Unicode Version
ဘုရားသခင် ညွှန်ကြားပြီး ကာကွယ်ပေးပါတယ်။
ဟေရှာယအနာဂတ္တိကျမ်း ၅၃း၆ “ငါတို့ရှိသမျှသည်
သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊
ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။”
သို့ပေမဲ့ လူတော်တော်များများ ဝိညာဉ်ရေးရာ၌
ဆုံးရှုံးနေပါတယ်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အကြံအစည်ထက် မိမိတို့၏ အသက်တာကို ကိုယ့်အစီအစဉ်အတိုင်း
လိုက်လျောက်နေကြပါတယ်။ သူတို့၏ လမ်းညွှန်မှု နှင့် ကာကွယ်မှုတို့ ပျောက်ဆုံးနေပါတယ်။
ပျောက်သောသိုး အကြောင်းနှင့်ပတ်သက်ပြီး
ရှင်လုကာခရစ်ဝင်ကျမ်း ၁၅း၂-၆ တွင် ဖတ်ရှုနိုင်ပါတယ်။ သိုးကျောင်းသားသည် သိုး ၉၉ ကောင်ကိုထားခဲ့ပြီး
ပျောက်သောသိုးတစ်ကောင်းအတွက် ရှာဖွေဖို့ရန် ထွက်ခွါတဲ့ အကြောင်းဖြစ်ပါတယ်။ “ငါ့မှာ
သိုး၉၉ ကောင်ရှိနေပြီဖြစ်လို့ ပျောက်တဲ့ တစ်ကောင်ကို မေ့လိုက်တယ် လို့ မပြောပါဘူး။
ဤသိုးအားလုံးတို့က သူ့အတွက် အရေးကြီးပါတယ်။ ပျောက်သောသိုးတစ်ကောင်ကို ရှာတွေ့တဲ့အခါ
မှာတော့ “တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊” ရှင်လုကာခရစ်ဝင်
ကျမ်း ၁၅း၅ အောင်ပွဲခံဖို့ရန် အိမ်ပြန်ပါတယ်။
သိုးများကဲ့သို့ပင် လူတို့တွင် ဝိညာဉ်ရေးရာ
ပျောက်ဆုံးမှုသည် မိမိတို့ လမ်းညွှန်မှုကို ပျောက်ဆုံးခြင်းဖြစ်ပါတယ်။ တကယ်တော့
လူတိုင်း၏ ဤနည်းလမ်းအတိုင်း ဖြစ်ကြပါတယ်။ ပျောက်ဆုံးဖို့ သင်မမျှော်လင့်ပါဘူး။ “ဟိုမှာရှိတဲ့
မြက်ပင်က ပိုစိမ်းနေသလိုဘဲ” လို့သင်တွေးထင်လိုက်ရုံနဲ့ မကြာမှီတွင် သင်၏အကြံအစည်အတိုင်း
သင်လုပ်ဆောင်
လိုက်တယ်။ အဲဒီနောက်တွင် သင်၏ ဦးတည်ရာကို
သင်ပျောက်ဆုံးသွားပါသည်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ငါတို့ရှိသမျှသည်
သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊
ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ဟေရှာယအနာဂတ္တိကျမ်း
၅၃း၆
ဝိညာဉ်ရေးရာ ဆုံးရှုံးသူတို့တွင် နောက်တစ်မျိုးဆုံးရှုံးခြင်းအရာက
ဘုရားသခင်၏ ကာကွယ်ခြင်း ဖြစ်ပါတယ်။ သိုးထိန်းဆီမှ လမ်းလွှဲသွားသော သိုးကဲ့သို့
