Unicode Version
ဘုရားသခင်၏ မိသားစုဝင်ထဲသို့ ဝင်ရောက်ခြင်း၌ လူသားတွေကို
မည်ကဲ့သို့ မေတ္တာပြမည်နည်း။
ဆာလံကျမ်း ၄၀:၃ “ထိုသို့ငါတို့ဘုရားသခင်ကို
ချီးမွမ်းရာသီချင်း သစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏။ လူများ တို့သည်
သိမြင်၍ ကြောက်ရွံ့သောစိတ် နှင့်ထာဝရဘုရား ကို ကိုးစားကြလိမ့်မည်။”
သခင်ယေရှုခရစ်တော်ကြောင့်သာလျှင်
သင်၏ အတိတ်ကအရာတွေ ခွင့်လွှတ်ခြင်း ရရှိခံစားနိုင်တယ်။ အသက်တာ အတွက် ရည်ရွယ်ချက်တွေ
ရှိလာမယ် ၊ ပြီးတော့ ကောင်းကင်ဘုံတွင်လည်း အိမ်တစ်လုံး ရရှိပိုင်ဆိုင်နိုင်ပါတယ်။ သခင်ယေရှုခရစ်တော်၌
သင်ရရှိသော ဤမြော်လင့်ခြင်းအကြောင်းကို တခြားသူတို့အား ဝေမျှခြင်းသည် သင်လုပ်ဆောင်နိုင်သော
မေတ္တာအရှိဆုံး အရာဖြစ်ပါတယ်။
သင့်အသက်တာတွင်
သခင်ယေရှု လုပ်ဆောင်ပေးသော ထူးခြားသောအရာတို့ကို လူတွေ တွေ့မြင်တဲ့အခါတွင် သက်ရောက်မှု
ရှိပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ထိုသို့ငါတို့ဘုရားသခင်ကို
ချီးမွမ်းရာသီချင်း သစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏။ လူများ တို့သည်
သိမြင်၍ ကြောက်ရွံ့သောစိတ် နှင့်ထာဝရဘုရား ကို ကိုးစားကြလိမ့်မည်း။”
ဆာလံကျမ်း ၄၀:၃
သခင်ယေရှု၌
ရရှိသော မြော်လင့်ခြင်းတွေကို တခြားသူတို့ထံ ဝေမျှဖို့ရန် အကူအညီဖြစ်စေမည့် အချက်
(၃) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရင်ဦးဆုံး နားထောင်ပါ။
ဤကမ္ဘာပေါ်ရှိ
လူတိုင်းသည် ကြားရဖို့ရန် ၊ နားလည်ရဖို့ရန် နှင့် သူတို့၏ ခံစားချက်တို့ကို အတည်ပြုဖို့ရန်
နက်နဲ သော မွတ်သိပ်မှုတွေ တစ်ခု ရှိပါတယ်။ သုတ္တံကျမ်း
၁၈း၁၃ တွင် “အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင် သော
သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။” သင်၏ “နား”သည်
တစ်စုံတစ်ယောက်အား မေတ္တာ ပြဖို့ရန်အတွက် အကောင်းဆုံးသော ကိရိယာတစ်ခု ဖြစ်ပါတယ်။ သင်
တခြားသူတစ်ဦးကို နားထောင်တဲ့ အခါမှာ သူတို့၏ စိတ်နှလုံး သော့ချက်ကို သင်တွေ့မြင်နိုင်ပါမည်။
(၂) သင်၏ ဇာတ်ကြောင်းကို မျှဝေပါ။
ဘာကြောင့်လဲ။
ဘာကြောင့်လဲဆိုတော့ သင်၌ များစွာသော ဇာတ်ကြောင်းတွေ (သို့) သက်သေခံချက်တွေ ရှိနေပါတယ်။
လူတော်တော်များများတို့သည် သူတို့၌ “သခင်ယေရှုထံ မည်ကဲ့သို့ ရောက်ရှိလာခြင်း” သက်သေခံချက်
တစ်ခုတည်းသာ ရှိသည်ဟု ထင်တတ်ကြပါတယ်။ သို့ပေမဲ့ သင်၏ ဘဏ္ဍာရေး ၊ ပေါင်းသင်း ဆက်ဆံရေး
(သို့) ကျန်းမာရေးပြသနာတို့တွင် ဘုရားသခင် ကူညီခဲ့ဖူးပါသလား။ လူတွေကို သခင်ယေရှု ထံ
ညွှန်ပြပေးနိုင်တဲ့ တန်ခိုးကြီးသော သက်သေခံချက်တွေ သင်၌ ရာချီရှိပါတယ်။
(၃) ကိုးကွယ်ဆည်းကပ်မှုဆီ လူတွေကို ခေါ်ဆောင်ပါ။
သတင်းကောင်းကို
လူတွေဆီပို့ဆောင်ပေးနိုင်မည့် တစ်ခုသော အကောင်းဆုံးနည်းလမ်းမှာ အသင်းတော်သို့ ပို့ဆောင်ခြင်းဖြစ်ပါတယ်။
သူတို့တွေ ဝတ်ပြုခြင်းအချိန် လမ်းလျှောက်ဝင်သွားတဲ့အလျှောက် များစွာသော ယုံကြည်သူတွေ
အတူဝင်ရောက်လာခြင်း ၊ ထာဝရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေခြင်း ၊ တူညီစွာ ယုံကြည်ခြင်းတို့ကို
တွေ့မြင်ကြပါမည်။ တမန်တော်ဝတ္တု ၂း၄၇ “ဘုရားသခင်ကိုလည်းချီးမွမ်း၍
လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့
ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။”
လူတော်တော်များများတို့သည်
သခင်ယေရှု သင့်အားပေးသော မြော်လင့်ခြင်းအကြောင်းနှင့် ပတ်သက်ပြီး မသိကြပါဘူး။ ဒါကြောင့်လည်း
သူတို့မှာ ဝိညာဉ်ရေးရာမှာ အလွတ်ဗလာ ဖြစ်နေပါတယ်။ တစ်စုံတစ်ယောက်ကို ဘုရားသခင်၏ မိသားစုဝင်ထဲသို့
ဖိတ်ခေါ်ဖို့ရန် ယနေ့တွင် မည်ကဲ့သို့သော ခြေလှမ်းတို့ဖြင့် လှမ်းနိုင်မည်နည်း။
ဆင်ခြင်ရန်
-
သခင်ယေရှု၌ ရရှိသော မြော်လင့်ခြင်းကို တစ်စုံတစ်ဦးအား သင်ဝေမျှပေးသည့် နောက်ဆုံးအချိန်ကား
မည်သည့်အချိန် ဖြစ်သနည်း။ သူတို့ မည်ကဲ့သို့ တုံ့ပြန်ပါသနည်း။
-
တစ်စုံတစ်ယောက်ကို နားထောင်နေခြင်းပေါ် သင်ပြည့်ပြည့်ဝဝ အာရုံစိုက်ခဲ့တဲ့အချိန်ကို
ပြန်သတိရလိုက်ပါ။ ထိုဖြစ်စဉ်တွင် မည်သည့်အရာကို သင်တွေ့ရှိခဲ့ပါသနည်း။
- မကြာသေးမှီက ဘုရားသခင်သည် သင့်အား ငွေကြေး ၊ ပေါင်းသင်းဆက်သွယ်မှု (သို့) ကျန်းမာရေး ပြသနာတို့တွင် မည်ကဲ့သို့ ကူညီပေးခဲ့ပါသနည်း။ ဤသက်သေခံချက်ကို မည်သူနှင့် သင်မျှဝေနိုင်မည်နည်း။။
---------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်