Four things you shouldn't do with your money

 Unicode Version

ရှင်လုကာခရစ်ဝင်ကျမ်း ၁၂း၁၅ “ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။

ငွေကြေးနဲ့ ပတ်သက်ပြီး သင် အမြော်အမြင်ရှိရှိ တွေးခေါ်ဖို့ရန် ဘုရားသခင် အလိုရှိပါတယ်။

ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး (၁၆)တွင် သူဌေးတစ်ဉီးက သူ၏ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ရန် ဘဏ္ဍာစိုးတစ်ဉီးအား တာဝန်ပေးအပ်တဲ့အကြောင်းကို သခင်ခရစ်တော် ပြောထားပါတယ်။ သခင်၏ ငွေကြေးတို့ကို အလွှဲသုံးစားပြုကြောင်း စွပ်စွဲခံရတဲ့အခါမှာ ဘဏ္ဍာစိုး၏ ကြီးကြပ်မှု ဖြစ်စဉ်ကို တင်ပြဖို့ရန် ခေါ်ခြင်းခံရတဲ့အခါမှာ ဘဏ္ဍာစိုးသည် အကြံအစည်တစ်ခုကို ဖန်တီးပါတော့တယ်။ အလုပ်ကို ဆုံးရှုံးရတော့မည်ကို သိနေခဲ့ ပေမဲ့လည်း အခက်အခဲဖြစ်နေချိန်မှာ သူ့အား အကူအညီပေးနိုင်လောက်သည့် မိတ်ဆွေတစ်ချို့တို့ဆီ သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

ဒါကြောင့် သခင့်၏ အကြွေးကို ပေးရန်ရှိနေတဲ့ သူအယောက်တိုင်းကို ဆင့်ခေါ်ပြီး သူတို့၏ ကြွေးမြီတို့ကို လျော့ချပေးခဲ့ပါတယ်။ သံလွင်ဆီ ဂါလံ ၈၀၀ ပေးရမည့်သူကို ဂါလံ ၄၀၀ ပြောင်းလဲဖို့ရန် ပြုစေခဲ့ပါတယ်။

သခင်က ဘဏ္ဍာစိုး၏ လုပ်ရပ်ကို ကြားသိရတဲ့အခါမှာတော့ မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက်သာ၍ လိမ္မာကြ၏။” ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၈

 

ဘဏ္ဍာစိုး၏ မရိုးသားမှုကို သခင်ခရစ်တော်က ချီးမွမ်းတာ မဟုတ်ပါဘူး။ သူ၏ လိမ္မာပါးနပ်မှုကို ချီးမွမ်းတာ ဖြစ်ပါတယ်။ လိမ္မာပါးနပ်မှု ဆိုတာ ဘာလဲ။ သိတတ်နားလည်မှု ၊ မဟာဗျူဟာ ရှိမှု နှင့် လုပ်ရည်ကိုင်ရည် ရှိမှု ကိုဆိုလိုတာ ဖြစ်ပါတယ်။ ပြသနာကို ရှင်းလင်းစွာ သင်မြင်တယ် ၊ ဘာကိုလုပ်ဆောင်ဖို့ လိုအပ်သလဲဆိုတာကို သိတယ် ပြီးတော့ ဘယ်လိုလုပ်ဆောင်ဖို့ကို ပုံဖော်ပါတယ်။ သင်၏ ငွေကြေးနှင့် ပတ်သက်ပြီး သမ္မာတရားနှင့် ပါးနပ်လျော်ညီစွာဖြင့် လေ့လာသင်ယူဖို့ရန် သင့်အား ဘုရားသခင် အလိုရှိပါတယ်။

 

