Unicode Version
ဘုရားသခင်၏ သဘောထားက အရေးအကြီးဆုံး ဖြစ်ပါတယ်။
သုတ္တံကျမ်း ၂၉း၂၅ “လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်းကို ထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။”
သင်ဆုံးဖြတ်ချက်ပြုသည့် အခါတိုင်းတွင်
တခြားသောသူတို့၏ တွေးမြင်သော သဘောထားပေါ် မူတည်ပြီး သင်ဆုံးဖြတ်ပါတယ်။ ၎င်းသည် အသက်တာကို
ကျရှုံးမှုအတွက် သင်မျိုးစေ့ကြဲလိုက်ခြင်း ဖြစ်ပါတယ်။
သင်နားလည် နိုင်မည် မဟုတ်ပေမဲ့ တခြားသော
အရာအားလုံးနီးပါးထက်ကို တခြားသူတို့၏ အသိအမှတ်မပြုခြင်း ၊ မနှစ်သက်ခြင်း ခံရမှာကို
ကြောက်ရွံ့နေခြင်းအရာက သင့်အသက်တာကို ပိုပြီး အခက်အခဲပြသနာ ဖြစ်စေပါတယ်။ တခြားသူတို့၏
တွေးခေါ်မှု ၊ ထင်မြင်မှုတို့နှင့် ပတ်သက်ပြီး သင်စိုးရိမ်နေတဲ့အခါမှာ လူအများအကြိုက်ဖြစ်သော
အရာကို မှားယွင်းနေကြောင်း သင်သိမြင်သည့်တိုင် သင်ပြုလေ့ရှိပါတယ်။ လူတိုင်းကို
သင်က ပျော်ရွင်အောင် ပြုဖို့ ကြိုးစားနေတဲ့ အတွက်ကြောင့် သင်မထိန်းထားနိုင်တဲ့
ကတိဝတ်တွေကို သင်ပြုတတ်တယ်။ ၎င်းက ကျရှုံးမှု အတွက် လမ်းစ ဖြစ်ပါ တယ်။
ပေတရုသည် သခင်ယေရှုကို သုံးကြိမ်တိုင်
ငြင်းဆိုခဲ့ခြင်းအရာက ရှုံးနှိမ့်ရခြင်း အကြောင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ သခင်ယေရှုပေါ်
သစ္စာရှိခြင်းထက် တခြားသူတို့၏ ထင်မြင်ချက်ကို သူပိုပြီး စိုးရိမ်နေခဲ့ပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏
အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏
အဆုံးကိုသိမြင်ခြင်းငှါ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။ ပေတရုသည်
ပြင်မှာအိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါး မိန်းမတယောက်သည် သူရှိရာသို့လာ၍ သင် သည်လည်း ဂါလိလဲလူ
ယေရှုနှင့် ပေါင်းတော်သောသူဖြစ်သည်ဟု ဆိုလျှင်၊ပေတရုက သင်ပြောသောအရာကို
ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။” ရှင်မဿဲခရစ်ဝင်ကျမ်း ၂၆း၅၈,
၆၉-၇၀
ပေတရုသည် ဘုရားသခင်၏ သားတော် သခင်ယေရှုနှင့်
သုံးနှစ်သာ အတူရှိနေခဲ့ပါတယ်။ အသိအမှတ်ပြု လက်ခံ ခြင်းအခွင့်ထူးကို ပထမဆုံးရရှိခဲ့ပေမဲ့
ထိုအခွင့်ထူးအစား သခင်ယေရှုကို သူငြင်းပယ်ခဲ့ပါတယ်။ ပေတရု သည် သခင်ယေရှုနှင့် ပါဝင်ပတ်သက်ခြင်းအကြောင်းထက်
တခြားသူတွေ သူ့အားမည်သို့ ထင်မြင်မည်ကို ပိုပြီး စိုးရိမ်နေ ခဲ့ပါတယ်။
တခြားသူတို့၏ သင့်အပေါ်
မည်သို့ ထင်မြင်မည်ကို သင်စိုးရိမ်ခဲ့ခြင်းကြောင့် သခင်ယေရှုအကြောင်းကို ဝေမျှဖို့ရန်
အခွင့်အရေးရရှိခဲ့လည်း ဘာမှ မပြောခဲ့ရတဲ့ အကြိမ်အရေအတွက်ကို သင်ပြန်တွေးကြည့်လိုက်ပါ။
ဘုရားသခင်ထက် မည်သူ၏ သဘောထားက အရေးကြီးပါသနည်း။
ဘုရားသခင်ထက် တခြားသူတစ်ယောက် ယောက်ကို သင်က ပိုပြီး အရေးပေးတယ်ဆိုလျှင် သူတို့က
သင်၏ ဘုရားသခင် ဖြစ်လာပါသည်။ ၎င်းကို ရုပ်တုဆင်း တု လို့ခေါ်ပြီး ကျရှုံးခြင်းအတွက်
ပြင်ဆင်မှု တစ်ခုဖြစ်ပါတယ်။
မနှစ်သက်ခြင်းဆိုင်ရာ ကြောက်ရွံ့မှုသည်
အမြဲတမ်း ဖုံးကွယ်နေသော ဒဏ်ရာမှ ဖြစ်လာပါတယ်။ အတိတ်က ငြင်းပယ်မှု တစ်ခု ဖြစ်ကောင်းဖြစ်မည်။
၎င်းသည် မဖြည့်ဆည်းနိုင်သော လိုအပ်ချက် (သို့) သင်ကြီးပြင်းလာစဉ် ကြုံတွေ့သော
စိတ်ဒဏ်ရာ ဖြစ်နိုင်ပါတယ်။ နက်နဲလွန်းလို့ သင်၏ စိတ်ထဲမှု ပုန်းကွယ်နေပါတယ်။
၎င်းကို ဝိညာဉ် ဆိုင်ရာ ဝေဒနာလို့ ကျွန်ုပ်ခေါ်ပါတယ်။
ဝိညာဉ်ဆိုင်ရာ ဝေဒနာသည် သင်၏
ဖြစ်ခြင်းနှင့် အမြဲတမ်း ဆက်နွယ်နေပါတယ်။ သင့်ကိုယ်သင် မသိရှိဘူးဆိုလျှင် သင်၏
ကျန်ရှိသော အသက်တာတစ်ခုလုံး သူတစ်ပါးတို့၏ မနှစ်သက်ခြင်း ဆိုတဲ့ ကြိုးကိုင်မှုတွင်
လှည့်စားခံ ရပါမည်။ သင်ယုံကြည်သောအရာ (သို့) မှန်ကန်သောအရာ လုပ်ဆောင်ခြင်းကနေ ရပ်တည်နိုင်မှာ
မဟုတ်တော့ပါ။
သုတ္တံကျမ်း ၂၉း၂၅တွင်
“လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်းကို ထောင်တတ်၏။ ထာဝရဘုရားကို
ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။”
သင့်အသက်တာရှိ ပုန်းကွယ်နေသော ဝေဒနာကို
သင်သတိထားမိတဲ့အခါမှာ ထိုဝေဒနာကို ဘုရားသခင် စတင် ကုသပေးနိုင်ပါတယ်။ သို့မှသာ
ဘုရားသခင်၏ သဘောထားက အရေးကြီးဆုံးဖြစ်ကြောင်းကို သိရှိခြင်း အရာ၌
သင်လွှတ်လပ်စွာဖြင့် အသက်ရှင်နိုင်ပြီဖြစ်သည်။
ဆင်ခြင်ရန်
- သင်၏ ဖြစ်ခြင်းက ဘုရားသခင်ပြောတဲ့
သခင်ယေရှု၌ရှိသော ဖြစ်ခြင်းပေါ် တည်ပါတယ်။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်ပေါ်
မူတည်ပြီး သင်၏ ဖြစ်ခြင်းကို စိတ်ချမှုဖြစ်စေနိုင်ဖို့ရန် သမ္မာကျမ်းစာ လေ့လာခြင်း
အမူအကျင့်ကို စတင်ဖို့ရန် သင်ဘာကို လုပ်ဆောင်မည်နည်း။
- ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းအားဖြင့်
သင့်ပြုသော ဆုံးဖြတ်ချက်ပေါ် စိတ်ချလုံခြုံမှုကို သင်မည်သည့် အချိန်တွင် တွေ့ရှိပါသနည်း။
-----------------------------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင္၏ သေဘာထားက အေရးအႀကီးဆုံး ျဖစ္ပါတယ္။
သုတၱံက်မ္း ၂၉း၂၅ “လူကိုေၾကာက္႐ြံ႕ျခင္း သေဘာသည္ ေက်ာ့ကြင္းကို ေထာင္တတ္၏။ ထာဝရဘုရားကို ခိုလႈံေသာသူမူ ကား လုံၿခဳံလိမ့္မည္။”
သင္ဆုံးျဖတ္ခ်က္ျပဳသည့္ အခါတိုင္းတြင္ တျခားေသာသူတို႔၏ ေတြးျမင္ေသာ သေဘာထားေပၚ မူတည္ၿပီး သင္ဆုံးျဖတ္ပါတယ္။ ၎သည္ အသက္တာကို က်ရႈံးမႈအတြက္ သင္မ်ိဳးေစ့ႀကဲလိုက္ျခင္း ျဖစ္ပါတယ္။
သင္နားလည္ ႏိုင္မည္ မဟုတ္ေပမဲ့ တျခားေသာ အရာအားလုံးနီးပါးထက္ကို တျခားသူတို႔၏ အသိအမွတ္မျပဳျခင္း ၊ မႏွစ္သက္ျခင္း ခံရမွာကို ေၾကာက္႐ြံ႕ေနျခင္းအရာက သင့္အသက္တာကို ပိုၿပီး အခက္အခဲျပသနာ ျဖစ္ေစပါတယ္။ တျခားသူတို႔၏ ေတြးေခၚမႈ ၊ ထင္ျမင္မႈတို႔ႏွင့္ ပတ္သက္ၿပီး သင္စိုးရိမ္ေနတဲ့အခါမွာ လူအမ်ားအႀကိဳက္ျဖစ္ေသာ အရာကို မွားယြင္းေနေၾကာင္း သင္သိျမင္သည့္တိုင္ သင္ျပဳေလ့ရွိပါတယ္။ လူတိုင္းကို သင္က ေပ်ာ္႐ြင္ေအာင္ ျပဳဖို႔ ႀကိဳးစားေနတဲ့ အတြက္ေၾကာင့္ သင္မထိန္းထားႏိုင္တဲ့ ကတိဝတ္ေတြကို သင္ျပဳတတ္တယ္။ ၎က က်ရႈံးမႈ အတြက္ လမ္းစ ျဖစ္ပါ တယ္။
