Unicode Version
မည်ကဲ့သို့ ကြားပြောရမည်ကို သင့်အား ဘုရားသခင် ပြောပါလိမ့်မည်။
တိမောသေဩဝါဒစာ ဒုတိယစောင် ၁း၇-၈ “အကြောင်းမူကား၊
ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ
သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏။
ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့် အကျဉ်းခံရ သောသူ ဖြစ်သော
ငါကို ၎င်း ရှက်ကြောက်ခြင်းမရှိနှင့်။”
သင်၏
ယုံကြည်ခြင်းကို ဝေမျှလိုက်တဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှု ဖြစ်စေနိုင်တယ်ဆိုတဲ့
အကြောင်းရင်း တစ်ချို့ကို ပြီးခဲ့တဲ့ ရက်တွေက ကျွန်ုပ်တို့ လေ့လာခဲ့ပြီဖြစ်ပါတယ်။ သတိထားရှိပါ..
အားလုံးသောအဖြေတွေကို သင်သိဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှု ပြုထားလို့
ဖြစ်ပါတယ်။ ပြီးတော့ ကောင်းသော နားထောင်တတ်သူတစ်ဦးဖြစ်စေဖို့ရန် သင်လေ့လာဖို့ လိုပါတယ်။
သို့မှသာ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား၏ သော့ချက်ကို သင်ရှာဖွေနိုင်မည်ဖြစ်ပြီး သူတို့အား
သခင်ယေရှုထံ ခေါ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အောက်ပါ
အကြောင့်အရာ တစ်ချို့မှာ သင်သိရှိထားဖို့ လိုအပ်သော အရာဖြစ်ပါတယ်။ သခင်ယေရှု၌ရှိသော
သင်၏ ယုံကြည်ခြင်းကို ဝေမျှလိုက်တဲ့အခါမှာ သင်တစ်ဦးတည်း ဖြစ်မနေပါဘူး။ ဘုရားသခင် သင်နှင့်
အတူရှိပါတယ်။ ဘုရား၏ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သင်စကားပြောနေချိန်တွင် ထိုသူ၏
စိတ်နှလုံးသားတွင် အလုပ်လုပ်နေပါတယ်။
သမ္မာကျမ်းစာတွင်
ဆိုထားသည်မှာ “အကြောင်းမူကား၊
ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား
ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို
ပေးတော်မူ၏။ ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊
ထိုသခင်ကြောင့်အကျဉ်းခံရသောသူ ဖြစ်သော ငါကို ၎င်း ရှက်ကြောက်ခြင်းမရှိနှင့်။” တိမောသေဩဝါဒစာ ဒုတိယစောင်
၁း၇-၈
သန့်ရှင်းသော
ဝိညာဉ်တော်၏ တန်ခိုး နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် သင်၌ ရှိခြင်းကို သင် သဘောပေါက်
တဲ့အခါတွင် ဘုရားသခင်၏ အကြောင်းကို တခြားသူတို့အား ပြောပြဖို့ရန် သင်ဘယ်တော့မှ ကြောက်ရွံ့နေမှာ
မဟုတ်ပါ။ ၎င်းသည် သင့်အား များစွာသော စိတ်ချယုံကြည်ခြင်းကို သင့်အား ပေးတာ ဖြစ်ပါတယ်။
သင်၏
ယုံကြည်ခြင်းကို ဝေမျှဖို့ရန် အကူအညီဖြစ်စေမည့် နောက်ထပ်တစ်ခုသော ကျမ်းပိုဒ်မှာ ရှင်လုကာ ခရစ်ဝင်ကျမ်း ၂၁း၁၃-၁၅ “ထိုသို့သောအားဖြင့်
သင်တို့သည် သက်သေခံရသောအခွင့်ရှိကြလိမ့်မည်။ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက
မဆင်ခြင်ခြင်းငှါ သတိထား ကြလော့။ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည်
မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။”
ကြိုတင်မျှော်လင့်ထားသော
အကြောက်တရားကို ရရှိခြင်းက သာမန်ဖြစ်ပါတယ်။ “ရုံးမှာရှိတဲ့ တစ်ယောက် ၊ ဘောလုံးကွင်းမှာ
တွေ့တဲ့ တစ်ယောက် ၊ (သို့) အိမ်နီးချင်းတစ်ဦးကို ကျွန်ုပ် ဘာပြောရမလဲ မသိပါ။ သို့ပေမဲ့
“သင်လိုအပ်တဲ့အချိန်တွင် မည်ကဲ့သို့ ပြောဆိုရမည်ကို သင့်အား
ပြောပါမည်”ဟု ဘုရားသခင်က သင့်အား ဆိုပါသည်။
အံ့ဩစရာ
ကောင်းလိုက်တဲ့ ကတိတော် ဖြစ်ပါတယ်။ ဧဝံဂေလိတရားကို ဝေမျှဖို့ရန် အဆင့်သင့် မဖြစ်ဘူးလို့
သင်ခံစားရနိုင်ပေမဲ့ အမှန်မှာ သင်၌ ဘုရားသခင်၏ မျက်မှောက်တော်နှင့် တန်ခိုးတော်၌ သင်လိုအပ်သော
အရာအားလုံး ရှိနေပါသည်။
ဆင်ခြင်ရန်
-
တစ်စုံတစ်ယောက်နှင့် ဘုရားသခင်၏ မေတ္တာတော်ကို သင်ဝေမျှနေချိန် သင်၏ အထဲ၌ ဘုရားသခင်၏
တန်ခိုးတော် ခံစားခဲ့ရတဲ့အချိန်ကို ဖော်ပြပါ။
-
တစ်စုံတစ်ယောက်က သူ၏ ယုံကြည်ခြင်းကို ဝေမျှဖို့ရန် ကြောက်ရွံ့သူ တစ်ဦး မဟုတ်ကြောင်းကို
သင်၏ အသက်တာထဲတွင် မြင်ရပါသနည်း။
-
သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ တည်ရှိခြင်းကို အစဉ်မပြတ်သင် သတိမူမိမယ်ဆိုလျှင် နောက်သတင်း
တစ်ပတ်တွင် မည်သို့ ထူးခြားမည်နည်း။
---------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်