To Change Your Life, Change Your Thoughts

 Unicode Version

အသက်တာကို ပြောင်းလဲစေဖို့ရန် အတွေးအခေါ်ကို ပြောင်းလိုက်ပါ။

ဆာလံကျမ်း ၁း၁-၃ “မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက် ၊ လူဆိုးတို့၏ လမ်းတွင် မရပ်မနေ ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌ မထိုင် ၊ ထာဝရဘုးရား၏ တရားတော်၌ မွေ့လျော်၍ ၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သော သူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ ။ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့် တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့် သတည်း။”

 သင်၏ အသက်တာကို ပြောင်းလဲလိုပါလျှင် သင်တွေးခေါ်နေတဲ့ နည်းလမ်းကို ပြောင်းလဲခြင်းအားဖြင့် စတင်ပါ။  ဝါသနာ ၊ အသက်မွေးဝမ်းကျောင်း ၊ ပေါင်းသင်းဆက်ဆံရေး ၊ အိမ်ထောင်ရေး (သို့) ပြုစုပျိုးထောင်ခြင်း စသော အခန်းကဏ္ဍတို့တွင် အသစ်သောဖန်တီးမှုတို့ စတင်ဖို့ရန် သော့ချက်ကား သင်၏ အတွေးအခေါ်တို့ကို ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ဧဖက်ဩဝါဒစာ ၄း၂၃ “ပုပ်ပျက်သော လူဟောင်းကို ချွတ်ပယ်၍ ၊ စိတ်နှလုံး သဘောသစ်ကို ရပြီးလျှင် မှန်သော ဖြောင့်မတ်ခြင်း ၊သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့် အတူ အမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း….”

 

အသစ်သော စိတ်ဆိုတာ ဘာလဲ။ ဆန်းသစ်သော အတွေးအမြင်သစ် နှင့် သဘောထားကို ဆိုလိုပါတယ်။ သင်၏ မှားယွင်းနေသော စိတ်သဘောထားများနှင့် အတွေးအခေါ်တို့ကို အပ်နှံခြင်းဖြစ်ပါတယ်။ ရောမဩဝါဒစာ ၁၂း၂ “သင်တို့သည် လောကီ ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတသောအရာ ၊ နှစ်သက်ဖွယ်သောအရာ ၊ စုံလင်သော အရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း ၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့”

 

သင်၏ စိတ်နေသဘောထားကို အောက်ပါ အချက် (၂) မျိုးအားဖြင့် အသစ်ပြုပြင်နိုင်ပါတယ်။

(၁) ပထမဉီးစွာ လောကကြီးက ပြောသောစကားတွေထက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ပါ။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ  “ မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက် ၊ လူဆိုးတို့၏ လမ်းတွင် မရပ်မနေ ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌ မထိုင် ၊ ထာဝရဘုးရား၏ တရားတော်၌ မွေ့လျော်၍ ၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သော သူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ ။ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့် တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း “ ဆာလံကျမ်း ၁း၁-၃

 

သင့်အသက်တာအတွက် ၎င်းလက္ခဏာတို့က မှန်ကန်ပါသလား။ တကယ်လို့ မှန်ကန်တယ်ဆိုလျှင် နေ့စဉ် အသက်တာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ပါ။

 

(၂) ဒုတိယအနေဖြင့် သင်တွေးတောသော အရာပေါ် ဆင်ခြင်အောက်မေ့ကြည့်ပါ။

သင်၌ရှိနေသော အတွေးအခေါ်တိုင်းကို အလိုအလျှောက် လက်ခံနေမည့်အစား သင်၏ အတွေးအခေါ်တို့ကို စိန်ခေါ်ကြည့်ပါ။ အတွေးတစ်ခု ရောက်လာလျှင် “ကျွန်ုပ် ဤအကြောင်းနှင့် ပတ်သက်ပြီး စဉ်းစားချင်ရဲ့လား ၊ မှန်ကန်ရဲ့လား ၊ အထောက်အကူဖြစ်ရဲ့လား ၊ ဘယ်လို ခံစားရမလဲ ၊ ခံစားချင်ရဲ့လား” လို့  ပြန်မေးလိုက်ပါ။