ေပတ႐ုသည္ သခင္ေယရႈကို သုံးႀကိမ္တိုင္ ျငင္းဆိုခဲ့ျခင္းအရာက ရႈံးႏွိမ့္ရျခင္း အေၾကာင္းတစ္ရပ္ ျဖစ္ခဲ့ပါတယ္။ သခင္ေယရႈေပၚ သစၥာရွိျခင္းထက္ တျခားသူတို႔၏ ထင္ျမင္ခ်က္ကို သူပိုၿပီး စိုးရိမ္ေနခဲ့ပါတယ္။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ေပတ႐ုသည္လည္း၊ ယဇ္ပုေရာဟိတ္မင္း၏ အိမ္ဦးတိုင္ေအာင္ကိုယ္ေတာ္ႏွင့္ ေဝးစြာလိုက္၍ အတြင္းသို႔ ဝင္ၿပီးလွ်င္၊ ထိုအမႈ၏ အဆုံးကိုသိျမင္ျခင္းငွါ မင္းလုလင္တို႔ႏွင့္အတူ ထိုင္ေန၏။ ေပတ႐ုသည္ ျပင္မွာအိမ္ဦး၌ထိုင္ေနစဥ္၊ အေစအပါး မိန္းမတေယာက္သည္ သူရွိရာသို႔လာ၍ သင္ သည္လည္း ဂါလိလဲလူ ေယရႈႏွင့္ ေပါင္းေတာ္ေသာသူျဖစ္သည္ဟု ဆိုလွ်င္၊ေပတ႐ုက သင္ေျပာေသာအရာကို ငါမသိဟု လူအေပါင္းတို႔ေရွ႕၌ ျငင္းခုံေလ၏။” ရွင္မႆဲခရစ္ဝင္က်မ္း ၂၆း၅၈, ၆၉-၇၀
ေပတ႐ုသည္ ဘုရားသခင္၏ သားေတာ္ သခင္ေယရႈႏွင့္ သုံးႏွစ္သာ အတူရွိေနခဲ့ပါတယ္။ အသိအမွတ္ျပဳ လက္ခံ ျခင္းအခြင့္ထူးကို ပထမဆုံးရရွိခဲ့ေပမဲ့ ထိုအခြင့္ထူးအစား သခင္ေယရႈကို သူျငင္းပယ္ခဲ့ပါတယ္။ ေပတ႐ု သည္ သခင္ေယရႈႏွင့္ ပါဝင္ပတ္သက္ျခင္းအေၾကာင္းထက္ တျခားသူေတြ သူ႔အားမည္သို႔ ထင္ျမင္မည္ကို ပိုၿပီး စိုးရိမ္ေန ခဲ့ပါတယ္။
တျခားသူတို႔၏ သင့္အေပၚ မည္သို႔ ထင္ျမင္မည္ကို သင္စိုးရိမ္ခဲ့ျခင္းေၾကာင့္ သခင္ေယရႈအေၾကာင္းကို ေဝမွ်ဖို႔ရန္ အခြင့္အေရးရရွိခဲ့လည္း ဘာမွ မေျပာခဲ့ရတဲ့ အႀကိမ္အေရအတြက္ကို သင္ျပန္ေတြးၾကည့္လိုက္ပါ။
ဘုရားသခင္ထက္ မည္သူ၏ သေဘာထားက အေရးႀကီးပါသနည္း။ ဘုရားသခင္ထက္ တျခားသူတစ္ေယာက္ ေယာက္ကို သင္က ပိုၿပီး အေရးေပးတယ္ဆိုလွ်င္ သူတို႔က သင္၏ ဘုရားသခင္ ျဖစ္လာပါသည္။ ၎ကို ႐ုပ္တုဆင္း တု လို႔ေခၚၿပီး က်ရႈံးျခင္းအတြက္ ျပင္ဆင္မႈ တစ္ခုျဖစ္ပါတယ္။
