Unicode Version
အမျှော်အမြင်ရှိလျက် ဇာတ်ကြောင်းတစ်ခုလုံးအတွက် စောင့်ဆိုင်းလိုက်ပါ။
သုတ္တံကျမ်း ၁၈း၁၃ “အကျိုးအကြောင်းကို မစစ်မှီ၊
အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲ ရသောအပြစ်ရှိ၏။”
ယုံလွယ်သော
ခရစ်ယာန်တော်တော်များများတို့သည် မိတ်ဆွေသူငယ်ချင်းနှင့် ပတ်သက်သော အတင်းအဖျင်း (သို့)
အကြောင်းအရာအသစ်တို့ ဖြစ်လင့်စကား လူမှုကွန်ယက် မီဒီယာ တို့တွင် ဖတ်ရှုရသမျှ (သို့)
ကြားရသမျှတို့ အားလုံးကို ယုံကြည်ဖို့ရန် ဆန္ဒရှိကြပါတယ်။ မေးခွန်းများစွာမေးခြင်းကို
မရပ်မနားကြပါဘူး။ သူတို့ အစွဲရှိသော ၊ ဘက်လိုက်သော အရာတို့နှင့် ဆီလျော်နေသော အရာမှန်သမျှတို့ကို
အလိုအလျောက် လက်ခံကြပါတယ်။
သင်၏
အသိတရားတို့ကို မစွန့်ပစ်လိုက်ပါနှင့်။ ကြားရသမျှတို့ကိုလည်း မစွန့်ပစ်လိုက်ပါနှင့်။
ထိုအရာတို့က ပဋိပက္ခ ဖြစ်စေပါတယ်။
သုတ္တံကျမ်း ၃း၂၁ “ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို
သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့် ရှောက်လော့။”
Online
တွင် သင်မြင်ရသောအရာ ၊ ကြားရသောအရာတို့၏
တိကျသော ရုပ်ပုံတစ်ပုံကို ရရှိရန် အရေးကြီးသကဲ့သို့ သင်၏ ပေါင်းသင်းဆက်ဆံရေးတွင်လည်း
တိကျသော ရုပ်ပုံတစ်ပုံကို လိုအပ်ပါတယ်။ လိုအပ်ချက် အပြည့်အစုံ မရှိဘဲနှင့် ကောက်ချက်ချခြင်းဆီသို့
အလျင်အမြန် ခုန်ကူးခြင်းအရာက ဒေါသနှင့် ငြင်းခုန်မှုအရာ မှန်သမျှတို့ကို ဖြစ်ပေါ်စေပါတယ်။
ဒေါသတို့ လျော့ချဖို့ရန် နှင့် တခြားလူတွေနှင့် သဟဇာတ ရှိဖို့ရန်အတွက် အဖြစ်မှန် အားလုံးတို့ကို
သိပြီး ဇာတ်လမ်းတစ်ခုလုံးကို နားလည်သည်အထိ အကဲဖြတ် သင်ယူရမှာ ဖြစ်ပါတယ်။
၎င်းအစား
“မှန်ကန်သော စီရင်ခြင်းကို ထိန်းသိမ်းခြင်း” ကို ရွေးချယ်ပါ။ စွဲကိုင်ပါ။ အလျင်အမြန်
မပယ်ရှား လိုက်ပါနှင့်။ သင်၏ ပေါင်းသင်းဆက်ဆံရေး သဏ္ဍာန်ပုံဆောင်သကဲ့သို့ သေချာ ဆုပ်ကိုင်ထားပါ။
အဘယ် ကြောင့်ဆိုသော် ၎င်းမှာ ရှိနေသောကြောင့် ဖြစ်ပါတယ်။
သုတ္တံကျမ်း ၁၈း၁၃ “အကျိုးအကြောင်းကို မစစ်မှီ၊
အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲ ရသောအပြစ်ရှိ၏။”
ပြစ်တင်ခြင်း
၊ ဝေဖန်ခြင်းကို အလျင်အမြန် မပြုပါနှင့်။ လူတွေရဲ့ အရင်းခံမှုတို့ကို သင်သိပါတယ်လို့
မယူဆပါနှင့်။ ဘာကြောင့်လဲဆိုတော့ သင်မသိနိုင်သောကြောင့် ဖြစ်ပါတယ်။ အဖြစ်မှန်အားလုံးကို
မသိခင်မှာ မဆုံးဖြတ်ပါနှင့်။
ဇာတ်ကြောင်းအားလုံးကို
သင်စောင့်ဆိုင်းချိန်တွင် သင်သည် ကောင်းစွာ မေတ္တာထားနိုင်ဖို့ရန် သနားကြင်နာမှု တိုးပွားပြီး
သခင်ယေရှုနှင့် ပိုတူလာမည် ဖြစ်သည်။
ဆင်ခြင်ရန်
-
ဘုရားသင်၏ နှုတ်ကပတ်တော်မှ ဉာဏ်အမျှော်အမြင်ပိုမို ရယူဖို့ရန် မည်သို့သောအရာတို့ကို
သင်ကတိကဝတ် ပြုဖို့ လိုအပ်မည်နည်း။
-
တစ်စုံတစ်ဦး၏ စေ့စော်မှုကို နားလည်သဘောပေါက်ပါက သင်မည်ကဲ့သို့ တုံ့ပြန်မည်ကို ဆုံးဖြတ်ရန်
အကူအညီ ဖြစ်စေပါသနည်း။
-
ပေါင်းသင်းဆက်ဆံရေးတွင် ပဋိပက္ခတို့ကို ရှောင်ရှားဖို့ရန် သင်ပြောဆိုနေသည်ထက် ပိုနားထောင်ရန်
အဘယ် ကြောင့် အရေးကြီးပါသနည်း။
-------------------------------------------------------------------------
Zawgyi Version
လူမှုအဖွဲ့အစည်းတွင် ယနေ့ ပေါများလှသည့် သတင်းအချက်အလက်တို့တွင် အမျှော်အမြင်ရှိဖို့ရန် အရေးပါသော အရည်အသွေး (၂) ရပ်ကို လိုအပ်ပါတယ်။ မှန်ကန်စွာ စီရင်ဆုံးဖြတ်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လေ့လာသင်ယူပြီး ထိုနှုတ်ကပတ်ကို အရာအားလုံးတို့၌ အသုံးချခြင်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာတွင် ဘုရားသခင် သင့်အား ညွှန်ကြားထားသောအရာတို့အား စီစစ်ပြီး ဆုံးဖြတ်ချက် ပြုခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်