Don’t Waste Your Pain

 Unicode Version

သင်၏ နာကျင်မှုတို့ကို အလဟဿ မဖြစ်စေပါနှင့်။

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄း၁၅ “အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝ သောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း။


“These sufferings of ours are for your benefit. And the more of you who are won to Christ, the more there are to thank him for his great kindness, and the more the Lord is glorified.”

2 Corinthians 4:15 (TLB)

တမန်တော် ရှင်ပေါလုသည် သူ၏ အသက်တာ၌ ကြီးမားသော နာကျင်မှုကို ဖြတ်သန်းခဲ့ရခြင်းသည် ဘုရားသခင် သည် သူ့အား ကြီးမားသော နည်းလမ်းတို့ဖြင့် အသုံးပြုနိုင်ခဲ့လေသည်။ သင်္ဘောပျက် ခံခဲ့ရတယ် ၊ အရိုက်ခံ ၊ ဖမ်းဆီးခံခဲ့ရပါတယ်။ အစာရေစာ ပြတ်တောက်ခြင်း မအိပ်စက်ရခြင်းတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ရောမအင်ပါယာတစ်ခွင် ဘုရားသခင်၏ ဧဝံဂေလိတရား ပြန့်နှံ့ဖို့ရာ ဘုရားသခင် သူ့အား အသုံးပြုခဲ့ပါတယ်။ တကယ်တမ်းတွင် သင်က ရှင်ပေါလုကို “ဤနာကျင်မှုများစွာတို့ကို ဘယ်လောက်တောင် တောင့်ခံနိုင်ခဲ့သနည်း” လို့ သင်မေးချင်ခဲ့ပါလျှင် ပေါလုက “လူတွေကို သခင်ယေရှုထံ ခေါ်ဆောင်ချင်လို့ဖြစ်တယ်” လို့သင့်အား ပြန်ဖြေပါလိမ့်မည်။

 

ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄း၁၅ တွင် ရှင်ပေါလု ဆိုထားသည်မှာ “အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း။

ရှင်ပေါလု ကဲ့သို့ တူညီသော နည်းလမ်းတို့အတိုင်း သင်ဘယ်တော့မှ ခံစားနာကျင်ရမှာ မဟုတ်ပေမဲ့ အသက်တာမှာ တော့ နာကျင်မှုကို ဖြတ်သန်းသွားရပါလိမ့်မည်။ ဒါကြောင့်လည်း သင်၏ နာကျင်မှုတို့ကို အလဟဿ မဖြစ်စေဘဲ ကောင်းဖို့အတွက်အသုံးချမှု ဖြစ်စေပါ။

 

တကယ်တော့ တခြားသူတို့ကို ကူညီဖို့ရန် ဘုရားသခင် အသုံးပြုသော ဆင်းရဲဒုက္ခ (၃) မျိုးရှိပါတယ်။ ၎င်းတို့မှာ မိမိကိုယ်ကို စီရင်သော ဆင်းရဲဒုက္ခ ၊ အပြစ်ကင်းသော ဆင်းရဲဒုက္ခ နှင့် ရွေးနုတ်သော ဆင်းရဲဒုက္ခ တို့ဖြစ်ပါတယ်။

 

တစ်ချို့သော ဆင်းရဲဒုက္ခတို့က သင့်အပေါ် သင်ပြန်တင်ခြင်းမျိုး ဖြစ်ပါတယ်။ ညံ့ဖျင်းသော စီရင်ချက်တို့အားဖြင့် သင်၏ ပြသနာတစ်ချို့တို့ကို သင်ဖြစ်ပေါ်စေပါတယ်။ မှန်ကန်တဲ့ အစာကို စားသုံးခြင်း ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပြုခြင်း (သို့) တစ်ခြားသူတို့ကို မှန်ကန်တဲ့ နည်းလမ်းဖြင့် တုံ့ပြန်ခြင်း တို့ကို သင်အမြဲတမ်း မပြုပါဘူး။

 

သင်၌ အပြစ်မရှိဘဲ တစ်ယောက်ယောက်အားဖြင့် သင်နာကျင်ခံစားမှုကို ဖြတ်သန်းတဲ့အခါ တွင် အပြစ်ကင်းသော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ်ပါတယ်။ စွန့်ပစ်ခံရသည်ဖြစ်စေ ၊ ငြင်းပယ်ခံရသည်ဖြစ်စေ (သို့) လှည့်စားခံရသည် ဖြစ်စေ တခြားသူတို့၏ အပြစ်များအားဖြင့် လူတိုင်း ထိခိုက်နာကျင်ခံစားရပါတယ်။

