Four Secrets to Answered Prayer
 Unicode Version
အဖြေရသော ဆုတောင်းခြင်းအတွက် လျှို့ဝှက်ချက် () မျိုး
နေဟမိမှတ်စာ ၁း၅-၁၁ “အိုကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရား၊ ကြီးမြတ်၍ ကြောက်မက် ဘွယ်သော ဘုရား၊ ပညတ်တော်တို့ကို နှစ်သက်၍ ကျင့်စောင့်သော သူတို့နှင့်ဖွဲ့သော ကရုဏာပဋိညာဉ်ကို မဖျက်၊ တည်စေ တော်မူသောဘုရား၊ ကိုယ်တော် ကျွန်ဣသရေလအမျိုးသားတို့အဘို့၊ ရှေ့တော်၌ နေ့ညဉ့်မပြတ် အကျွန်ုပ်ဆုတောင်း၍၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဘော်ပြ၍ တောင်းပန် သော ကိုယ်တော်ကျွန်၏ ပဌနာစကားကို ကြားခြင်းငှါ၊ ယခု နားထောင်၍ စေ့စေ့ကြည့်ရှုတော်မူပါ။
အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ။ ကိုယ်တော်ကို ပြစ်မှား၍၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော် ကျွန်မော်ရှေ၌ ထားတော်မူသော ပညတ်တရား၊ စီရင်ထုံးဖွဲ့တော်မူချက် တို့ကို မစောင့်ဘဲနေပါပြီ။
ကိုယ်တော်က၊ သင်တို့သည် လွန်ကျူးလျှင်၊ သင်တို့ကို တပါးအမျိုးသားတို့တွင် ငါကွဲပြားစေမည်။
တဖန် ငါ့ထံသို့ ပြန်လာ၍၊ ငါ့ပညတ်တို့ကို ကျင့် စောင်ပြန်လျှင်၊ မိုဃ်းကောင်းကင်အောက် အဝေးဆုံး သော အရပ်သို့ နှင့်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ် က ငါသိမ်းယူ၍၊ ငါ့နာမတည်ရာဘို့ ငါရွေးချယ်သော အရပ်သို့ ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှ၌ ထားတော်မူသော ဂတိတော်ကို အောက်မေ့တော်မူပါ။ ယခုမှာ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်တော်ဖြင့် ရွေးနှုတ်တော်မူသော ကိုယ်တော်ကျွန်၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ၏။ အို ဘုရားရှင်၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင် ဘုရင်၏ ဖလားတော်ကို ဖြစ်သတည်း။
ရဲဝံ့စွာ ဆုတောင်းချက်တို့ဖြင့် ဆုတောင်းဖို့ရန် သင့်အား ဘုရားသခင် အလိုရှိပါတယ်။
ဥပမာအားဖြင့်  အာတဇေရဇ်မင်းကြီး၏ ဖလားတော်ဝန် နေဟမိသည် ယေရုရှလင်မြို့ ပျက်စီးခြင်းအကြောင်းနှင့် ပတ်သက်ပြီး ကြားသိရသောအခါတွင် ရဲဝင့်စွာဖြင့် ဆုတောင်းခဲ့ပါတယ်။ ယေရုရှလင်မြို့ အကာအရံတံတိုင်းကို ပြန်လည်တည်ဆောက်ဖို့ရာ အကူအညီပေးဖို့အတွက် သူ့အား ယေရုရှလင်မြို့သို့ ပြန်သွားခွင့်ပေးဖို့ရန် မင်းကြီး၏ စိတ်နှလုံးပေါ် ဘုရားသခင် သက်ရောက်မှုပြုစေဖို့ရန် ဆုတောင်းခဲ့ပါတယ်။
