Unicode Version
ဘုရားသခင်၏ ဂရုဏာတော်သည် အမှုတော်ထမ်းရွက် ဖို့ရန်
သင့်အား လွှတ်မြောက်စေပါသည်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄း၁ “ထို့ကြောင့်ငါတို့သည်
ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍၊ ကရုဏာကျေးဇူးတော် ကို
ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
သင့်အတွက်
သင်အသက်ရှင်နေထိုင်ဖို့ရန်အတွက် ထားရှိပေးတာမဟုတ်ပါဘူး။ သင်၏ အသက်တာဖြင့် ကူညီ ထောက်မမှု
တွေ ပြုဖို့ရန် ဖန်ဆင်းခံရတာ ဖြစ်ပါတယ်။ အရာအားလုံး ဘုရားသခင်၏ ဂရုဏာတော် ကြောင့်ဖြစ်ပြီး
အမှုတော် ထမ်းရွက်ဖို့ရန် သင့်အား ပုံဖော်ထားပါတယ်။
တမန်တော်ရှင်ပေါလု
ဆိုထားသည်မှာ “ထို့ကြောင့်ငါတို့သည်
ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍၊ ကရုဏာကျေးဇူးတော် ကို
ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။” ကောရိန္သုဩ
ဝါဒစာ ဒုတိယစောင် ၄း၁
“ဓမ္မအမှုသည်”
အသင်းတော်နှင့်ဆိုင်သော စကားလုံးလို့ လူတစ်ချို့ ထင်ကြပါတယ်။ ဘုန်းတော်ကြီးတွေကသာ တစ်စုံတစ်ခု
လုပ်ဆောင်ရပါသည်။ သို့ပေမဲ့ ဘုရားသခင် ပေးသနားတော်မူသော သင်၏ အစွမ်းအစ ၊ ဆုလဒ် နှင့်
စွမ်းဆောင်ရည်တို့ကို တစ်စုံတစ်ဦးအတွက် သင်က အကူအညီ ပေးဖို့ အသုံးပြုလိုက်တဲ့အခါ သင်
အမှုတော် ထမ်းရွက်နေတာ ဖြစ်ပါတယ်။ သင်က - စရင်းကိုင် ၊ ဆရာမ (သို့) ကားမောင်သူ ဖြစ်နေသည့်တိုင်
သင့်အလုပ်က အမှုထမ်းရွက်နိုင်ပါသည်။
သင့်အားဖြင့်
အရာအားလုံးကို ဘုရားသခင် ပြုတော်မူကြောင်းကို သင်နားလည်ခြင်းသည် ဘုရားသခင်၏ သနားခြင်း
ဂရုဏာတော်ဖြစ်ပါတယ်။ ဖြစ်ပျက်မှုအကြောင်း (၂) မျိုးရှိပါတယ်။
(၁) သင်၏ တန်ဖိုးရှိခြင်းအရာကို သက်သေပြစရာ မလိုပါ။
သင်၏
လုပ်ဆောင်မှုအားဖြင့် သင်၏ တန်ဖိုးကို ပြသဖို့ ကြိုးစားဖူးပါသလား။ ၎င်းက သင့်ကို ပိုပြီး
အောင်မြင်စေမယ် ၊ တန်ဖိုးရှိစေမယ်လို့ သင်တွေးကောင်းတွေပါမည်။ သို့ပေမဲ့ သင်၏ တန်ဖိုးက
သင်၏ လုပ်ဆောင်ချက်ပေါ်မှာ မရှိပါဘူး။ ၎င်းအစား ဘုရားသခင် သင့်ကို ဖန်ဆင်းတယ် ၊ ချစ်တယ်
၊ သင့်အတွက် သားတော် ယေရှုကို အသေခံဖို့ရန် စေလွှတ်ခြင်းက သင့်ကို တန်ဖိုးရှိကြောင်း
တွေ့မြင်ရပါသည်။ ဘုရားသခင်၏ ဂရုဏာကို နားလည်ခြင်းက သင်၏ လုပ်ဆောင်မှုလုပ်ကြောင်းကို
လွှဲရှောင်သွားစေပါတယ်။
(၂) သင်၏မှားယွင်းမှုထဲမှာဘဲ မျိုသိပ်ထားဖို မလိုပါ။
