How to Show Grace in Disagreement

 Unicode Version

သဘောထားခြင်း မတိုက်ဆိုင်ခြင်း၌ ကျေးဇူးတော်ကို မည်သို့ပြသမည်နည်း။

ရောမဩဝါဒစာ ၁၄း၁ “ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာ တို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။

စည်းလုံးခြင်းသည် ညီညွှတ်ခြင်းမဟုတ်ပါ။ ဘုရားသခင်က သူ၏ နောက်လိုက်တို့အား စည်းလုံးစေချင်တယ်လို့ ပြောတဲ့အခါမှာ ကျွန်ုပ်တို့အားလုံးကို ထပ်တူကျစေတယ်လို့ မဆိုလိုပါဘူး။ ၎င်းကို ဘုရားသခင်က အလိုရှိခဲ့ပါလျှင် ကျွန်ုပ်တို့ကို တူညီစွာ ဖန်ဆင်းခဲ့မှာ ဖြစ်ပါတယ်။

စည်းလုံးညီညွှတ်မှုအတွက် အသင်းတော်ရှိ မတူညီမှုများကို ဘယ်တော့မှ ကျွန်ုပ်တို့ ဘယ်သောအခါမှ မခွဲစေရ ပါဘူး။ ကျွန်ုပ်တို့သည် အရေးကြီးဆုံးသောအရာများကို  အာရုံစိုက်နေချိန်တွင် အဆိုပါကွဲပြားမှုများကို ဂုဏ်ပြုသင့် ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို ချစ်မြတ်နိုးပြီး သူ၏ အသင်းတော်ရှိ ကျွန်ုပ်တို့ အယောက်စီတိုင်းအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးသည့်အတိုင်း အချင်းချင်း ချစ်တတ်ရန် သင်ယူပါ။

 

သို့ပေမဲ့ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အသင်းဝင်တွေ၏ ကွဲပြားမှုတွေက ဘယ်လိုလဲ။ သင့်အား စိတ်အနှောက်အယှက် ဖြစ်စေမဲ့သူ တစ်ဦးဦးနှင့် သင်မည်သို့ ပေါင်းစည်းနိုင်မည်နည်း။

ရောမဩဝါဒစာ ၁၄း၁ “ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာ တို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။

အသင်းတော်တွင် (သို့) ဘယ်နေရာမဆို နားထောင်ဖို့ရန် လျင်မြန်စေပြီး စိတ်အနှောက်အယှက်ဖြစ်ချိန်မှာ ဒေါသထွက်ဖို့ကို နှေးကွေးစေပါ။ ဘာကြောင့်လဲဆိုတော့ လူအများစုတို့သည် ရောက်ရှိနေသောနေရာက ဘယ်လောက်ဝေးနေသည်ထက် ဘယ်လောက် သွားဖို့ကျန်သေးတယ်ဆိုတာကိုသာ မြင်တတ်ကြပါတယ်။ အသက်တာတွင် လူတစ်ယောက်ယောက် ဘယ်လောက်ကျော်ဖြတ်ခဲ့ပြီးပြီလဲဆိုတာကို သင်သိပါလျှင် သူတို့ ရောက်ရှိနေတဲ့နေရာကို ဝေဖန်နေမဲ့အစား အတူတကွ ပျော်ရွှင်နိုင်ပါတယ်။

 

တစ်စုံတစ်ဦီး၏ ဇာတ်ကြောင်းကို မသိတဲ့သူနှင့် သင်နှင့်ပဋိပက္ခဖြစ်တဲ့အခါမှာ သူတို့နားမလည်တဲ့ အပြုအမူ အတွက် ထုတ်ပယ်ခြင်းမျိုး ၊ ဝေဖန်ခြင်းမျိုး မပြုမိပါစေနှင့်။ “ဒီလူ ဘာမှားနေတာလဲ” လို့သင်တွေးထင် နေတာကို ရပ်တန့်ပြီး ၊ ၎င်းအစား “သူတို့ ဘာဖြစ်ခဲ့ကြတာလဲ” လို့မေးသင့်ပါတယ်။

 

တစ်စုံတစ်ယောက်သောသူ၏ အမူအကျင့်သည် စိတ်ဒဏ်ရာ (သို့) အကျပ်အတည်းကြောင့် ပုံသွင်းခံရနိုင်ပါတယ်။ နာကျင်ခံစားရတဲ့သူတွေသည် လူတွေကို နာကျင်စေပါတယ်။ သူတစ်ပါးကို နာကျင်စေတဲ့သူ တစ်ယောက်ကို သင်မြင်တွေ့တဲ့အခါ သူ၏ ဇာတ်ကြောင်းကို နက်နက်နဲနဲ စူးစမ်းကြည့်မယ်ဆိုလျှင် သူသည် နာကျင်ခံစားမှု ရရှိခဲ့ကြောင်း တွေ့ရှိရပါလိမ့်မည်။

 

သင်၏ ကြင်နာမှုကို အနည်းဆုံးသာ ခံထိုက်သောသူသည် အကြီးမားဆုံးသော မေတ္တာကို အလိုအပ်ဆုံးသူ ဖြစ်ပါတယ်။ စည်းလုံးညီညွှတ်မှု ရရှိရန် ဝေဖန်မည့်အစား စာနာမှုနှင့် ဂရုဏာကို ပေးပါ။

