Unicode Version
မသေချာ မရေရာသော အချိန်ကာလတွင် ပန်းတိုင်တို့ကို မည်ကဲ့သို့
ချမှတ်မည်နည်း။
သုတ္တံကျမ်း ၁၆း၉ “လူသည် မိမိသွားရာလမ်းကို
စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။”
ညည်းညူမှုတွေ ၊ ဝမ်းနည်းကြေကွဲမှုတွေ (သို့) လိုအင်ဆန္ဒတွေအားဖြင့် ဘုရားသခင် မတုန်လှုပ်ပါ။ သို့ပေမဲ့ သင်၏ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် တုန်လှုပ်ပါတယ်။ မဿဲ ၉း၂၉ “ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေ ….”
တစ်စုံတစ်ခုပေါ်
သင်၏ ကိုယ်ပိုင်အစွမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း
မရှိကြောင်း နှင့် ၎င်းအရာကို ဘုရားသခင်ထံ ကိုးစားဖို့ရန် လိုအပ်ကြောင်းကို သင်သိရှိတဲ့အလျှောက်
ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ဖို့ရန် ပြုမူနေခြင်းကို သင်သိပါတယ်။
ပန်းတိုင်ကို ချမှတ်ခြင်းသည် ယုံကြည်ခြင်း၌ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
လူအများစုတို့သည် ယုံကြည်ခြင်း
ကင်းမဲ့ပြီး ကျရှုံးမှာကို စိုးရိမ်ကြောက်ရွံ့ကြတဲ့အတွက်ကြောင့် ဘယ်တော့မှ ပန်းတိုင်
မချမှတ်ကြပါဘူး။
ပန်းတိုင်ကို
သင်ချမှတ်လိုက်တယ်ဆိုတာ … “ထာဝရဘုရား…အဖ၏အကူအညီဖြင့် သတ်မှတ်ထားသော ရက်စွဲအားဖြင့် ဤတာဝန်ကို
ပြီးမြောက်ဖို့ရာ ကျွန်ုပ်မြော်လင့်ပါသည်” ဟုပြောနေခြင်းမျိုး ဖြစ်ပါတယ်။ ထိုသို့သော
ပန်းတိုင်မျိုးက ယုံကြည်ခြင်း၌ ရှိသော ထုတ်ဖော်ချက်ဖြစ်ပြီး ထိုယုံကြည်ခြင်းကို ဘုရားသခင်
ဂုဏ်ယူ ပါတယ်။
အထူးသဖြင့်
အခြေအနေတွေက အလျင်အမြန် ပြောင်းလဲနေတဲ့အတွက်ကြောင့် ဤမသေချာသော နေ့ရက်အချိန် ကာလတွေမှာ
ပန်းတိုင်ချမှတ်ဖို့ ခက်ခဲနေပါလျှင် သင်လုပ်ဆောင်နိုင်တဲ့ အရာ (၂) ခုရှိပါတယ်။
ပထမဦးစွာ
ဖြစ်နိုင်ခြေရှိတဲ့ ပန်းတိုင်ကို ချမှတ်နိုင်ပါတယ်။ ဆိုလိုသည်မှာ ဖြစ်ပျက်နေသည့် အခြေအနေပေါမှာ
ရည်မှန်းချက်တွေနှင့် အစီအစဉ်တွေကို ချမှတ်နိုင်သည်ဟု ဆိုလိုသည်။ ဥပမာ “ဤသို့ဖြစ်လာလျှင်
ဤရက်စွဲတွင် လုပ်ဆောင်မည်။ တဖက်မှာလည်း အဲဒါမျိုးဖြစ်ရင် အဲဒီနေ့မှ လုပ်မည်။”
မသေချာ
မရေရာသော အချိန်များတွင် ဘုရားသခင်ကို သင်ယုံကြည်သောကြောင့် အနာဂတ်အတွက် ပန်းတိုင်
ချမှတ်ခြင်းသည် တရားဝင်သော နည်းလမ်းဖြစ်ပါတယ်။ သုတ္တံကျမ်း
၁၆း၉ “လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း
သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။”
ဒုတိယအနေဖြင့်
လုပ်ရှားမှု ပန်းတိုင်ထက် ဝိသေသ လက္ခဏာ ရှိသော ပန်းတိုင်ကို အာရုံစိုက်နိုင်ပါတယ်။
တနည်းအားဖြင့် သင်လုပ်ချင်တာထက်ကို ဖြစ်သင့်တာကို ပန်းတိုင်ထားနိုင်ပါတယ်။ နောက်လာမည့်နှစ်တွင်
မည်သို့သောလူ ဖြစ်ချင်ပါသနည်း။ ဘယ်လို ခြားနားသွားချင်သနည်း။ သခင်ယေရှုနှင့် ပို၍ ဘယ်လို
တူချင်ပါသနည်း။ ဘယ်လိုအားနည်းချက်ပေါ်မှာ လုပ်ဆောင်လိုပါသနည်း။
ကမ္ဘာကြီးမှာ
ဘယ်လိုဘဲ အထိန်းအချုပ်မဲ့နေသလို ခံစားနေရပါစေ သင်ဖြစ်ချင်နေသောသူတစ်ဦးအဖြစ်သို့
ရောက်ရှိဖို့ရန် ပြောင်းလဲမှုနှင့် ကြီးထွားမှုတို့ကို ရွေးချယ်မှု အမြဲပြုနိုင်ပါတယ်။
လုပ်ဆောင်ဖို့
အချိန်ရောက်ပါပြီ။ “ဖြစ်နိုင်ပါ့မလား” လို့
တွေးတောနေတာတွေကို ရပ်တန့်ပစ်လိုက်ပြီး ယုံကြည် ခြင်းဖြင့် စတင်လိုက်ပါ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏
စိတ်တော်နှင့်မတွေ့နိုင်။” ယုံကြည်ခြင်းဖြင့် သင်လုပ်ဆောင်တဲ့အခါမှာ သင်၏ ပန်းတိုင်ကို
ဘုရားသခင် ဂုဏ်ပြုမှာဖြစ်ပြီး အကြီးမြတ်ဆုံးသော ပန်းတိုင်ကို ရောက်ရှိဖို့ရန် သင့်အား
ကူညီပါမည်။ ဘုရားသခင်အား ဘုန်းတော် ထင်ရှားစေပါ။
ဆင်ခြင်ရန်
-
လုပ်ရှားမှု ပန်းတိုင် (သို့) ဝိသေသ လက္ခဏာ ပန်းတိုင်ကို ပြုဖို့ရန် လွယ်ကူသည်ဟု သင်ထင်မြင်ပါသလား။
ဘာကြောင့်လဲ။
-
လာမည့်နှစ်တွင် ဝိညာဉ်ရေးရာ ကြီးထွားဖို့ရန် သင်အလိုရှိသော နည်းလမ်းတစ်ခုကို ဖော်ပြပါ။
ထို ပန်းတိုင်ကို ချမှတ်ဖို့ရန် ယနေ့တွင် မည်ကဲ့သို့သော ခြေလှမ်းကို စတင်မည်နည်း။
-
ဖြစ်နိုင်ခြေရှိတဲ့ ပန်းတိုင်ကို လုပ်ဆောင်တဲ့အခါမှာ မည်ကဲ့သို့သော အရာကို လက်လွှတ်ဖို့
ရှိမည်နည်း။
------------------------------------------------------------------------
Zawgyi Version
မေသခ်ာ မေရရာေသာ အခ်ိန္ကာလတြင္ ပန္းတိုင္တို႔ကို မည္ကဲ့သို႔ ခ်မွတ္မည္နည္း။
သုတၱံက်မ္း ၁၆း၉ “လူသည္ မိမိသြားရာလမ္းကို စိတ္ထဲမွာ ႀကံစည္၏။ သို႔ေသာ္လည္း သူ၏ေျခရာတို႔ကို ထာဝရဘုရား စီရင္ေတာ္မူ၏။”
ညည္းညဴမႈေတြ ၊ ဝမ္းနည္းေၾကကြဲမႈေတြ (သို႔) လိုအင္ဆႏၵေတြအားျဖင့္ ဘုရားသခင္ မတုန္လႈပ္ပါ။ သို႔ေပမဲ့ သင္၏ ယုံၾကည္ျခင္းအားျဖင့္ ဘုရားသခင္ တုန္လႈပ္ပါတယ္။ မႆဲ ၉း၂၉ “ထိုအခါ သူတို႔၏ မ်က္စိကို တို႔ေတာ္မူ၍၊ သင္တို႔ ယုံျခင္းရွိသည္အတိုင္း သင္တို႔၌ျဖစ္ေစ ….”