သို့ပေမဲ့ အမြင့်မားဆုံးသော ဆင်းရဲဒုက္ခက ရွေးနုတ်ခြင်း ဆင်းရဲဒုက္ခ ဖြစ်ပါတယ်။ တခြားသူတို့ အကျိုးအတွက် သင်က နားကျင်မှု (သို့) ပြသနာတွေ ရင်ဆိုင်ဖြတ်သန်းရချိန် ဖြစ်ပါတယ်။

 

ထိုရွေးနုတ်ခြင်း ဆင်းရဲဒုက္ခကို သခင်ယေရှု ပြုခဲ့ပါတယ်။ ကားတိုင်ထက် သခင်ယေရှု အသေခံပြီးချိန်တွင် သေဆုံးသွားဖို့ မထိုက်တန်ပါဘူး။ သင်၏ အကျိုးအတွက် သခင်ယေရှု ထိုနာကျင်မှုတို့ကို ဖြတ်သန်းခဲ့ရပါတယ်။ သို့မှသာ သင်ကယ်တင်ခြင်း ခံရပြီး ကောင်းကင်ဘုံ ရောက်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ သင့်၏ နာကျင်မှုတို့ကို ဘုရားသခင် အသုံးပြုပြီး တခြားသူတို့ထံ မျှော်လင့်ခြင်း နှင့် အနာရောဂါငြိမ်းခြင်းဖြစ်စေဖို့ အကြောင်း ဖြစ်ပါတယ်။

 

ဒေဝါလီ ခံခဲ့ရသူထက် ဒေဝါလီ ခံနေရသူ တစ်ယောက်ယောက်ကို မည်သူ ပို၍ကောင်းစွာ အကူအညီပေး နိုင်မည်နည်း။ ဆေးစွဲခဲ့သူ ထက် ဆေးစွဲနေသူကို ဘယ်သူ ပို၍ကောင်းစွာ ကူညီပေးနိုင်မည်နည်း။ လိုအပ်နေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ခဲ့တဲ့ မိဘတွေထက် လိုအပ်နေတဲ့ ကလေးတွေရဲ့ မိဘတွေကို မည်သူ ပို၍ ကောင်းစွာ အကူအညီ ပေးနိုင်မည်နည်း။ ကလေးဆုံးရှုံးခဲ့သူတစ်ဦးထက် ကလေးဆုံးရှုံးနေသူ တစ်ဦးကို မည်သူ ပို၍ကောင်းစွာ အကူအညီ ပေးနိုင်မည်နည်း။

 

ဘုရားသခင်သည် နာကျင်မှုကို ဘယ်တော့မှ အလဟဿ မဖြစ်စေပါ။ တခြားသူတို့ပေါ် အားပေးလှုံ့ဆော်မှု ဖြစ်ဖို့ရန် သင့်အသက်တာအားဖြင့် အလုပ်လုပ်ဆောင် နိုင်ပါတယ်။

 

ဆင်းရဲဒုက္ခက သင်၏ခံနိုင်ရည်ကို တည်ဆောက်ပေးပြီး တခြားသူတွေကို သူတို့ရဲ့နာကျင်ခံစားရမှုတွင် ကူညီပေးတဲ့အတွက် ဘုရားသခင်ကို ချီးမွမ်းပြီး စမ်းသပ်မှုအတွင်း ဝမ်းမြောက်ရွှင်လန်းပါ။ ဘုရားသခင်သည် ဆင်းရဲခြင်း သုံးမျိုးလုံးကို ကောင်းကျိုးအတွက် အသုံးပြုနိုင်ပါတယ်။ သင်၏ နာကျင်စရာ တစ်ခုစီကို သူ့ထံပေးပြီးတော့ "ဘုရားသခင်၊ ကျွန်ုပ်၏နာကျင်မှုတွေကို တခြားသူတွေကို အကျိုးရှိအောင် သုံးစေချင်တယ်" လို့ ပြောခြင်းဖြင့် စတင်လိုက်ပါ။

 