တစ်စုံတစ်ဦး၏ တန်ဖိုးနှင့် သူတို့၏ ဘဝတစ်လျှောက် ရေးသားသည့် ဇာတ်လမ်းကို သင်အတည်ပြုသောအခါ သင်သည် ထိုသူ၏ အသက်တာကို ပြောင်းလဲပေးရုံသာမက အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းလဲပေးနိုင်သည်။

 

ဆင်ခြင်ရန်

-  အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် သင့်ထက် သဘောထားကွဲလွဲပါက သင်မည်ကဲ့သို့ သင်တုံ့ပြန်တတ် ပါသနည်း။

- အနီးဆုံးသောလူတို့နှင့် ပဋိပက္ခ တွေ့ကြုံရသောအခါ သခင်ယေရှုသည် မည်ကဲ့သို့သော လက္ခဏာများကို စံပြခဲ့သနည်း။

- အသင်းတော်ရှိ တစ်စုံတစ်ဦးနှင့် သင်သဘောထားချင်း မတိုက်ဆိုင်သည့်အခါ ၎င်းတို့နှင့် သူတို့၏ ရပ်တည်ချက်ကို ပိုမိုနားလည်လိုကြောင်း ပြသဖို့ရန် သင်ဘာကို ပြောဆိုနိုင်မည်နည်း။


------------------------------------------------------------------

Zawgyi Version

သေဘာထားျခင္း မတိုက္ဆိုင္ျခင္း၌ ေက်းဇူးေတာ္ကို မည္သို႔ျပသမည္နည္း။

ေရာမဩဝါဒစာ ၁၄း၁ “ယုံၾကည္အားနည္းေသာ သူတို႔ကို လက္ခံၾကေလာ့။ သို႔ရာတြင္ ယုံမွားဘြယ္ေသာ ျပႆနာ တို႔ကို ထိုသူႏွင့္မေဆြးေႏြးၾကႏွင့္။ အစာအမ်ိဳးမ်ိဳးကို စားအပ္သည္ဟု လူအခ်ိဳ႕ယုံ၏။”


စည္းလုံးျခင္းသည္ ညီၫႊတ္ျခင္းမဟုတ္ပါ။ ဘုရားသခင္က သူ၏ ေနာက္လိုက္တို႔အား စည္းလုံးေစခ်င္တယ္လို႔ ေျပာတဲ့အခါမွာ ကြၽႏ္ုပ္တို႔အားလုံးကို ထပ္တူက်ေစတယ္လို႔ မဆိုလိုပါဘူး။ ၎ကို ဘုရားသခင္က အလိုရွိခဲ့ပါလွ်င္ ကြၽႏ္ုပ္တို႔ကို တူညီစြာ ဖန္ဆင္းခဲ့မွာ ျဖစ္ပါတယ္။

စည္းလုံးညီၫႊတ္မႈအတြက္ အသင္းေတာ္ရွိ မတူညီမႈမ်ားကို ဘယ္ေတာ့မွ ကြၽႏ္ုပ္တို႔ ဘယ္ေသာအခါမွ မခြဲေစရ ပါဘူး။ ကြၽႏ္ုပ္တို႔သည္ အေရးႀကီးဆုံးေသာအရာမ်ားကို  အာ႐ုံစိုက္ေနခ်ိန္တြင္ အဆိုပါကြဲျပားမႈမ်ားကို ဂုဏ္ျပဳသင့္ ပါသည္။ သခင္ေယရႈသည္ ကြၽႏ္ုပ္တို႔ကို ခ်စ္ျမတ္ႏိုးၿပီး သူ၏ အသင္းေတာ္ရွိ ကြၽႏ္ုပ္တို႔ အေယာက္စီတိုင္းအတြက္ ဘုရားသခင္၏ ရည္႐ြယ္ခ်က္မ်ားကို ျဖည့္ဆည္းေပးသည့္အတိုင္း အခ်င္းခ်င္း ခ်စ္တတ္ရန္ သင္ယူပါ။


သို႔ေပမဲ့ သင့္ကို စိတ္အေႏွာက္အယွက္ ျဖစ္ေစတဲ့ အသင္းဝင္ေတြ၏ ကြဲျပားမႈေတြက ဘယ္လိုလဲ။ သင့္အား စိတ္အေႏွာက္အယွက္ ျဖစ္ေစမဲ့သူ တစ္ဦးဦးႏွင့္ သင္မည္သို႔ ေပါင္းစည္းႏိုင္မည္နည္း။ 

ေရာမဩဝါဒစာ ၁၄း၁ “ယုံၾကည္အားနည္းေသာ သူတို႔ကို လက္ခံၾကေလာ့။ သို႔ရာတြင္ ယုံမွားဘြယ္ေသာ ျပႆနာ တို႔ကို ထိုသူႏွင့္မေဆြးေႏြးၾကႏွင့္။ အစာအမ်ိဳးမ်ိဳးကို စားအပ္သည္ဟု လူအခ်ိဳ႕ယုံ၏။”

