Unicode Version
ဘုရားသခင်သည် ရှုပ်ထွေးမှုတွေကို လက်ရာကောင်းအဖြစ်သို့
ပြောင်းလဲပေးသည်။
ဆာလံကျမ်း ၅၁း၁၀ “အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌
စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည် ကြည်သော သဘောကို
အသစ်ပြုပြင်တော်မူပါ။”
တစ်နေ့တွင်
ပရောဖက် ယေရမိ ဆီသို့ ဘုရားသခင် သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။ အိုးထိန်းသမား တစ်ဦး၏
အိမ်သို့သွား၍ အိုးလုပ်နေခြင်းကို ကြည့်ဖို့ ဖြစ်ပါတယ်။
ယေရမိသည်လည်း
အိုးထိန်းသမား၏ ရွံ့ပြင်ဆင်ခြင်း ၊ မြေအိုး ပုံသွင်းခြင်းတို့ကိုကြည့်ပြီး တစ်စုံတစ်ခုကို
သတိပြုခဲ့ပါတယ်။ “အို ဣသရေလအမျိုး၊
အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင် သလော။ အို ဣသရေလ အမျိုး၊
အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့ သည် ငါ့လက်၌ရှိကြ၏။”
ယေရမိ အနာဂတ္တိကျမ်း ၁၈း၄
ဤအရာဝတ္တု
သင်ခန်းစာကို ယေရမိ မြင်ပြီးနောက်တွင် ဣသရေလနှင့်ပတ်သက်တဲ့ သတင်းစကားတစ်ခုကို သူ့အား
ဘုရားသခင် ပေးခဲ့ပါတယ်။ “အိုးမြေသည်
အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့သည် ငါ့လက် ၌ရှိကြ၏။ “ယေရမိ အနာဂတ္တိကျမ်း
၁၈း၆
သင့်ဘဝတွင်
ရှုပ်ထွေးမှုများဖြင့် အမှန်တကယ်ရှိကောင်း ရှိနိုင်ပါတယ်။ သင်၏ “မြေအိုး” သည် သင်၏
ညံ့ဖျင်းသော ဆုံးဖြတ်ချက် ၊ သင်ပြုသော အမှုအရာ တို့မှ တစ်ဆင့် အနာအဆာ ဖြစ်လာရပါတယ်။
ရလဒ်ကတော့ သင့်အသက်တာ သင်မျှော်မှန်းသလို မဖြစ်လာတော့ပါ။
သို့ပေမဲ့
သင်က မြေအိုးဖြစ်ပါတယ် ။ အိုးထိန်းမဟုတ်ပါဘူး။ ဘုရားသခင်သည်သာ အိုးထိန်းဖြစ်ပြီး အခြေအနေ
အရ ပုံသဏ္ဍာန်လွှဲနေသော ရွှံ့စေးကို မပစ်ပယ်ပါ။ သင်ရင်ဆိုင်တွေ့ကြုံရသော နာကျင်မှုတို့ကို
သူ အလဟဿ မဖြစ်စေပါ။
သင့်အား
ဖန်းဆင်းခဲ့သော အနှစ်သာရနှင့် ပင်ကိုစရိုက်ကို ဘုရားသခင် မပစ်ပယ်ပါ။ ၎င်းအစား သင်၏
ကောင်းခြင်း ၊ ဆိုးခြင်း အားလုံးတို့ကို ယူပါတယ်။ ထိုအရာတို့ကို သူ၏ နူးညံ့ပြီး သန်မာတဲ့
လက်တော်တွင် ထားရှိပါတယ်။ ပြီးတော့ သင့်အသက်တာကို စတင်ပုံသွင်းဖို့ သင့်တော်တဲ့နေရာမှာ
ဖိအားကို အသုံးပြုလျက် သင့်အား လှပပြီး အဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာ တစ်ခုအဖြစ်
ဖန်တီးပါတယ်။
၎င်းသည်
သင့်ကိုယ်သင် ဘုရားသခင်၏ မေတ္တာတော်လက်တွင် လုံးဝအပ်နှံလိုက်တဲ့အခါမှာ ဖြစ်ပျက်လာ ပါတယ်။
အသစ်တစ်ဖန်
စတင်ခြင်းအရာကို ဘုရားသခင် အထူးပြုပါတယ်။ ယနေ့တွင် အသစ်သော စတင်မှုကို ဒါဝိလ်၏ ဆုတောင်း
ဖြစ်တဲ့ ဆာလံကျမ်း ၅၁း၁၀ အားဖြင့် ပြုနိုင်ပါတယ်။
“အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်
သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။”
ပြန်လည်
စတင်ဖို့ရန် ဘယ်တော့မှ မနောက်ကျပါဘူး။ သင့်အသက်တာရှိ ပရမ်းပတာ ဖြစ်နေသော အရာတွေကို
အကြီးမြတ်ဆုံးသော အိုးထိန်းသမား ဘုရားသခင်ထံ ယူဆောင်လာပါ။ သင့်အသက်တာကို လုပ်ဆောင်မှု
အသစ် ပြုဖို့ရန် ဘုရားသခင်အား ယုံကြည်လိုက်ပါ။
ဆင်ခြင်ရန်
-
သင့်အသက်တာတွင် မည်သို့သော အမှားများနှင့် အရှုပ်အထွေးတို့ကို ဘုရားသခင် ရွေးနုတ်၍
ကောင်းကျိုး အတွက် အသုံးမပြုနိုင်ဘူးလို့ သင်ထင်ပါသနည်း။ ထိုအရာတို့နှင့် ပတ်သက်ပြီး
ဘုရားဘာကို ပြောမည်ဟု သင်ထင်မြင်ပါသနည်း။
-
သင့်အသက်တာ (သို့) တစ်ပါးသူအသက်တာရှိ အရှုပ်အထွေးတို့ကို ကောင်းကျိုးအတွက် ဘုရားသခင်
ဖန်တီးမှု တစ်ခုပြုသည်ကို မည်ကဲ့သို့ သင်မြင်တွေ့ခဲ့ဖူးပါသနည်း။
-
ဆာလံကျမ်း ၅၁း၁၀ တွင် ပြောထားသည့်အတိုင်း သင်၏ ပရမ်းပတာတို့ကို “Genesis week” အဖြစ် ပြောင်းလဲခြင်းအရာက ဘုရားသခင်အတွက်
ဘာကို ဆိုလိုပါသနည်း။ Genesis
week = သင်၏ ဖရိုဖရဲ ဖြစ်နေသော
အသက်တာသို့ ပုံသွင်းခြင်း ၊ ပုံဖော်ခြင်းဖြစ်လာစေဖို့ရန် ဘုရားသခင် ပြောသော အချိန်ကာလ။
Genesis Week is a time when God speaks into the chaos in your life
to bring it shape and form.
-----------------------------------------------------------------------------
Zawgyi Version
ဘုရားသခင္သည္ ရႈပ္ေထြးမႈေတြကို လက္ရာေကာင္းအျဖစ္သို႔ ေျပာင္းလဲေပးသည္။
ဆာလံက်မ္း ၅၁း၁၀ “အိုဘုရားသခင္၊ အကြၽႏ္ုပ္အထဲ၌ စင္ၾကယ္ေသာႏွလုံးကို ဖန္ဆင္းေတာ္မူပါ။ ၿမဲၿမံတည္ ၾကည္ေသာ သေဘာကို အသစ္ျပဳျပင္ေတာ္မူပါ။”
တစ္ေန႔တြင္ ပေရာဖက္ ေယရမိ ဆီသို႔ ဘုရားသခင္ သတင္းစကားတစ္ခု ပါးလိုက္ပါတယ္။ အိုးထိန္းသမား တစ္ဦး၏ အိမ္သို႔သြား၍ အိုးလုပ္ေနျခင္းကို ၾကည့္ဖို႔ ျဖစ္ပါတယ္။
ေယရမိသည္လည္း အိုးထိန္းသမား၏ ႐ြံ႕ျပင္ဆင္ျခင္း ၊ ေျမအိုး ပုံသြင္းျခင္းတို႔ကိုၾကည့္ၿပီး တစ္စုံတစ္ခုကို သတိျပဳခဲ့ပါတယ္။ “အို ဣသေရလအမ်ိဳး၊ အိုးထိန္းသမားျပဳသကဲ့သို႔ သင္တို႔ကို ငါမျပဳႏိုင္ သေလာ။ အို ဣသေရလ အမ်ိဳး၊ အိုးေျမသည္ အိုးထိန္းသမားလက္၌ ရွိသကဲ့သို႔ သင္တို႔ သည္ ငါ့လက္၌ရွိၾက၏။” ေယရမိ အနာဂတၱိက်မ္း ၁၈း၄
ဤအရာဝတၱဳ သင္ခန္းစာကို ေယရမိ ျမင္ၿပီးေနာက္တြင္ ဣသေရလႏွင့္ပတ္သက္တဲ့ သတင္းစကားတစ္ခုကို သူ႔အား ဘုရားသခင္ ေပးခဲ့ပါတယ္။ “အိုးေျမသည္ အိုးထိန္းသမားလက္၌ ရွိသကဲ့သို႔ သင္တို႔သည္ ငါ့လက္ ၌ရွိၾက၏။ “ေယရမိ အနာဂတၱိက်မ္း ၁၈း၆
