How God uses your money to test you


Unicode Version

သင့်အား စမ်းသပ်မှု ပြုဖို့ရန် သင်၏ငွေကြေးကို ဘုရားသခင် မည်သို့ အသုံးပြုပါသနည်း။

ရှင်မဿဲခရစ်ဝင်ကျမ်း ၆း၁၉-၂၁ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။

သင့်အား ငွေကြေးဖြင့် ဘုရားသခင် စမ်းသပ်ခြင်းတစ်ခု ပြုပါတယ်။ ပိုင်ဆိုင်မှု အရာတို့ဖြင့် သင့်အား ဘုရားသခင် ယုံကြည်စိတ်ချရပါလျှင် ကောင်းကင်ဘုံရှိ တကယ့်စစ်မှန်တဲ့ ချမ်းသာခြင်းတို့၌လည်း သင့်အား စိတ်ချရနိုင်ပါတယ်။

သင်၏ ငွေကြေးတို့အားဖြင့် စမ်းသပ်မှု များစွာ ဘုရားသခင် ပြုပါတယ်။

 သင် ချစ်မြတ်နိုးဆုံးသောအရာကို ငွေကြေးက ဖော်ပြပါတယ်။

သင့်အတွက် အရေးကြီးသောအရာကို သင်အမှန်တကယ် သိရှိလိုပါလျှင် သင်၏ ပြက္ခဒိန် နှင့် ငွေကဒ် စာရင်းကို ကြည့်လိုက်ပါ။ သင်အသုံးပြုလိုက်သော အချိန်နှင့် ငွေက သင် မြတ်နိုးသောအရာကို ဖော်ပြပါတယ်။

ရှင်မဿဲခရစ်ဝင်ကျမ်း ၆း၁၉-၂၁ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံး  ရောက်တတ်၏။ သင်၏ စိတ်နှလုံးအလိုရှိရာသို့ သင်၏ငွေကြေးကို ထည့်ဝင်လိုက်ပါ။ သင်ရင်းနှီးမြှုပ်နှံထား တဲ့အရာပေါ်မှာ သင်စိတ်ဝင်စားမှု ဖြစ်လာပါလိမ့်မည်။

 

သင်အယုံကြည်ဆုံးအရာကို ငွေကြေးက ဖော်ပြပါတယ်။

သင်၏ငွေကို လုံခြုံမှုအတွက် ယုံကြည်ပါသလား (သို့) ဘုရားသခင်ကို ယုံကြည်ပါသလား။ သင်၏ ပျော်ရွှင်မှုကို သင်ယုံကြည်ပါသလား (သို့) သင်၏ ပျော်ရွှင်ခြင်းအတွက် ဘုရားသခင်ကို သင်ယုံကြည်ပါသလား။ သင့်ကိုယ်သင် စိတ်ချမ်းသာဖို့အတွက် ငွေကို ယုံကြည်သလား (သို့) သင့်ကိုယ်သင် စိတ်ချမ်းသာဖို့အတွက် ဘုရားသခင်ကို ယုံကြည်ပါသလား။ ငွေကြေးသည် ယုံကြည်ခြင်းဆိုင်ရာ အက်စစ်လို စမ်းသပ်မှုမျိုး ဖြစ်ပါတယ်။

သုတ္တံ ၁၁း၂၈ တွင် ဖော်ပြထားသည်မှာ “မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။

 

ဘုရားသခင် သင့်ကို ယုံကြည်နိုင်တယ်ဆိုတာကို ငွေကြေးက ဖော်ပြပါတယ်။

ငွေသည် ဘုရားသခင်ကို သင်ယုံကြည်ကြောင်း ဖော်ပြသည်သာမက ဘုရားသခင်သည် သင့်အား ယုံကြည်ကြောင်းကိုပါ ဖော်ပြပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၁၀-၁၂ “အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။ သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သော  စည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။

 

သင်၏ ငွေကြေးကိုင်တွယ်ခြင်းအရာက သင့်အသက်တာကို ဘုရားဘယ်လောက် ကောင်းချီးပေးသလဲဆိုတဲ့ပေါ် သက်ရောက်မှုရှိပါတယ်။ ယခုဆိုလျှင် သင်၏ ငွေကြေးစီမံမှုနှင့် ဘုရားသခင်၏ ကောင်းချီးတို့ကြားရှိ တိုက်ရိုက် ဆက်နွယ်မှုကို နားလည်သဘော ပေါက်ပြီး စစ်မှန်သော ချမ်းသာမှုဖြင့် သင့်အား ယုံကြည်စိတ်ချနိုင်ဖို့ရန် သင်၏ ဘဏ္ဍာငွေ ကြေးပေါ် အကူအညီပြုစေဖို့ရန် ဘုရားသခင်အား တောင်းလျှောက်လိုက်ပါ။

 

ဆင်ခြင်ရန်

- သင်၏ စိတ်နှလုံး အလိုရှိရာက ဘာဖြစ်မယ်လို့ သင်ပြောမည်နည်း။ သင်၏ ငွေသုံးစွဲနေမှု နည်းလမ်းက သင်၏ အဖြေကို အထောက်အကူဖြစ်စေမလား။

