In Trying Times, Keep Trying

 Unicode Version

ကြိုးစားနေသော အချိန်ကာလတို့၌ ဆက်လက်ကြိုးစားအားထုတ်နေပါ။

သုတ္တံကျမ်း ၂၄း၁၀သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။

 

အသက်တာသည် မထိန်းချုပ်နိုင်သော အရာတို့ဖြင့် ပြည့်ဝနေပါတယ်။ လူအများတို့သည်လည်း စိတ်နှလုံးသား ထဲ၌ ဘုရားသခင်ထားရှိပေးသော အိပ်မက်ကို လိုက်မှီခြင်းမှလည်း ကင်းဝေးစေကြပါတယ်။ ထိန်းချုပ်မရတဲ့ အခြေအနေများနှင့် ပြသနာများအလယ်တွင် ဘုရားသခင်အတွက် အသက်ရှင်ခြင်းနှင့် ခေါ်တော်မူသော အရာတို့ကို လုပ်ဆောင်ဖို့ရန် လေ့လာပါ။

 

တနည်းအားဖြင့် မထိန်းချုပ်နိုင်သောအရာတို့ကို သင်ထိန်းချုပ်ပြီး ကျန်ရှိသောအရာတွေအတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပါတယ်။ သင်၏ စိတ်နေသဘောထား ၊ တုံ့ပြန်မှု နှင့် ဘုရားသခင်ပေါ် သင်မည်မျှ ယုံကြည် ကြောင်းကို သင်ထိန်းချုပ်နိုင်ပါတယ်။ ထိုအရာတွေက သင်၏ ရွေးချယ်မှုတွေ ဖြစ်ပါတယ်။

 

Covid-19 ကပ်ရောဂါဘေးကာတွေမှာ လူအများတို့သည် ၎င်းတို့ အသက်တာတွင် အရာအားလုံးတို့ကို ရပ်တန့်ထားလိုက်ကြပါတယ်။ သောင်မတင် ရေမကျ အခြေအနေကဲ့သို့ နေထိုင်ပြီး ဘာမှ မလုပ်ကြတော့ပါ။ စောင့်ဆိုင်းနေကြပါတယ်။ သူတို့တစ်တွေကဘဲ စိတ်အနှောက်အယှက် အခံရဆုံး လူတွေဖြစ်ကြပါတယ်။

 

ယခုအချိန်တွင် သင်လုပ်ဆောင်ချင်သော အရာအားလုံးတို့ကို လုပ်ဆောင်နိုင်စွမ်းရှိချင်မှ ရှိပါမည်။ သို့ပေမဲ့ ၎င်းသည် တစ်စုံတစ်ခုကို သင်မလုပ်နိုင်ပါဘူးလို့ မဆိုလိုပါ။ ဤကပ်ရောဂါ ကာလမှာ နေ့ရက်တွေကို သက်တောင့်သက်သာ ဖြင့်ဖြတ်သန်းပြီး ကုန်လွန်စေခြင်းကို မဆိုလိုပါ။

 

ကန့်သတ်ချက်တို့သည် တီထွင်ဖန်တီးနိုင်မှုများအတွက် အခွင့်အလမ်းဖြစ်ပါတယ်။ ဝတ်ပြုကိုးကွယ်ခြင်း အတွက် ကျွန်ုပ်တို့၏ အသင်းတော်တွင် ပုဂ္ဂိုလ်ချင်း မတွေ့ဆုံနိုင်တဲ့အခါ အသင်းတော်၏ တခြားသော ရည်ရွယ်ချက်(၄) ခုဖြစ်တဲ့ မိတ်သဟာရဖွဲခြင်း ၊ တပည့်ဖြစ်ခြင်း ၊ ဒေသနာဟောပြောခြင်း နှင့် သာသနာပြုခြင်း တို့တွင် ပိုပြီး နိုးကြား၍ ထိရောက်မှု ရှိခဲ့ပါတယ်။

 

