The Highest and Best use of your Money

 Unicode Version

သင်၏ ငွေကြေးအား အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးသော အသုံးပြုမှု

ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၉ “တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။

လူသားတို့ကို ကောင်းကင်ဘုံ ဝင်ရောက်ရဖို့ရန် သင်၏ငွေကြေးကို အသုံးးပြုခြင်းသည် အကောင်းဆုံးသော အသုံးပြုခြင်းဖြစ်ပေသည်။ ရှင်လုကာ ခရစ်ဝင်ကျမ်း ၁၆း၉ တွင်ဖော်ပြထားသော ကျမ်းပိုဒ်ကို လူအများစု နားမလည်ကြပါဘူး။ “တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။

 

သခင်ယေရှုပြောထားတဲ့ ဥပမာတွင် ပါးနပ်သောဘဏ္ဍာစိုးကဲ့သို့ နောက်အခါ အကျိုးပြုနိုင်သော မိတ်ဆွေတစ်ချို့ ကို ရယူခြင်း ဖြစ်ပါတယ်။ သင့်အား ကောင်းကင်ထက်တွင် ကြိုဆိုမည့်သူရှိစေဖို့ရန် ထာဝရမိတ်ဆွေ သူငယ်ချင်းရှိဖို့ရန် သင်၏ငွေကြေးတစ်ချို့ကို အသုံးပြုဖို့ လိုအပ်ပါတယ်။

 

ကောင်းကင်ဘုံ ဝင်ရောက်ဖို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်ဆောင်နိုင်တယ်လို့ မဆိုလိုပါ။ လုပ်လို့လည်း မရပါ။ အဖိုးအခကို သခင်ယေရှု ကားတိုင်ထက် ပေးခဲ့ပြီးပါပြီ။ သင်၏ကယ်တင်ခြင်းကို ဝယ်ယူနိုင်တယ်လို့ မပြောပါ။ ဝယ်ယူလို့လည်း မရပါ။ ကယ်တင်ခြင်းဆိုတာ ကျေးဇူးတော်အားဖြင့်ရသော အခမဲ့ဆုလက်ဆောင် ဖြစ်ပါတယ်။

 

နိစ္စထာဝရအတွက် ဆက်လက်တည်နေစေနိုင်မည့် မိတ်ဆွေသူငယ်ချင်းကို တည်ဆောက်ဖို့ရန် သင်၏ငွေတို့ကို အသုံးပြုဖို့ သခင်ယေရှုဆိုထားတာ ဖြစ်ပါတယ်။ တပါးသူတို့အား သခင်ယေရှုနှင့် တွေ့ဆုံဖို့ရန် အကူအညီအဖြစ် သင်၏ ငွေကြေးကို အသုံးပြုတဲ့အခါမှာ နိစ္စထာဝရအတွက် မိတ်ဆွေကို သင်ပြုရုံသာမက ဆုလဒ်သရဖူကိုပါ ရရှိပါမည်။

 

တစ်နေ့တွင် ကောင်းကင်ဘုံတံခါးဝ၌ လူပေါင်းရာချီ တန်းစီပြီး လက်ခုပ်တီးလျက် ၊ ချီးမြှောက်လျက် “ငါတို့တွေ နင့်ကိုစောင့်နေတာ၊ ငါတို့ကို သတင်းကောင်းပြောဖို့ နင်ရဲ့ငွေတွေကို အသုံးပြုခဲ့တဲ့အတွက်ကြောင့် ငါတို့ ဒီကို ရောက်ရတာပါ၊ ငါတို့ဘဝအတွက် နင်က မိတ်ဆွေသာမက နိစ္စထာဝရအတွက် မိတ်ဆွေဖြစ်တယ်။ နင်သာ ငွေကြေးသုံးစွဲတဲ့နည်းလမ်းက ဒီလိုမဟုတ်ခဲ့ဘူးဆိုရင် ကောင်းကင်ဘုံရောက်ကို ဘယ်လိုရောက်မလဲဆိုတာ ငါတို့တွေ ကြားရမှာတောင်မဟုတ်ပါဘူး” လို့ပြောနေကြတာတွေကို သင်မြင်ယောင်ကြည့်လိုက်ပါ။

