Unicode Version
အသစ်တစ်ဖန် စတင်ဖို့ရန်အတွက် သင့်အား
ဘုရားသခင် ပြင်ဆင်ထားပါတယ်။
ကောလောသဲဩဝါဒစာ ၂း၁၀ “အထွဋ်အမြတ်
အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။”
အသစ်တစ်ဖန် စတင်ဖို့ သင်အဆင်သင့်ဖြစ်ပါလျှင်
ကိုယ်ပိုင် စစ်တမ်းတစ်ခုကို လိုအပ်ပါတယ်။ ၎င်းသည် သိုမှီးထားတဲ့အရာနှင့် သင်လုပ်ဆောင်ခဲ့တဲ့အရာပေါ်
တွက်ဆခြင်းကို ဆိုလိုပါတယ်။ သင်၌ ကိုယ်ပိုင်စစ်တမ်း ပြုထားတယ်ဆိုလျှင် သင့်ကိုယ်သင်
မေးခွန်း (၃) ခု မေးရပါမည်။
(၁) သင် ဘာတွေကို ပိုင်ဆိုင်ပါသလဲ။
ရုပ်ပိုင်းဆိုင်ရာ
ပိုင်ဆိုင်မှုကို ကြည့်ပါ။ ပညာရေး နှင့် ဘဏ္ဍာရေး အပိုင်းပေါ့။ ပြီးနောက် ဘုရားသခင်၏
သားသမီးဖြစ်သည့်အလျှောက် သင်၏ ဝိညာဉ်ရေးရာ ပိုင်ဆိုင်မှုကို သတိပြုလိုက်ပါ။ ကောလောသဲဩဝါဒစာ ၂း၁၀ “အထွဋ်အမြတ် အာဏာစက်ရှိသမျှကို
အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။”
(၂) သင် ဘာတွေ လေ့လာသင်ယူခဲ့ပြီးပြီလဲ။
သင်၏
အသက်တာ ၊ သင့်အကြောင်း ၊ မိသားစု ၊ ဘုရားသခင် နှင့် ပတ်သက်ပြီး သင်တွေးထင်နိုင်သမျှ
လေ့လာသင် ယူခဲ့တဲ့ သင်ခန်းစာ တို့ကို အချိန်ယူလျက် ချရေးလိုက်ပါ။ ဂလတိဩဝါဒစာ ၃း၄ “ဤမျှလောက်ဆင်းရဲခြင်းကို
အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက်ဖြစ်ရမည်လော။” ထိုအရာများထဲမှ
သင်လေ့လာသင်ယူပါလျှင် သင်၏ အတွေ့အကြုံတွေကို သင် အချည်းနှီး မဖြစ်စေတော့ပါ။
သင်၏
နာကျင်မှုကို ဘုရားသခင် ဘယ်တော့မှ အလဟဿ မဖြစ်စေတဲ့အတွက်ကြောင့် အထူးသဖြင့် သင်၏ တွေ့ကြုံရင်ဆိုင်ရတဲ့
နာကျင်မှုတွေပေါ်မှာ အာရုံစိုက်ကြည့်လိုက်ပါ။ စိတ်မကောင်းစရာတွေအစား နာကျင်မှုတို့
ကနေ လေ့လာသင်ယူပါ။ သင်ခန်းစာတို့ကို ချရေးလိုက်ပါ။ အမှားတွေပေါ် နောင်တရခြင်း နှင့်
ပြန်လည် တွေးတောနေခြင်းကို ရပ်တန့်ပြီး ၎င်းတို့မှ စတင် သင်ယူခြင်း ပြုလိုက်ပါ။ ဘာကြောင့်လဲ။
ဘာကြောင့်လဲဆိုတော့ ဆန်းသစ်မှု တွေက အမြဲတမ်း ကျရှုံးမှုပေါ်မှာ တည်ဆောက်ပါတယ်။
၎င်းသည် အလုပ်မဖြစ်သောအရာတို့ကို သင်အမှတ်ရ နေခြင်းမျိုး ဖြစ်ပါတယ်။
သမ္မာကျမ်းစာက
သွန်သင်ချက်တို့ကိုလည်း ပြန်လည် သုံးသပ်ကြည့်လိုက်ပါ။ တိမောသေဩဝါဒစာ