နေဟမိသည် သူ၏ ဆုတောင်းချက်ကို ဖြေဆိုဖို့ရန် လျှို့ဝှက်ချက် (၄) ခုကို ဖွင့်ဟခဲ့ပါတယ်။
() ဘုရားသခင်၏ အလေ့အလာပေါ် သင်၏တောင်းဆိုချက်ကို အခြေခံပါ။
နေဟမိသည် ဘုရားသခင်၏ လက္ခဏာများနှင့် အလေ့အလာတို့ကို စာရင်းပြုစုခြင်းဖြင့် သူ၏ဆုတောင်းကို အစပြုခဲ့ပါတယ်။ ဘုရားသခင်သည် မည်သူဖြစ်ကြောင်းကို သူသိရှိတဲ့အတွက်ကြောင့်လည်း ယုံကြည် စိတ်ချစွာ ဖြင့် ဆုတောင်းခဲ့ပါတယ်။ သင့်ကိုလည်း ဘုရားသခင် အဖြေပေးမည်ကို သိရှိသလို ဆုတောင်း နိုင်ပါတယ်။ ဆုတောင်းပါ “ကိုယ်တော်သည် သစ္စာရှိသော အဖဘုရားသခင် ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝတော်မူပြီး အံ့ဩဖွယ် တိုင်ပင်ဖက် ဘုရားသခင် ဖြစ်တော်မူပါ၏။ ဘုရားသခင်ဖြစ်တော်မူသည်အတိုင်း အကျွန်ုပ်၏ ဆုတောင်းကို အဖြေပေးဖို့ရာ မျှော်လင့်ပါသည်။ ဤပြသနာကို အဖဘုရားသခင် ကိုင်တွယ်ဖြေရှင်း နိုင်ပါသည်။”
(၂) သင်သတိမူမိသော သင်၏ အပြစ်တို့ကို ဝန်ခံပါ။
နေဟမိသည် သူပြုမိသော အပြစ်တို့အား ဝန်ခံခဲ့ပါတယ်။ ဣသရေလ အသိမ်းပိုက်ခံရခြင်းကလည်း နေဟမိရဲ့ အပြစ်မဟုတ်ပါ။ ဖြစ်ပျက်ခဲ့ချိန်မှာတောင် သူမမွေးဖွားသေးပါ။ သို့ပေမဲ့ အမျိုးသားရေးအပြစ်တို့တွင် သူ့ကိုယ်သူ ထည့်သွင်းခဲ့ပါတယ်။ “ကျွန်ုပ်သည် ပြသနာ၏ တစ်စိတ်တစ်ဒေသ ဖြစ်တယ်လို့” စိတ်ရင်းခံ ပြောကြားခဲ့ပါတယ်။
(၃) ဘုရားသခင်၏ ကတိတော်တို့ကို တောင်းခံပါ။
နေဟမိသည် ဘုရားသခင်ထံ ဆုတောင်းခဲ့ပါတယ် ..” ကိုယ်တော်ကျွန်မောရှ၌ ထားတော်မူသော ဂတိတော်ကို အောက်မေ့တော်မူပါ။” (နေဟမိမှတ်စာ ၁း၉) ။ ဘုရားသခင်ကို “သတိရပါ” လို့ပြောနေခြင်းကို သင်စိတ်ကူးကြည့်နိုင်သလား။ ဣသရေလပြည်ကို ပေးထားသောကတိတော်ကို စောင့်ဖို့ရန် ဘုရားသခင်အား နေဟမိ သတိပေးခဲ့ပါတယ်။ တကယ်တော့ “အဖဘုရားသခင် …ကျွန်ုပ်တို့ သစ္စာမရှိခဲ့ပါလျှင် ဣသရေလပြည်ကို ဆုံးရှုံးရမည်ဟု မောရှေအား သတိပေးခဲ့ပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့ နောင်တရပါလျှင် ပြန်ပေးမည်ကိုလည်း ကတိတော်ထားရှိခဲ့ပါတယ်။” လို့ နေဟမိ ဆုတောင်းခဲ့ပါတယ်။
ဘုရားသခင်ကို သတိပေးဖို့ လိုပါသလား။ မလိုပါ။ သူထားရှိသော ကတိတော်ကို သူမေ့ပါသလား။ မမေ့ပါဘူး။ ဒါဆို ဘုရားသခင်ကို ဘာကြောင့် သင်သတိပေးရမည်နည်း။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင် ကတိပေးထား သောအရာကို သင်သတိရနေဖို့ရန် အကူအညီ ဖြစ်စေလို့ ဖြစ်ပါတယ်။
(၄) သင်တောင်းလျှောက်သောအရာပေါ်  အလွန်တိကျစေပါ။