ဤဥပမာက သင်၏ငွေကြေးနှင့် ပတ်သက်ပြီး မပြုသင့်တဲ့ အရာ (၄) မျိုးကို သွန်သင်ထားပါတယ်။

(၁) သင်၏ငွေကြေးကို မဖြုန်းပါနှင့်။

ရှင်လုကာ ခရစ်ဝင်ကျမ်း ၁၆း၁ တွင် ဖော်ပြထားသည်မှာ “ဘဏ္ဍာဆိုးသည် သခင့်၏ ငွေကြေးကို ဖြုန်းတီးနေခဲ့ကြောင်းကို …..” ။ သင်၌ ရှိနေသော ငွေကြေးအပါအဝင် ပိုင်ဆိုင်သမျှ အားလုံးတို့သည် ဘုရားသခင်ဆီမှ လာသော ဆုကျေးဇူးပင် ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ဆီကလာသော အရာတို့ကို မဖြုန်းတီးစေဖို့ရန် သတိပြုဖို့ လိုပါတယ်။

 

(၂) သင်၏ ငွေကြေးကို မချစ်ပါနှင့်။

အသက်တာ၏ နံပါတ် (၁) သည် ဘုရားသခင်လား (သို့) ငွေကြေးများစွာရရှိဖို့ လုပ်ဆောင်မှုပြုခြင်းအရာလား ဆိုတာကို သင်ဆုံးဖြတ်ရပါမည်။ နှစ်ခုစလုံးကိုတော့ သင်၏ နံပါတ် (၁) နေရာ ထားလို့မရပါဘူး။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။” ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၁၃

 

(၃) သင်၏ ငွေကြေးပေါ် ယုံကြည်စိတ်ချခြင်း မရှိနှင့်။

ဘယ်လောက်ဘဲ ငွေကြေးပိုင်ဆိုင်မှု ရှိနေပါစေ… ထိုအရာတို့ကို အမြဲတမ်းလက်လွှတ်ရနိုင်ပါတယ်။ လုကာ ၁၆း၃ တွင် ဖော်ပြသည့်အတိုင်း ဘဏ္ဍာစိုးသည် လျင်မြန်ပါးနပ်စွာ ပြုခဲ့ပါတယ်။ “ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။

လုံခြုံစိတ်ချရခြင်းကို အလိုရှိပါလျှင် အသက်တာ၏ အလယ်ဗဟိုချက်တွင် ဘယ်အရာကမှ နုတ်ယူလို့ မရတဲ့အရာကိုသာ ဖြစ်စေရပါမည်။ ပြီးတော့ သင်ဘယ်တော့မှ ဆုံးရှုံးရမှာ မဟုတ်တဲ့ တစ်ခုတည်းသော အရာရှိပါတယ်။ ထိုအရာသည် သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။

 

(၄) သင်၏ ငွေကြေးဖြင့် ကျေနပ်အားရဖွယ်ရာဖြစ်စေဖို့ရန် မမျှော်လင့်ပါနှင့်။

ငွေကြေးပိုင်ဆိုင်မှု များလေလေ ပိုပြီး ပျော်ရွှင်ရလိမ့်မယ် ၊ ပိုပြီး လုံခြုံမယ် (သို့) တန်ဖိုးမြင့်လာမယ် လို့ သင်တွေးထင်ပါလျှင် သင်အကြီးအကျယ် လမ်းလွှဲသွားပါပြီ။ ငွေကြေးဆိုတာ ဘယ်တော့မှ စိတ်ကျေနပ်မှု မဖြစ်စေပါ။ ဒေသနာကျမ်း ၅း၁၀ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။

ဒါကြောင့်လည်း သခင်ခရစ်တော်က ပြောထားသည်မှာ ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။” ရှင်လုကာ ခရစ်ဝင်ကျမ်း ၁၅း၁၂

 

ဆင်ခြင်ရန်

- သင်၏ ငွေကြေးအားလုံးတို့သည် ဘုရားသခင် အမှန်တကယ်ပင် ပိုင်ဆိုင်ကြောင်းကို သင်သိနားလည်သည်မို့ ယခုတွင် သင်၏ ငွေကြေးတို့ကို မည်ကဲ့သို့ ခြားနားစွာ သုံးစွဲမည်နည်း။

- သင်၏ အသက်တာနှင့် သင်ငွေကြေး ကိုင်တွယ်ဖြေရှင်းပုံကို တခြားသူတွေက ကြည့်ပြီး ဘယ်အရာက သင့်အတွက် အရေးကြီးဆုံး ဖြစ်ကြောင်းကို ပြောဆိုကြပါမည်နည်း။