ဒုတိယစောင် ၃း၁၄ တွင် ဖော်ပြထားသည်မှာ “သင်သည်အဘယ်သူထံ၌
နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို
ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်
သောအရွယ်မှစ၍ လေ့ကျက်သည်ကို ၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော
အယူဝါဒ၌ တည်နေလော့။”
(၃) သင်၏ အသစ်တစ်ဖန် စတင်ခြင်းတွင် မည်သူကူညီနိုင်မည်နည်း။
သုတ္တံကျမ်း ၁၅း၂၂ “တိုင်ပင်ခြင်းမရှိလျှင်
အကြံပျက်တတ်၏။ တိုင်ပင်သော သူများလျှင်မူကား၊ အကြံတည် တတ်၏။”
မာနကြီးခြင်းအရာက
လူတွေကို သူတို့၏ အိမ်မက်များနှင့် ပန်းတိုင်ဆီသို့ အရောက်လှမ်းဖို့ရာ ဝေးကွာစေပါတယ်။
အကြံဉာဏ်တောင်းမည့်အစား လူတွေက သူတို့ကိုယ်တိုင် အဖြေရှာဖို့ အလိုရှိကြပါတယ်။
မာနထောင်လွှားခြင်းက
ပျက်စီးခြင်းကိုသာ ဉီးတည်စေတယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ နှိမ့်ချသောသူ တို့ကို
ဘုရားသခင် ကောင်းချီးပေးတယ်လို့လည်း ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်နှိမ့်ချသော
သူတို့ကို သွန်သင်ဆုံးမနိုင်သောကြောင့် ဖြစ်ပါတယ်။ သင်အောင်မြင်နေသလိုမျိုး
သင်ပြုမူနေမယ်ဆိုလျှင် အသစ်တစ်ဖန် စတင်ခြင်းကို သင်ဘယ်တော့မှ ပြုနိုင်မည် မဟုတ်ပါ။
သင့်အား အမှန်တရားကို ပြောပြဖို့ရန် ၊ သင်မမြင်နိုင်တဲ့ အရာကို ညွှန်ပြပေးဖို့ရန်
၊ သင့်အား အားပေးတိုက်တွန်းဖို့ရန် နှင့် ဘုရားသခင်၏ ကတိတော်တို့ကို အမှတ်ရစေဖို့ အကူအညီပေးမည့်
တခြားသောသူတွေကို သင်လိုအပ်ပါတယ်။
သင့်အသက်တာ
စစ်တမ်းကို ရိုးသားစွာဖြင့် မခြွင်းမချန် ကြည့်မယ်ဆိုလျှင် သင့်အား အသစ်တစ်ဖန် စတင်ဖို့ရန်
ဘုရားသခင် ဘယ်လို ပြင်ဆင်ထားသလဲဆိုတာကို သင်မြင်တွေ့ရပါလိမ့်မည်။
ဆင်ခြင်ရန်
-
သင်၏ အောင်မြင်ခြင်းတွေထက် ကျရှုံးခြင်းပေါ်တွင် ပိုပြီး သင်ယူနေတယ်လို့ သင်ဘာကြောင့်
ထင်ပါသနည်း။
-
သင့်ကိုယ်သင် သွန်သင်ဆုံးမလို့ ရသောသူအဖြစ် သိမှတ်ပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့်
မဟုတ်သနည်း။
-
သင်၏ ဝိညာဉ်ရေးရာ ပိုင်ဆိုင်မှုတို့က ဘာတွေဖြစ်မည်နည်း။ ထိုအရာတို့ကို မည်သည့်အရာက
ပိုင်ဆိုင်မှု ဖြစ်စေသနည်း။