သင်သည်လည်း ဝံပုလွေကဲ့သို့သော အသက်တာမှ ကာကွယ်ပေးသော သိုးထိန်း သင်၌မရှိတဲ့အချိန်သည်
သင်အားနည်းပါတယ်။ ဒါကြောင့် ကောင်းသော သိုးထိန်းဖြစ်တဲ့ သခင်ယေရှု နောက်သို့
သင်လိုက်ဖို့ လိုအပ်ပါတယ်။ သို့မဟုတ်လျှင်
သင်သည် တစ်ဦးတည်းဖြစ်ပြီး ခုခံနိုင်စွမ်းမရှိ ၊ ဘုရားသခင်၏ ကာကွယ်ခြင်းကို သင်ဆုံးရှုံးပါသည်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ထိုကြောင့်၊ သိုးစုကဲ့သို့ လည် သွား၍
သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။” ဇာခရိအနာဂတ္တိကျမ်း ၁ဝး၂
သို့ပေမဲ့ ကောင်းသော သိုးထိုး၏
ဂရုစိုက်မှုအောက်တွင် သင့်ကိုယ်သင် ထားရှိတဲ့အခါမှာ လမ်းညွှန်မှုနှင့် ကာကွယ်မှုကို
သင်ရရှိပါမည်။ ၎င်းသည် ပြသနာများမှ သင်လွှတ်မြောက်မည်ဟု မဆိုလိုပါ။ သို့ပေမဲ့
ဘုရားသခင် လုပ်ဆောင်ပါလိမ့်မည်။ “ဘုရားသခင်ကို
ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူ သောသူတို့၏ အကျိုးကို
ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။” ရောမဩဝါဒစာ
၈း၂၈
သင် (သို့) သင်သိသော သူတစ်ဦးဦးသည်
ဘုရားသခင်၏ လမ်းညွှန်မှု နှင့် ကာကွယ်မှုတို့ ကင်းမဲ့နေပါလို ဖြစ်ကောင်းဖြစ်မည်။ သတိရပါ
- သခင်ယေရှုသည် လူတိုင်းကို အလွန်တန်ဖိုးထားပြီး “လူအပေါင်းတို့အား
ကယ်တင်ခြင်းသို့ ရောက်စေလိုသော ဆန္ဒဪ ရှိသော သိုးထိန်းကောင်းတစ်ဦးဖြစ်ပါတယ်။
ဆင်ခြင်ရန်
- သင်သည် ဘုရားသခင်အတွက်
အရေးကြီးကြောင်း မည်သည့်အချိန်က စတင်နားလည်သနည်း။ ဤအရာကို သိရှိနားလည်ရန်
အဘယ်အခြေအနေ သို့မဟုတ် ပုဂ္ဂိုလ်က ကူညီပေးသနည်း။
• မည်ကဲ့သို့သော နေ့စဉ်အလေ့အကျင့်များက
သင့်ကို သိုးထိန်းကောင်း ယေရှုနှင့် နီးကပ်စေသနည်း။ မည်သည့်အလေ့အထက သင်သူ့ဆီကနေ လျှောက်လှမ်းဖို့
ပိုဖြစ်နိုင်သနည်း။
• သင့်အသက်တာတွင် မည်သူသည်
ဘုရားသခင်၏လမ်းညွှန်မှုနှင့် ကာကွယ်မှုမရရှိပုံပေါ်သနည်း။ သူ့အတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ
ပြောပြဖို့ အစီအစဉ်ဆွဲလိုက်ပါ။
-------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင္ ၫႊန္ၾကားၿပီး ကာကြယ္ေပးပါတယ္။