အသင္းေတာ္တြင္ (သို႔) ဘယ္ေနရာမဆို နားေထာင္ဖို႔ရန္ လ်င္ျမန္ေစၿပီး စိတ္အေႏွာက္အယွက္ျဖစ္ခ်ိန္မွာ ေဒါသထြက္ဖို႔ကို ေႏွးေကြးေစပါ။ ဘာေၾကာင့္လဲဆိုေတာ့ လူအမ်ားစုတို႔သည္ ေရာက္ရွိေနေသာေနရာက ဘယ္ေလာက္ေဝးေနသည္ထက္ ဘယ္ေလာက္ သြားဖို႔က်န္ေသးတယ္ဆိုတာကိုသာ ျမင္တတ္ၾကပါတယ္။ အသက္တာတြင္ လူတစ္ေယာက္ေယာက္ ဘယ္ေလာက္ေက်ာ္ျဖတ္ခဲ့ၿပီးၿပီလဲဆိုတာကို သင္သိပါလွ်င္ သူတို႔ ေရာက္ရွိေနတဲ့ေနရာကို ေဝဖန္ေနမဲ့အစား အတူတကြ ေပ်ာ္႐ႊင္ႏိုင္ပါတယ္။ 


တစ္စုံတစ္ဦီး၏ ဇာတ္ေၾကာင္းကို မသိတဲ့သူႏွင့္ သင္ႏွင့္ပဋိပကၡျဖစ္တဲ့အခါမွာ သူတို႔နားမလည္တဲ့ အျပဳအမူ အတြက္ ထုတ္ပယ္ျခင္းမ်ိဳး ၊ ေဝဖန္ျခင္းမ်ိဳး မျပဳမိပါေစႏွင့္။ “ဒီလူ ဘာမွားေနတာလဲ” လို႔သင္ေတြးထင္ ေနတာကို ရပ္တန႔္ၿပီး ၊ ၎အစား “သူတို႔ ဘာျဖစ္ခဲ့ၾကတာလဲ” လို႔ေမးသင့္ပါတယ္။


တစ္စုံတစ္ေယာက္ေသာသူ၏ အမူအက်င့္သည္ စိတ္ဒဏ္ရာ (သို႔) အက်ပ္အတည္းေၾကာင့္ ပုံသြင္းခံရႏိုင္ပါတယ္။ နာက်င္ခံစားရတဲ့သူေတြသည္ လူေတြကို နာက်င္ေစပါတယ္။ သူတစ္ပါးကို နာက်င္ေစတဲ့သူ တစ္ေယာက္ကို သင္ျမင္ေတြ႕တဲ့အခါ သူ၏ ဇာတ္ေၾကာင္းကို နက္နက္နဲနဲ စူးစမ္းၾကည့္မယ္ဆိုလွ်င္ သူသည္ နာက်င္ခံစားမႈ ရရွိခဲ့ေၾကာင္း ေတြ႕ရွိရပါလိမ့္မည္။


သင္၏ ၾကင္နာမႈကို အနည္းဆုံးသာ ခံထိုက္ေသာသူသည္ အႀကီးမားဆုံးေသာ ေမတၱာကို အလိုအပ္ဆုံးသူ ျဖစ္ပါတယ္။ စည္းလုံးညီၫႊတ္မႈ ရရွိရန္ ေဝဖန္မည့္အစား စာနာမႈႏွင့္ ဂ႐ုဏာကို ေပးပါ။

တစ္စုံတစ္ဦး၏ တန္ဖိုးႏွင့္ သူတို႔၏ ဘဝတစ္ေလွ်ာက္ ေရးသားသည့္ ဇာတ္လမ္းကို သင္အတည္ျပဳေသာအခါ သင္သည္ ထိုသူ၏ အသက္တာကို ေျပာင္းလဲေပး႐ုံသာမက အသိုင္းအဝိုင္းတစ္ခုလုံးကို ေျပာင္းလဲေပးႏိုင္သည္။ 


ဆင္ျခင္ရန္

-  အသင္းေတာ္ရွိ တစ္စုံတစ္ေယာက္သည္ သင့္ထက္ သေဘာထားကြဲလြဲပါက သင္မည္ကဲ့သို႔ သင္တုံ႔ျပန္တတ္ ပါသနည္း။

- အနီးဆုံးေသာလူတို႔ႏွင့္ ပဋိပကၡ ေတြ႕ႀကဳံရေသာအခါ သခင္ေယရႈသည္ မည္ကဲ့သို႔ေသာ လကၡဏာမ်ားကို စံျပခဲ့သနည္း။

- အသင္းေတာ္ရွိ တစ္စုံတစ္ဦးႏွင့္ သင္သေဘာထားခ်င္း မတိုက္ဆိုင္သည့္အခါ ၎တို႔ႏွင့္ သူတို႔၏ ရပ္တည္ခ်က္ကို ပိုမိုနားလည္လိုေၾကာင္း ျပသဖို႔ရန္ သင္ဘာကို ေျပာဆိုႏိုင္မည္နည္း။