ကပ်ရောဂါ ပထမနှစ်တွင် ကျွန်ုပ်တို့အတွက် အဆိုးဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ ၎င်းသည် ပုံစံအမျိုးမျိုးဖြင့် အဆိုးဆုံးဟု ခံစားခဲ့ရသော်လည်း ၎င်းသည် အုပ်စုငယ်များကို စတင်ခြင်း ၊ တပည့်များ မွေးထုတ်ခြင်း ၊ ဓမ္မအမှုများ စတင်ခြင်း နှင့် မယုံကြည်သူတွေဆီ အရင်ကထက် ပိုမိုထိရောက်မှု ရှိခြင်းတို့က ကျွန်ုပ်တို့အသင်းတော်အတွက် အကြီးမြတ် ဆုံးသော နှစ်ဖြစ်ခဲ့ပါတယ်။ ဤဖြစ်ပျက်မှုအကြောင်းကလည်း လူတော်တော်များများက အသင်းတော်သည် ဝတ်ပြုကိုးကွယ်ခြင်းတစ်ခုမျှသာ ဖြစ်သည်ကို နားလည်ထားကြလို့ ဖြစ်ပါတယ်။ အသင်းတော်သည် မိသားစုဖြစ်ပြီး သီတင်းတစ်ပတ်ရှိ တနင်္ဂနွေနေ့တစ်ရက်သာမဟုတ်ဘဲ နေ့ရက်တိုင်းတွင် နိုးကြားတက် ကြွပါတယ်။

 

အတူတကွ ဝတ်ပြုကိုးကွယ်ခြင်းကနေ ကပ်ရောဂါက ဘယ်လို တားဆီးသလဲဆိုတာကို ကျွန်ုပ်တို့ မထိန်းချုပ် နိုင်ပါ။ သို့ပေမဲ့ ကျွန်ုပ်တို့ မည်ကဲ့သို့ တုံ့ပြန်မလဲဆိုတာကိုတော့ ထိန်းချုပ်နိုင်ပြီး ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အသုံးပြုဖို့ရန် ရွေးချယ်မှုပြုနိုင်ပါတယ်။

သုတ္တံကျမ်း ၂၄း၁၀သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။

ကြိုးစားမှုတို့ကို သင်ရပ်တန့်ပစ်နေပါသလား။ တစ်စိတ်တစ်ပိုင်းတစ်ခုကို ထိန်းချုပ်မှု ဆုံးရှုံးရလို့ သင်တစ်ခုခုကို စွန့်လွှတ်လိုက်ပြီလား

 

ကြိုးစားနေတဲ့ အချိန်တွေမှာ ဆက်လက်ကြိုးစားဖို့ လိုပါတယ်။ လောကကြီးမှာ များစွာသော ပြသနာတွေက ယခုအချိန်မှာ အများကြီးပါ။ သို့ပေမဲ့ သင်အကူအညီ မမဲ့ပါဘူး။ အပြင်ကို ထွက်ပြီး သင့်ကိုယ်သင် ကြည့်လိုက်ပါ။ သင်၏ သဘောထားကို ပြောင်းလဲလိုက်ပါ။ သင်၏ အရင်းအမြစ်ဆိုင်ရာ ရင်းနှီးမှုတို့အား အသုံးပြုလျက် တပါးသူတို့အား ကူညီလိုက်ပါ။

 

ဆင်ခြင်ရန်

- သင့်အသက်တာ၌ ထိန်းချုပ်မှုကင်းမဲ့သွားသော ကဏ္ဍတစ်ချို့ရှိပါသလား။ သင်၏ အခြေအနေအတွင်းတွင် တိုးတက်ဖို့ရန် နှင့် အမှုဆောင်ရွက်ဖို့ရန် မည်သို့သော အခွင့်အရေးတစ်ချို့ ရှိပါသနည်း။

- ထာဝရ ထိန်းချုပ်သော ဘုရားသခင်ကို ယုံကြည်ကိုးစားမှု ပိုမိုဖြစ်ပေါ်စေရန် သင်၏ သဘောထားနှင့် ပတ်သက်ပြီး မည်သည့်အရာကို ပြောင်းလဲဖို့ လိုမည်နည်း။

- တခြားသူတွေ အကြောင်းကို စဉ်းစားခြင်းအရာက သင်ကြိုးစားနေချိန်တွေမှာ မှန်ကန်တဲ့ အမြင်ကို မည်ကဲ့သို့ ပေးပါသနည်း။

-----------------------------------------------------------

Zawgyi Version

ႀကိဳးစားေနေသာ အခ်ိန္ကာလတို႔၌ ဆက္လက္ႀကိဳးစားအားထုတ္ေနပါ။

သုတၱံက်မ္း ၂၄း၁၀ “သင္သည္ အမႈေရာက္ေသာကာလ၌ စိတ္ပ်က္ လွ်င္ အားနည္း၏။”



