Unicode Version
သင်၏ငွေကြေးအတွက်
ဘုရားသခင်၏ ရည်ရွယ်ချက်
သုတ္တံကျမ်း ၁၄း၈ “ပညာသတိရှိသော သူ၏ပညာကား၊
ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။”
ငွေကြေးဆိုတာ
ခဏတာ အရင်းအမြစ်ဖြစ်ပါတယ်။ သို့ပေမဲ့ သင့်လက်ထဲသို့ ဘုရားသခင် ထည့်ပေးလိုက်သော ထို
အရင်းအမြစ်ကို ထာဝရတည်သော ကောင်းကျိုးအတွက် အသုံးပြုနိုင်ပါတယ်။
ရှင်လုကာခရစ်ဝင်ကျမ်း
အခန်းကြီး (၁၆) တွင် မရိုးသာသော ဘဏ္ဍာစိုးကို လိမ္မာပါးနပ်သော ဘဏ္ဍာစိုးအဖြစ် သခင်ယေရှု
ပြောင်းလဲစေခဲ့ပါတယ်။ အလုပ်ပြုတ်တော့မှာကို ထိုဘဏ္ဍာစိုးသိနေခဲ့ပါတယ်။ ဒါကြောင့်လည်း
သခင်ထံ ပေးဆပ်စရာရှိသော ကြွေးမြီတို့ကို လျော့ချပေးခြင်းအားဖြင့် မိတ်ဆွေတစ်ချို့ကို
ပေါင်းဖော်ဖို့ရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဘဏ္ဍာစိုးသည်
မရိုးသားသော်လည်း သူသည် မှန်ကန်သော အရာကို လုပ်ဆောင်ခဲ့တယ်လို့ သခင် ယေရှုဆိုခဲ့ပါတယ်။
ထို (၃) မျိုးသောအရာတွေက သင်၏ဘဏ္ဍာရေးဆိုင်ရာနှင့် ပတ်သက်ပြီး သင် သင်ယူပြီး အသုံးချဖို့ရန်
ဘုရားသခင်အလိုရှိတော်မူသော သင်ခန်းစာအဖြစ် ဖော်ညွှန်းပေးပါတယ်။
(၁) ဘဏ္ဍာစိုးသည် ရှေ့ရေးကို ရှုမြင်ခဲ့ပါတယ်။
ငွေကြေးနဲ့
ပတ်သက်လာလျှင် လူတော်တော်များများ ဘယ်တော့မှ အရှေ့ကို မကြည့်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့
သူတို့ ဘာတစ်ခုမျှ မသိုမှီးထားလို့ပါဘဲ။ ပညာမဲ့ကြပါတယ်။
သုတ္တံကျမ်း ၁၄း၈ တွင် ဖော်ပြထားသည်မှာ “ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။”
(၂) ဘဏ္ဍာစိုးသည် အစီအစဉ် ချမှတ်ခဲ့ပါတယ်။
သင်၌
ဘဏ္ဍာရေးရာ အစီအစဉ် ရှိမရှိကို မည်သို့ သိနိုင်ပါသနည်း။ ထိုအရာက ရိုးရှင်းပါတယ်။ ဝင်ငွေ
ထွက်ငွေ စာရင်းကို ပြုစုပါ။ ထိုအရာက အသုံးစရိတ်ကို ရိုးရိုးအစီအစဉ်ဆွဲခြင်းဖြစ်ပါတယ်။
ထိုအရာအားဖြင့် သင်၏ငွေများ ဘယ်သို့ထွက်သွားခြင်းထက် သင်အလိုရှိရာနေရာသို့ သွားဖို့ ဖော်ပြပါတယ်။
သုတ္တံကျမ်း ၁၆း၉ “လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။”
(၃) ဘဏ္ဍာစိုးသည် အမှုကို အလျင်အမြန် လုပ်ဆောင်ခဲ့ပါတယ်။
ရှင်လုကာ ခရစ်ဝင်ကျမ်း ၁၆း၄ တွင် “ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ၊”
ဘဏ္ဍာစိုးသည်
အချိန်မဆွဲခဲ့ပါ။ မနှောင့်နှေးနေပါ။ အစီအစဉ်ကို ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။ “တစ်နေ့ကျရင်
ငါ့ရဲ့ ငွေကြေးတွေ အဆင်ပြေသွားမှာပါ” (သို့) “တစ်နေ့ကျရင် အငြိမ်းစားအတွက် စတင်စုဆောင်းရတော့မှာပါ”
လို့ ဘဏ္ဍာစိုး မပြောပါဘူး။
ဘဏ္ဍာစိုး၏
မရိုးသားမှုကို သခင်ယေရှု မထောက်ခံခဲ့ပါ။ “ငါရှေ့ရေးကို စဉ်းစားဖို့ရှိတယ်။ အစီအစဉ်ဆွဲရမယ်။
အနာဂတ်အတွက် ငါ့အတွက်နှင့် တခြားသူတို့အကျိုးဖြစ်မဲ့ ပေါင်းသင်းဆက်ဆံရေးကို ငါ ရင်းနှီးထားရမယ်”
ဆိုတဲ့ ထိုသူ၏ စိတ်နေသဘောထားကို သခင်ယေရှု ထောက်ခံခဲ့ပါတယ်။
ထိုအရာက
အမြော်အမြင်ရှိပါတယ်။ သင်၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စ ပေါ်ပေါက်လာချိန်မှာလည်း ထိုနည်းတူစွာပင်
လုပ်ဆောင်ဖို့ရန် သခင်ယေရှု အလိုရှိပါတယ်။ ဤကမ္ဘာမြေပေါ်မှာ သင်၏ ဘဏ္ဍာတို့ကို ဖြုန်းတီးနေပါသလား
(သို့) ကောင်းကင်ဘုံတွင် သင်၏ဘဏ္ဍာကို သိုမှီးဖို့ရန် မျှော်ကြည့်နေပါသလား။
ဆင်ခြင်ရန်
-
အနာဂတ်အတွက် မည်သို့သော အခန်းကဏ္ဍတွင် ဘဏ္ဍရေးဆိုင်ရာ အစီအစဉ်တွေကို စတင်ချင်ပါသနည်း။
သင်၏ ငွေကြေးတို့ဖြင့် အနာဂတ်တွင် မည်သည့်အရာကို ပြီးမြောက်စေချင်ပါသနည်း။
-
သင်၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် အနာဂတ်အတွက် စုဆောင်းရေးကိစ္စနှင့် ပတ်သက်ပြီး သင်မည်ကဲ့သို့
အချိန်ဆွဲနေပါသနည်း။ ၎င်းကိစ္စတွေအတွက် ရှေ့ဆက်နိုင်ဖို့ရန် ယနေ့တွင် သင်ဘာကို လုပ်ဆောင်မည်နည်း။
---------------------------------------------------------------------------
Zawgyi Version
ငွေကြေးသည် ဘုရားသခင်၏ ရည်ရွယ်ချက် ၊ ရည်မှန်းချက်အတွက် အသုံးပြုဖို့ရန် တန်ဆာပလာ တစ်ခု ဖြစ်ပါတယ်။ ၎င်းကို သင်သိမ်းဆည်းသိုလှောင်ခြင်း ၊ သိုမှီးခြင်း (သို့) ကိုးကွယ်ခြင်း ပြုလို့မရပါဘူး။ သင် အသုံးပြုဖို့ ဖြစ်ပါတယ်။
ရှင်လုကာ ခရစ်ဝင်ကျမ်း ၁၆း၎ တွင် “ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ၊”
ဆင်ခြင်ရန်