God Wants You to Be Real

 Unicode Version

သင့်အား စစ်မှန်သူ ဖြစ်ဖို့ရန် ဘုရားသခင် အလိုတော်ရှိသည်။

ဧဖက်ဩဝါဒစာ ၂း၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

ဘုရားသခင်က သင့်အား တခြားသူတစ်ဦးဖြစ်အောင် ဖန်ဆင်းထားတာ မဟုတ်ပါ။ သင်ကောင်းကင်ဘုံ ရောက်တဲ့အခါ သင့်အား “အစ်မ (သို့) ဖခင် (သို့) အိမ်နီးချင်း နှင့်ပိုပြီးတူတာ ဘာကြောင့်လဲဆိုပြီး မေးမှာ မဟုတ်ပါဘူး။ ဘုရားသခင်က သင့်ကို ပုံစံတစ်မျိုးဖြင့် ဖန်ဆင်းခဲ့ပြီး သင့်အား အစစ်အမှန် ဖြစ်စေချင်ပါသည်။

 

ဘုရားသခင်က သင့်အား သင်အဖြစ် အသုံးပြုချင်ပါတယ်။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။” ဧဖက်ဩဝါဒစာ ၂း၁၀

ပြသနာက လူတွေက သူတို့ မဟုတ်တဲ့ တစ်စုံတစ်ယောက်နှင့် တူဖို့ရန် ကြိုးစားကြပါတယ်။ တခြားသူတွေရဲ့ အသိအမှတ်ပြုခံရဖို့ရန် အသက်ရှင်ကြပါတယ်။ အကယ်၍ ထူးခြားစွာ ပြုမူပါက သူတို့ကို ဘုရားသခင် ပိုပြီး ချစ်လိမ့်မည်ဟု သူတို့ထင်မြင်ကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင်၏ ပြုမူဆောင်ရွက်မှု ပေါ်မှာ မတည်ပါဘူး။ သင်ဘာကိုဘဲ လုပ်လုပ် ဘုရားသခင် သင့်အား ချစ်ပါတယ်။

 

လူတွေကို အသုံးပြုဖို့ တားဆီးတတ်တဲ့ အတားအဆီးတစ်ခုက အစစ်အမှန်ဖြစ်ဖို့ ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။ သင်ရဲ့ပုံစံအမှန်ကို လူတွေသိခဲ့ရင် သင့်ကို နှစ်သက်မှာ မဟုတ်တော့ဘူးဆိုပြီး သင်ကြောက်တယ်။ ဒါကြောင့် မလုံခြုံတဲ့ အသက်တာမှာ အသက်ရှင်ပါတယ်။ သို့ပေမဲ့ သမ္မာကျမ်းစာက ဆိုထားသည်မှာ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။” ရောမဩဝါဒစာ ၈း၁၅

 

မလုံခြုံခြင်းအတွက် ဖြေဆေးက သင့်အထဲ၌ အလုပ်လုပ်နေသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပါတယ်။ သင်၏ အမှားတွေနဲ့ အားနည်းချက်တွေကြားက အသက်တာကို ဘုရားသင်၏ သားသမီးအဖြစ် နေထိုင်တဲ့အခါမှာ ဘုရားသခင် ဖြစ်စေလိုသည်အတိုင်းဖြစ်ဖို့ လွှတ်မြောက်သောသူ ဖြစ်လာပါမည်။

သင်၏ မပြည့်စုံမှုတွေက အမှန်တကယ်တော့ ကောင်းတဲ့အရာ တစ်ခု ဖြစ်တယ်ဆိုတာကို သင်သိပါသလား။ လူတွေက အားကြီးမှုကနေ ကြီးထွားလာတာမဟုတ်ပါဘူး။ အားနည်းခြင်းကနေ ကြီးထွားလာကြတာပါ။ ကမ္ဘာလောကကြီးဆီ သင်၏ အားကြီးမှု (သို့) အစွမ်းအစတွေကိုသာ ဖော်ပြတဲ့အခါ တခြားသူတွေကို သင်နှင့် နီးစပ်စေမည် မဟုတ်ပါ။ မနာလိုဖြစ်စေနိုင်သလို ဝေးကွားသွားစေနိုင်ပါတယ်။ သို့ပေမဲ့ သင်၏ အားနည်းချက်တို့ကို သင်လက်ခံလိုက်တဲ့အခါ ဖြစ်စေ ၊ တခြားသူတို့နှင့် သင်အစစ်အမှန် ရှိတဲ့အခါ ဖြစ်စေ လူတွေကို သင်၏ အနားသို့ နီးစပ်လာစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် သင်၌ ဆုံးဖြတ်မှု တစ်ခု ပြုဖို့ ရှိပါတယ်။ သင် စစ်မှန်ဖို့ အဆင်သင့်ဘဲလား။ အကြောက်တရားနှင့် ချည်နှောင်ပြီး ကျွန်ခံနိုင်တယ်။ (သို့) သင့်ကိုယ်သင် အစစ်အမှန် ဖြစ်စေနိုင်ပြီး ဘုရားသခင် သင့်အတွက် အရင်ကတည်းက ပြင်ဆင်ပေးခဲ့တဲ့ ကောင်းမွန်သော အရာတို့ကို ပျော်ရွှင်ခံစားနိုင်မည် ဖြစ်သည်။