 

သမ္မာကျမ်းစာက ဆိုထားသည်မှာ “ထိုလက်နက်အားဖြင့် လူတို့၏ အကြံအစည်တို့ကိုလည်းကောင်း၊ ဘုရားသခင်ကို သိသောအပညာကို တားဆီးသော မာန်မာန ရှိသမျှတို့ကိုလည်းကောင်း  နှိမ့်ချမှောက်လှန်၍ ၊ ခပ်သိမ်းသော စိတ်တို့ကို ဖမ်းသွားချုပ်ထားလျက် ခရစ်တော်၏ စကားကို နားထောင်စေကြ၏“ ၂ကော ၁၀◌း၅

 

သင်၏ ခံစားရမှုအားလုံးတို့က သင်၏အတွေးကြောင့် ဖြစ်ပါတယ်။ သင်တွေးခေါ်နေတာတွေကို သင်မနှစ်သက် ဘူးဆိုလျှင် သင်တွေးနေသောအရာကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ စိတ်ဆင်းရဲ့စေမဲ့ အတွေးတွေကို ဖယ်ရှားပြီး တခြားသော အတွေးတစ်ခုဖြင့် အစားထိုးလိုက်ပါ။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “နှလုံးသည် အသက်၏ အခြေအမြစ် ဖြစ်သောကြောင့် သင်၏ နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။ ” သုတ္တံကျမ်း ၄း၂၃

 

အတွေးအခေါ်ဟောင်းတစ်ခုကို ထပ်ခါထပ်ခါ တွေးနေမည့်အစား ထိုအတွေးတွေကို ရင်ဆိုင်လိုက်ပါ။ သင်တွေးခေါ်နေခြင်းနှင့် ပတ်သက်သောအရာသည် သင်၏ ရွေးချယ်မှု ဖြစ်ပြီး သင်၌ရှိနေသော တွေးခေါ်မှု တိုင်းကို သင်ယုံကြည်ဖို့ မလိုပါဘူး။ မမှန်ကန်ပါဘူးလို့ သင်သိရှိနေတဲ့ အတွေးအခေါ်တစ်ခုကို သင်ရင်ဆိုင်တဲ့ အခါမှာ သင်တွေးခေါ်နေသောအရာကို သင်ပြောင်းလဲဖို့ရန် ရွေးချယ်နိုင်ပါတယ်။ ၎င်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အစားထိုးနိုင်ပါတယ်။

 

အမှန်တရားကို သိရှိနိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံဖို့ ဖြစ်ပါတယ်။ ထိုနှုတ်ကပတ်တော်အပေါ်မှာ အချိန်များစွာပေးဖို့ရန် ရွေးချယ်လေလေ ဘုရားသခင်၏ သမ္မာ တရားက သင်၏ အတွေးအခေါ်တို့ကို ပြောင်းလဲပေးဖို့ရန် အကူအညီဖြစ်စေပါလိမ့်မည်။

သင်၏ အတွေးအခေါ်တို့ကို ယနေ့ပင် စတင်ပြောင်းလဲလိုက်ပါ။ ၎င်းသည် သင့်အား အသစ်သောစတင်မှုကို ပေးနိုင်မည်ဖြစ်ပြီး သင်၏ အသက်တာကိုပါ နောက်ဆုံး ပြောင်းလဲပေးသွားပါလိမ့်မည်။

 

ဆင်ခြင်ရန်

- သင်၏ အတွေးအခေါ်တို့ကို သင်ထိန်းချုပ်တယ်လို့ ခံစားရပါသလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့် မဟုတ်သလဲ။

- အတွေးအခေါ် ပြောင်းလဲစေဖို့ရန် နှုတ်ကပတ်တော်ကို သိုမှီးခြင်းက ဘာကြောင့် အရေးကြီးပါသနည်း။