တိကျသော အဖြေကို သင်အလိုရှိပါလျှင် တိကျသော တောင်းဆိုချက်ကို ပြုပါ။ သင်၏ ဆုတောင်းက ယေဘုယျတောင်းဆိုမှုများ ပါဝင်ပါက ဘုရားသခင် အဖြေပေးတဲ့အခါ သင်ဘယ်လို သိနိုင်ပါမည်နည်း။
မင်းကြီးထံ နေဟမိ စကားပြောပြီးနောက်တွင် ရေးသားခဲ့သည်မှာ “ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ် လိုက်တော်မူ၏။ သူ၏ ဆုတောင်းကို ဘုရားသခင် အဖြေပေးခဲ့ပါတယ်။
အောင်မြင်မှုအတွက် နေဟမိ ရဲဝင့်စွာဖြင့် ဆုတောင်းခဲ့ပါတယ်။ “အဖဘုရားသခင် … ကျွန်ုပ်ကို အောင်မြင်စေပါ” လို့ သင်ဆုတောင်းခဲ့ဖူးပါသလား။ သင်မပြုရသေးလျှင် ဘာကြောင့် မပြုသနည်း။ သင့်အား ဘုရားသခင် အောင်မြင်ခြင်းပေးဖို့အတွက် တောင်းလျှောက်ဖို့ အဆင်ပြေပါရဲ့လား။ ဤအရာအားလုံးတို့က သင့်အောင်မြင်မှု ၏အဓိပ္ပါယ် ဖွင့်ဆိုချက်ပေါ် မူတည်ပါတယ်။ “ယုံကြည်ခြင်း ၊ ချစ်ခြင်း ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့် ကျွန်ုပ်အသက်တာအတွက် ဘုရားသခင်၏ အလိုတော်ကို ပြီးပြည့်စုံခြင်း” အရာက အောင်မြင်ခြင်း၏ ကောင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်တယ်ဆိုတာ ကျွန်ုပ်ယုံကြည်ပါတယ်။ ၎င်းသည် ယုံကြည်စိတ်ချစွာ ဆုတောင်းနိုင်တဲ့ တန်ဖိုးရှိသောအသက်တာ၏ ရည်မှန်းချက်ဖြစ်ပါတယ်။
နောက်တစ်ဖန် ဘုရားသခင်ထံမှ အဖြေရသော ဆုတောင်းချက်ကို သင်တောင်းလျှောက်ဖို့ ဖြစ်လာလျှင် နေဟမိ၏ ဥပမာကို လိုက်လျောက်လိုက်ပါ။ ဘုရားသခင်၏ အလေ့အလာကို ထုတ်ဖော်ပါ။ သင်၏ အပြစ်တို့ကို လည်း ဝန်ချပါ။ ဘုရားသခင်၏ ကတိတော်တို့ကို တောင်းခံပြီး သင်၏ တောင်းဆိုချက်တို့ကို တိကျစေပါ။ ပြီးနောက် ဘုရားသခင် အဖြေပေးမည်ကို မျှော်လင့်စွာဖြင့် စောင့်ဆိုင်းလိုက်ပါ။
ဆင်ခြင်ရန်
- ဘုရားသခင်ထံမှ သင်ဘာတွေ တောင်းလျှောက်ခဲ့ဖူးပါသနည်း။ ထိုတောင်းလျှောက်မှုက ဘုရားသခင်၏ အလေ့အလာနှင့် ကိုက်ညီပါသလား။
- တစ်စုံတစ်ခုအတွက် သင်ယေဘုယျအားဖြင့် တောင်းလျှောက်ခဲ့ဖူးပါသလား။ ထိုယေဘူယျ တောင်းဆိုချက်ကို သီးခြားတိကျသော တောင်းဆိုချက်အဖြစ် သင်မည်သို့ ပြောင်းလဲနိုင်မည်နည်း။
- ယနေ့တွင် ဘုရားသခင်ထံ မည်ကဲ့သို့သော ကတိတော်မျိုးကို တောင်းလျှောက်ဖို့ လိုအပ်ပါသနည်း။
---------------------------------------------------------
Zawgyi Version
အဖြေရသော ဆုတောင်းခြင်းအတွက် လျှို့ဝှက်ချက် (၄) မျိုး
(၁) ဘုရားသခင်၏ အလေ့အလာပေါ် သင်၏တောင်းဆိုချက်ကို အခြေခံပါ။
ဆင်ခြင်ရန်