- သင်၏ ဝင်ငွေပေါ် တစ်ချိန်တည်းတွင် ကျေနပ်မှုနှင့်အတူ မည်ကဲ့သို့ ရည်မှန်းချက်ထားရှိနိုင်မည်နည်း။ 


----------------------------------------------------------------------------------------------------------------------


Zawgyi Version

ရွင္လုကာခရစ္ဝင္က်မ္း ၁၂း၁၅ “ထိုမွတပါး ေလာဘလြန္က်ဴးျခင္းကို သတိႏွင့္ ၾကဥ္ေရွာင္ၾကေလာ့။ အေၾကာင္းမူကား၊ စည္းစိမ္ရွိေသာ္ လည္း စည္းစိမ္၌ အသက္မတည္ဟု မိန္႔ေတာ္မူ၏။”


ေငြေၾကးနဲ႔ ပတ္သက္ၿပီး သင္ အေျမာ္အျမင္ရွိရွိ ေတြးေခၚဖို႔ရန္ ဘုရားသခင္ အလိုရွိပါတယ္။

ရွင္လုကာခရစ္ဝင္က်မ္း အခန္းႀကီး (၁၆)တြင္ သူေဌးတစ္ဉီးက သူ၏ပိုင္ဆိုင္မႈေတြကို ထိန္းသိမ္းဖို႔ရန္ ဘ႑ာစိုးတစ္ဉီးအား တာဝန္ေပးအပ္တဲ့အေၾကာင္းကို သခင္ခရစ္ေတာ္ ေျပာထားပါတယ္။ သခင္၏ ေငြေၾကးတို႔ကို အလႊဲသုံးစားျပဳေၾကာင္း စြပ္စြဲခံရတဲ့အခါမွာ ဘ႑ာစိုး၏ ႀကီးၾကပ္မႈ ျဖစ္စဥ္ကို တင္ျပဖို႔ရန္ ေခၚျခင္းခံရတဲ့အခါမွာ ဘ႑ာစိုးသည္ အႀကံအစည္တစ္ခုကို ဖန္တီးပါေတာ့တယ္။ အလုပ္ကို ဆုံးရႈံးရေတာ့မည္ကို သိေနခဲ့ ေပမဲ့လည္း အခက္အခဲျဖစ္ေနခ်ိန္မွာ သူ႔အား အကူအညီေပးႏိုင္ေလာက္သည့္ မိတ္ေဆြတစ္ခ်ိဳ႕တို႔ဆီ သြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ 


ဒါေၾကာင့္ သခင့္၏ အေႂကြးကို ေပးရန္ရွိေနတဲ့ သူအေယာက္တိုင္းကို ဆင့္ေခၚၿပီး သူတို႔၏ ေႂကြးၿမီတို႔ကို ေလ်ာ့ခ်ေပးခဲ့ပါတယ္။ သံလြင္ဆီ ဂါလံ ၈၀၀ ေပးရမည့္သူကို ဂါလံ ၄၀၀ ေျပာင္းလဲဖို႔ရန္ ျပဳေစခဲ့ပါတယ္။

သခင္က ဘ႑ာစိုး၏ လုပ္ရပ္ကို ၾကားသိရတဲ့အခါမွာေတာ့ “မတရားေသာ ထိုဘ႑ာစိုးသည္ လိမၼာစြာျပဳသည္ကို သခင္သည္ ခ်ီးမြမ္းေလ၏။ အေၾကာင္းမူကား၊ ေလာကီသားတို႔သည္ မိမိတို႔အမႈကို ေဆာင္႐ြက္ရာတြင္၊ အလင္းသို႔ေရာက္ေသာသူတို႔ထက္သာ၍ လိမၼာၾက၏။” ရွင္လုကာခရစ္ဝင္က်မ္း ၁၆း၈