တစ္စုံတစ္ခုေပၚ သင္၏ ကိုယ္ပိုင္အစြမ္းျဖင့္ လုပ္ေဆာင္ႏိုင္ျခင္း မရွိေၾကာင္း ႏွင့္ ၎အရာကို ဘုရားသခင္ထံ ကိုးစားဖို႔ရန္ လိုအပ္ေၾကာင္းကို သင္သိရွိတဲ့အေလွ်ာက္ ယုံၾကည္ျခင္းျဖင့္ လုပ္ေဆာင္ဖို႔ရန္ ျပဳမူေနျခင္းကို သင္သိပါတယ္။
ပန္းတိုင္ကို ခ်မွတ္ျခင္းသည္ ယုံၾကည္ျခင္း၌ လုပ္ေဆာင္မႈတစ္ခု ျဖစ္ပါတယ္။ လူအမ်ားစုတို႔သည္ ယုံၾကည္ျခင္း ကင္းမဲ့ၿပီး က်ရႈံးမွာကို စိုးရိမ္ေၾကာက္႐ြံ႕ၾကတဲ့အတြက္ေၾကာင့္ ဘယ္ေတာ့မွ ပန္းတိုင္ မခ်မွတ္ၾကပါဘူး။
ပန္းတိုင္ကို သင္ခ်မွတ္လိုက္တယ္ဆိုတာ … “ထာဝရဘုရား…အဖ၏အကူအညီျဖင့္ သတ္မွတ္ထားေသာ ရက္စြဲအားျဖင့္ ဤတာဝန္ကို ၿပီးေျမာက္ဖို႔ရာ ကြၽႏ္ုပ္ေျမာ္လင့္ပါသည္” ဟုေျပာေနျခင္းမ်ိဳး ျဖစ္ပါတယ္။ ထိုသို႔ေသာ ပန္းတိုင္မ်ိဳးက ယုံၾကည္ျခင္း၌ ရွိေသာ ထုတ္ေဖာ္ခ်က္ျဖစ္ၿပီး ထိုယုံၾကည္ျခင္းကို ဘုရားသခင္ ဂုဏ္ယူ ပါတယ္။
အထူးသျဖင့္ အေျခအေနေတြက အလ်င္အျမန္ ေျပာင္းလဲေနတဲ့အတြက္ေၾကာင့္ ဤမေသခ်ာေသာ ေန႔ရက္အခ်ိန္ ကာလေတြမွာ ပန္းတိုင္ခ်မွတ္ဖို႔ ခက္ခဲေနပါလွ်င္ သင္လုပ္ေဆာင္ႏိုင္တဲ့ အရာ (၂) ခုရွိပါတယ္။
ပထမဦးစြာ ျဖစ္ႏိုင္ေျခရွိတဲ့ ပန္းတိုင္ကို ခ်မွတ္ႏိုင္ပါတယ္။ ဆိုလိုသည္မွာ ျဖစ္ပ်က္ေနသည့္ အေျခအေနေပါမွာ ရည္မွန္းခ်က္ေတြႏွင့္ အစီအစဥ္ေတြကို ခ်မွတ္ႏိုင္သည္ဟု ဆိုလိုသည္။ ဥပမာ “ဤသို႔ျဖစ္လာလွ်င္ ဤရက္စြဲတြင္ လုပ္ေဆာင္မည္။ တဖက္မွာလည္း အဲဒါမ်ိဳးျဖစ္ရင္ အဲဒီေန႔မွ လုပ္မည္။”
မေသခ်ာ မေရရာေသာ အခ်ိန္မ်ားတြင္ ဘုရားသခင္ကို သင္ယုံၾကည္ေသာေၾကာင့္ အနာဂတ္အတြက္ ပန္းတိုင္ ခ်မွတ္ျခင္းသည္ တရားဝင္ေသာ နည္းလမ္းျဖစ္ပါတယ္။ သုတၱံက်မ္း ၁၆း၉ “လူသည္ မိမိသြားရာလမ္းကို စိတ္ထဲမွာ ႀကံစည္ ၏။ သို႔ေသာ္လည္း သူ၏ေျခရာတို႔ကို ထာဝရဘုရား စီရင္ေတာ္မူ၏။”