- ယနေ့တွင် သင်အလုပ်ပြုတ်သွားပါလျှင် ဘာလုပ်မည်နည်း။ သင့်အတွက် ဘုရားသခင် ပံ့ပိုးပေးမည်ကို မည်သို့သော နည်းလမ်းများဖြင့် သင်ယုံကြည်ပါသနည်း (သို့) မယုံကြည်ပါသနည်း။

- ဘုရားသခင်၏ အရင်းအမြစ်တို့ပေါ် သင်စီမံခန့်ခွဲနေမှုသည် ဘုရားသခင်ပေါ် သင်၏ ယုံကြည်ကိုးစားခြင်း၏ အတိမ်အနက်ကို မည်သို့ ဖော်ပြပေးပါသနည်း။

--------------------------------------------------------------------------------------------------------


Zawgyi Version

သင့္အား စမ္းသပ္မႈ ျပဳဖို႔ရန္ သင္၏ေငြေၾကးကို ဘုရားသခင္ မည္သို႔ အသုံးျပဳပါသနည္း။

ရွင္မႆဲခရစ္ဝင္က်မ္း ၆း၁၉-၂၁ “သံေခ်း၊ ပိုး႐ြဖ်က္ဆီး၍ သူခိုးထြင္းေဖာက္ခိုးယူရာ ေျမႀကီးေပၚမွာ ဘ႑ာကို မဆည္းဖူးၾကႏွင့္။ သံေခ်း၊ ပိုး႐ြ မဖ်က္ဆီး၍ သူခိုးမထြင္း မေဖာက္ မခိုးမယူရာ ေကာင္းကင္ဘုံ၌ ဘ႑ာကိုဆည္းဖူး ၾကေလာ့။ အေၾကာင္းမူကား၊ အၾကင္အရပ္၌ သင္တို႔၏ဘ႑ာရွိ၏။ ထိုအရပ္သို႔ သင္တို႔၏ စိတ္ႏွလုံးေရာက္ တတ္၏။”


သင့္အား ေငြေၾကးျဖင့္ ဘုရားသခင္ စမ္းသပ္ျခင္းတစ္ခု ျပဳပါတယ္။ ပိုင္ဆိုင္မႈ အရာတို႔ျဖင့္ သင့္အား ဘုရားသခင္ ယုံၾကည္စိတ္ခ်ရပါလွ်င္ ေကာင္းကင္ဘုံရွိ တကယ့္စစ္မွန္တဲ့ ခ်မ္းသာျခင္းတို႔၌လည္း သင့္အား စိတ္ခ်ရႏိုင္ပါတယ္။

သင္၏ ေငြေၾကးတို႔အားျဖင့္ စမ္းသပ္မႈ မ်ားစြာ ဘုရားသခင္ ျပဳပါတယ္။


သင္ ခ်စ္ျမတ္ႏိုးဆုံးေသာအရာကို ေငြေၾကးက ေဖာ္ျပပါတယ္။

သင့္အတြက္ အေရးႀကီးေသာအရာကို သင္အမွန္တကယ္ သိရွိလိုပါလွ်င္ သင္၏ ျပကၡဒိန္ ႏွင့္ ေငြကဒ္ စာရင္းကို ၾကည့္လိုက္ပါ။ သင္အသုံးျပဳလိုက္ေသာ အခ်ိန္ႏွင့္ ေငြက သင္ ျမတ္ႏိုးေသာအရာကို ေဖာ္ျပပါတယ္။

ရွင္မႆဲခရစ္ဝင္က်မ္း ၆း၁၉-၂၁ “သံေခ်း၊ ပိုး႐ြဖ်က္ဆီး၍ သူခိုးထြင္းေဖာက္ခိုးယူရာ ေျမႀကီးေပၚမွာ ဘ႑ာကို မဆည္းဖူးၾကႏွင့္။ သံေခ်း၊ ပိုး႐ြ မဖ်က္ဆီး၍ သူခိုးမထြင္း မေဖာက္ မခိုးမယူရာ ေကာင္းကင္ဘုံ၌ ဘ႑ာကိုဆည္းဖူး ၾကေလာ့။ အေၾကာင္းမူကား၊ အၾကင္အရပ္၌ သင္တို႔၏ဘ႑ာရွိ၏။ ထိုအရပ္သို႔ သင္တို႔၏ စိတ္ႏွလုံး  ေရာက္တတ္၏။” သင္၏ စိတ္ႏွလုံးအလိုရွိရာသို႔ သင္၏ေငြေၾကးကို ထည့္ဝင္လိုက္ပါ။ သင္ရင္းႏွီးျမႇဳပ္ႏွံထား တဲ့အရာေပၚမွာ သင္စိတ္ဝင္စားမႈ ျဖစ္လာပါလိမ့္မည္။