ဆင်ခြင်ရန်

အခြားသူများကို ကူညီရန် သင့်အတိတ်က နာကျင်မှုကို ဘုရားသခင် မည်သို့အသုံးပြုခဲ့သနည်း။ ၎င်းသည် မိမိကိုယ်တိုင် ချမှတ်ထားသော၊ အပြစ်ကင်းသော၊ သို့မဟုတ် ရွေးနှုတ်ခြင်းခံရသော ဆင်းရဲဒုက္ခဖြစ်ပါသလား။

သင်သည် မည်ကဲ့သို့သော နာကျင်မှု အရာကို ဘုရားသခင်အား မပေးရသေးပါ သနည်း။ “ဘုရားသခင်၊ တခြားသူတွေဆီ အကျိုးရှိအောင် ဤနာကျင်မှုကို သုံးပြုစေချင်ပါတယ်” လို့ ပြောဖို့ အဆင်သင့်ဖြစ်ပြီလား။

သင့်အသက်တာတွင် မည်သူသည် ၎င်းတို့၏နာကျင်မှုကိုအသုံးပြု၍ အခြားသူများကိုကူညီရန် စံနမူနာကောင်းဖြစ်သနည်း။

-------------------------------------------------------------------------------------------------

Zawgyi Version

သင္၏ နာက်င္မႈတို႔ကို အလဟႆ မျဖစ္ေစပါႏွင့္။

ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄း၁၅ “အမ်ားေသာသူတို႔သည္ ေက်းဇူးေတာ္ကို ခ်ီးမြမ္းသည္ႏွင့္၊ ထိုႂကြယ္ဝ ေသာေက်းဇူးေတာ္သည္ ဘုရားသခင္၏ ဘုန္းသေရေတာ္ကို ထင္ရွားေစမည္ အေၾကာင္း၊ ခပ္သိမ္းေသာ အရာတို႔သည္ သင္တို႔အဘို႔ အလို႔ငွါျဖစ္သတည္း။”


“These sufferings of ours are for your benefit. And the more of you who are won to Christ, the more there are to thank him for his great kindness, and the more the Lord is glorified.”

2 Corinthians 4:15 (TLB)


တမန္ေတာ္ ရွင္ေပါလုသည္ သူ၏ အသက္တာ၌ ႀကီးမားေသာ နာက်င္မႈကို ျဖတ္သန္းခဲ့ရျခင္းသည္ ဘုရားသခင္ သည္ သူ႔အား ႀကီးမားေသာ နည္းလမ္းတို႔ျဖင့္ အသုံးျပဳႏိုင္ခဲ့ေလသည္။ သေဘၤာပ်က္ ခံခဲ့ရတယ္ ၊ အ႐ိုက္ခံ ၊ ဖမ္းဆီးခံခဲ့ရပါတယ္။ အစာေရစာ ျပတ္ေတာက္ျခင္း မအိပ္စက္ရျခင္းေတြကို ျဖတ္သန္းခဲ့ရပါတယ္။ ေရာမအင္ပါယာတစ္ခြင္ ဘုရားသခင္၏ ဧဝံေဂလိတရား ျပန႔္ႏွံ႔ဖို႔ရာ ဘုရားသခင္ သူ႔အား အသုံးျပဳခဲ့ပါတယ္။ တကယ္တမ္းတြင္ သင္က ရွင္ေပါလုကို “ဤနာက်င္မႈမ်ားစြာတို႔ကို ဘယ္ေလာက္ေတာင္ ေတာင့္ခံႏိုင္ခဲ့သနည္း” လို႔ သင္ေမးခ်င္ခဲ့ပါလွ်င္ ေပါလုက “လူေတြကို သခင္ေယရႈထံ ေခၚေဆာင္ခ်င္လို႔ျဖစ္တယ္” လို႔သင့္အား ျပန္ေျဖပါလိမ့္မည္။


ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄း၁၅ တြင္ ရွင္ေပါလု ဆိုထားသည္မွာ “အမ်ားေသာသူတို႔သည္ ေက်းဇူးေတာ္ကို ခ်ီးမြမ္းသည္ႏွင့္၊ ထိုႂကြယ္ဝေသာေက်းဇူးေတာ္သည္ ဘုရားသခင္၏ ဘုန္းသေရေတာ္ကို ထင္ရွားေစမည္ အေၾကာင္း၊ ခပ္သိမ္းေသာ အရာတို႔သည္ သင္တို႔အဘို႔ အလို႔ငွါျဖစ္သတည္း။”