ဒုတိယအေနျဖင့္ လုပ္ရွားမႈ ပန္းတိုင္ထက္ ဝိေသသ လကၡဏာ ရွိေသာ ပန္းတိုင္ကို အာ႐ုံစိုက္ႏိုင္ပါတယ္။ တနည္းအားျဖင့္ သင္လုပ္ခ်င္တာထက္ကို ျဖစ္သင့္တာကို ပန္းတိုင္ထားႏိုင္ပါတယ္။ ေနာက္လာမည့္ႏွစ္တြင္ မည္သို႔ေသာလူ ျဖစ္ခ်င္ပါသနည္း။ ဘယ္လို ျခားနားသြားခ်င္သနည္း။ သခင္ေယရႈႏွင့္ ပို၍ ဘယ္လို တူခ်င္ပါသနည္း။ ဘယ္လိုအားနည္းခ်က္ေပၚမွာ လုပ္ေဆာင္လိုပါသနည္း။
ကမာၻႀကီးမွာ ဘယ္လိုဘဲ အထိန္းအခ်ဳပ္မဲ့ေနသလို ခံစားေနရပါေစ သင္ျဖစ္ခ်င္ေနေသာသူတစ္ဦးအျဖစ္သို႔ ေရာက္ရွိဖို႔ရန္ ေျပာင္းလဲမႈႏွင့္ ႀကီးထြားမႈတို႔ကို ေ႐ြးခ်ယ္မႈ အၿမဲျပဳႏိုင္ပါတယ္။
လုပ္ေဆာင္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ “ျဖစ္ႏိုင္ပါ့မလား” လို႔ ေတြးေတာေနတာေတြကို ရပ္တန႔္ပစ္လိုက္ၿပီး ယုံၾကည္ ျခင္းျဖင့္ စတင္လိုက္ပါ။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “ယုံၾကည္ျခင္းမရွိလွ်င္၊ ဘုရားသခင္၏ စိတ္ေတာ္ႏွင့္မေတြ႕ႏိုင္။” ယုံၾကည္ျခင္းျဖင့္ သင္လုပ္ေဆာင္တဲ့အခါမွာ သင္၏ ပန္းတိုင္ကို ဘုရားသခင္ ဂုဏ္ျပဳမွာျဖစ္ၿပီး အႀကီးျမတ္ဆုံးေသာ ပန္းတိုင္ကို ေရာက္ရွိဖို႔ရန္ သင့္အား ကူညီပါမည္။ ဘုရားသခင္အား ဘုန္းေတာ္ ထင္ရွားေစပါ။
ဆင္ျခင္ရန္
- လုပ္ရွားမႈ ပန္းတိုင္ (သို႔) ဝိေသသ လကၡဏာ ပန္းတိုင္ကို ျပဳဖို႔ရန္ လြယ္ကူသည္ဟု သင္ထင္ျမင္ပါသလား။ ဘာေၾကာင့္လဲ။
- လာမည့္ႏွစ္တြင္ ဝိညာဥ္ေရးရာ ႀကီးထြားဖို႔ရန္ သင္အလိုရွိေသာ နည္းလမ္းတစ္ခုကို ေဖာ္ျပပါ။ ထို ပန္းတိုင္ကို ခ်မွတ္ဖို႔ရန္ ယေန႔တြင္ မည္ကဲ့သို႔ေသာ ေျခလွမ္းကို စတင္မည္နည္း။
- ျဖစ္ႏိုင္ေျခရွိတဲ့ ပန္းတိုင္ကို လုပ္ေဆာင္တဲ့အခါမွာ မည္ကဲ့သို႔ေသာ အရာကို လက္လႊတ္ဖို႔ ရွိမည္နည္း။