 

လူတွေကို ကောင်းကင်ဘုံရောက်ဖို့ရန် သင့်ငွေတွေကို အသုံးပြုနေပါသလား။ တစ်ယောက်ယောက်ကများ သင့်ကြောင့် ကောင်းကင်ဘုံကို သွားရမည်လား။

သမ္မာကျမ်းစာအုပ် မရှိတဲ့သူတစ်ယောက်ဆီကို သင်က ကျမ်းစာအုပ်ဝယ်ပြီး ပေးလိုက်တဲ့အခါမှာ သင်ကောင်း ကင်ဘုံ ဘဏ္ဍာကို သိုမှီးနေတာ ဖြစ်ပါတယ်။ လောကတစ်ခွင်ဆီသို့ သတင်းကောင်းကို ဖြန့်ဝေတဲ့အစီအစဉ် တွေအတွက် သင်က အထောက်အမ ပြုခြင်းက ကောင်းကင်ဘုံတွင် သင်၏ဘဏ္ဍာကို သိုမှီးခြင်း ဖြစ်ပါတယ်။ အသင်းတော်ကို တည်ထောင်ခြင်းသည်လည်း ကောင်းကင်ဘုံရှိ ဘဏ္ဍာတိုက်ကို သိုမှီးနေခြင်းဖြစ်ပါတယ်။ ၎င်းသည် အမြင့်မြတ်ဆုံးနှင့် အကောင်းဆုံးသော ငွေကြေးသုံးစွဲခြင်း ဖြစ်ပါတယ်။

 

ဤအရာကို သင်နှင့်အတူ ယူဆောင်သွားလို့မရပါ။ သို့ပေမဲ့ တခြားသောသူတို့ သခင်ယေရှုနှင့် တွေ့ဆုံနိုင်ဖို့ရန် သင်၏ငွေကို ရင်းနှီးလိုက်ခြင်းအားဖြင့် ကောင်းကင်ဘဏ္ဍာတိုက်သို့ ကြိုတင်ပို့ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

 

ဆင်ခြင်ရန်

- ထာဝရအတွက် အကျိုးသက်ရောက်မှု မဖြစ်စေဘဲ မည်ကဲ့သို့သောအရာတွေတစ်ချို့အတွက် သင်ငွေကြေး အသုံးပြုပါသနည်း။

- သတင်းကောင်းကို ဝေမျှနိုင်မည့် ဘယ်ကဲ့သို့သော သူတွေကို သင့်အသက်တာတွင် ဘုရားသခင် ထားရှိပါသနည်း။

- ထာဝရ မိတ်ဆွေသူငယ်ချင်းကို ရင်းနှီးမြှုပ်နှံမှုရရှီဖို့ရန် မည်သို့သောနည်းလမ်းဖြင့် သင့်ငွေကို အသုံးပြုနိုင် မည်နည်း။

-----------------------------------------------------------------------------------------


Zawgyi Version

သင္၏ ေငြေၾကးအား အေကာင္းဆုံးႏွင့္ အျမင့္ျမတ္ဆုံးေသာ အသုံးျပဳမႈ

ရွင္လုကာခရစ္ဝင္က်မ္း ၁၆း၉ “တဖန္ ငါဆိုသည္ကား၊ သင္တို႔သည္ စုေတ့ေသာအခါ၊ အစဥ္အၿမဲတည္ေသာ ဗိမာန္၌သင္တို႔ကို လက္ခံလတံ့ေသာ အေဆြရွိေစျခင္းငွါ မၿမဲေသာ ေလာကီစည္းစိမ္ကို သုံးေဆာင္ၾကေလာ့။”