အသက္တာသည္ မထိန္းခ်ဳပ္ႏိုင္ေသာ အရာတို႔ျဖင့္ ျပည့္ဝေနပါတယ္။ လူအမ်ားတို႔သည္လည္း စိတ္ႏွလုံးသား ထဲ၌ ဘုရားသခင္ထားရွိေပးေသာ အိပ္မက္ကို လိုက္မွီျခင္းမွလည္း ကင္းေဝးေစၾကပါတယ္။ ထိန္းခ်ဳပ္မရတဲ့ အေျခအေနမ်ားႏွင့္ ျပသနာမ်ားအလယ္တြင္ ဘုရားသခင္အတြက္ အသက္ရွင္ျခင္းႏွင့္ ေခၚေတာ္မူေသာ အရာတို႔ကို လုပ္ေဆာင္ဖို႔ရန္ ေလ့လာပါ။


တနည္းအားျဖင့္ မထိန္းခ်ဳပ္ႏိုင္ေသာအရာတို႔ကို သင္ထိန္းခ်ဳပ္ၿပီး က်န္ရွိေသာအရာေတြအတြက္ ဘုရားသခင္ကို ယုံၾကည္ျခင္းျဖစ္ပါတယ္။ သင္၏ စိတ္ေနသေဘာထား ၊ တုံ႔ျပန္မႈ ႏွင့္ ဘုရားသခင္ေပၚ သင္မည္မွ် ယုံၾကည္ ေၾကာင္းကို သင္ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ထိုအရာေတြက သင္၏ ေ႐ြးခ်ယ္မႈေတြ ျဖစ္ပါတယ္။


Covid-19 ကပ္ေရာဂါေဘးကာေတြမွာ လူအမ်ားတို႔သည္ ၎တို႔ အသက္တာတြင္ အရာအားလုံးတို႔ကို ရပ္တန႔္ထားလိုက္ၾကပါတယ္။ ေသာင္မတင္ ေရမက် အေျခအေနကဲ့သို႔ ေနထိုင္ၿပီး ဘာမွ မလုပ္ၾကေတာ့ပါ။ ေစာင့္ဆိုင္းေနၾကပါတယ္။ သူတို႔တစ္ေတြကဘဲ စိတ္အေႏွာက္အယွက္ အခံရဆုံး လူေတြျဖစ္ၾကပါတယ္။


ယခုအခ်ိန္တြင္ သင္လုပ္ေဆာင္ခ်င္ေသာ အရာအားလုံးတို႔ကို လုပ္ေဆာင္ႏိုင္စြမ္းရွိခ်င္မွ ရွိပါမည္။ သို႔ေပမဲ့ ၎သည္ တစ္စုံတစ္ခုကို သင္မလုပ္ႏိုင္ပါဘူးလို႔ မဆိုလိုပါ။ ဤကပ္ေရာဂါ ကာလမွာ ေန႔ရက္ေတြကို သက္ေတာင့္သက္သာ ျဖင့္ျဖတ္သန္းၿပီး ကုန္လြန္ေစျခင္းကို မဆိုလိုပါ။


ကန႔္သတ္ခ်က္တို႔သည္ တီထြင္ဖန္တီးႏိုင္မႈမ်ားအတြက္ အခြင့္အလမ္းျဖစ္ပါတယ္။ ဝတ္ျပဳကိုးကြယ္ျခင္း အတြက္ ကြၽႏ္ုပ္တို႔၏ အသင္းေတာ္တြင္ ပုဂၢိဳလ္ခ်င္း မေတြ႕ဆုံႏိုင္တဲ့အခါ အသင္းေတာ္၏ တျခားေသာ ရည္႐ြယ္ခ်က္(၄) ခုျဖစ္တဲ့ မိတ္သဟာရဖြဲျခင္း ၊ တပည့္ျဖစ္ျခင္း ၊ ေဒသနာေဟာေျပာျခင္း ႏွင့္ သာသနာျပဳျခင္း တို႔တြင္ ပိုၿပီး ႏိုးၾကား၍ ထိေရာက္မႈ ရွိခဲ့ပါတယ္။


