Unicode Version
သင်၏ ရှုံးနှိမ့်မှုအတွက် ဝမ်းနည်းဖို့ရန် ကောင်းပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၆း၇၄-၇၅ “ပေတရုက၊ ထိုသူကို
ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။ ယေရှုက၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို
ငြင်းပယ်လိမ့်မည်ဟု မိန့်တော် မူသော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍
ပြင်းစွာငိုကြွေးလေ၏။”
ကျရှုံးခြင်းကို
သင်ရင်ဆိုင်ရတဲ့အခါ တခါတရံတွင် ဘယ်တော့မှ နာလန်ထူတော့မှာ မဟုတ်သလိုမျိုး ခံစားရ ပါတယ်။
သို့ပေမဲ့ သင်နာလန်ထူလာ ပါလိမ့်မည်။ ငွေရေးကြေးရေး ၊ အိမ်ထောင်ရေး ၊ အသက်မွေးဝမ်းကျောင်း
(သို့) တစုံတခုတို့တွင် သင်ကျရှုံးမှု ရင်ဆိုင်ခဲ့ရဖူးသည်ဖြစ်စေ သင်ပြန်လည် နာလန်ထူလာနိုင်ပါတယ်။
နာလည်ထူခြင်းက သင်၏ကျရှုံးမှုပေါ် ဝမ်းနည်းခြင်းနှင့်အတူ
စတင်ပါတယ်။ ၎င်းကို လျော့ကျသွားအောင် မလုပ်ပါနှင့် (သို့) မဖြစ်ပျက်ခဲ့သလိုမျိုး
ဟန်ဆောင်မှု မပြုပါနှင့်။ ခံစားရမှုတွေ အဆင်ပြေသွားစေဖို့
ကြိုးစား မလုပ်ဆောင်ပါနှင့်။ ၎င်းအစား နာကျင်မှုတို့ကို ခံစားဖို့ အချိန်ယူပါ။
ဤအရာက
အရေးကြီးသော အသက်တာ အခြေခံသဘောတရားကို မီးမောင်းထိုးပြပါတယ်။
နာကျင်မှု
၊ကျရှုံးမှုတို့ကို ကျော်လွှားဖို့ရန် ၎င်းတို့ကို ဖြတ်သန်းရပါမည်။ ၎င်းသည် အသက်တာ
အခန်းကဏ္ဍ တိုင်းအတွက် အမှန်တရား ဖြစ်ပါတယ်။ အထူးသဖြင့် ကျရှုံးမှုတို့တွင် မှန်ကန်ပါတယ်။
ဝမ်းနည်းကြေကွဲခြင်းအရာက
ကျရှုံးမှုကို ဖြတ်သန်းသွားရတဲ့ နည်းလမ်းဖြစ်ပါတယ်။ သင်ကျရှုံးတဲ့အခါမှာ ၎င်းကို သင်မေ့ပျောက်ချင်တယ်
၊ စိတ်ခံစားချက်တို့ကို ပယ်ချချင်တယ် ၊တခြားအရာတစ်ခုဆီ အလျင်အမြန် ရောက်ရှိ သွားချင်ပါတယ်။
သို့ပေမဲ့ ထိုအရာက မှားယွင်းနေပါတယ်။ ဝမ်းနည်းကြေကွဲခြင်းဆိုတာ ကျရှုံးခြင်းကနေ ရရှိလာတဲ့
သင်ခန်းစာတို့ကို သင်ယူခြင်း နည်းလမ်းဖြစ်ပါတယ်။
ခံစားချက်တို့ကို
ဖြတ်သန်းရင်ဆိုင်ရမည့်အစား မျိုချလိုက်တဲ့အခါ သင်၏အစာအိမ်က ရလဒ်တွေကို စုစည်းနေပါမည်။