- စိတ်ထဲတွင် လည်ပတ်နေသော မည်ကဲ့သို့သော အတွေးအခေါ်တို့ကို ရင်ဆိုင်ဖို့ရန် နှင့် စိန်ခေါ်ဖို့ရန် လိုအပ်ပါသနည်း။ သခင်ယေရှုအား နာခံခြင်းဖြစ်ဖို့ရန် ထိုအတွေးအခေါ်တို့ကို မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။


------------------------------------------------------------------------------


Zawgyi Version

အသက္တာကို ေျပာင္းလဲေစဖို႔ရန္ အေတြးအေခၚကို ေျပာင္းလိုက္ပါ။

ဆာလံက်မ္း ၁း၁-၃ “မတရားေသာ သူတို႔၏ တိုက္တြန္းျခင္းသို႔ မလိုက္ ၊ လူဆိုးတို႔၏ လမ္းတြင္ မရပ္မေန ၊ မထီမဲ့ျမင္ျပဳေသာ သူတို႔၏ အစည္းအေဝး၌ မထိုင္ ၊ ထာဝရဘုးရား၏ တရားေတာ္၌ ေမြ႕ေလ်ာ္၍ ၊ တရားေတာ္ကို ေန႔ညမျပတ္ ဆင္ျခင္ေအာက္ေမ့ေသာ သူသည္ မဂၤလာရွိ၏။ အေၾကာင္းမူကား ထိုသူသည္ ျမစ္နားမွာ စိုက္လ်က္ မိမိအခ်ိန္တန္မွ အသီးကိုသီး၍ ။ အ႐ြက္မညႇိဳးႏြမ္းတတ္ေသာ အပင္ႏွင့္ တူ၏။ ျပဳေလသမွ်တို႔၌ ေအာင္လိမ့္ သတည္း။”


သင္၏ အသက္တာကို ေျပာင္းလဲလိုပါလွ်င္ သင္ေတြးေခၚေနတဲ့ နည္းလမ္းကို ေျပာင္းလဲျခင္းအားျဖင့္ စတင္ပါ။  ဝါသနာ ၊ အသက္ေမြးဝမ္းေက်ာင္း ၊ ေပါင္းသင္းဆက္ဆံေရး ၊ အိမ္ေထာင္ေရး (သို႔) ျပဳစုပ်ိဳးေထာင္ျခင္း စေသာ အခန္းက႑တို႔တြင္ အသစ္ေသာဖန္တီးမႈတို႔ စတင္ဖို႔ရန္ ေသာ့ခ်က္ကား သင္၏ အေတြးအေခၚတို႔ကို ေျပာင္းလဲေပးျခင္း ျဖစ္ပါတယ္။ ဧဖက္ဩဝါဒစာ ၄း၂၃ “ပုပ္ပ်က္ေသာ လူေဟာင္းကို ခြၽတ္ပယ္၍ ၊ စိတ္ႏွလုံး သေဘာသစ္ကို ရၿပီးလွ်င္ မွန္ေသာ ေျဖာင့္မတ္ျခင္း ၊သန႔္ရွင္းျခင္း ပါရမီအားျဖင့္ ဘုရားသခင္ႏွင့္ အတူ အမွ် ဖန္ဆင္းေသာ လူသစ္ကို ယူတင္ဝတ္ေဆာင္မည္အေၾကာင္း….” 


အသစ္ေသာ စိတ္ဆိုတာ ဘာလဲ။ ဆန္းသစ္ေသာ အေတြးအျမင္သစ္ ႏွင့္ သေဘာထားကို ဆိုလိုပါတယ္။ သင္၏ မွားယြင္းေနေသာ စိတ္သေဘာထားမ်ားႏွင့္ အေတြးအေခၚတို႔ကို အပ္ႏွံျခင္းျဖစ္ပါတယ္။ ေရာမဩဝါဒစာ ၁၂း၂ “သင္တို႔သည္ ေလာကီ ပုံသဏၭာန္ကို မေဆာင္ၾကႏွင့္။ ေကာင္းျမတေသာအရာ ၊ ႏွစ္သက္ဖြယ္ေသာအရာ ၊ စုံလင္ေသာ အရာတည္းဟူေသာ ဘုရားသခင္ အလိုေတာ္ရွိေသာအရာသည္ အဘယ္အရာ ျဖစ္သည္ကို သင္ႏိုင္မည္အေၾကာင္း ၊ စိတ္ႏွလုံးကို အသစ္ျပင္ဆင္၍ ပုံသဏၭာန္ ေျပာင္းလဲျခင္းသို႔ ေရာက္ၾကေလာ့” 


