Trust God One Day at a Time

 Unicode Version

ဖိလိပ္ပိဩဝါဒစာ ၄:၆-၈ “ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။  ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်း သည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။”

နက်ဖြန်အဖို့ မစိုးရိမ်ဘဲ ယနေ့အဖို့အတွက် ဘုရားသခင်ကို ယုံကြည်ဖို့ရန် အလိုတော်ရှိပါတယ်။ အသက်မွေးလောက်သောအစာကို တစ်ပတ်စာ ၊ တစ်လစာ (သို့) တစ်နှစ်စာ မဟုတ်ဘဲ ယနေ့အတွက် သာ တောင်းဆိုဖို့ အလိုတော်ရှိပါတယ်။ အထက်ပါ ကျမ်းပိုဒ်မှ နေ့စဉ်အသက်တာတွင် ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ရန် သင်ယူမှု (၄) မျိုးပေးပါတယ်။

 

အဘယ်အမှုကိုမျှ မစိုးရိမ်နှင့်။

“ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။” ရှင်မဿဲခရစ်ဝင်ကျမ်း ၆:၃၄

စိုးရိမ်ခြင်းက ဘာကြောင့်များ ကြီးမားရပါသလဲ။ ၎င်းသည် အကျင့်ဆိုးတစ်ခုသာ မကဘဲ အပြစ်တစ်ခု ဖြစ်ပါတယ်။ သို့ပေမဲ့ ဘုရားသခင်သည် သူ၏ ကတိတော်တို့ကို စောင့်ထိန်းပြီး သင့်အား စောင့်လျှောက် မည်ကို ယုံကြည်နိုင်ပါတယ်။

 

အရာအားလုံးအတွက် ဆုတောင်းပဌနာပြုပါ။

ဆုတောင်းခြင်းက အရာရာကို ပြောင်းလဲစေပါတယ်။ ရောမဩဝါဒစာ ၈:၃၂  မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသော အရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။”

သင့်အတွက် သခင်ယေရှုခရစ်တော်ကို အသေခံဖို့ စေလွှတ်ကတည်းကပင် သင်၏ အကြီးမားဆုံသော ပြသနာဖြစ်တဲ့ ကောင်းကင်ဘုံနဲ့ ဝေးကွာစေတဲ့ အပြစ်ကို ဘုရားသခင် ကာကွယ်ပေးခဲ့ပါတယ်။ သင့်အတွက် သခင်ယေရှုကို အသေခံဖို့ရန် စေလွှတ်တဲ့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ဤမျှလောက် ကြီးမားပါလျှင် သင်၏ တခြားသော ပြသနာများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သော ချစ်ခြင်း မေတ္တာရှိမည် မဟုတ်လား။

 

အရာရာ၌ ဘုရားသခင်ကို ကျေးဇူးတင်ပါ။

မည်သည့် ကိစ္စတွေဖြစ်ပျက်နေပါစေ ဘုရားသခင်ကို ကျေးဇူးတင်ပါ။ အရာအားလုံးအတွက် ကျေးဇူးတင်ဖို့ သမ္မာကျမ်းစာက ပြောနေခြင်း မဟုတ်ပါ။ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းပါ လို့ဆိုပါတယ်။ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။” သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅:၁၈

သင့်အသက်တာရှိ ဆိုးသောအရာတို့အတွက် ကျေးဇူးတင်ဖို့ မလိုပါ။ ဆိုးယုတ်ခြင်းအတွက် သင်ဘယ်တော့မှ ကျေးဇူးမတင်သင့်ပါ။ မော်တော်ကား မတော်တဆဖြစ်မှု (သို့) ကင်ဆာ ရောဂါအတွက် ကျေးဇူးတင်ဖို့ မဟုတ်ပါ။ သို့ပေမဲ့ ဘုရားသခင်က ဆိုထားသည်မှာ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းပါ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင် သင့်အား စောင့်လျှောက်ပေးမယ်ဆိုတာကို သင်သိလို့ ဖြစ်ပါတယ်။ သင့်အား ကူညီမည် ၊ လိုအင်တွေကို ဖြည့်ဆည်းပေးမည်ကို သင်သိနေပါတယ်။