မႏွစ္သက္ျခင္းဆိုင္ရာ ေၾကာက္႐ြံ႕မႈသည္ အၿမဲတမ္း ဖုံးကြယ္ေနေသာ ဒဏ္ရာမွ ျဖစ္လာပါတယ္။ အတိတ္က ျငင္းပယ္မႈ တစ္ခု ျဖစ္ေကာင္းျဖစ္မည္။ ၎သည္ မျဖည့္ဆည္းႏိုင္ေသာ လိုအပ္ခ်က္ (သို႔) သင္ႀကီးျပင္းလာစဥ္ ႀကဳံေတြ႕ေသာ စိတ္ဒဏ္ရာ ျဖစ္ႏိုင္ပါတယ္။ နက္နဲလြန္းလို႔ သင္၏ စိတ္ထဲမႈ ပုန္းကြယ္ေနပါတယ္။ ၎ကို ဝိညာဥ္ ဆိုင္ရာ ေဝဒနာလို႔ ကြၽႏ္ုပ္ေခၚပါတယ္။
ဝိညာဥ္ဆိုင္ရာ ေဝဒနာသည္ သင္၏ ျဖစ္ျခင္းႏွင့္ အၿမဲတမ္း ဆက္ႏြယ္ေနပါတယ္။ သင့္ကိုယ္သင္ မသိရွိဘူးဆိုလွ်င္ သင္၏ က်န္ရွိေသာ အသက္တာတစ္ခုလုံး သူတစ္ပါးတို႔၏ မႏွစ္သက္ျခင္း ဆိုတဲ့ ႀကိဳးကိုင္မႈတြင္ လွည့္စားခံ ရပါမည္။ သင္ယုံၾကည္ေသာအရာ (သို႔) မွန္ကန္ေသာအရာ လုပ္ေဆာင္ျခင္းကေန ရပ္တည္ႏိုင္မွာ မဟုတ္ေတာ့ပါ။
သုတၱံက်မ္း ၂၉း၂၅တြင္ “လူကိုေၾကာက္႐ြံ႕ျခင္း သေဘာသည္ ေက်ာ့ကြင္းကို ေထာင္တတ္၏။ ထာဝရဘုရားကို ခိုလႈံေသာသူမူ ကား လုံၿခဳံလိမ့္မည္။”
သင့္အသက္တာရွိ ပုန္းကြယ္ေနေသာ ေဝဒနာကို သင္သတိထားမိတဲ့အခါမွာ ထိုေဝဒနာကို ဘုရားသခင္ စတင္ ကုသေပးႏိုင္ပါတယ္။ သို႔မွသာ ဘုရားသခင္၏ သေဘာထားက အေရးႀကီးဆုံးျဖစ္ေၾကာင္းကို သိရွိျခင္း အရာ၌ သင္လႊတ္လပ္စြာျဖင့္ အသက္ရွင္ႏိုင္ၿပီျဖစ္သည္။
ဆင္ျခင္ရန္
- သင္၏ ျဖစ္ျခင္းက ဘုရားသခင္ေျပာတဲ့ သခင္ေယရႈ၌ရွိေသာ ျဖစ္ျခင္းေပၚ တည္ပါတယ္။ ဘုရားသခင္ေျပာေသာ ႏႈတ္ကပတ္ေတာ္ေပၚ မူတည္ၿပီး သင္၏ ျဖစ္ျခင္းကို စိတ္ခ်မႈျဖစ္ေစႏိုင္ဖို႔ရန္ သမၼာက်မ္းစာ ေလ့လာျခင္း အမူအက်င့္ကို စတင္ဖို႔ရန္ သင္ဘာကို လုပ္ေဆာင္မည္နည္း။
- ဘုရားသခင္အား ယုံၾကည္ကိုးစားျခင္းအားျဖင့္ သင့္ျပဳေသာ ဆုံးျဖတ္ခ်က္ေပၚ စိတ္ခ်လုံၿခဳံမႈကို သင္မည္သည့္ အခ်ိန္တြင္ ေတြ႕ရွိပါသနည္း။
- တျခားသူတို႔၏ မႏွစ္သက္မႈအေၾကာင္းကို ေၾကာက္႐ြံ႕ေစေသာ သင့္၏ ပုန္းကြယ္ေနေသာ ေဝဒနာကား မည္သို႔နည္း။ သင္က မေသခ်ာဘူးဆိုလွ်င္ ယေန႔တြင္ ထိုေဝဒနာအား စတင္ကုစားေပးဖို႔ရန္ ႏွင့္ သင္သိရွိ နားလည္ႏိုင္ဖို႔ရန္ ဘုရားသခင္ထံ အကူအညီေတာင္းခံလိုက္ပါ။