လူသားတို႔ကို ေကာင္းကင္ဘုံ ဝင္ေရာက္ရဖို႔ရန္ သင္၏ေငြေၾကးကို အသုံးးျပဳျခင္းသည္ အေကာင္းဆုံးေသာ အသုံးျပဳျခင္းျဖစ္ေပသည္။ ရွင္လုကာ ခရစ္ဝင္က်မ္း ၁၆း၉ တြင္ေဖာ္ျပထားေသာ က်မ္းပိုဒ္ကို လူအမ်ားစု နားမလည္ၾကပါဘူး။ “တဖန္ ငါဆိုသည္ကား၊ သင္တို႔သည္ စုေတ့ေသာအခါ၊ အစဥ္အၿမဲတည္ေသာ ဗိမာန္၌သင္တို႔ကို လက္ခံလတံ့ေသာ အေဆြရွိေစျခင္းငွါ မၿမဲေသာ ေလာကီစည္းစိမ္ကို သုံးေဆာင္ၾကေလာ့။”


သခင္ေယရႈေျပာထားတဲ့ ဥပမာတြင္ ပါးနပ္ေသာဘ႑ာစိုးကဲ့သို႔ ေနာက္အခါ အက်ိဳးျပဳႏိုင္ေသာ မိတ္ေဆြတစ္ခ်ိဳ႕ ကို ရယူျခင္း ျဖစ္ပါတယ္။ သင့္အား ေကာင္းကင္ထက္တြင္ ႀကိဳဆိုမည့္သူရွိေစဖို႔ရန္ ထာဝရမိတ္ေဆြ သူငယ္ခ်င္းရွိဖို႔ရန္ သင္၏ေငြေၾကးတစ္ခ်ိဳ႕ကို အသုံးျပဳဖို႔ လိုအပ္ပါတယ္။


ေကာင္းကင္ဘုံ ဝင္ေရာက္ဖို႔ ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ လုပ္ေဆာင္ႏိုင္တယ္လို႔ မဆိုလိုပါ။ လုပ္လို႔လည္း မရပါ။ အဖိုးအခကို သခင္ေယရႈ ကားတိုင္ထက္ ေပးခဲ့ၿပီးပါၿပီ။ သင္၏ကယ္တင္ျခင္းကို ဝယ္ယူႏိုင္တယ္လို႔ မေျပာပါ။ ဝယ္ယူလို႔လည္း မရပါ။ ကယ္တင္ျခင္းဆိုတာ ေက်းဇူးေတာ္အားျဖင့္ရေသာ အခမဲ့ဆုလက္ေဆာင္ ျဖစ္ပါတယ္။


နိစၥထာဝရအတြက္ ဆက္လက္တည္ေနေစႏိုင္မည့္ မိတ္ေဆြသူငယ္ခ်င္းကို တည္ေဆာက္ဖို႔ရန္ သင္၏ေငြတို႔ကို အသုံးျပဳဖို႔ သခင္ေယရႈဆိုထားတာ ျဖစ္ပါတယ္။ တပါးသူတို႔အား သခင္ေယရႈႏွင့္ ေတြ႕ဆုံဖို႔ရန္ အကူအညီအျဖစ္ သင္၏ ေငြေၾကးကို အသုံးျပဳတဲ့အခါမွာ နိစၥထာဝရအတြက္ မိတ္ေဆြကို သင္ျပဳ႐ုံသာမက ဆုလဒ္သရဖူကိုပါ ရရွိပါမည္။