 

မှန်ကန်သော အရာတို့ကို နှလုံးသွင်းပါ။

ဖိလိပ္ပိ ၄ တွင် ဘုရားသခင်က သင့်အား နှလုံးသွင်းဖို့ရန် အကြောင်းအရာ ပေးထားပါတယ်။ - သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့်။

ဖြူစင်ပြီး ချစ်စရာ ကောင်းတဲ့အရာတို့နှင့် ပတ်သက်ပြီး သင်ဘယ်မှာရှာမည်နည်း။ တီဗွီ (သို့) ဆိုရှယ် မီဒီယာ ကြည့်နေခြင်းကနေ မရရှိနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်သာ သင်ရှာတွေ့ပါလိမ့ ်မည်။ ဖတ်ပါ ၊ လေ့လာပါ ၊ နှလုံးသွင်းပါ။ ဟေရှာယ အနာဂတ္တိကျမ်း ၂၆:၃ “ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက် တော်မူလိမ့်မည်။

ယနေ့တွင် ဘုရားသခင်အား တစ်နေ့ပြီးတစ်နေ့ စတင်ယုံကြည်သော နေ့အဖြစ် အစပြုလိုက်ပါ။

 

ဆင်ခြင်ရန်

- ဆုတောင်းခြင်းက အရာရာကို ပြောင်းလဲစေတယ်ဆိုတာကို သင်ယုံကြည်ပါသလား။ ဘာကြောင့်နည်း။

- သင်၏ အတွေးတွေက ဘယ်ကို ပြောင်းသွားလေ့ရှိသနည်း။ ၎င်းတို့က သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့် သို့ ပြောင်းသွားပါသလား။

- ယနေ့တွင် မည်ကဲ့သို့သော အခြေအနေ၌ ဘုရားသခင်ကို သင်ကျေးဇူးတင်မည်နည်း။

--------------------------------------------------------------------------------------------


Zawgyi Version

ဖိလိပၸိဩဝါဒစာ ၄:၆-၈ “ အဘယ္အမႈကိုမွ် စိုးရိမ္ျခင္းမရွိဘဲ အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းျခင္းႏွင့္ တကြ ဆုေတာင္းပဌနာ ျပဳေသာအားျဖင့္၊ သင္တို႔ေတာင္း ပန္လိုေသာအရာမ်ားတို႔ကို ဘုရားသခင္အား ၾကားေလွ်ာက္ၾကေလာ့။  ထိုသို႔ျပဳလွ်င္ အဘယ္သူမွ်ႀကဳံ၍ မမွီႏိုင္ေသာ ဘုရားသခင္၏ ၿငိမ္သက္ျခင္း သည္ ေယရႈခရစ္အားျဖင့္ သင္တို႔၏စိတ္ႏွလုံးတို႔ကို ေစာင့္မလိမ့္မည္။ ႂကြင္းေသးေသာ စကားဟူမူကား၊ ညီအစ္ကိုတို႔၊ သမၼာတရားႏွင့္ ဆိုင္ေသာအက်င့္၊ ေလ်ာက္ပတ္ေသာ အက်င့္၊ ေျဖာင့္မတ္ေသာအက်င့္၊ စင္ၾကယ္ေသာအက်င့္၊ သူတပါးႏွစ္သက္ဘြယ္ေသာအက်င့္၊ ခ်ီးမြမ္းဘြယ္ေသာ အက်င့္ ရွိသမွ်တို႔ကို၎၊ ပါရမီတပါးပါး၊ ေကာင္းေသာ သိတင္းတပါးပါးႏွင့္ ဆိုင္ေသာအက်င့္တို႔ကို၎၊ ႏွလုံးသြင္းၾကေလာ့။”