ဘ႑ာစိုး၏ မ႐ိုးသားမႈကို သခင္ခရစ္ေတာ္က ခ်ီးမြမ္းတာ မဟုတ္ပါဘူး။ သူ၏ လိမၼာပါးနပ္မႈကို ခ်ီးမြမ္းတာ ျဖစ္ပါတယ္။ လိမၼာပါးနပ္မႈ ဆိုတာ ဘာလဲ။ သိတတ္နားလည္မႈ ၊ မဟာဗ်ဴဟာ ရွိမႈ ႏွင့္ လုပ္ရည္ကိုင္ရည္ ရွိမႈ ကိုဆိုလိုတာ ျဖစ္ပါတယ္။ ျပသနာကို ရွင္းလင္းစြာ သင္ျမင္တယ္ ၊ ဘာကိုလုပ္ေဆာင္ဖို႔ လိုအပ္သလဲဆိုတာကို သိတယ္ ၿပီးေတာ့ ဘယ္လိုလုပ္ေဆာင္ဖို႔ကို ပုံေဖာ္ပါတယ္။ သင္၏ ေငြေၾကးႏွင့္ ပတ္သက္ၿပီး သမၼာတရားႏွင့္ ပါးနပ္ေလ်ာ္ညီစြာျဖင့္ ေလ့လာသင္ယူဖို႔ရန္ သင့္အား ဘုရားသခင္ အလိုရွိပါတယ္။


ဤဥပမာက သင္၏ေငြေၾကးႏွင့္ ပတ္သက္ၿပီး မျပဳသင့္တဲ့ အရာ (၄) မ်ိဳးကို သြန္သင္ထားပါတယ္။

(၁) သင္၏ေငြေၾကးကို မျဖဳန္းပါႏွင့္။

ရွင္လုကာ ခရစ္ဝင္က်မ္း ၁၆း၁ တြင္ ေဖာ္ျပထားသည္မွာ “ဘ႑ာဆိုးသည္ သခင့္၏ ေငြေၾကးကို ျဖဳန္းတီးေနခဲ့ေၾကာင္းကို …..” ။ သင္၌ ရွိေနေသာ ေငြေၾကးအပါအဝင္ ပိုင္ဆိုင္သမွ် အားလုံးတို႔သည္ ဘုရားသခင္ဆီမွ လာေသာ ဆုေက်းဇူးပင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘုရားသခင္ဆီကလာေသာ အရာတို႔ကို မျဖဳန္းတီးေစဖို႔ရန္ သတိျပဳဖို႔ လိုပါတယ္။


(၂) သင္၏ ေငြေၾကးကို မခ်စ္ပါႏွင့္။

အသက္တာ၏ နံပါတ္ (၁) သည္ ဘုရားသခင္လား (သို႔) ေငြေၾကးမ်ားစြာရရွိဖို႔ လုပ္ေဆာင္မႈျပဳျခင္းအရာလား ဆိုတာကို သင္ဆုံးျဖတ္ရပါမည္။ ႏွစ္ခုစလုံးကိုေတာ့ သင္၏ နံပါတ္ (၁) ေနရာ ထားလို႔မရပါဘူး။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “အဘယ္အေစခံမွ် သခင္ႏွစ္ဦးအေစကို မခံႏိုင္။ သခင္တဦးကိုမုန္း၍ တဦးကိုခ်စ္မည္။ သခင္တဦး မွီခို၍ တဦးကို မခန္႔မညားျပဳမည္။ သင္တို႔သည္ ဘုရားသခင္၏ အေစကို၎၊ ေလာကီစည္းစိမ္၏အေစကို၎ မခံႏိုင္ၾကဟု မိန္႔ေတာ္မူ၏။” ရွင္လုကာခရစ္ဝင္က်မ္း ၁၆း၁၃


(၃) သင္၏ ေငြေၾကးေပၚ ယုံၾကည္စိတ္ခ်ျခင္း မရွိႏွင့္။

ဘယ္ေလာက္ဘဲ ေငြေၾကးပိုင္ဆိုင္မႈ ရွိေနပါေစ… ထိုအရာတို႔ကို အၿမဲတမ္းလက္လႊတ္ရႏိုင္ပါတယ္။ လုကာ ၁၆း၃ တြင္ ေဖာ္ျပသည့္အတိုင္း ဘ႑ာစိုးသည္ လ်င္ျမန္ပါးနပ္စြာ ျပဳခဲ့ပါတယ္။ “ဘ႑ာစိုးက၊ ငါသည္ အဘယ္သို႔ျပဳရမည္နည္း။ ငါ၏သခင္သည္ ဘ႑ာစိုးအရာကို ႏႈတ္ေလၿပီ။” 