------------------------------------------------------------------------
Zawgyi Version
အသစ္တစ္ဖန္ စတင္ဖို႔ရန္အတြက္ သင့္အား ဘုရားသခင္ ျပင္ဆင္ထားပါတယ္။
ေကာေလာသဲဩဝါဒစာ ၂း၁၀ “အထြဋ္အျမတ္ အာဏာစက္ရွိသမွ်ကို အုပ္စိုးေတာ္မူေသာ ထိုသခင္၌ သင္တို႔သည္ စုံလင္ျခင္းရွိၾက၏။”
အသစ္တစ္ဖန္ စတင္ဖို႔ သင္အဆင္သင့္ျဖစ္ပါလွ်င္ ကိုယ္ပိုင္ စစ္တမ္းတစ္ခုကို လိုအပ္ပါတယ္။ ၎သည္ သိုမွီးထားတဲ့အရာႏွင့္ သင္လုပ္ေဆာင္ခဲ့တဲ့အရာေပၚ တြက္ဆျခင္းကို ဆိုလိုပါတယ္။ သင္၌ ကိုယ္ပိုင္စစ္တမ္း ျပဳထားတယ္ဆိုလွ်င္ သင့္ကိုယ္သင္ ေမးခြန္း (၃) ခု ေမးရပါမည္။
(၁) သင္ ဘာေတြကို ပိုင္ဆိုင္ပါသလဲ။
႐ုပ္ပိုင္းဆိုင္ရာ ပိုင္ဆိုင္မႈကို ၾကည့္ပါ။ ပညာေရး ႏွင့္ ဘ႑ာေရး အပိုင္းေပါ့။ ၿပီးေနာက္ ဘုရားသခင္၏ သားသမီးျဖစ္သည့္အေလွ်ာက္ သင္၏ ဝိညာဥ္ေရးရာ ပိုင္ဆိုင္မႈကို သတိျပဳလိုက္ပါ။ ေကာေလာသဲဩဝါဒစာ ၂း၁၀ “အထြဋ္အျမတ္ အာဏာစက္ရွိသမွ်ကို အုပ္စိုးေတာ္မူေသာ ထိုသခင္၌ သင္တို႔သည္ စုံလင္ျခင္းရွိၾက၏။”
(၂) သင္ ဘာေတြ ေလ့လာသင္ယူခဲ့ၿပီးၿပီလဲ။
သင္၏ အသက္တာ ၊ သင့္အေၾကာင္း ၊ မိသားစု ၊ ဘုရားသခင္ ႏွင့္ ပတ္သက္ၿပီး သင္ေတြးထင္ႏိုင္သမွ် ေလ့လာသင္ ယူခဲ့တဲ့ သင္ခန္းစာ တို႔ကို အခ်ိန္ယူလ်က္ ခ်ေရးလိုက္ပါ။ ဂလတိဩဝါဒစာ ၃း၄ “ဤမွ်ေလာက္ဆင္းရဲျခင္းကို အခ်ည္းႏွီး ခံၾကၿပီေလာ။ အခ်ည္းႏွီး သက္သက္ျဖစ္ရမည္ေလာ။” ထိုအရာမ်ားထဲမွ သင္ေလ့လာသင္ယူပါလွ်င္ သင္၏ အေတြ႕အႀကဳံေတြကို သင္ အခ်ည္းႏွီး မျဖစ္ေစေတာ့ပါ။
သင္၏ နာက်င္မႈကို ဘုရားသခင္ ဘယ္ေတာ့မွ အလဟႆ မျဖစ္ေစတဲ့အတြက္ေၾကာင့္ အထူးသျဖင့္ သင္၏ ေတြ႕ႀကဳံရင္ဆိုင္ရတဲ့ နာက်င္မႈေတြေပၚမွာ အာ႐ုံစိုက္ၾကည့္လိုက္ပါ။ စိတ္မေကာင္းစရာေတြအစား နာက်င္မႈတို႔ ကေန ေလ့လာသင္ယူပါ။ သင္ခန္းစာတို႔ကို ခ်ေရးလိုက္ပါ။ အမွားေတြေပၚ ေနာင္တရျခင္း ႏွင့္ ျပန္လည္ ေတြးေတာေနျခင္းကို ရပ္တန႔္ၿပီး ၎တို႔မွ စတင္ သင္ယူျခင္း ျပဳလိုက္ပါ။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဆန္းသစ္မႈ ေတြက အၿမဲတမ္း က်ရႈံးမႈေပၚမွာ တည္ေဆာက္ပါတယ္။ ၎သည္ အလုပ္မျဖစ္ေသာအရာတို႔ကို သင္အမွတ္ရ ေနျခင္းမ်ိဳး ျဖစ္ပါတယ္။