နက္ျဖန္အဖို႔ မစိုးရိမ္ဘဲ ယေန႔အဖို႔အတြက္ ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ အလိုေတာ္ရွိပါတယ္။ အသက္ေမြးေလာက္ေသာအစာကို တစ္ပတ္စာ ၊ တစ္လစာ (သို႔) တစ္ႏွစ္စာ မဟုတ္ဘဲ ယေန႔အတြက္ သာ ေတာင္းဆိုဖို႔ အလိုေတာ္ရွိပါတယ္။ အထက္ပါ က်မ္းပိုဒ္မွ ေန႔စဥ္အသက္တာတြင္ ဘုရားသခင္ကို ယုံၾကည္ကိုးစားဖို႔ရန္ သင္ယူမႈ (၄) မ်ိဳးေပးပါတယ္။


အဘယ္အမႈကိုမွ် မစိုးရိမ္ႏွင့္။

“ထို႔ေၾကာင့္ နက္ျဖန္အဘို႔ မစိုးရိမ္ၾကႏွင့္။ နက္ျဖန္ေန႔သည္ မိမိအဘို႔စိုးရိမ္လိမ့္မည္။ ယခုေန႔၌ရွိေသာ မေကာင္းမသင့္ေသာအရာသည္ ယခုေန႔ဘို႔ ေလာက္ေပ၏။” ရွင္မႆဲခရစ္ဝင္က်မ္း ၆:၃၄

စိုးရိမ္ျခင္းက ဘာေၾကာင့္မ်ား ႀကီးမားရပါသလဲ။ ၎သည္ အက်င့္ဆိုးတစ္ခုသာ မကဘဲ အျပစ္တစ္ခု ျဖစ္ပါတယ္။ သို႔ေပမဲ့ ဘုရားသခင္သည္ သူ၏ ကတိေတာ္တို႔ကို ေစာင့္ထိန္းၿပီး သင့္အား ေစာင့္ေလွ်ာက္ မည္ကို ယုံၾကည္ႏိုင္ပါတယ္။


အရာအားလုံးအတြက္ ဆုေတာင္းပဌနာျပဳပါ။

ဆုေတာင္းျခင္းက အရာရာကို ေျပာင္းလဲေစပါတယ္။ ေရာမဩဝါဒစာ ၈:၃၂ “ မိမိသားေတာ္ရင္းကို မႏွေျမာဘဲ၊ ငါတို႔ရွိသမွ် အဘို႔အလိုငွါ စြန္႔ေတာ္မူေသာသူသည္၊ သားေတာ္ႏွင့္ တကြ ခပ္သိမ္းေသာ အရာတို႔ကို ငါတို႔အားမေပးဘဲ အဘယ္သို႔ ေနေတာ္မူမည္နည္း။” 

သင့္အတြက္ သခင္ေယရႈခရစ္ေတာ္ကို အေသခံဖို႔ ေစလႊတ္ကတည္းကပင္ သင္၏ အႀကီးမားဆုံေသာ ျပသနာျဖစ္တဲ့ ေကာင္းကင္ဘုံနဲ႔ ေဝးကြာေစတဲ့ အျပစ္ကို ဘုရားသခင္ ကာကြယ္ေပးခဲ့ပါတယ္။ သင့္အတြက္ သခင္ေယရႈကို အေသခံဖို႔ရန္ ေစလႊတ္တဲ့ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာက ဤမွ်ေလာက္ ႀကီးမားပါလွ်င္ သင္၏ တျခားေသာ ျပသနာမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ လုံေလာက္ေသာ ခ်စ္ျခင္း ေမတၱာရွိမည္ မဟုတ္လား။


အရာရာ၌ ဘုရားသခင္ကို ေက်းဇူးတင္ပါ။

မည္သည့္ ကိစၥေတြျဖစ္ပ်က္ေနပါေစ ဘုရားသခင္ကို ေက်းဇူးတင္ပါ။ အရာအားလုံးအတြက္ ေက်းဇူးတင္ဖို႔ သမၼာက်မ္းစာက ေျပာေနျခင္း မဟုတ္ပါ။ အရာရာ၌ ေက်းဇူးေတာ္ ခ်ီးမြမ္းပါ လို႔ဆိုပါတယ္။ “အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းၾကေလာ့။” သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၅:၁၈