ဘာနဲ့တူသလဲဆိုတော့ ဆိုဒါဗူးကို လှုပ်ရမ်းပြီး အအေးခန်းထဲ ထည့်ပစ်သလိုပေါ့။ ပေါက်ကွဲဖို့
ဧကန်အမှန် ဖြစ်လာပါတော့မည်။
သခင်ယေရှု၏
တပည့်တော် တစ်ဦးဖြစ်တဲ့ ပေတရုကိုယ်တိုင် ကြီးမားတဲ့ ကျရှုံးခြင်းကို ခံစားခဲ့ရပါတယ်။
ဘေးကျပ် နံကျပ် ကာလအတွင်း သခင်ယေရှုကို သူသိကျွမ်းသည့်တိုင် ငြင်းပယ်ခဲ့ပြီး ကြီးမားသော
ဝမ်းနည်းခြင်းတွေဆီ ကျရှုံးမှုက ခေါ်ဆောင်သွားခဲ့ပါတယ်။
သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ “ပေတရုက၊ ထိုသူကို
ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။ ယေရှုက၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို
ငြင်းပယ်လိမ့်မည်ဟု မိန့်တော် မူသော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍
ပြင်းစွာငိုကြွေးလေ၏” ရှင်မဿဲခရစ်ဝင်ကျမ်း ၂၆း၇၄-၇၅
ပေတရု
ဘယ်လောက်တောင် စိတ်ပျက်ခဲ့ရမလဲဆိုတာကို မြင်ယောင်ကြည့်ပါ။ သခင်ယေရှုနှင့် အတူ လျှောက်လှမ်း
ခဲ့တယ် ၊ သွန်သင်ခြင်းတွေ ၊ အံ့ဩဖွယ်အမှု လုပ်ဆောင်ခြင်းတွေ ၊ သေတဲ့သူကို အသက်ပြန်
ရှင်အောင် လုပ်ဆောင် ခဲ့ခြင်းတွေ ၊ မေတ္တာဂရုဏာပြခြင်း ၊ အပြစ်လွှတ်ခြင်းတို့ကို ကြိမ်ဖန်များစွာ
ပေတရု မြင်ခဲ့ ရပါတယ်။ သခင်ယေရှု ပေါ် ကတိသစ္စာပြုခြင်းနှင့် ပတ်သက်၍ ပထမအကြိမ်စမ်းသပ်ခြင်း
ခံရစဉ်တွင် သုံးကြိမ်တိုင် ပေတရု ငြင်းဆိုခဲ့ ပါတယ်။
သို့ပေမဲ့
သူ၏ ကျရှုံးမှုကို လစ်လျှူရှုမည့်အစား မှန်ကန်သော အရာကို ပေတရု လုပ်ဆောင်ခဲ့ပါတယ်။
နှိမ်ချခြင်း နှင့် ဝမ်းနည်းညှိုးငယ်ခြင်း ဖြစ်နေခဲ့ပါတယ်။ ရှုံးနှိမ့်မှုနှင့် ဝမ်းနည်းမှုကို
သူပိုင်ဆိုင်ထားပြီး ထိုအရာက ကုစားခြင်း အတွက် သော့ချက် ဖြစ်ပါတယ်။
လူအများစုတို့သည်
ကျရှုံးသွားပြီဆိုလျှင် ထိုကျရှုံးမှုတို့တွင် ဖြတ်လမ်းနည်းကို အသုံးပြုချင်ကြပါတယ်။
ဖြစ်ပျက်တဲ့ အရေးကိစ္စတို့ကို ရှောင်လွှဲချင်ပြီး သူတို့၏ အိမ်ထောင်ရေး ပြိုကွဲခြင်း
မဟုတ်သလို ဟန်ဆောင်ချင်ကြတယ်။ ဒါကြောင့် နောက်ထပ်သော ဆက်ဆံရေး တစ်ခုဆီသို့ တွဲချိတ်ကြပါတယ်။
