How to hear God Speak
 Unicode Version
ဘုရားသခင်၏ စကားတော်ကို ဘယ်ကဲ့သို့ ကြားနိုင်သနည်း။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၃း၂ “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာဝရ ဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင် တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။
ဆုတောင်းတဲ့အခါမှာ ဘုရားသခင် စကားပြောတာကို ဘယ်လိုကြားရမလဲလို့ သင်သိချင်ပါသလား။ တစ်ခုသော အကောင်းဆုံးနည်းလမ်းကတော့ သင်၏ဆုတောင်းခြင်းအားဖြင့် ဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ သူနှင့် မိတ်သဟာရဖွဲ့ခြင်းကို တိုးတက်စေခြင်း ဖြစ်ပါတယ်။
ပထမဉီးစွာ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ကို ကိုးကွယ်မှုပြုတဲ့အရာကို ကြည့်ရအောင်။ သင့်အသက်တာ ၏ အခန်းကဏ္ဍတစ်ခုအဖြစ်ရှိခြင်း နှင့် သင့်အား အသေးစိတ် စိတ်ဝင်စာခြင်းတို့အတွက် ဘုရားသခင်အား ကျေးဇူးတင်ခြင်းဖြင့် စတင်လိုက်ပါ။
ဟဗက္ကုတ်လိုမျိုး ဆုတောင်းလိုက်ပါ။ သင့်အား ဘုရားသခင်က ရူပါရုံပေးခြင်း (သို့) အိမ်မက်ပေးခြင်း (သို့) သင်လုပ်သင့်သောအရာကို ဖော်ပြခြင်း ၊ သင်၏ဆုတောင်းကို အဖြေပေးခြင်းတို့ကြောင့် ကျေးဇူးတင်လိုက်ပါ။ ၎င်းသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း အခန်းကဏ္ဍတစ်ရပ်ပင် ဖြစ်ပါတယ်။
ဒုတိယအနေဖြင့် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်လျက် သူ့အား ပိုမိုသိနားလည်စေပါ။ ဆုတောင်းခြင်းက ရှည်ရှည်လျားလျားရွတ်ဖတ်ခြင်း မဟုတ်ပါဘူး။ ဘုရားသခင်နှင့် စကားပြောခြင်း ဖြစ်ပါတယ်။ သင်၏ ဆုတောင်းကို ဘုရားသခင် ကြားပါတယ်။ သင်မေးခွန်းမေးတဲ့အခါ သူဖြေပါတယ်။ သင့်အား နေ့တိုင်း စကားပြောချင်ပါတယ်။ သင်သည်လည်း တစ်နေ့တာလုံး ဘုရားသခင်နှင့် သစ္စာရှိစွာ ပြောဆိုတဲ့အခါတွင် သင်၏အသက်တာကို ပြောင်းလဲပေးပါလိမ့်မည်။
ဘုရားသခင်ကို သိကျွမ်းဖို့ရန် အဆင့် (၃) ဆင့်ရှိပါတယ်။ အသိအမှတ်ပြုခြင်း ၊ သိကျွမ်းခြင်း နှင့် ခင်မင်ရင်းနှီးမှုတို့ ဖြစ်ပါတယ်။
အသိအမှတ်ပြုခြင်းအဆင့်တွင် ဘုရားသခင်ရှိနေတယ်ဆိုတာ သင်သိတယ်။ သို့ပေမဲ့ ပုဂ္ဂိုလ်ရေးအရ တကယ်မသိပါ။ သိကျွမ်းခြင်း အဆင့်မှာတော့ ဘုရားသခင်ကို အနည်းငယ် သိပေမဲ့ ကောင်းကောင်း မသိသေးပါ။
ခင်မင်ရင်းနှီးမှုအဆင့်အဖြစ် တစ်ဉီးနှင့် တစ်ဉီး ရင်းနှီးပြီး ပုံမှန်စကားပြောခြင်းဖြင့် အသက်ရှင်နေထိုင်ဖို့ရန် သင့်အား ဘုရားသခင် အလိုတော်ရှိပါတယ်။ သင်နှင့် အဆက်မပြတ် စကားပြောခြင်းကို ဘုရားသခင် အလိုရှိပါတယ်။
ဘုရားသခင်နှင့် ခင်မင်ရင်းနှီးခြင်းကို တိုးတက်စေဖို့ရန် ဤကဲ့သို့ ဆုတောင်းခြင်းဖြင့် စတင်နိုင်ပါတယ်။
“အဖဘုရားသခင်…ကျွန်ုပ်နှင့် မိတ်ဆွေသူငယ်ချင်းအဖြစ် အလိုရှိကြောင်းကို ကျွန်ုပ်အံ့ဩမိပါတယ်။ သခင်နှင့် မည်သို့ စကားပြောရမည်ကို ကျွန်ုပ် တကယ့်ကို လေ့လာချင်ပါတယ်။ နေ့စဉ် သခင်နှင့် အချိန်ယူဖို့ရန် မစတော်မူပါ။ ကျွန်ုပ်အသက်တာ အစိတ်အပိုင်းအားလုံးတို့ပေါ် ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
သခင်ယေရှုဘုရား.. သခင့်အား တစ်နေ့ပြီးတစ်နေ့ ပိုပြီး သိချင်ပါတယ်။ ပြီးတော့ သခင့်အား ကျွန်ုပ်၏ အလုပ်အကိုင် ၊ မိသားစု ၊ အနာဂတ် နှင့် အသက်တာရှိ အခန်းကဏ္ဍအားလုံးတို့တွင် လမ်းညွှန်မှုအတွက် ကျွန်ုပ်အားကိုးချင်ပါတယ်။ သခင်ယေရှုနာမတော်အားဖြင့် တောင်းလျှောက်ပါ၏…အာမင်။
ဆုတောင်းခြင်းဖြင့် အချိန်ယူခြင်း ၊ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ရင်းနှီးကျွမ်းဝင်မှုကို တိုးတက်စေခြင်းကို သင်ပြုသည့်အလျောက် ဘုရားသခင် သင့်အား စကားပြောခြင်းနှင့် အသံတော်ကို ဘယ်ကဲ့သို့ ကြားရမည်ကို သင်လေ့လာတွေ့ရှိပါလိမ့်မည်။
ဆင်ခြင်ရန်
- ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ဘယ်ကဲ့သို့ ကိုးကွယ်နိုင်မည်နည်း။
- ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ဖို့ရန် ယနေ့တွင် သင်ဘာကို စတင်ပြုနိုင်မည်နည်း။
- ဆုတောင်းခြင်းအားဖြင့် သင့်အား ဘုရားသခင်ပြောသော အရာတစ်ချို့ကား မည်သို့နည်း။
--------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်