ကပ္ေရာဂါ ပထမႏွစ္တြင္ ကြၽႏ္ုပ္တို႔အတြက္ အဆိုးဆုံးႏွစ္ ျဖစ္ခဲ့ပါတယ္။ ၎သည္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ အဆိုးဆုံးဟု ခံစားခဲ့ရေသာ္လည္း ၎သည္ အုပ္စုငယ္မ်ားကို စတင္ျခင္း ၊ တပည့္မ်ား ေမြးထုတ္ျခင္း ၊ ဓမၼအမႈမ်ား စတင္ျခင္း ႏွင့္ မယုံၾကည္သူေတြဆီ အရင္ကထက္ ပိုမိုထိေရာက္မႈ ရွိျခင္းတို႔က ကြၽႏ္ုပ္တို႔အသင္းေတာ္အတြက္ အႀကီးျမတ္ ဆုံးေသာ ႏွစ္ျဖစ္ခဲ့ပါတယ္။ ဤျဖစ္ပ်က္မႈအေၾကာင္းကလည္း လူေတာ္ေတာ္မ်ားမ်ားက အသင္းေတာ္သည္ ဝတ္ျပဳကိုးကြယ္ျခင္းတစ္ခုမွ်သာ ျဖစ္သည္ကို နားလည္ထားၾကလို႔ ျဖစ္ပါတယ္။ အသင္းေတာ္သည္ မိသားစုျဖစ္ၿပီး သီတင္းတစ္ပတ္ရွိ တနဂၤေႏြေန႔တစ္ရက္သာမဟုတ္ဘဲ ေန႔ရက္တိုင္းတြင္ ႏိုးၾကားတက္ ႂကြပါတယ္။


အတူတကြ ဝတ္ျပဳကိုးကြယ္ျခင္းကေန ကပ္ေရာဂါက ဘယ္လို တားဆီးသလဲဆိုတာကို ကြၽႏ္ုပ္တို႔ မထိန္းခ်ဳပ္ ႏိုင္ပါ။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔ မည္ကဲ့သို႔ တုံ႔ျပန္မလဲဆိုတာကိုေတာ့ ထိန္းခ်ဳပ္ႏိုင္ၿပီး ရရွိႏိုင္တဲ့ အရင္းအျမစ္ေတြကို အသုံးျပဳဖို႔ရန္ ေ႐ြးခ်ယ္မႈျပဳႏိုင္ပါတယ္။ 

သုတၱံက်မ္း ၂၄း၁၀ “သင္သည္ အမႈေရာက္ေသာကာလ၌ စိတ္ပ်က္ လွ်င္ အားနည္း၏။”

ႀကိဳးစားမႈတို႔ကို သင္ရပ္တန႔္ပစ္ေနပါသလား။ တစ္စိတ္တစ္ပိုင္းတစ္ခုကို ထိန္းခ်ဳပ္မႈ ဆုံးရႈံးရလို႔ သင္တစ္ခုခုကို စြန႔္လႊတ္လိုက္ၿပီလား။


ႀကိဳးစားေနတဲ့ အခ်ိန္ေတြမွာ ဆက္လက္ႀကိဳးစားဖို႔ လိုပါတယ္။ ေလာကႀကီးမွာ မ်ားစြာေသာ ျပသနာေတြက ယခုအခ်ိန္မွာ အမ်ားႀကီးပါ။ သို႔ေပမဲ့ သင္အကူအညီ မမဲ့ပါဘူး။ အျပင္ကို ထြက္ၿပီး သင့္ကိုယ္သင္ ၾကည့္လိုက္ပါ။ သင္၏ သေဘာထားကို ေျပာင္းလဲလိုက္ပါ။ သင္၏ အရင္းအျမစ္ဆိုင္ရာ ရင္းႏွီးမႈတို႔အား အသုံးျပဳလ်က္ တပါးသူတို႔အား ကူညီလိုက္ပါ။


ဆင္ျခင္ရန္

- သင့္အသက္တာ၌ ထိန္းခ်ဳပ္မႈကင္းမဲ့သြားေသာ က႑တစ္ခ်ိဳ႕ရွိပါသလား။ သင္၏ အေျခအေနအတြင္းတြင္ တိုးတက္ဖို႔ရန္ ႏွင့္ အမႈေဆာင္႐ြက္ဖို႔ရန္ မည္သို႔ေသာ အခြင့္အေရးတစ္ခ်ိဳ႕ ရွိပါသနည္း။

- ထာဝရ ထိန္းခ်ဳပ္ေသာ ဘုရားသခင္ကို ယုံၾကည္ကိုးစားမႈ ပိုမိုျဖစ္ေပၚေစရန္ သင္၏ သေဘာထားႏွင့္ ပတ္သက္ၿပီး မည္သည့္အရာကို ေျပာင္းလဲဖို႔ လိုမည္နည္း။

- တျခားသူေတြ အေၾကာင္းကို စဥ္းစားျခင္းအရာက သင္ႀကိဳးစားေနခ်ိန္ေတြမွာ မွန္ကန္တဲ့ အျမင္ကို မည္ကဲ့သို႔ ေပးပါသနည္း။