ရွင္ေပါလု ကဲ့သို႔ တူညီေသာ နည္းလမ္းတို႔အတိုင္း သင္ဘယ္ေတာ့မွ ခံစားနာက်င္ရမွာ မဟုတ္ေပမဲ့ အသက္တာမွာ ေတာ့ နာက်င္မႈကို ျဖတ္သန္းသြားရပါလိမ့္မည္။ ဒါေၾကာင့္လည္း သင္၏ နာက်င္မႈတို႔ကို အလဟႆ မျဖစ္ေစဘဲ ေကာင္းဖို႔အတြက္အသုံးခ်မႈ ျဖစ္ေစပါ။


တကယ္ေတာ့ တျခားသူတို႔ကို ကူညီဖို႔ရန္ ဘုရားသခင္ အသုံးျပဳေသာ ဆင္းရဲဒုကၡ (၃) မ်ိဳးရွိပါတယ္။ ၎တို႔မွာ မိမိကိုယ္ကို စီရင္ေသာ ဆင္းရဲဒုကၡ ၊ အျပစ္ကင္းေသာ ဆင္းရဲဒုကၡ ႏွင့္ ေ႐ြးႏုတ္ေသာ ဆင္းရဲဒုကၡ တို႔ျဖစ္ပါတယ္။


တစ္ခ်ိဳ႕ေသာ ဆင္းရဲဒုကၡတို႔က သင့္အေပၚ သင္ျပန္တင္ျခင္းမ်ိဳး ျဖစ္ပါတယ္။ ညံ့ဖ်င္းေသာ စီရင္ခ်က္တို႔အားျဖင့္ သင္၏ ျပသနာတစ္ခ်ိဳ႕တို႔ကို သင္ျဖစ္ေပၚေစပါတယ္။ မွန္ကန္တဲ့ အစာကို စားသုံးျခင္း ၊ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျပဳျခင္း (သို႔) တစ္ျခားသူတို႔ကို မွန္ကန္တဲ့ နည္းလမ္းျဖင့္ တုံ႔ျပန္ျခင္း တို႔ကို သင္အၿမဲတမ္း မျပဳပါဘူး။


သင္၌ အျပစ္မရွိဘဲ တစ္ေယာက္ေယာက္အားျဖင့္ သင္နာက်င္ခံစားမႈကို ျဖတ္သန္းတဲ့အခါ တြင္ အျပစ္ကင္းေသာ ဆင္းရဲဒုကၡသည္ ျဖစ္ေပၚပါတယ္။ စြန႔္ပစ္ခံရသည္ျဖစ္ေစ ၊ ျငင္းပယ္ခံရသည္ျဖစ္ေစ (သို႔) လွည့္စားခံရသည္ ျဖစ္ေစ တျခားသူတို႔၏ အျပစ္မ်ားအားျဖင့္ လူတိုင္း ထိခိုက္နာက်င္ခံစားရပါတယ္။

သို႔ေပမဲ့ အျမင့္မားဆုံးေသာ ဆင္းရဲဒုကၡက ေ႐ြးႏုတ္ျခင္း ဆင္းရဲဒုကၡ ျဖစ္ပါတယ္။ တျခားသူတို႔ အက်ိဳးအတြက္ သင္က နားက်င္မႈ (သို႔) ျပသနာေတြ ရင္ဆိုင္ျဖတ္သန္းရခ်ိန္ ျဖစ္ပါတယ္။


ထိုေ႐ြးႏုတ္ျခင္း ဆင္းရဲဒုကၡကို သခင္ေယရႈ ျပဳခဲ့ပါတယ္။ ကားတိုင္ထက္ သခင္ေယရႈ အေသခံၿပီးခ်ိန္တြင္ ေသဆုံးသြားဖို႔ မထိုက္တန္ပါဘူး။ သင္၏ အက်ိဳးအတြက္ သခင္ေယရႈ ထိုနာက်င္မႈတို႔ကို ျဖတ္သန္းခဲ့ရပါတယ္။ သို႔မွသာ သင္ကယ္တင္ျခင္း ခံရၿပီး ေကာင္းကင္ဘုံ ေရာက္မွာ ျဖစ္ပါတယ္။ ထိုနည္းတူစြာ သင့္၏ နာက်င္မႈတို႔ကို ဘုရားသခင္ အသုံးျပဳၿပီး တျခားသူတို႔ထံ ေမွ်ာ္လင့္ျခင္း ႏွင့္ အနာေရာဂါၿငိမ္းျခင္းျဖစ္ေစဖို႔ အေၾကာင္း ျဖစ္ပါတယ္။