ေဟရွာယအနာဂတၱိက်မ္း ၅၃း၆ “ငါတို႔ရွိသမွ်သည္ သိုးကဲ့သို႔ လမ္းလြဲလ်က္၊ ကိုယ္လမ္းသို႔အသီးအသီး လိုက္သြားၾကသည္ျဖစ္၍၊ ထာဝရဘုရားသည္ ခပ္သိမ္းေသာ ငါတို႔၏အျပစ္မ်ားကို သူ႔အေပၚ၌ တင္ေတာ္မူ၏။”
လူတိုင္းကို တန္ဖိုးရွိတယ္ ၊ ရွာေဖြဖို႔ရန္ ထိုက္တန္တယ္လို႔ ဘုရားသခင္ ျမင္ေတာ္မူသည္အတိုင္း ရွာေဖြေနပါတယ္။ ကယ္တင္ေပးေနပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ လူအေပါင္းတို႔သည္ ကယ္တင္ျခင္းသို႔ေရာက္၍ သမၼာတရားကို သိေစျခင္းငွါ၊ ဘုရားသခင္အလိုေတာ္ ရွိ၏။” တိေမာေသဩဝါဒစာ ပဌမေစာင္ ၂း၄
သို႔ေပမဲ့ လူေတာ္ေတာ္မ်ားမ်ား ဝိညာဥ္ေရးရာ၌ ဆုံးရႈံးေနပါတယ္။ ဆိုလိုသည္မွာ ဘုရားသခင္၏ အႀကံအစည္ထက္ မိမိတို႔၏ အသက္တာကို ကိုယ့္အစီအစဥ္အတိုင္း လိုက္ေလ်ာက္ေနၾကပါတယ္။ သူတို႔၏ လမ္းၫႊန္မႈ ႏွင့္ ကာကြယ္မႈတို႔ ေပ်ာက္ဆုံးေနပါတယ္။
ေပ်ာက္ေသာသိုး အေၾကာင္းႏွင့္ပတ္သက္ၿပီး ရွင္လုကာခရစ္ဝင္က်မ္း ၁၅း၂-၆ တြင္ ဖတ္ရႈႏိုင္ပါတယ္။ သိုးေက်ာင္းသားသည္ သိုး ၉၉ ေကာင္ကိုထားခဲ့ၿပီး ေပ်ာက္ေသာသိုးတစ္ေကာင္းအတြက္ ရွာေဖြဖို႔ရန္ ထြက္ခြါတဲ့ အေၾကာင္းျဖစ္ပါတယ္။ “ငါ့မွာ သိုး၉၉ ေကာင္ရွိေနၿပီျဖစ္လို႔ ေပ်ာက္တဲ့ တစ္ေကာင္ကို ေမ့လိုက္တယ္ လို႔ မေျပာပါဘူး။ ဤသိုးအားလုံးတို႔က သူ႔အတြက္ အေရးႀကီးပါတယ္။ ေပ်ာက္ေသာသိုးတစ္ေကာင္ကို ရွာေတြ႕တဲ့အခါ မွာေတာ့ “ေတြ႕ၿပီးလွ်င္ ဝမ္းေျမာက္ေသာ စိတ္ႏွင့္ ပခုံးေပၚမွာ တင္ထမ္း၍၊” ရွင္လုကာခရစ္ဝင္ က်မ္း ၁၅း၅ ေအာင္ပြဲခံဖို႔ရန္ အိမ္ျပန္ပါတယ္။
သိုးမ်ားကဲ့သို႔ပင္ လူတို႔တြင္ ဝိညာဥ္ေရးရာ ေပ်ာက္ဆုံးမႈသည္ မိမိတို႔ လမ္းၫႊန္မႈကို ေပ်ာက္ဆုံးျခင္းျဖစ္ပါတယ္။ တကယ္ေတာ့ လူတိုင္း၏ ဤနည္းလမ္းအတိုင္း ျဖစ္ၾကပါတယ္။ ေပ်ာက္ဆုံးဖို႔ သင္မေမွ်ာ္လင့္ပါဘူး။ “ဟိုမွာရွိတဲ့ ျမက္ပင္က ပိုစိမ္းေနသလိုဘဲ” လို႔သင္ေတြးထင္လိုက္႐ုံနဲ႔ မၾကာမွီတြင္ သင္၏အႀကံအစည္အတိုင္း သင္လုပ္ေဆာင္
လိုက္တယ္။ အဲဒီေနာက္တြင္ သင္၏ ဦးတည္ရာကို သင္ေပ်ာက္ဆုံးသြားပါသည္။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ငါတို႔ရွိသမွ်သည္ သိုးကဲ့သို႔ လမ္းလြဲလ်က္၊ ကိုယ္လမ္းသို႔အသီးအသီး လိုက္သြားၾကသည္ျဖစ္၍၊ ထာဝရဘုရားသည္ ခပ္သိမ္းေသာ ငါတို႔၏အျပစ္မ်ားကို သူ႔အေပၚ၌ တင္ေတာ္မူ၏။” ေဟရွာယအနာဂတၱိက်မ္း ၅၃း၆