(သို့) စီးပွားရေး ကျရှုံးရခြင်းက တစုံတစ်ဦး၏ အမှားကြောင့်ဆိုပြီး ဟန်ဆောင်ခဲ့ကာ နောက်နေ့တွင်
တခြားတစ်ခုကို စတင်ကြပါတယ်။ ရရှိသော သင်ခန်းစာကို ဘယ်တော့မှ မသင်ယူ ၊ မလေ့လာကြပါဘူး။
သို့ပေမဲ့
ဝမ်းနည်းကြေကွဲခြင်းနှင့် ကျရှုံးမှုမှ ပြန်လည် နာလန်ထူးဖို့ရန် ဖြတ်လမ်းမရှိပါ။ အသက်တာတွင်
ကြီးမား သော ကျရှုံးမှုရှိလေလေ ကုစားဖို့ အချိန်ပိုကြာလေ ဖြစ်ပါတယ်။ သင်၏ စိတ်နှလုံးထဲမှာ
ဘုရားသခင် လုပ်ဆောင်မှု ပြုစေပါ။ ကုစားခြင်းကို အတင်းလုပ်ယူလို့ မရပါဘူး။ နာလန်ထူခြင်းအရာက
ဘုရားသခင်၏ သနားခြင်း ဂရုဏာ တော်၏ လုပ်ရပ်တစ်ခုဖြစ်ပြီး အချိန်မှီ ရောက်ရှိလာပါမည်။
ဆင်ခြင်ရန်
-
ဘယ်လို ကောင်းစွာ ဝမ်းနည်းရမည်ကို သင်သိရှိခြင်းအကြောင်းကို
မည်သို့ ပြောဆိုမည်နည်း။ ဘာကြောင့်နည်း။
-
ကျရှုံးမှုပေါ် ဝမ်းနည်းဖို့ထက် လစ်လျူရှုဖို့ရန် သင်ကြိုးစားတဲ့အခါမှာ မည်သို့သော
ရလဒ် ဖြစ်စေပါသနည်း။
-
သင် ကျရှုံးတဲ့အခါမှာ ၎င်းကို မည်သူ့ထံ သင်ဝန်ခံသင့်ပါသနည်း။ ၎င်းအရာက ဘာကြောင့် အရေးကြီးပါသနည်း။
---------------------------------------------------------------------------
Zawgyi Version
သင္၏ ရႈံးႏွိမ့္မႈအတြက္ ဝမ္းနည္းဖို႔ရန္ ေကာင္းပါတယ္။
ရွင္မႆဲခရစ္ဝင္က်မ္း ၂၆း၇၄-၇၅ “ေပတ႐ုက၊ ထိုသူကို ငါမသိဟု ဓိ႒ာန္ျပဳ၍ က်ိန္ဆို၏။ ထိုခဏခ်င္းတြင္ ၾကက္တြန္ေလ၏။ ေယရႈက၊ ၾကက္မတြန္မွီ သင္သည္ သုံးႀကိမ္ေျမာက္ေအာင္ ငါ့ကို ျငင္းပယ္လိမ့္မည္ဟု မိန္႔ေတာ္ မူေသာ စကားကို ေပတ႐ုသည္ သတိရသျဖင့္ ျပင္သို႔ထြက္၍ ျပင္းစြာငိုေႂကြးေလ၏။”
က်ရႈံးျခင္းကို သင္ရင္ဆိုင္ရတဲ့အခါ တခါတရံတြင္ ဘယ္ေတာ့မွ နာလန္ထူေတာ့မွာ မဟုတ္သလိုမ်ိဳး ခံစားရ ပါတယ္။ သို႔ေပမဲ့ သင္နာလန္ထူလာ ပါလိမ့္မည္။ ေငြေရးေၾကးေရး ၊ အိမ္ေထာင္ေရး ၊ အသက္ေမြးဝမ္းေက်ာင္း (သို႔) တစုံတခုတို႔တြင္ သင္က်ရႈံးမႈ ရင္ဆိုင္ခဲ့ရဖူးသည္ျဖစ္ေစ သင္ျပန္လည္ နာလန္ထူလာႏိုင္ပါတယ္။