သင္အယုံၾကည္ဆုံးအရာကို ေငြေၾကးက ေဖာ္ျပပါတယ္။

သင္၏ေငြကို လုံၿခဳံမႈအတြက္ ယုံၾကည္ပါသလား (သို႔) ဘုရားသခင္ကို ယုံၾကည္ပါသလား။ သင္၏ ေပ်ာ္႐ႊင္မႈကို သင္ယုံၾကည္ပါသလား (သို႔) သင္၏ ေပ်ာ္႐ႊင္ျခင္းအတြက္ ဘုရားသခင္ကို သင္ယုံၾကည္ပါသလား။ သင့္ကိုယ္သင္ စိတ္ခ်မ္းသာဖို႔အတြက္ ေငြကို ယုံၾကည္သလား (သို႔) သင့္ကိုယ္သင္ စိတ္ခ်မ္းသာဖို႔အတြက္ ဘုရားသခင္ကို ယုံၾကည္ပါသလား။ ေငြေၾကးသည္ ယုံၾကည္ျခင္းဆိုင္ရာ အက္စစ္လို စမ္းသပ္မႈမ်ိဳး ျဖစ္ပါတယ္။

သုတၱံ ၁၁း၂၈ တြင္ ေဖာ္ျပထားသည္မွာ “မိမိစည္းစိမ္ကို ကိုးစားေသာသူသည္ ရႈံးလိမ့္ မည္။ ေျဖာင့္မတ္ေသာ သူမူကား၊ သစ္ခက္ကဲ့သို႔ စိမ္း လန္းလိမ့္မည္။” 


ဘုရားသခင္ သင့္ကို ယုံၾကည္ႏိုင္တယ္ဆိုတာကို ေငြေၾကးက ေဖာ္ျပပါတယ္။ 

ေငြသည္ ဘုရားသခင္ကို သင္ယုံၾကည္ေၾကာင္း ေဖာ္ျပသည္သာမက ဘုရားသခင္သည္ သင့္အား ယုံၾကည္ေၾကာင္းကိုပါ ေဖာ္ျပပါတယ္။ ရွင္လုကာခရစ္ဝင္က်မ္း ၁၆း၁၀-၁၂ “အနည္းငယ္ေသာ အမႈ၌ သစၥာရွိေသာသူသည္ ႀကီးေသာအမႈ၌လည္း သစၥာရွိလိမ့္မည္။ အနည္းငယ္ ေသာအမႈ၌ သစၥာမရွိေသာသူသည္ ႀကီးေသာအမႈ၌ သစၥာမရွိ။ သို႔ျဖစ္၍ မၿမဲေသာ ေလာကီစည္းစိမ္ကို သုံးရာတြင္ သင္တို႔သည္ သစၥာမရွိလွ်င္၊ မွန္ေသာ  စည္းစိမ္ကို သင္တို႔၌ အဘယ္သူအပ္မည္နည္း။သူတပါးအမႈ၌ သင္တို႔သည္ သစၥာမရွိလွ်င္၊ အဘယ္သူသည္ အပိုင္ေပးမည္နည္း။”


သင္၏ ေငြေၾကးကိုင္တြယ္ျခင္းအရာက သင့္အသက္တာကို ဘုရားဘယ္ေလာက္ ေကာင္းခ်ီးေပးသလဲဆိုတဲ့ေပၚ သက္ေရာက္မႈရွိပါတယ္။ ယခုဆိုလွ်င္ သင္၏ ေငြေၾကးစီမံမႈႏွင့္ ဘုရားသခင္၏ ေကာင္းခ်ီးတို႔ၾကားရွိ တိုက္႐ိုက္ ဆက္ႏြယ္မႈကို နားလည္သေဘာ ေပါက္ၿပီး စစ္မွန္ေသာ ခ်မ္းသာမႈျဖင့္ သင့္အား ယုံၾကည္စိတ္ခ်ႏိုင္ဖို႔ရန္ သင္၏ ဘ႑ာေငြ ေၾကးေပၚ အကူအညီျပဳေစဖို႔ရန္ ဘုရားသခင္အား ေတာင္းေလွ်ာက္လိုက္ပါ။


ဆင္ျခင္ရန္

- သင္၏ စိတ္ႏွလုံး အလိုရွိရာက ဘာျဖစ္မယ္လို႔ သင္ေျပာမည္နည္း။ သင္၏ ေငြသုံးစြဲေနမႈ နည္းလမ္းက သင္၏ အေျဖကို အေထာက္အကူျဖစ္ေစမလား။

- ယေန႔တြင္ သင္အလုပ္ျပဳတ္သြားပါလွ်င္ ဘာလုပ္မည္နည္း။ သင့္အတြက္ ဘုရားသခင္ ပံ့ပိုးေပးမည္ကို မည္သို႔ေသာ နည္းလမ္းမ်ားျဖင့္ သင္ယုံၾကည္ပါသနည္း (သို႔) မယုံၾကည္ပါသနည္း။

- ဘုရားသခင္၏ အရင္းအျမစ္တို႔ေပၚ သင္စီမံခန႔္ခြဲေနမႈသည္ ဘုရားသခင္ေပၚ သင္၏ ယုံၾကည္ကိုးစားျခင္း၏ အတိမ္အနက္ကို မည္သို႔ ေဖာ္ျပေပးပါသနည္း။