Unicode Version
ဆာလံကျမ်း ၃၇:၇ “ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။
မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့်
စိတ်မပူနှင့်။”
ဘ၀မှာ
ဖြစ်ပျက်ရင်ဆိုင်ရတဲ့ အကြာင်းရင်းအတွက် ဖြေရှင်းချက်ရှာဖွေခြင်းအရာ၌ စိတ်ကျေနပ်နိုင်ဖို့ရန်
လူတွေကြိုးပမ်းနေရတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့အတွက် စိတ်ပျက်စရာ
ဖြစ်နိုင်တဲ့အရာတွေ နှင့် အများစုသော ဖြစ်ပျက်ရခြင်း အကြောင်းကို ဘုရားသခင် ကျွန်ုပ်တို့အား
မဖော်ပြပါ။
တစ်ခါတစ်ရံတွင်
သင့်အား စမ်းသပ်နေလို့ ဘုရား မဖော်ပြခြင်းဖြစ်ပါတယ်။ သင့်အသက်တာတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခြင်းအပေါ်
ရှင်းပြသည် ဖြစ်စေ (သို့) မရှင်းပြသည် ဖြစ်စေ သင်၏လုပ်ဆောင်နိုင်စွမ်းကို စွန့်လွှတ်ပြီး
ကျေနပ်နေဖို့ရန် သင်ယူမလားဆိုတာကို ဘုရားသခင် သိမြင်ချင်ပါတယ်။
ဖြစ်ပျက်မှု အရာတွေအတွက် သင့်အား ဖြေရှင်းဖို့ ဘုရား၌ တာဝန် ဝတ္တရားမရှိပါ။
ဖြစ်ပျက်မှု အများစုတို့၏ ဖြစ်ပျက်ရခြင်း အကြောင်းရင်းကို သင်ကောင်းကင်ဘုံ မရောက်မချင်း
သိမှာ မဟုတ်ပါဘူး။
ကျွန်ုပ်ငယ်စဉ်အရွယ်တုန်က စာသင်ခန်းတွင်း၌
စာစစ်ချိန်တွင်သာ တိတ်ဆိတ်ပါတယ်။ ဆရာမကတော့ “စကားမပြာနဲ့ ၊ ခဲတံကိုင်ပြီး စာဖြေပါ”
လို့ ပြောကောင်းပြောပါမည်။ ပြီးနောက် ဆရာမကိုယ်တိုင် တိတ်ဆိတ်နေပါမည်။
သင့်အသက်တာတွင် ဘုရာသခင် တိတ်ဆိတ်နေတဲ့အခါမှာ
- သူ့အား သင်မကြားရတော့တဲ့အချိန် ၊ မိုင်ပေါင်းများစွာ ဝေးနေသကဲ့သို့ သင် ခံစားရချိန်
တွေသည် စမ်းသပ်ခြင်း ဖြစ်ပါတယ်။
ကျောင်းသားတွေ
စာဖြေချိန်တွေမှာ ဆရာမသည် အမြဲတမ်း တိတ်ဆိတ်နေပါတယ်။ သို့ပေမဲ့ သူသည် ကျောင်းသားတွေနှင့်အတူ
ရှိနေပါတယ်။ သင့်အသက်တာတွင် ဘုရားသခင် တိတ်ဆိတ်နေချိန်သည် သင်၏ ယုံကြည်ခြင်းကို စမ်းသပ်ခြင်းဖြစ်ပါတယ်။
သို့ပေမဲ့ ဘုရားသခင်သည် သင်နှင့်အတူ ရှိနေပါတယ်။
ဤစမ်းသပ်မှုတွင်
သင်၏ လုပ်ဆောင်နိုင်စွမ်းကို စွန့်လွှတ်မလား (သို့) ကိုယ့်ရဲ့အစွမ်းအစကို ပိုပြီး ဆုပ်ကိုင်မလား
(သို့) ကျေနပ်နိုင်ဖို့ရန် သင်ယူမလား။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်
တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏
အကြောင်းကြောင့် စိတ်မပူနှင့်။” ဆာလံကျမ်း ၃၇:၇
ဤသီတင်းပတ်
(သို့) နောက်လ (သို့) ဤနှစ်အတွင်းတွင် နာကျင်ခံစားရမှုတို့ကို သင်ရင်ဆိုင်ရမယ်ဆိုလျှင်
ဘုရားသခင်၏ ဖြေရှင်းချက်တို့ကို သင်အမှန်တကယ် မလိုအပ်ပါ။ ဘုရားသခင်၏ မျက်မှောက်တော်
(တည်ရှိခြင်း) ကိုသာ သင်လိုအပ်သည်။ သင်၏ အစွမ်းအစကို စွန့်လွှတ်ပြီး သင့်ကိုယ်သင့်
ဘုရားသခင်ထံ အပ်နှံလိုက်ပါ။
ဆင်ခြင်ရန်
-
တစ်စုံတစ်ရာအတွက် သင်ဘုရားသခင်ကို အမျက်ထွက်ဖူးပါသလား။ သင်စိတ်ပျက်ခဲ့မှုကို ဝန်ခံဖို့ရန်
ခက်ခဲပါသလား။ ဘာကြောင့်နည်း။
-
သူတစ်ပါးထက် ဘုရားသခင်ထံ သင်ဘာကို တောင်းဆိုနိုင်မည်နည်း။ ဘာကြောင့်နည်း။
-
ယခုအချိန်တွင် မည်သည့်နည်းလမ်းဖြင့် ဘုရားသခင် သင့်အား စမ်းစပ်နေပါသနည်း။ သင်ကရော မည်သို့
တုံ့ပြန်မည်နည်း။
-----------------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်