နာလည္ထူျခင္းက သင္၏က်ရႈံးမႈေပၚ ဝမ္းနည္းျခင္းႏွင့္အတူ စတင္ပါတယ္။ ၎ကို ေလ်ာ့က်သြားေအာင္ မလုပ္ပါႏွင့္ (သို႔) မျဖစ္ပ်က္ခဲ့သလိုမ်ိဳး ဟန္ေဆာင္မႈ မျပဳပါႏွင့္။ ခံစားရမႈေတြ အဆင္ေျပသြားေစဖို႔ ႀကိဳးစား မလုပ္ေဆာင္ပါႏွင့္။ ၎အစား နာက်င္မႈတို႔ကို ခံစားဖို႔ အခ်ိန္ယူပါ။
ဤအရာက အေရးႀကီးေသာ အသက္တာ အေျခခံသေဘာတရားကို မီးေမာင္းထိုးျပပါတယ္။
နာက်င္မႈ ၊က်ရႈံးမႈတို႔ကို ေက်ာ္လႊားဖို႔ရန္ ၎တို႔ကို ျဖတ္သန္းရပါမည္။ ၎သည္ အသက္တာ အခန္းက႑ တိုင္းအတြက္ အမွန္တရား ျဖစ္ပါတယ္။ အထူးသျဖင့္ က်ရႈံးမႈတို႔တြင္ မွန္ကန္ပါတယ္။
ဝမ္းနည္းေၾကကြဲျခင္းအရာက က်ရႈံးမႈကို ျဖတ္သန္းသြားရတဲ့ နည္းလမ္းျဖစ္ပါတယ္။ သင္က်ရႈံးတဲ့အခါမွာ ၎ကို သင္ေမ့ေပ်ာက္ခ်င္တယ္ ၊ စိတ္ခံစားခ်က္တို႔ကို ပယ္ခ်ခ်င္တယ္ ၊တျခားအရာတစ္ခုဆီ အလ်င္အျမန္ ေရာက္ရွိ သြားခ်င္ပါတယ္။ သို႔ေပမဲ့ ထိုအရာက မွားယြင္းေနပါတယ္။ ဝမ္းနည္းေၾကကြဲျခင္းဆိုတာ က်ရႈံးျခင္းကေန ရရွိလာတဲ့ သင္ခန္းစာတို႔ကို သင္ယူျခင္း နည္းလမ္းျဖစ္ပါတယ္။
ခံစားခ်က္တို႔ကို ျဖတ္သန္းရင္ဆိုင္ရမည့္အစား မ်ိဳခ်လိုက္တဲ့အခါ သင္၏အစာအိမ္က ရလဒ္ေတြကို စုစည္းေနပါမည္။ ဘာနဲ႔တူသလဲဆိုေတာ့ ဆိုဒါဗူးကို လႈပ္ရမ္းၿပီး အေအးခန္းထဲ ထည့္ပစ္သလိုေပါ့။ ေပါက္ကြဲဖို႔ ဧကန္အမွန္ ျဖစ္လာပါေတာ့မည္။
သခင္ေယရႈ၏ တပည့္ေတာ္ တစ္ဦးျဖစ္တဲ့ ေပတ႐ုကိုယ္တိုင္ ႀကီးမားတဲ့ က်ရႈံးျခင္းကို ခံစားခဲ့ရပါတယ္။ ေဘးက်ပ္ နံက်ပ္ ကာလအတြင္း သခင္ေယရႈကို သူသိကြၽမ္းသည့္တိုင္ ျငင္းပယ္ခဲ့ၿပီး ႀကီးမားေသာ ဝမ္းနည္းျခင္းေတြဆီ က်ရႈံးမႈက ေခၚေဆာင္သြားခဲ့ပါတယ္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “ေပတ႐ုက၊ ထိုသူကို ငါမသိဟု ဓိ႒ာန္ျပဳ၍ က်ိန္ဆို၏။ ထိုခဏခ်င္းတြင္ ၾကက္တြန္ေလ၏။ ေယရႈက၊ ၾကက္မတြန္မွီ သင္သည္ သုံးႀကိမ္ေျမာက္ေအာင္ ငါ့ကို ျငင္းပယ္လိမ့္မည္ဟု မိန္႔ေတာ္ မူေသာ စကားကို ေပတ႐ုသည္ သတိရသျဖင့္ ျပင္သို႔ထြက္၍ ျပင္းစြာငိုေႂကြးေလ၏” ရွင္မႆဲခရစ္ဝင္က်မ္း ၂၆း၇၄-၇၅
