Unicode Version
အသက်တာ၏ ထမ်းရွက်စရာတာဝန်ကို ရှာဖွေခြင်း
ယောရှုမှတ်စာ ၁း၈ “ထိုပညတ္တိကျမ်းစာ၌
ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲ မနေ၊
နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။”
အသက်ရှင်နေထိုင်ရေးအတွက်
လူတိုင်း တစ်စုံတစ်ခုကို အလိုရှိကြပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့အများစုတို့က ထိုအရာကို မှားယွင်းတဲ့နေရာမှာ ရှာဖွေကြပါတယ်။ သင်၏
ထမ်းဆောင်ရန်တာဝန်ကို မဂ္ဂဇင်း ၊ လူမှုကွန်ယက် မီဒီယာ (သို့) ရုပ်မြင်သံကြား ထိုင်ကြည့်နေခြင်းအားဖြင့်လည်း
မရှာဖွေနိုင်ပါ။ ဘာတစ်ခုမှ သင်ခန့်မှန်းလို့လည်း ရနိုင်မည် မဟုတ်ပါ။
သင့်အသက်တာအတွက်
ဘုရားသခင်ပေးအပ်ထားတဲ့ ထမ်းရွက်စရာအမှုတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော် တွင်သာ ရှာဖွေနိုင်ပါတယ်။
လေ့လာထားမှုများတွင်
ဖော်ပြထားသည်မှာ ကျွန်ုပ်တို့ အယောက်စီတိုင်းတွင် စွမ်းရည် ၆၀၀ မှ ၇၀၀ ထိတိုင် ရှိကြပါတယ်။
သို့ပေမဲ့ ထိုအရာတို့ကို ကျွန်ုပ်တို့ ဘယ်တော့မှ အသုံးမပြုကြပါဘူး။ သင့်အသက်တာအတွက်
ဘုရားသခင်ပေးသော ထမ်းရွက်စရာအမှုတို့ကို သင်ဖမ်းဆုပ်လိုက်တဲ့အခါမှာ သင့်အား ပေးသနားတော်မူသော
ဆုကျေးဇူးနှင့် စွမ်းရည်အားလုံးတို့ကို သင်အသုံးပြုနိုင်ကြောင်းကို တွေ့ရှိရပါလိမ့်မည်။
ဘုရားသခင်၏လူ
ပရောဖက် ယောနသည် ဘုရားသခင်ထံမှ အသက်တာအတွက် ထမ်းရွက်စရာအမှုကို လက်ခံရရှိခဲ့ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ယောနဝတ္တု ၁း၁-၂ “မိတ္တဲ၏သား
ယောနသို့ရောက်လာသော ထာဝရဘုရား၏
နှုတ်ကပတ်တော်ဟူမူကား၊ သင်ထ၍ နိနေဝေ မြို့ကြီသို့ သွားပြီး လျှင်၊ ခြိမ်းချောက်သောစကားနှင့်
ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု
မိန့်တော်မူ ၏။”
ယောနအား
သူ၏ ထမ်းရွက်စရာအမှုကို ဘုရားသခင်ပေးခဲ့ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသည်
အလျှောက် သင့်အား ထမ်းရွက်စရာအမှုကို ပေးပါလိမ့်မည်။ သမ္မာကျမ်းစာထဲကို များစွာ တူးဆွမှု
ပြုလေလေ အသက်တာအတွက် ထမ်းရွက်စရာကို သင်ပိုမို နားလည်လာပါလိမ့်မည်။
သင်၏
အသက်တာဆီသို့ နှုတ်ကပတ်တော် ရောက်ရှိဖို့ရန် နည်းလမ်းပေါင်းများစွာကို ဘုရားသခင် အသုံးပြုပါတယ်။
