Five Reasons to Serve God
 Unicode Version
ဘုရားသခင်အား အစေခံဖို့ရန် အကြောင်းရင်း (၅) မျိုး
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅း၄၀ “မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။
ဘုရားသခင်ကို မည်ကဲ့သို့ အစေခံမည်နည်း။ တခြားသူတို့ကို အစေခံခြင်းအားဖြင့်သာလျှင် ဖြစ်တယ်။
သခင်ယေရှုပြောတဲ့ သိုးနှင့်ဆိတ် ဥပမာ အကြောင်းတွင် မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။” ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅း၄၀
တစ်စုံတစ်ယောက်၏ အသက်တာကို တစ်နည်းနည်းဖြင့် ပိုမိုကောင်းမွန်စေအောင် လုပ်ဆောင်ခြင်းအမှုကို သင်ပြုနေခြင်းသည် ဘုရားသခင်ကို အစေခံနေခြင်း ဖြစ်ပါတယ်။
တစ်ချို့သော လူတွေမှာ ဖိအား (သို့) တာဝန်တစ်ရပ် (သို့) အပြစ်ကြောင့် အစေခံကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်က သင့်အပေါ် လုပ်ဆောင်ပေးခြင်းအတွက် ကျေးဇူးတော်ကြောင့်သာ အစေခံဖို့ရန် အလိုတော်ရှိ ပါတယ်။ ဘုရားသခင်သည် သင့်အား ဖန်ဆင်းခဲ့တယ် ၊ ကယ်တင်ခဲ့တယ်၊ ကောင်းကင်ဘုံသို့ သင့်အား ခေါ်ဆောင် နေပါတယ်။ ကျေးဇူးတရားသည် အစေခံဖို့ရန် အကောင်းဆုံးသော တွန်းအားပေးမှု တစ်ခု ဖြစ်ပါတယ်။
ဘုရားသခင်ကို အစေခံခြင်းအရာနှင့် ပတ်သက်ပြီး အရာ (၅) မျိုးကို သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။
(၁) အစေခံခြင်းသည် သင့်အသက်တာ ရည်ရွယ်ချက် တစ်ခု ဖြစ်ပါတယ်။
ရှင်မာကုခရစ်ဝင်ကျမ်း ၈း၃၅ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံး လိမ့်မည်။ အကြင် သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည်။” အစေခံခြင်းအကြောင်းကို သင်မလေ့လာသရွေ့ သင်ဖြစ်တည်နေရုံသာ အသက်ရှင်နေ တာဖြစ်ပြီး စစ်မှန်တဲ့ အသက်ရှင်ခြင်း၌ မရှိပါ။ ရရှိလာတဲ့ အရာတွေပေါ်မှာ သင်အသက်ရှင် နေပါတယ်။ သို့ပေမဲ့ သင်မျှဝေလိုက်တဲ့အရာတွေအားဖြင့် သင့်အသက်တာကို လုပ်ဆောင်နေပါတယ်။
(၂) အစေခံခြင်းအရာက သင့်အား သခင်ယေရှုနှင့် ပိုတူလာစေပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂ဝး၂၈ “သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွဋ် အမြတ်လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။” တခြားသူတို့ကို ဘယ်လို အစေခံရသလဲဆိုတာကို သင်မလေ့လာပါလျှင် သင်၌ ဝိညာဉ်ရေးရာ တိုးတက် ကြီးထွားမှု ဘယ်တော့မှ ရရှိလိမ့်မည် မဟုတ်ပါ။ တကယ်တမ်းမှာ သင့်အသက်တာတစ်ခုလုံး သူငယ်အရွယ် ဝိညာဉ်‌ရေးရာသာ ဖြစ်နေပါလိမ့်မည်။
(၃) အစေခံခြင်းသသည် သင်၏ အချိန်ကို အမြှင့်မားဆုံး အသုံးပြုနေခြင်း ဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၅း၅၈ “ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။” အရာထင်မှုတစ်ခုကို ပြုခြင်း နှင့် အမွေအနှစ်တစ်ခုကို ထားရစ်ခဲ့ချင်တယ်ဆိုလျှင် သင်၏ အချိန်ကို အမြှင့်ဆုံးသော အသုံးပြုမှုသည် တခြားသူ တို့အား အစေခံခြင်းအားဖြင့် ဘုရားသခင်ကို အစေခံခြင်း ဖြစ်စေခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ကို အစေခံခြင်း အရာက ဘယ်တော့မှ မလဟဿ မဖြစ်ပါ။
(၄) အစေခံခြင်းသည် ကြီးမြတ်ခြင်းအတွက် လျှို့ဝှက်ချက် ဖြစ်ပါတယ်။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂ဝး၂၆ “လောကီမင်းတို့သည်အစိုးတရပြုတတ်ကြ၏ အကဲအမှူးတို့သည် အာဏာထား တတ်ကြ၏။သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊ သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်” ။ စစ်မှန်သော ကြီးမြတ်ခြင်းက အစေခံခြင်းအရာကနေ လာပါတယ်။ သင့်အတွက် သင်အသက်ရှင်ခြင်းကနေ မလာပါဘူး။ အကြီးမြတ်ဆုံးသော ခေါင်းဆောင်သည် အများဆုံး အစေခံသောသူ ဖြစ်ကြပါတယ်။
(၅) အစေခံခြင်းအတွက် ကောင်းကင်ဘုံတွင် ဆုချခံရမည်။
ရှင်မာကုခရစ်ဝင်ကျမ်း ဝး၂၉-၃၀ တွင် သခင်ယေရှုဆိုထားသည်မှာ “ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရလတံ့။မူလအစအားဖြင့် သင်၏ တကယ့်အကြီးအကဲသည် သခင်ယေရှု ဖြစ်ပါတယ်။ သခင့်အတွက် သင်လုပ်ဆောင်ခဲ့သမျှအရာအားလုံးတို့အတွက် တစ်နေ့တွင် သင်ဆုချခံရပါမည်။ ၎င်းသည် အာမခံချက် ဖြစ်ပါတယ်။
ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်ပြီး သင်မည်မျှ စိတ်ပြင်းပြပါသနည်း။ သင်၏ စိတ်အားထက်သန်မှု အရာကို မြှင့်တင်ဖို့ အသုံးပြုမည်လား။ အစေခံခြင်းနှင့် ပတ်သက်ပြီး ထူးခြားစွာ တွေးမြင်ဖို့ရန် သင့်အား ဘုရားသခင် အလိုတော်ရှိပါတယ်။ ရောမဩဝါဒစာ ၁၂း၁၁ “မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲ ဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။
ဆင်ခြင်ရန်
- ယခုအခါတွင် မည်သို့သော အစေခံခြင်းမျိုး တစ်ခုကို သင်ပြုနေပါသနည်း။ ဤစွမ်းရည်ဖြင့် အစေခံဖို့ရန် သင့်အား မည်သည့်အရာက လှုံ့ဆော်မှုဖြစ်စေပါသနည်း။
- တစ်စုံတစ်ယောက်က သင့်ကို အစေခံတဲ့အခါမှာ သင်မည်ကဲ့သို့ ခံစားရပါသနည်း။
- တစ်ယောက်ယောက်ကို သင်က ကူညီတဲ့ခြင်းသည် တကယ်တော့ သခင်ယေရှုအတွက် လုပ်ဆောင်နေခြင်း ပင်ဖြစ်ပါတယ်။ သူတစ်ပါးတို့ကို အစေခံခြင်းပုံစံကို သိရှိခြင်းက မည်ကဲ့သို့အကျိုးသက်ရောက် ပါသနည်း။
---------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်