ကျွန်ုပ်တို့အားလုံး
မှားယွင်းမှု ပြုခဲ့ကြပါတယ်။ အပြစ်ရှိခဲ့ကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်၏ ဂရုဏာတော် ကြောင့်
သင်၏ အတိတ်ကအရာတို့ကို စွဲလမ်းဖို့ မလိုပါ။ သင် နောင်တရပြီး အပြစ်တရားလက်မှ လှည့်ပြန်နိုင်ပါတယ်။
ဘုရားသခင် သင့်အား ပေးထားသော အမှုအတွက် လုပ်ဆောင်ခြင်းကို သင်၏ အတိတ်က ချုပ်နှောင်ထားလို့
မရပါဘူး။
တကယ်တော့
ဘုရားသခင်က ပြီးပြည့်စုံတဲ့သူတွေကို ဘယ်တော့မှ အသုံးမပြုပါဘူး။ ဘာကြောင့်လဲဆိုတော့
သခင်ယေရှုကလွှဲလို့ ဘယ်သူမှ မပြည့်စုံကြလို့ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို ဖတ်ရှုတဲ့အခါတွင်
မှားယွင်းမှုများ ကြားမှ ဘုရားသခင် အသုံးပြုသော လူမျိုးမျိုးသော တို့ကို တွေ့မြင်ရပါလိမ့်မည်။
ယာကုပ်သည် လူလိမ်ဖြစ်ခဲ့တယ်၊ ရာခပ်သည် ပြည့်တန်ဆာ ဖြစ်ခဲ့တယ်။ ယောနသည် ကြောက်ရွံ့တွန့်ဆုတ်သူ
ဖြစ်ခဲ့တယ်။ မာသ က အလွန်စိုးရိမ်တတ်တဲ့ သူဖြစ်တယ်။ ရှမာရိ အမျိုးသမီးသည် အိမ်ထောင်များစွာ
ပြတ်စဲခဲ့သူဖြစ်ခဲ့တယ်။ ပေတရုက စိတ်မြန်သူဖြစ်တယ်။ မောရှေ ၊ ဒါဝိလ် နှင့် ပေါလုတို့သည်လည်း
လူသတ်မှုတွင် အပြစ်ရှိခဲ့ကြပါတယ်။ လူတစ်ဦးချင်စီကို ထူးခြားသော နည်းလမ်းတို့ဖြင့် ဘုရားသခင်
အသုံးပြုနေစဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း
ဘယ်အရာကမှ သင့်အား ဘုရားသခင် အသုံးပြုခြင်းကနေ မတားဆီးနိုင်ပါဘူး။ ဘာကြောင့် လဲဆိုတော့
ဘုရားသခင်၏ ကြီးမားတဲ့ ဂရုဏာတော်ကြောင့် သင့်အသက်တာအတွက် ဘုရားသခင်၏ အကြံအစည် တော်အတိုင်း
အကောင်အထည် ဖော်နိုင်ပါတယ်။
ဆင်ခြင်ရန်
-
သင်၏ အလုပ်ကို သာသနာထမ်းရွက်ခြင်းတစ်ခုကဲ့သို့ ချဉ်းကပ်လျှင် မည်ကဲ့သို့သော ပုံစံ
ဖြစ်မည်နည်း။
-
သင့်၏ ထိုက်တန်မှုနှင့်တန်ဖိုးကို သင်မည်ကဲ့သို့
ဆုံးဖြတ်ခွင့်ပြုသနည်း။
-
ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကို မလိုက်နာဘဲ သင့်ကိုတားဆီးနေတဲ့
အတိတ်ကအပြစ် ဒါမှမဟုတ် အမှားတစ်ခုရှိပါသလား။ အဲဒီအကြောင်းကို ဘုရားသခင်နဲ့
စကားပြောဖို့ အချိန်ယူပါ။
----------------------------------------------------------------------------------
Zawgyi Version
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄း၁ “ထို့ကြောင့်ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
ဆင်ခြင်ရန်