သင္၏ စိတ္ေနသေဘာထားကို ေအာက္ပါ အခ်က္ (၂) မ်ိဳးအားျဖင့္ အသစ္ျပဳျပင္ႏိုင္ပါတယ္။

(၁) ပထမဉီးစြာ ေလာကႀကီးက ေျပာေသာစကားေတြထက္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို နားေထာင္ပါ။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ  “ မတရားေသာ သူတို႔၏ တိုက္တြန္းျခင္းသို႔ မလိုက္ ၊ လူဆိုးတို႔၏ လမ္းတြင္ မရပ္မေန ၊ မထီမဲ့ျမင္ျပဳေသာ သူတို႔၏ အစည္းအေဝး၌ မထိုင္ ၊ ထာဝရဘုးရား၏ တရားေတာ္၌ ေမြ႕ေလ်ာ္၍ ၊ တရားေတာ္ကို ေန႔ညမျပတ္ ဆင္ျခင္ေအာက္ေမ့ေသာ သူသည္ မဂၤလာရွိ၏။ အေၾကာင္းမူကား ထိုသူသည္ ျမစ္နားမွာ စိုက္လ်က္ မိမိအခ်ိန္တန္မွ အသီးကိုသီး၍ ။ အ႐ြက္မညႇိဳးႏြမ္းတတ္ေသာ အပင္ႏွင့္ တူ၏။ ျပဳေလသမွ်တို႔၌ ေအာင္လိမ့္သတည္း “ ဆာလံက်မ္း ၁း၁-၃


သင့္အသက္တာအတြက္ ၎လကၡဏာတို႔က မွန္ကန္ပါသလား။ တကယ္လို႔ မွန္ကန္တယ္ဆိုလွ်င္ ေန႔စဥ္ အသက္တာတြင္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ဆင္ျခင္ေအာက္ေမ့ပါ။


(၂) ဒုတိယအေနျဖင့္ သင္ေတြးေတာေသာ အရာေပၚ ဆင္ျခင္ေအာက္ေမ့ၾကည့္ပါ။

သင္၌ရွိေနေသာ အေတြးအေခၚတိုင္းကို အလိုအေလွ်ာက္ လက္ခံေနမည့္အစား သင္၏ အေတြးအေခၚတို႔ကို စိန္ေခၚၾကည့္ပါ။ အေတြးတစ္ခု ေရာက္လာလွ်င္ “ကြၽႏ္ုပ္ ဤအေၾကာင္းႏွင့္ ပတ္သက္ၿပီး စဥ္းစားခ်င္ရဲ႕လား ၊ မွန္ကန္ရဲ႕လား ၊ အေထာက္အကူျဖစ္ရဲ႕လား ၊ ဘယ္လို ခံစားရမလဲ ၊ ခံစားခ်င္ရဲ႕လား” လို႔  ျပန္ေမးလိုက္ပါ။ 


သမၼာက်မ္းစာက ဆိုထားသည္မွာ “ထိုလက္နက္အားျဖင့္ လူတို႔၏ အႀကံအစည္တို႔ကိုလည္းေကာင္း၊ ဘုရားသခင္ကို သိေသာအပညာကို တားဆီးေသာ မာန္မာန ရွိသမွ်တို႔ကိုလည္းေကာင္း  ႏွိမ့္ခ်ေမွာက္လွန္၍ ၊ ခပ္သိမ္းေသာ စိတ္တို႔ကို ဖမ္းသြားခ်ဳပ္ထားလ်က္ ခရစ္ေတာ္၏ စကားကို နားေထာင္ေစၾက၏“ ၂ေကာ ၁၀◌း၅