 

ဆင်ခြင်ရန်

- မည်ကဲ့သို့သော အချိန်တွင် သင်မဟုတ်တဲ့ တစ်စုံတစ်ယောက် ဖြစ်ဖို့ရန် သွေးဆောင်ခံရပါသနည်း။

- ယခုအချိန်တွင် မည်သို့သော မလုံခြုံမှုအဆင့်တွင် သင်နေထိုင်အသက်ရှင်ပါသနည်း။ သင်သည် ဘုရားသခင်၏ သားသမီးတစ်ဦးဖြစ်ကြောင်း သတိပေးချက်က သင့်အား စစ်မှန်စွာ နေထိုင်ရန် မည်သို့ ကူညီပေးသနည်း။

- တစ်စုံတစ်ယောက်သည် ၎င်းတို့၏ အားနည်းချက်များကို သင့်အား နောက်ဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်မှာ မည်သည့် အချိန်ဖြစ်သနည်း။ သူတို့အပေါ် သင်မည်ကဲ့သို့ ခံစားရပါသနည်း။ သင်၏ အားနည်းချက်တွေကို တစ်စုံတစ်ယောက်နှင့် ရိုးသားစွာ ဆက်ဆံတဲ့အခါ မည်ကဲ့သို့သော ရလဒ်တွေ ရလာပါသနည်း။

------------------------------------------------------------------------------------------------------

Zawgyi Version

သင့္အား စစ္မွန္သူ ျဖစ္ဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိသည္။

ဧဖက္ဩဝါဒစာ ၂း၁၀ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္ အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”


ဘုရားသခင္က သင့္အား တျခားသူတစ္ဦးျဖစ္ေအာင္ ဖန္ဆင္းထားတာ မဟုတ္ပါ။ သင္ေကာင္းကင္ဘုံ ေရာက္တဲ့အခါ သင့္အား “အစ္မ (သို႔) ဖခင္ (သို႔) အိမ္နီးခ်င္း ႏွင့္ပိုၿပီးတူတာ ဘာေၾကာင့္လဲဆိုၿပီး ေမးမွာ မဟုတ္ပါဘူး။ ဘုရားသခင္က သင့္ကို ပုံစံတစ္မ်ိဳးျဖင့္ ဖန္ဆင္းခဲ့ၿပီး သင့္အား အစစ္အမွန္ ျဖစ္ေစခ်င္ပါသည္။ 


ဘုရားသခင္က သင့္အား သင္အျဖစ္ အသုံးျပဳခ်င္ပါတယ္။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္ အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။” ဧဖက္ဩဝါဒစာ ၂း၁၀

ျပသနာက လူေတြက သူတို႔ မဟုတ္တဲ့ တစ္စုံတစ္ေယာက္ႏွင့္ တူဖို႔ရန္ ႀကိဳးစားၾကပါတယ္။ တျခားသူေတြရဲ႕ အသိအမွတ္ျပဳခံရဖို႔ရန္ အသက္ရွင္ၾကပါတယ္။ အကယ္၍ ထူးျခားစြာ ျပဳမူပါက သူတို႔ကို ဘုရားသခင္ ပိုၿပီး ခ်စ္လိမ့္မည္ဟု သူတို႔ထင္ျမင္ၾကပါတယ္။ သို႔ေပမဲ့ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာက သင္၏ ျပဳမူေဆာင္႐ြက္မႈ ေပၚမွာ မတည္ပါဘူး။ သင္ဘာကိုဘဲ လုပ္လုပ္ ဘုရားသခင္ သင့္အား ခ်စ္ပါတယ္။


လူေတြကို အသုံးျပဳဖို႔ တားဆီးတတ္တဲ့ အတားအဆီးတစ္ခုက အစစ္အမွန္ျဖစ္ဖို႔ ေၾကာက္႐ြံ႕ျခင္း ျဖစ္ပါတယ္။ သင္ရဲ႕ပုံစံအမွန္ကို လူေတြသိခဲ့ရင္ သင့္ကို ႏွစ္သက္မွာ မဟုတ္ေတာ့ဘူးဆိုၿပီး သင္ေၾကာက္တယ္။ ဒါေၾကာင့္ မလုံၿခဳံတဲ့ အသက္တာမွာ အသက္ရွင္ပါတယ္။ သို႔ေပမဲ့ သမၼာက်မ္းစာက ဆိုထားသည္မွာ “အေၾကာင္းမူကား၊ သင္တို႔သည္ တဖန္ေၾကာက္ ႐ြံ႕တတ္ေသာ ကြၽန္၏သေဘာကို ရၾကသည္မဟုတ္။ အဗၺအဘဟုေခၚရေသာအခြင့္ႏွင့္ သားျဖစ္ျခင္း၏ သေဘာကိုရၾကၿပီ။” ေရာမဩဝါဒစာ ၈း၁၅