သင့္အသက္တာရွိ ဆိုးေသာအရာတို႔အတြက္ ေက်းဇူးတင္ဖို႔ မလိုပါ။ ဆိုးယုတ္ျခင္းအတြက္ သင္ဘယ္ေတာ့မွ ေက်းဇူးမတင္သင့္ပါ။ ေမာ္ေတာ္ကား မေတာ္တဆျဖစ္မႈ (သို႔) ကင္ဆာ ေရာဂါအတြက္ ေက်းဇူးတင္ဖို႔ မဟုတ္ပါ။ သို႔ေပမဲ့ ဘုရားသခင္က ဆိုထားသည္မွာ အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါ။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္ သင့္အား ေစာင့္ေလွ်ာက္ေပးမယ္ဆိုတာကို သင္သိလို႔ ျဖစ္ပါတယ္။ သင့္အား ကူညီမည္ ၊ လိုအင္ေတြကို ျဖည့္ဆည္းေပးမည္ကို သင္သိေနပါတယ္။


မွန္ကန္ေသာ အရာတို႔ကို ႏွလုံးသြင္းပါ။

ဖိလိပၸိ ၄ တြင္ ဘုရားသခင္က သင့္အား ႏွလုံးသြင္းဖို႔ရန္ အေၾကာင္းအရာ ေပးထားပါတယ္။ - သမၼာတရားႏွင့္ ဆိုင္ေသာအက်င့္၊ ေလ်ာက္ပတ္ေသာ အက်င့္၊ ေျဖာင့္မတ္ေသာအက်င့္၊ စင္ၾကယ္ေသာ အက်င့္၊ သူတပါးႏွစ္သက္ဘြယ္ေသာအက်င့္၊ ခ်ီးမြမ္းဘြယ္ေသာအက်င့္။

ျဖဴစင္ၿပီး ခ်စ္စရာ ေကာင္းတဲ့အရာတို႔ႏွင့္ ပတ္သက္ၿပီး သင္ဘယ္မွာရွာမည္နည္း။ တီဗြီ (သို႔) ဆိုရွယ္ မီဒီယာ ၾကည့္ေနျခင္းကေန မရရွိႏိုင္ပါ။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တြင္သာ သင္ရွာေတြ႕ပါလိမ့ ္မည္။ ဖတ္ပါ ၊ ေလ့လာပါ ၊ ႏွလုံးသြင္းပါ။ ေဟရွာယ အနာဂတၱိက်မ္း ၂၆:၃ “ စိတ္ႏွလုံးတည္ၾကည္ေသာသူ သည္ ကိုယ္ေတာ္၌ ခိုလႈံေသာေၾကာင့္၊ ၿငိမ္သက္ျခင္း သက္သက္ရွိမည့္ အေၾကာင္းေစာင့္ေရွာက္ ေတာ္မူလိမ့္မည္။”

ယေန႔တြင္ ဘုရားသခင္အား တစ္ေန႔ၿပီးတစ္ေန႔ စတင္ယုံၾကည္ေသာ ေန႔အျဖစ္ အစျပဳလိုက္ပါ။ 


ဆင္ျခင္ရန္

- ဆုေတာင္းျခင္းက အရာရာကို ေျပာင္းလဲေစတယ္ဆိုတာကို သင္ယုံၾကည္ပါသလား။ ဘာေၾကာင့္နည္း။

- သင္၏ အေတြးေတြက ဘယ္ကို ေျပာင္းသြားေလ့ရွိသနည္း။ ၎တို႔က သမၼာတရားႏွင့္ ဆိုင္ေသာအက်င့္၊ ေလ်ာက္ပတ္ေသာ အက်င့္၊ ေျဖာင့္မတ္ေသာအက်င့္၊ စင္ၾကယ္ေသာ အက်င့္၊ သူတပါးႏွစ္သက္ဘြယ္ေသာအက်င့္၊ ခ်ီးမြမ္းဘြယ္ေသာအက်င့္ သို႔ ေျပာင္းသြားပါသလား။

- ယေန႔တြင္ မည္ကဲ့သို႔ေသာ အေျခအေန၌ ဘုရားသခင္ကို သင္ေက်းဇူးတင္မည္နည္း။