တစ်ခါတစ်ရံ ထိုအရာကို သင်က ထိုင်ပြီး ဖတ်နေပါမည်။ တစ်ချို့အချိန်တွေမှာ တစ်စုံတစ်ယောက်၏
ဟောပြောခြင်းမှလည်း သင်ကြားရနိုင်သည်။ တခြားနေ့တွေမှာတော့ ဤကဲ့သို့သော Devotional လိုမျိုးတွင်
သင်ဖတ်ရှုရပါလိမ့်မည်။
အကယ်၍
သင်က သမ္မာကျမ်းစာကို ဘုရားကျောင်းထဲ ရောက်နေချိန်မှသာ ဖွင့်ဖတ်တယ်ဆိုလျှင် သင့်အသက်တာအတွက်
ဘုရားထားရှိပေးတဲ့ ထမ်းရွက်စရာအမှုကို ဘယ်တော့မှ ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါ။
၎င်းအစား
သမ္မာကျမ်းစာကို သင့်အသက်တာ၏ ပုံမှန်အခန်းကဏ္ဍ တစ်ခုအဖြစ် ထားရှိပါ။ နေ့စဉ် ဘုရားသခင်နှင့်အတူ
မိနစ်အနည်းငယ် ရှိသည့်တိုင် အချိန်ယူပါ။ ၎င်းကို သင်၏ အစီအစဉ်တွင် ချမှတ်ပါ။ ပြက္ခဒိန်တွင်
ရေးမှတ်ပါ။ ဖုန်းတွင်လည်း နှိုးဆော်သော သတိပေးချက် ပြုပေးထားပါ။
ယောရှုမှတ်စာ ၁း၈ “ထိုပညတ္တိကျမ်းစာ၌
ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲ မနေ၊
နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍
အောင်မြင်လိမ့်မည်။”
သင့်အသက်တာအတွက်
ဘုရားသခင်၏ ထမ်းရွက်စရာအမှုတွင် အောင်မြင်မှု ရှိစေချင်ပါလျှင် မြင်နေရတဲ့ အရာတွေပေါ်
မကြည့်နေဘဲ ၊ နှုတ်ကပတ်တော်တွင် စတင်ရှာဖွေလိုက်ပါ။
သင်၏
ထမ်းရွက်စရာအမှုကို မိုးကောင်းကင်တွင် မရေးသားထားပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဘုရားသခင် ကိုယ်တော်တိုင် ရေးသွင်းထားပြီး ဖြစ်ပါတယ်။
ဆင်ခြင်ရန်
- သင့်အသက်တာအတွက် ရည်ရွယ်ရာကို ရှာဖွေဖို့ရန် သင်ကြိုးစားခဲ့ပြီး
ရှုံးနှိမ့်မှု ဖြစ်စေခဲ့တဲ့ တစ်ချို့သော နည်းလမ်းတို့ကား အဘယ်သို့နည်း။
- သမ္မာကျမ်းစာဖတ်ခြင်းကို တသမတ်တည်း ပိုပြီး ဖြစ်လာစေဖို့ရန် သင်ဘာကို လုပ်ဆောင်နိုင်ပါမည်နည်း။
-
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ချိတ်ဆက်မိဖို့ရန် မည်ကဲ့သို့သော အထိရောက်ဆုံးသော နည်းလမ်းရှိပါသနည်။
ကျမ်းစာဖတ်ခြင်းကလား ။ Online ကနေဖတ်ရှုခြင်းလား။ နားသောတ ဆင်ခြင်းကလား။ တရားဟောချက်နားထောင်ခြင်းကလား။
Devotional ဖတ်ရှုခြင်းကလား။ ဤအရာတွေက သင့်အတွက် အထိရောက်ဆုံးလို့ သင်ဘာကြောင့် ယုံကြည်ပါသနည်း။
-------------------------------------------------------------------------------------------------------