တစ္ေန႔တြင္ ေကာင္းကင္ဘုံတံခါးဝ၌ လူေပါင္းရာခ်ီ တန္းစီၿပီး လက္ခုပ္တီးလ်က္ ၊ ခ်ီးေျမႇာက္လ်က္ “ငါတို႔ေတြ နင့္ကိုေစာင့္ေနတာ၊ ငါတို႔ကို သတင္းေကာင္းေျပာဖို႔ နင္ရဲ႕ေငြေတြကို အသုံးျပဳခဲ့တဲ့အတြက္ေၾကာင့္ ငါတို႔ ဒီကို ေရာက္ရတာပါ၊ ငါတို႔ဘဝအတြက္ နင္က မိတ္ေဆြသာမက နိစၥထာဝရအတြက္ မိတ္ေဆြျဖစ္တယ္။ နင္သာ ေငြေၾကးသုံးစြဲတဲ့နည္းလမ္းက ဒီလိုမဟုတ္ခဲ့ဘူးဆိုရင္ ေကာင္းကင္ဘုံေရာက္ကို ဘယ္လိုေရာက္မလဲဆိုတာ ငါတို႔ေတြ ၾကားရမွာေတာင္မဟုတ္ပါဘူး” လို႔ေျပာေနၾကတာေတြကို သင္ျမင္ေယာင္ၾကည့္လိုက္ပါ။ 


လူေတြကို ေကာင္းကင္ဘုံေရာက္ဖို႔ရန္ သင့္ေငြေတြကို အသုံးျပဳေနပါသလား။ တစ္ေယာက္ေယာက္ကမ်ား သင့္ေၾကာင့္ ေကာင္းကင္ဘုံကို သြားရမည္လား။

သမၼာက်မ္းစာအုပ္ မရွိတဲ့သူတစ္ေယာက္ဆီကို သင္က က်မ္းစာအုပ္ဝယ္ၿပီး ေပးလိုက္တဲ့အခါမွာ သင္ေကာင္း ကင္ဘုံ ဘ႑ာကို သိုမွီးေနတာ ျဖစ္ပါတယ္။ ေလာကတစ္ခြင္ဆီသို႔ သတင္းေကာင္းကို ျဖန႔္ေဝတဲ့အစီအစဥ္ ေတြအတြက္ သင္က အေထာက္အမ ျပဳျခင္းက ေကာင္းကင္ဘုံတြင္ သင္၏ဘ႑ာကို သိုမွီးျခင္း ျဖစ္ပါတယ္။ အသင္းေတာ္ကို တည္ေထာင္ျခင္းသည္လည္း ေကာင္းကင္ဘုံရွိ ဘ႑ာတိုက္ကို သိုမွီးေနျခင္းျဖစ္ပါတယ္။ ၎သည္ အျမင့္ျမတ္ဆုံးႏွင့္ အေကာင္းဆုံးေသာ ေငြေၾကးသုံးစြဲျခင္း ျဖစ္ပါတယ္။


ဤအရာကို သင္ႏွင့္အတူ ယူေဆာင္သြားလို႔မရပါ။ သို႔ေပမဲ့ တျခားေသာသူတို႔ သခင္ေယရႈႏွင့္ ေတြ႕ဆုံႏိုင္ဖို႔ရန္ သင္၏ေငြကို ရင္းႏွီးလိုက္ျခင္းအားျဖင့္ ေကာင္းကင္ဘ႑ာတိုက္သို႔ ႀကိဳတင္ပို႔ေဆာင္ႏိုင္ျခင္း ျဖစ္ပါတယ္။


ဆင္ျခင္ရန္

- ထာဝရအတြက္ အက်ိဳးသက္ေရာက္မႈ မျဖစ္ေစဘဲ မည္ကဲ့သို႔ေသာအရာေတြတစ္ခ်ိဳ႕အတြက္ သင္ေငြေၾကး အသုံးျပဳပါသနည္း။

- သတင္းေကာင္းကို ေဝမွ်ႏိုင္မည့္ ဘယ္ကဲ့သို႔ေသာ သူေတြကို သင့္အသက္တာတြင္ ဘုရားသခင္ ထားရွိပါသနည္း။

- ထာဝရ မိတ္ေဆြသူငယ္ခ်င္းကို ရင္းႏွီးျမႇဳပ္ႏွံမႈရရွီဖို႔ရန္ မည္သို႔ေသာနည္းလမ္းျဖင့္ သင့္ေငြကို အသုံးျပဳႏိုင္ မည္နည္း။