မလုံၿခဳံျခင္းအတြက္ ေျဖေဆးက သင့္အထဲ၌ အလုပ္လုပ္ေနေသာ ဘုရားသခင္၏ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ ျဖစ္ပါတယ္။ သင္၏ အမွားေတြနဲ႔ အားနည္းခ်က္ေတြၾကားက အသက္တာကို ဘုရားသင္၏ သားသမီးအျဖစ္ ေနထိုင္တဲ့အခါမွာ ဘုရားသခင္ ျဖစ္ေစလိုသည္အတိုင္းျဖစ္ဖို႔ လႊတ္ေျမာက္ေသာသူ ျဖစ္လာပါမည္။

သင္၏ မျပည့္စုံမႈေတြက အမွန္တကယ္ေတာ့ ေကာင္းတဲ့အရာ တစ္ခု ျဖစ္တယ္ဆိုတာကို သင္သိပါသလား။ လူေတြက အားႀကီးမႈကေန ႀကီးထြားလာတာမဟုတ္ပါဘူး။ အားနည္းျခင္းကေန ႀကီးထြားလာၾကတာပါ။ ကမာၻေလာကႀကီးဆီ သင္၏ အားႀကီးမႈ (သို႔) အစြမ္းအစေတြကိုသာ ေဖာ္ျပတဲ့အခါ တျခားသူေတြကို သင္ႏွင့္ နီးစပ္ေစမည္ မဟုတ္ပါ။ မနာလိုျဖစ္ေစႏိုင္သလို ေဝးကြားသြားေစႏိုင္ပါတယ္။ သို႔ေပမဲ့ သင္၏ အားနည္းခ်က္တို႔ကို သင္လက္ခံလိုက္တဲ့အခါ ျဖစ္ေစ ၊ တျခားသူတို႔ႏွင့္ သင္အစစ္အမွန္ ရွိတဲ့အခါ ျဖစ္ေစ လူေတြကို သင္၏ အနားသို႔ နီးစပ္လာေစမွာ ျဖစ္ပါတယ္။ 

ဒါေၾကာင့္ သင္၌ ဆုံးျဖတ္မႈ တစ္ခု ျပဳဖို႔ ရွိပါတယ္။ သင္ စစ္မွန္ဖို႔ အဆင္သင့္ဘဲလား။ အေၾကာက္တရားႏွင့္ ခ်ည္ေႏွာင္ၿပီး ကြၽန္ခံႏိုင္တယ္။ (သို႔) သင့္ကိုယ္သင္ အစစ္အမွန္ ျဖစ္ေစႏိုင္ၿပီး ဘုရားသခင္ သင့္အတြက္ အရင္ကတည္းက ျပင္ဆင္ေပးခဲ့တဲ့ ေကာင္းမြန္ေသာ အရာတို႔ကို ေပ်ာ္႐ႊင္ခံစားႏိုင္မည္ ျဖစ္သည္။


ဆင္ျခင္ရန္

- မည္ကဲ့သို႔ေသာ အခ်ိန္တြင္ သင္မဟုတ္တဲ့ တစ္စုံတစ္ေယာက္ ျဖစ္ဖို႔ရန္ ေသြးေဆာင္ခံရပါသနည္း။

- ယခုအခ်ိန္တြင္ မည္သို႔ေသာ မလုံၿခဳံမႈအဆင့္တြင္ သင္ေနထိုင္အသက္ရွင္ပါသနည္း။ သင္သည္ ဘုရားသခင္၏ သားသမီးတစ္ဦးျဖစ္ေၾကာင္း သတိေပးခ်က္က သင့္အား စစ္မွန္စြာ ေနထိုင္ရန္ မည္သို႔ ကူညီေပးသနည္း။

- တစ္စုံတစ္ေယာက္သည္ ၎တို႔၏ အားနည္းခ်က္မ်ားကို သင့္အား ေနာက္ဆုံးအႀကိမ္ ထုတ္ေဖာ္ျပသခဲ့သည္မွာ မည္သည့္ အခ်ိန္ျဖစ္သနည္း။ သူတို႔အေပၚ သင္မည္ကဲ့သို႔ ခံစားရပါသနည္း။ သင္၏ အားနည္းခ်က္ေတြကို တစ္စုံတစ္ေယာက္ႏွင့္ ႐ိုးသားစြာ ဆက္ဆံတဲ့အခါ မည္ကဲ့သို႔ေသာ ရလဒ္ေတြ ရလာပါသနည္း။