ဝိညာဥ္ေရးရာ ဆုံးရႈံးသူတို႔တြင္ ေနာက္တစ္မ်ိဳးဆုံးရႈံးျခင္းအရာက ဘုရားသခင္၏ ကာကြယ္ျခင္း ျဖစ္ပါတယ္။ သိုးထိန္းဆီမွ လမ္းလႊဲသြားေသာ သိုးကဲ့သို႔ သင္သည္လည္း ဝံပုေလြကဲ့သို႔ေသာ အသက္တာမွ ကာကြယ္ေပးေသာ သိုးထိန္း သင္၌မရွိတဲ့အခ်ိန္သည္ သင္အားနည္းပါတယ္။ ဒါေၾကာင့္ ေကာင္းေသာ သိုးထိန္းျဖစ္တဲ့ သခင္ေယရႈ ေနာက္သို႔ သင္လိုက္ဖို႔ လိုအပ္ပါတယ္။ သို႔မဟုတ္လွ်င္ သင္သည္ တစ္ဦးတည္းျဖစ္ၿပီး ခုခံႏိုင္စြမ္းမရွိ ၊ ဘုရားသခင္၏ ကာကြယ္ျခင္းကို သင္ဆုံးရႈံးပါသည္။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ထိုေၾကာင့္၊ သိုးစုကဲ့သို႔ လည္ သြား၍ သိုးထိန္းမရွိေသာေၾကာင့္ ဆင္းရဲခံရၾက၏။” ဇာခရိအနာဂတၱိက်မ္း ၁ဝး၂
သို႔ေပမဲ့ ေကာင္းေသာ သိုးထိုး၏ ဂ႐ုစိုက္မႈေအာက္တြင္ သင့္ကိုယ္သင္ ထားရွိတဲ့အခါမွာ လမ္းၫႊန္မႈႏွင့္ ကာကြယ္မႈကို သင္ရရွိပါမည္။ ၎သည္ ျပသနာမ်ားမွ သင္လႊတ္ေျမာက္မည္ဟု မဆိုလိုပါ။ သို႔ေပမဲ့ ဘုရားသခင္ လုပ္ေဆာင္ပါလိမ့္မည္။ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူ ေသာသူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။” ေရာမဩဝါဒစာ ၈း၂၈
သင္ (သို႔) သင္သိေသာ သူတစ္ဦးဦးသည္ ဘုရားသခင္၏ လမ္းၫႊန္မႈ ႏွင့္ ကာကြယ္မႈတို႔ ကင္းမဲ့ေနပါလို ျဖစ္ေကာင္းျဖစ္မည္။ သတိရပါ - သခင္ေယရႈသည္ လူတိုင္းကို အလြန္တန္ဖိုးထားၿပီး “လူအေပါင္းတို႔အား ကယ္တင္ျခင္းသို႔ ေရာက္ေစလိုေသာ ဆႏၵဪ ရွိေသာ သိုးထိန္းေကာင္းတစ္ဦးျဖစ္ပါတယ္။
ဆင္ျခင္ရန္
- သင္သည္ ဘုရားသခင္အတြက္ အေရးႀကီးေၾကာင္း မည္သည့္အခ်ိန္က စတင္နားလည္သနည္း။ ဤအရာကို သိရွိနားလည္ရန္ အဘယ္အေျခအေန သို႔မဟုတ္ ပုဂၢိဳလ္က ကူညီေပးသနည္း။
• မည္ကဲ့သို႔ေသာ ေန႔စဥ္အေလ့အက်င့္မ်ားက သင့္ကို သိုးထိန္းေကာင္း ေယရႈႏွင့္ နီးကပ္ေစသနည္း။ မည္သည့္အေလ့အထက သင္သူ႔ဆီကေန ေလွ်ာက္လွမ္းဖို႔ ပိုျဖစ္ႏိုင္သနည္း။
• သင့္အသက္တာတြင္ မည္သူသည္ ဘုရားသခင္၏လမ္းၫႊန္မႈႏွင့္ ကာကြယ္မႈမရရွိပုံေပၚသနည္း။ သူ႔အတြက္ ဘယ္ေလာက္တန္ဖိုးရွိလဲဆိုတာ ေျပာျပဖို႔ အစီအစဥ္ဆြဲလိုက္ပါ။