သမၼာက်မ္းစာက သြန္သင္ခ်က္တို႔ကိုလည္း ျပန္လည္ သုံးသပ္ၾကည့္လိုက္ပါ။ တိေမာေသဩဝါဒစာ ဒုတိယေစာင္ ၃း၁၄ တြင္ ေဖာ္ျပထားသည္မွာ “သင္သည္အဘယ္သူထံ၌ နည္းခံခဲ့ၿပီးသည္ကို၎၊ ေယရႈခရစ္ကို ယုံၾကည္ျခင္း အားျဖင့္ ကယ္တင္ျခင္းအလိုငွါ ပညာကိုေပးႏိုင္ေသာ ဓမၼက်မ္းစာကို ငယ္ ေသာအ႐ြယ္မွစ၍ ေလ့က်က္သည္ကို ၎ သိမွတ္သည္ႏွင့္၊ အထက္ကသင္၍ ႏွလုံးသြင္းမိေသာ အယူဝါဒ၌ တည္ေနေလာ့။”
(၃) သင္၏ အသစ္တစ္ဖန္ စတင္ျခင္းတြင္ မည္သူကူညီႏိုင္မည္နည္း။
သုတၱံက်မ္း ၁၅း၂၂ “တိုင္ပင္ျခင္းမရွိလွ်င္ အႀကံပ်က္တတ္၏။ တိုင္ပင္ေသာ သူမ်ားလွ်င္မူကား၊ အႀကံတည္ တတ္၏။”
မာနႀကီးျခင္းအရာက လူေတြကို သူတို႔၏ အိမ္မက္မ်ားႏွင့္ ပန္းတိုင္ဆီသို႔ အေရာက္လွမ္းဖို႔ရာ ေဝးကြာေစပါတယ္။ အႀကံဉာဏ္ေတာင္းမည့္အစား လူေတြက သူတို႔ကိုယ္တိုင္ အေျဖရွာဖို႔ အလိုရွိၾကပါတယ္။
မာနေထာင္လႊားျခင္းက ပ်က္စီးျခင္းကိုသာ ဉီးတည္ေစတယ္လို႔ သမၼာက်မ္းစာက ဆိုထားပါတယ္။ ႏွိမ့္ခ်ေသာသူ တို႔ကို ဘုရားသခင္ ေကာင္းခ်ီးေပးတယ္လို႔လည္း ဆိုထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ႏွိမ့္ခ်ေသာ သူတို႔ကို သြန္သင္ဆုံးမႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္။ သင္ေအာင္ျမင္ေနသလိုမ်ိဳး သင္ျပဳမူေနမယ္ဆိုလွ်င္ အသစ္တစ္ဖန္ စတင္ျခင္းကို သင္ဘယ္ေတာ့မွ ျပဳႏိုင္မည္ မဟုတ္ပါ။ သင့္အား အမွန္တရားကို ေျပာျပဖို႔ရန္ ၊ သင္မျမင္ႏိုင္တဲ့ အရာကို ၫႊန္ျပေပးဖို႔ရန္ ၊ သင့္အား အားေပးတိုက္တြန္းဖို႔ရန္ ႏွင့္ ဘုရားသခင္၏ ကတိေတာ္တို႔ကို အမွတ္ရေစဖို႔ အကူအညီေပးမည့္ တျခားေသာသူေတြကို သင္လိုအပ္ပါတယ္။
သင့္အသက္တာ စစ္တမ္းကို ႐ိုးသားစြာျဖင့္ မႁခြင္းမခ်န္ ၾကည့္မယ္ဆိုလွ်င္ သင့္အား အသစ္တစ္ဖန္ စတင္ဖို႔ရန္ ဘုရားသခင္ ဘယ္လို ျပင္ဆင္ထားသလဲဆိုတာကို သင္ျမင္ေတြ႕ရပါလိမ့္မည္။
ဆင္ျခင္ရန္
- သင္၏ ေအာင္ျမင္ျခင္းေတြထက္ က်ရႈံးျခင္းေပၚတြင္ ပိုၿပီး သင္ယူေနတယ္လို႔ သင္ဘာေၾကာင့္ ထင္ပါသနည္း။
- သင့္ကိုယ္သင္ သြန္သင္ဆုံးမလို႔ ရေသာသူအျဖစ္ သိမွတ္ပါသလား။ ဘာေၾကာင့္နည္း (သို႔) ဘာေၾကာင့္ မဟုတ္သနည္း။
- သင္၏ ဝိညာဥ္ေရးရာ ပိုင္ဆိုင္မႈတို႔က ဘာေတြျဖစ္မည္နည္း။ ထိုအရာတို႔ကို မည္သည့္အရာက ပိုင္ဆိုင္မႈ ျဖစ္ေစသနည္း။