Zawgyi Version
အသက္တာ၏ ထမ္း႐ြက္စရာတာဝန္ကို ရွာေဖြျခင္း
ေယာရႈမွတ္စာ ၁း၈ “ထိုပညတၱိက်မ္းစာ၌ ေရးထားသမွ်အတိုင္း က်င့္မည္ဟု ေစာင့္ေရွာက္ျခင္းအလိုငွါ က်မ္းစာကို မဘတ္ မ႐ြတ္ဘဲ မေန၊ ေန႔ညဥ့္မျပတ္ ၾကည့္ရႈဘတ္႐ြတ္ရမည္။သို႔ျပဳလွ်င္ သင္သည္ အႀကံထေျမာက္၍ ေအာင္ျမင္လိမ့္မည္။”
အသက္ရွင္ေနထိုင္ေရးအတြက္ လူတိုင္း တစ္စုံတစ္ခုကို အလိုရွိၾကပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔အမ်ားစုတို႔က ထိုအရာကို မွားယြင္းတဲ့ေနရာမွာ ရွာေဖြၾကပါတယ္။ သင္၏ ထမ္းေဆာင္ရန္တာဝန္ကို မဂၢဇင္း ၊ လူမႈကြန္ယက္ မီဒီယာ (သို႔) ႐ုပ္ျမင္သံၾကား ထိုင္ၾကည့္ေနျခင္းအားျဖင့္လည္း မရွာေဖြႏိုင္ပါ။ ဘာတစ္ခုမွ သင္ခန႔္မွန္းလို႔လည္း ရႏိုင္မည္ မဟုတ္ပါ။
သင့္အသက္တာအတြက္ ဘုရားသခင္ေပးအပ္ထားတဲ့ ထမ္း႐ြက္စရာအမႈတို႔ကို ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ တြင္သာ ရွာေဖြႏိုင္ပါတယ္။
ေလ့လာထားမႈမ်ားတြင္ ေဖာ္ျပထားသည္မွာ ကြၽႏ္ုပ္တို႔ အေယာက္စီတိုင္းတြင္ စြမ္းရည္ ၆၀၀ မွ ၇၀၀ ထိတိုင္ ရွိၾကပါတယ္။ သို႔ေပမဲ့ ထိုအရာတို႔ကို ကြၽႏ္ုပ္တို႔ ဘယ္ေတာ့မွ အသုံးမျပဳၾကပါဘူး။ သင့္အသက္တာအတြက္ ဘုရားသခင္ေပးေသာ ထမ္း႐ြက္စရာအမႈတို႔ကို သင္ဖမ္းဆုပ္လိုက္တဲ့အခါမွာ သင့္အား ေပးသနားေတာ္မူေသာ ဆုေက်းဇူးႏွင့္ စြမ္းရည္အားလုံးတို႔ကို သင္အသုံးျပဳႏိုင္ေၾကာင္းကို ေတြ႕ရွိရပါလိမ့္မည္။
ဘုရားသခင္၏လူ ပေရာဖက္ ေယာနသည္ ဘုရားသခင္ထံမွ အသက္တာအတြက္ ထမ္း႐ြက္စရာအမႈကို လက္ခံရရွိခဲ့ပါတယ္။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ေယာနဝတၱဳ ၁း၁-၂ “မိတၱဲ၏သား ေယာနသို႔ေရာက္လာေသာ ထာဝရဘုရား၏ ႏႈတ္ကပတ္ေတာ္ဟူမူကား၊ သင္ထ၍ နိေနေဝ ၿမိဳ႕ႀကီသို႔ သြားၿပီး လွ်င္၊ ၿခိမ္းေခ်ာက္ေသာစကားႏွင့္ ေႂကြးေၾကာ္ေလာ့။ ထိုၿမိဳ႕ျပဳေသာ ဒုစ႐ိုက္အျပစ္သည္ ငါ့ေရွ႕သို႔ တက္လာၿပီဟု မိန္႔ေတာ္မူ ၏။”
ေယာနအား သူ၏ ထမ္း႐ြက္စရာအမႈကို ဘုရားသခင္ေပးခဲ့ပါတယ္။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ဖတ္ရႈသည္ အေလွ်ာက္ သင့္အား ထမ္း႐ြက္စရာအမႈကို ေပးပါလိမ့္မည္။ သမၼာက်မ္းစာထဲကို မ်ားစြာ တူးဆြမႈ ျပဳေလေလ အသက္တာအတြက္ ထမ္း႐ြက္စရာကို သင္ပိုမို နားလည္လာပါလိမ့္မည္။