ေပတ႐ု ဘယ္ေလာက္ေတာင္ စိတ္ပ်က္ခဲ့ရမလဲဆိုတာကို ျမင္ေယာင္ၾကည့္ပါ။ သခင္ေယရႈႏွင့္ အတူ ေလွ်ာက္လွမ္း ခဲ့တယ္ ၊ သြန္သင္ျခင္းေတြ ၊ အံ့ဩဖြယ္အမႈ လုပ္ေဆာင္ျခင္းေတြ ၊ ေသတဲ့သူကို အသက္ျပန္ ရွင္ေအာင္ လုပ္ေဆာင္ ခဲ့ျခင္းေတြ ၊ ေမတၱာဂ႐ုဏာျပျခင္း ၊ အျပစ္လႊတ္ျခင္းတို႔ကို ႀကိမ္ဖန္မ်ားစြာ ေပတ႐ု ျမင္ခဲ့ ရပါတယ္။ သခင္ေယရႈ ေပၚ ကတိသစၥာျပဳျခင္းႏွင့္ ပတ္သက္၍ ပထမအႀကိမ္စမ္းသပ္ျခင္း ခံရစဥ္တြင္ သုံးႀကိမ္တိုင္ ေပတ႐ု ျငင္းဆိုခဲ့ ပါတယ္။
သို႔ေပမဲ့ သူ၏ က်ရႈံးမႈကို လစ္လွ်ဴရႈမည့္အစား မွန္ကန္ေသာ အရာကို ေပတ႐ု လုပ္ေဆာင္ခဲ့ပါတယ္။ ႏွိမ္ခ်ျခင္း ႏွင့္ ဝမ္းနည္းညႇိဳးငယ္ျခင္း ျဖစ္ေနခဲ့ပါတယ္။ ရႈံးႏွိမ့္မႈႏွင့္ ဝမ္းနည္းမႈကို သူပိုင္ဆိုင္ထားၿပီး ထိုအရာက ကုစားျခင္း အတြက္ ေသာ့ခ်က္ ျဖစ္ပါတယ္။
လူအမ်ားစုတို႔သည္ က်ရႈံးသြားၿပီဆိုလွ်င္ ထိုက်ရႈံးမႈတို႔တြင္ ျဖတ္လမ္းနည္းကို အသုံးျပဳခ်င္ၾကပါတယ္။ ျဖစ္ပ်က္တဲ့ အေရးကိစၥတို႔ကို ေရွာင္လႊဲခ်င္ၿပီး သူတို႔၏ အိမ္ေထာင္ေရး ၿပိဳကြဲျခင္း မဟုတ္သလို ဟန္ေဆာင္ခ်င္ၾကတယ္။ ဒါေၾကာင့္ ေနာက္ထပ္ေသာ ဆက္ဆံေရး တစ္ခုဆီသို႔ တြဲခ်ိတ္ၾကပါတယ္။ (သို႔) စီးပြားေရး က်ရႈံးရျခင္းက တစုံတစ္ဦး၏ အမွားေၾကာင့္ဆိုၿပီး ဟန္ေဆာင္ခဲ့ကာ ေနာက္ေန႔တြင္ တျခားတစ္ခုကို စတင္ၾကပါတယ္။ ရရွိေသာ သင္ခန္းစာကို ဘယ္ေတာ့မွ မသင္ယူ ၊ မေလ့လာၾကပါဘူး။
သို႔ေပမဲ့ ဝမ္းနည္းေၾကကြဲျခင္းႏွင့္ က်ရႈံးမႈမွ ျပန္လည္ နာလန္ထူးဖို႔ရန္ ျဖတ္လမ္းမရွိပါ။ အသက္တာတြင္ ႀကီးမား ေသာ က်ရႈံးမႈရွိေလေလ ကုစားဖို႔ အခ်ိန္ပိုၾကာေလ ျဖစ္ပါတယ္။ သင္၏ စိတ္ႏွလုံးထဲမွာ ဘုရားသခင္ လုပ္ေဆာင္မႈ ျပဳေစပါ။ ကုစားျခင္းကို အတင္းလုပ္ယူလို႔ မရပါဘူး။ နာလန္ထူျခင္းအရာက ဘုရားသခင္၏ သနားျခင္း ဂ႐ုဏာ ေတာ္၏ လုပ္ရပ္တစ္ခုျဖစ္ၿပီး အခ်ိန္မွီ ေရာက္ရွိလာပါမည္။
ဆင္ျခင္ရန္
- ဘယ္လို ေကာင္းစြာ ဝမ္းနည္းရမည္ကို သင္သိရွိျခင္းအေၾကာင္းကို မည္သို႔ ေျပာဆိုမည္နည္း။ ဘာေၾကာင့္နည္း။
- က်ရႈံးမႈေပၚ ဝမ္းနည္းဖို႔ထက္ လစ္လ်ဴရႈဖို႔ရန္ သင္ႀကိဳးစားတဲ့အခါမွာ မည္သို႔ေသာ ရလဒ္ ျဖစ္ေစပါသနည္း။
- သင္ က်ရႈံးတဲ့အခါမွာ ၎ကို မည္သူ႔ထံ သင္ဝန္ခံသင့္ပါသနည္း။ ၎အရာက ဘာေၾကာင့္ အေရးႀကီးပါသနည္း။