သင္၏ ခံစားရမႈအားလုံးတို႔က သင္၏အေတြးေၾကာင့္ ျဖစ္ပါတယ္။ သင္ေတြးေခၚေနတာေတြကို သင္မႏွစ္သက္ ဘူးဆိုလွ်င္ သင္ေတြးေနေသာအရာကို ေျပာင္းလဲပစ္ဖို႔ လိုပါတယ္။ စိတ္ဆင္းရဲ႕ေစမဲ့ အေတြးေတြကို ဖယ္ရွားၿပီး တျခားေသာ အေတြးတစ္ခုျဖင့္ အစားထိုးလိုက္ပါ။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ႏွလုံးသည္ အသက္၏ အေျခအျမစ္ ျဖစ္ေသာေၾကာင့္ သင္၏ ႏွလုံးကို အထူးသျဖင့္ ေစာင့္ေရွာက္ေလာ့။ ” သုတၱံက်မ္း ၄း၂၃


အေတြးအေခၚေဟာင္းတစ္ခုကို ထပ္ခါထပ္ခါ ေတြးေနမည့္အစား ထိုအေတြးေတြကို ရင္ဆိုင္လိုက္ပါ။ သင္ေတြးေခၚေနျခင္းႏွင့္ ပတ္သက္ေသာအရာသည္ သင္၏ ေ႐ြးခ်ယ္မႈ ျဖစ္ၿပီး သင္၌ရွိေနေသာ ေတြးေခၚမႈ တိုင္းကို သင္ယုံၾကည္ဖို႔ မလိုပါဘူး။ မမွန္ကန္ပါဘူးလို႔ သင္သိရွိေနတဲ့ အေတြးအေခၚတစ္ခုကို သင္ရင္ဆိုင္တဲ့ အခါမွာ သင္ေတြးေခၚေနေသာအရာကို သင္ေျပာင္းလဲဖို႔ရန္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ၎ကို ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ႏွင့္ အစားထိုးႏိုင္ပါတယ္။


အမွန္တရားကို သိရွိႏိုင္ေသာ တစ္ခုတည္းေသာ နည္းလမ္းမွာ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို လက္ခံဖို႔ ျဖစ္ပါတယ္။ ထိုႏႈတ္ကပတ္ေတာ္အေပၚမွာ အခ်ိန္မ်ားစြာေပးဖို႔ရန္ ေ႐ြးခ်ယ္ေလေလ ဘုရားသခင္၏ သမၼာ တရားက သင္၏ အေတြးအေခၚတို႔ကို ေျပာင္းလဲေပးဖို႔ရန္ အကူအညီျဖစ္ေစပါလိမ့္မည္။

သင္၏ အေတြးအေခၚတို႔ကို ယေန႔ပင္ စတင္ေျပာင္းလဲလိုက္ပါ။ ၎သည္ သင့္အား အသစ္ေသာစတင္မႈကို ေပးႏိုင္မည္ျဖစ္ၿပီး သင္၏ အသက္တာကိုပါ ေနာက္ဆုံး ေျပာင္းလဲေပးသြားပါလိမ့္မည္။ 


ဆင္ျခင္ရန္

- သင္၏ အေတြးအေခၚတို႔ကို သင္ထိန္းခ်ဳပ္တယ္လို႔ ခံစားရပါသလား။ ဘာေၾကာင့္လဲ (သို႔) ဘာေၾကာင့္ မဟုတ္သလဲ။

- အေတြးအေခၚ ေျပာင္းလဲေစဖို႔ရန္ ႏႈတ္ကပတ္ေတာ္ကို သိုမွီးျခင္းက ဘာေၾကာင့္ အေရးႀကီးပါသနည္း။

- စိတ္ထဲတြင္ လည္ပတ္ေနေသာ မည္ကဲ့သို႔ေသာ အေတြးအေခၚတို႔ကို ရင္ဆိုင္ဖို႔ရန္ ႏွင့္ စိန္ေခၚဖို႔ရန္ လိုအပ္ပါသနည္း။ သခင္ေယရႈအား နာခံျခင္းျဖစ္ဖို႔ရန္ ထိုအေတြးအေခၚတို႔ကို မည္ကဲ့သို႔ လုပ္ေဆာင္မည္နည္း။