သင္၏ အသက္တာဆီသို႔ ႏႈတ္ကပတ္ေတာ္ ေရာက္ရွိဖို႔ရန္ နည္းလမ္းေပါင္းမ်ားစြာကို ဘုရားသခင္ အသုံးျပဳပါတယ္။ တစ္ခါတစ္ရံ ထိုအရာကို သင္က ထိုင္ၿပီး ဖတ္ေနပါမည္။ တစ္ခ်ိဳ႕အခ်ိန္ေတြမွာ တစ္စုံတစ္ေယာက္၏ ေဟာေျပာျခင္းမွလည္း သင္ၾကားရႏိုင္သည္။ တျခားေန႔ေတြမွာေတာ့ ဤကဲ့သို႔ေသာ Devotional လိုမ်ိဳးတြင္ သင္ဖတ္ရႈရပါလိမ့္မည္။
အကယ္၍ သင္က သမၼာက်မ္းစာကို ဘုရားေက်ာင္းထဲ ေရာက္ေနခ်ိန္မွသာ ဖြင့္ဖတ္တယ္ဆိုလွ်င္ သင့္အသက္တာအတြက္ ဘုရားထားရွိေပးတဲ့ ထမ္း႐ြက္စရာအမႈကို ဘယ္ေတာ့မွ ရွာေဖြႏိုင္လိမ့္မည္ မဟုတ္ပါ။
၎အစား သမၼာက်မ္းစာကို သင့္အသက္တာ၏ ပုံမွန္အခန္းက႑ တစ္ခုအျဖစ္ ထားရွိပါ။ ေန႔စဥ္ ဘုရားသခင္ႏွင့္အတူ မိနစ္အနည္းငယ္ ရွိသည့္တိုင္ အခ်ိန္ယူပါ။ ၎ကို သင္၏ အစီအစဥ္တြင္ ခ်မွတ္ပါ။ ျပကၡဒိန္တြင္ ေရးမွတ္ပါ။ ဖုန္းတြင္လည္း ႏႈိးေဆာ္ေသာ သတိေပးခ်က္ ျပဳေပးထားပါ။
ေယာရႈမွတ္စာ ၁း၈ “ထိုပညတၱိက်မ္းစာ၌ ေရးထားသမွ်အတိုင္း က်င့္မည္ဟု ေစာင့္ေရွာက္ျခင္းအလိုငွါ က်မ္းစာကို မဘတ္ မ႐ြတ္ဘဲ မေန၊ ေန႔ညဥ့္မျပတ္ ၾကည့္ရႈဘတ္႐ြတ္ရမည္။သို႔ျပဳလွ်င္ သင္သည္ အႀကံထေျမာက္၍ ေအာင္ျမင္လိမ့္မည္။”
သင့္အသက္တာအတြက္ ဘုရားသခင္၏ ထမ္း႐ြက္စရာအမႈတြင္ ေအာင္ျမင္မႈ ရွိေစခ်င္ပါလွ်င္ ျမင္ေနရတဲ့ အရာေတြေပၚ မၾကည့္ေနဘဲ ၊ ႏႈတ္ကပတ္ေတာ္တြင္ စတင္ရွာေဖြလိုက္ပါ။
သင္၏ ထမ္း႐ြက္စရာအမႈကို မိုးေကာင္းကင္တြင္ မေရးသားထားပါ။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တြင္ ဘုရားသခင္ ကိုယ္ေတာ္တိုင္ ေရးသြင္းထားၿပီး ျဖစ္ပါတယ္။
ဆင္ျခင္ရန္
- သင့္အသက္တာအတြက္ ရည္႐ြယ္ရာကို ရွာေဖြဖို႔ရန္ သင္ႀကိဳးစားခဲ့ၿပီး ရႈံးႏွိမ့္မႈ ျဖစ္ေစခဲ့တဲ့ တစ္ခ်ိဳ႕ေသာ နည္းလမ္းတို႔ကား အဘယ္သို႔နည္း။
- သမၼာက်မ္းစာဖတ္ျခင္းကို တသမတ္တည္း ပိုၿပီး ျဖစ္လာေစဖို႔ရန္ သင္ဘာကို လုပ္ေဆာင္ႏိုင္ပါမည္နည္း။
- ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ႏွင့္ ခ်ိတ္ဆက္မိဖို႔ရန္ မည္ကဲ့သို႔ေသာ အထိေရာက္ဆုံးေသာ နည္းလမ္းရွိပါသနည္။ က်မ္းစာဖတ္ျခင္းကလား ။ Online ကေနဖတ္ရႈျခင္းလား။ နားေသာတ ဆင္ျခင္းကလား။ တရားေဟာခ်က္နားေထာင္ျခင္းကလား။ Devotional ဖတ္ရႈျခင္းကလား။ ဤအရာေတြက သင့္အတြက္ အထိေရာက္ဆုံးလို႔ သင္ဘာေၾကာင့္ ယုံၾကည္ပါသနည္း။