လုံၿခဳံစိတ္ခ်ရျခင္းကို အလိုရွိပါလွ်င္ အသက္တာ၏ အလယ္ဗဟိုခ်က္တြင္ ဘယ္အရာကမွ ႏုတ္ယူလို႔ မရတဲ့အရာကိုသာ ျဖစ္ေစရပါမည္။ ၿပီးေတာ့ သင္ဘယ္ေတာ့မွ ဆုံးရႈံးရမွာ မဟုတ္တဲ့ တစ္ခုတည္းေသာ အရာရွိပါတယ္။ ထိုအရာသည္ သင့္အတြက္ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာ ျဖစ္ပါတယ္။


(၄) သင္၏ ေငြေၾကးျဖင့္ ေက်နပ္အားရဖြယ္ရာျဖစ္ေစဖို႔ရန္ မေမွ်ာ္လင့္ပါႏွင့္။

ေငြေၾကးပိုင္ဆိုင္မႈ မ်ားေလေလ ပိုၿပီး ေပ်ာ္႐ႊင္ရလိမ့္မယ္ ၊ ပိုၿပီး လုံၿခဳံမယ္ (သို႔) တန္ဖိုးျမင့္လာမယ္ လို႔ သင္ေတြးထင္ပါလွ်င္ သင္အႀကီးအက်ယ္ လမ္းလႊဲသြားပါၿပီ။ ေငြေၾကးဆိုတာ ဘယ္ေတာ့မွ စိတ္ေက်နပ္မႈ မျဖစ္ေစပါ။ ေဒသနာက်မ္း ၅း၁၀ “ေငြကိုတပ္မက္ေသာသူသည္ ေငြႏွင့္အလိုဆႏၵ မေျပႏိုင္။ စည္းစိမ္ကိုတပ္မက္ေသာသူသည္ စည္းစိမ္ တိုးပြားေသာ္လည္း မေရာင့္ရဲႏိုင္။ ထိုအမႈအရာသည္ လည္း အနတၱျဖစ္၏။”

ဒါေၾကာင့္လည္း သခင္ခရစ္ေတာ္က ေျပာထားသည္မွာ “ထိုမွတပါး ေလာဘလြန္က်ဴးျခင္းကို သတိႏွင့္ ၾကဥ္ေရွာင္ၾကေလာ့။ အေၾကာင္းမူကား၊ စည္းစိမ္ရွိေသာ္ လည္း စည္းစိမ္၌ အသက္မတည္ဟု မိန္႔ေတာ္မူ၏။” ရွင္လုကာ ခရစ္ဝင္က်မ္း ၁၅း၁၂


ဆင္ျခင္ရန္

- သင္၏ ေငြေၾကးအားလုံးတို႔သည္ ဘုရားသခင္ အမွန္တကယ္ပင္ ပိုင္ဆိုင္ေၾကာင္းကို သင္သိနားလည္သည္မို႔ ယခုတြင္ သင္၏ ေငြေၾကးတို႔ကို မည္ကဲ့သို႔ ျခားနားစြာ သုံးစြဲမည္နည္း။

- သင္၏ အသက္တာႏွင့္ သင္ေငြေၾကး ကိုင္တြယ္ေျဖရွင္းပုံကို တျခားသူေတြက ၾကည့္ၿပီး ဘယ္အရာက သင့္အတြက္ အေရးႀကီးဆုံး ျဖစ္ေၾကာင္းကို ေျပာဆိုၾကပါမည္နည္း။

- သင္၏ ဝင္ေငြေပၚ တစ္ခ်ိန္တည္းတြင္ ေက်နပ္မႈႏွင့္အတူ မည္ကဲ့သို႔ ရည္မွန္းခ်က္ထားရွိႏိုင္မည္နည္း။