သင့္ဘဝတြင္ ရႈပ္ေထြးမႈမ်ားျဖင့္ အမွန္တကယ္ရွိေကာင္း ရွိႏိုင္ပါတယ္။ သင္၏ “ေျမအိုး” သည္ သင္၏ ညံ့ဖ်င္းေသာ ဆုံးျဖတ္ခ်က္ ၊ သင္ျပဳေသာ အမႈအရာ တို႔မွ တစ္ဆင့္ အနာအဆာ ျဖစ္လာရပါတယ္။ ရလဒ္ကေတာ့ သင့္အသက္တာ သင္ေမွ်ာ္မွန္းသလို မျဖစ္လာေတာ့ပါ။
သို႔ေပမဲ့ သင္က ေျမအိုးျဖစ္ပါတယ္ ။ အိုးထိန္းမဟုတ္ပါဘူး။ ဘုရားသခင္သည္သာ အိုးထိန္းျဖစ္ၿပီး အေျခအေန အရ ပုံသ႑ာန္လႊဲေနေသာ ႐ႊံ႕ေစးကို မပစ္ပယ္ပါ။ သင္ရင္ဆိုင္ေတြ႕ႀကဳံရေသာ နာက်င္မႈတို႔ကို သူ အလဟႆ မျဖစ္ေစပါ။
သင့္အား ဖန္းဆင္းခဲ့ေသာ အႏွစ္သာရႏွင့္ ပင္ကိုစ႐ိုက္ကို ဘုရားသခင္ မပစ္ပယ္ပါ။ ၎အစား သင္၏ ေကာင္းျခင္း ၊ ဆိုးျခင္း အားလုံးတို႔ကို ယူပါတယ္။ ထိုအရာတို႔ကို သူ၏ ႏူးညံ့ၿပီး သန္မာတဲ့ လက္ေတာ္တြင္ ထားရွိပါတယ္။ ၿပီးေတာ့ သင့္အသက္တာကို စတင္ပုံသြင္းဖို႔ သင့္ေတာ္တဲ့ေနရာမွာ ဖိအားကို အသုံးျပဳလ်က္ သင့္အား လွပၿပီး အဖိုးမျဖတ္ႏိုင္တဲ့ အႏုပညာလက္ရာ တစ္ခုအျဖစ္ ဖန္တီးပါတယ္။
၎သည္ သင့္ကိုယ္သင္ ဘုရားသခင္၏ ေမတၱာေတာ္လက္တြင္ လုံးဝအပ္ႏွံလိုက္တဲ့အခါမွာ ျဖစ္ပ်က္လာ ပါတယ္။
အသစ္တစ္ဖန္ စတင္ျခင္းအရာကို ဘုရားသခင္ အထူးျပဳပါတယ္။ ယေန႔တြင္ အသစ္ေသာ စတင္မႈကို ဒါဝိလ္၏ ဆုေတာင္း ျဖစ္တဲ့ ဆာလံက်မ္း ၅၁း၁၀ အားျဖင့္ ျပဳႏိုင္ပါတယ္။ “အိုဘုရားသခင္၊ အကြၽႏ္ုပ္အထဲ၌ စင္ၾကယ္ ေသာႏွလုံးကို ဖန္ဆင္းေတာ္မူပါ။ ၿမဲၿမံတည္ၾကည္ေသာ သေဘာကို အသစ္ျပဳျပင္ေတာ္မူပါ။”
ျပန္လည္ စတင္ဖို႔ရန္ ဘယ္ေတာ့မွ မေနာက္က်ပါဘူး။ သင့္အသက္တာရွိ ပရမ္းပတာ ျဖစ္ေနေသာ အရာေတြကို အႀကီးျမတ္ဆုံးေသာ အိုးထိန္းသမား ဘုရားသခင္ထံ ယူေဆာင္လာပါ။ သင့္အသက္တာကို လုပ္ေဆာင္မႈ အသစ္ ျပဳဖို႔ရန္ ဘုရားသခင္အား ယုံၾကည္လိုက္ပါ။
ဆင္ျခင္ရန္
- သင့္အသက္တာတြင္ မည္သို႔ေသာ အမွားမ်ားႏွင့္ အရႈပ္အေထြးတို႔ကို ဘုရားသခင္ ေ႐ြးႏုတ္၍ ေကာင္းက်ိဳး အတြက္ အသုံးမျပဳႏိုင္ဘူးလို႔ သင္ထင္ပါသနည္း။ ထိုအရာတို႔ႏွင့္ ပတ္သက္ၿပီး ဘုရားဘာကို ေျပာမည္ဟု သင္ထင္ျမင္ပါသနည္း။
- သင့္အသက္တာ (သို႔) တစ္ပါးသူအသက္တာရွိ အရႈပ္အေထြးတို႔ကို ေကာင္းက်ိဳးအတြက္ ဘုရားသခင္ ဖန္တီးမႈ တစ္ခုျပဳသည္ကို မည္ကဲ့သို႔ သင္ျမင္ေတြ႕ခဲ့ဖူးပါသနည္း။
- ဆာလံက်မ္း ၅၁း၁၀ တြင္ ေျပာထားသည့္အတိုင္း သင္၏ ပရမ္းပတာတို႔ကို “Genesis week” အျဖစ္ ေျပာင္းလဲျခင္းအရာက ဘုရားသခင္အတြက္ ဘာကို ဆိုလိုပါသနည္း။ Genesis week = သင္၏ ဖ႐ိုဖရဲ ျဖစ္ေနေသာ အသက္တာသို႔ ပုံသြင္းျခင္း ၊ ပုံေဖာ္ျခင္းျဖစ္လာေစဖို႔ရန္ ဘုရားသခင္ ေျပာေသာ အခ်ိန္ကာလ။
Genesis Week is a time when God speaks into the chaos in your life to bring it shape and form.