဘူး။ မှန်ကန်တဲ့ အခြေအနေအရ သင်ရော ကျွန်ုပ်တို့သည် မည်သည့် အပြစ်ကိုမဆို လုပ်နိုင်စွမ်း ရှိကြပါတယ်။
သင်၏ ခွန်အား ၊ အစွမ်းတွေ ၊ အားသာချက်တို့ကို သင်အာရုံမစိုက်ပါလျှင် ထိုအရာတို့ အားနည်း လာပါ မည်။ တစ်နည်းအားဖြင့် သင်၌ ဂုဏ်ယူတတ်နေတဲ့ စိတ်ကြောင့် သတိမမူမိတဲ့ အစွမ်းတွေသည် နှစ်ဆ သော အားနည်းချက်တို့ ဖြစ်သွားနိုင်ပါသည်။
ပေတရု၏ အကြီးမားဆုံး ဆုံးရှုံးမှုက သခင်ယေရှုကို ငြင်းပယ်ခြင်းဖြစ်ပါတယ်။ နောက်ဆုံးညစာ စားပွဲ အပြီး နောက်မှာ ဖြစ်ပျက်ခဲ့ပါတယ်။ အလွန်ပင် အတွင်းကျပြီး အစွမ်းထက်တဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ သင်၌ ကြီးကြီးမားမား အောင်ပွဲရခဲ့တဲ့နေရာတွင် နောက်ထပ် သင်တိုက်မိတဲ့ နေရာ ဖြစ်လာ နိုင် ပါတယ်။
သင်၏ အားသာချက်ကို လွန်ကဲစွာ ခန့်မှန်းရန် သွေးဆောင်မှုကို တွန်းလှန်ပါ။ ၎င်းအစား သင်၏ အားသာ ချက်ကို သင်ကျရှုံးမှု၏ အရင်းအမြစ် မဖြစ်လာအောင် ပကတိအတိုင်း ထားရှိလိုက်ပါ။
ဆင်ခြင်ရန်
-        သင်၏ အားသာချက်တွေထဲက တစ်ခုကို လွန်ကဲတွက်ခြင်းက ဘယ်အချိန်မှာ ကျရှုံးသွား တာလဲ။
အားနည်းချက်မဖြစ်အောင် သင်ပိုမိုအာရုံစိုက်ရန် လိုအပ်ကြောင်း သင်သိသော ခွန်အားတစ်ခု ကား မည်သို့နည်း။
ဘုရားသခင်၏ နှုတ်ကပါတ်တော်က ပကတိအတိုင်းရှိသော သင့်၏ အစွမ်းကို မည်သို့ ကူညီပေးသနည်း။
--------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်
- သင်၏ အားသာချက်တွေထဲက တစ်ခုကို လွန်ကဲတွက်ဆခြင်းက ဘယ်အချိန်မှာ ကျရှုံးသွား တာလဲ။