ေဒဝါလီ ခံခဲ့ရသူထက္ ေဒဝါလီ ခံေနရသူ တစ္ေယာက္ေယာက္ကို မည္သူ ပို၍ေကာင္းစြာ အကူအညီေပး ႏိုင္မည္နည္း။ ေဆးစြဲခဲ့သူ ထက္ ေဆးစြဲေနသူကို ဘယ္သူ ပို၍ေကာင္းစြာ ကူညီေပးႏိုင္မည္နည္း။ လိုအပ္ေနတဲ့ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ မိဘေတြထက္ လိုအပ္ေနတဲ့ ကေလးေတြရဲ႕ မိဘေတြကို မည္သူ ပို၍ ေကာင္းစြာ အကူအညီ ေပးႏိုင္မည္နည္း။ ကေလးဆုံးရႈံးခဲ့သူတစ္ဦးထက္ ကေလးဆုံးရႈံးေနသူ တစ္ဦးကို မည္သူ ပို၍ေကာင္းစြာ အကူအညီ ေပးႏိုင္မည္နည္း။ 


ဘုရားသခင္သည္ နာက်င္မႈကို ဘယ္ေတာ့မွ အလဟႆ မျဖစ္ေစပါ။ တျခားသူတို႔ေပၚ အားေပးလႈံ႕ေဆာ္မႈ ျဖစ္ဖို႔ရန္ သင့္အသက္တာအားျဖင့္ အလုပ္လုပ္ေဆာင္ ႏိုင္ပါတယ္။


ဆင္းရဲဒုကၡက သင္၏ခံႏိုင္ရည္ကို တည္ေဆာက္ေပးၿပီး တျခားသူေတြကို သူတို႔ရဲ႕နာက်င္ခံစားရမႈတြင္ ကူညီေပးတဲ့အတြက္ ဘုရားသခင္ကို ခ်ီးမြမ္းၿပီး စမ္းသပ္မႈအတြင္း ဝမ္းေျမာက္႐ႊင္လန္းပါ။ ဘုရားသခင္သည္ ဆင္းရဲျခင္း သုံးမ်ိဳးလုံးကို ေကာင္းက်ိဳးအတြက္ အသုံးျပဳႏိုင္ပါတယ္။ သင္၏ နာက်င္စရာ တစ္ခုစီကို သူ႔ထံေပးၿပီးေတာ့ "ဘုရားသခင္၊ ကြၽႏ္ုပ္၏နာက်င္မႈေတြကို တျခားသူေတြကို အက်ိဳးရွိေအာင္ သုံးေစခ်င္တယ္" လို႔ ေျပာျခင္းျဖင့္ စတင္လိုက္ပါ။


ဆင္ျခင္ရန္

• အျခားသူမ်ားကို ကူညီရန္ သင့္အတိတ္က နာက်င္မႈကို ဘုရားသခင္ မည္သို႔အသုံးျပဳခဲ့သနည္း။ ၎သည္ မိမိကိုယ္တိုင္ ခ်မွတ္ထားေသာ၊ အျပစ္ကင္းေသာ၊ သို႔မဟုတ္ ေ႐ြးႏႈတ္ျခင္းခံရေသာ ဆင္းရဲဒုကၡျဖစ္ပါသလား။

• သင္သည္ မည္ကဲ့သို႔ေသာ နာက်င္မႈ အရာကို ဘုရားသခင္အား မေပးရေသးပါ သနည္း။ “ဘုရားသခင္၊ တျခားသူေတြဆီ အက်ိဳးရွိေအာင္ ဤနာက်င္မႈကို အသုံးျပဳေစခ်င္ပါတယ္” လို႔ ေျပာဖို႔ အဆင္သင့္ျဖစ္ၿပီလား။

• သင့္အသက္တာတြင္ မည္သူသည္ ၎တို႔၏နာက်င္မႈကိုအသုံးျပဳ၍ အျခားသူမ်ားကိုကူညီရန္ စံနမူနာေကာင္းျဖစ္သနည္း။