Unicode Version
ဆာလံကျမ်း ၁၃၉:၂၃-၂၄ “အိုဘုရားသခင်၊
အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော် မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း
သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက် သည်ကို ကြည့်ရှု၍၊
ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”
လုပ်ဆောင်ရန်မှာ…. သင်၌ အလျင်စလို မဖြစ်တဲ့အချိန်တွင်
ဆိတ်ငြိမ်သော နေရာတွင် ထိုင်ပြီး ဘုရား သခင်အား “အဖဘုရား..
သခင်နှင့် လုပ်ဆောင်စရာ ကျွန်ုပ်၌ရှိပါတယ်။ သခင်နှင့် ကျွန်ုပ်ကြားတွင် စာရင်းပြုစုချင်ပါတယ်။
ကျွန်ုပ်သိသောအရာတို့သည် မှားယွင်းကြောင်း နှင့် ကျွန်ုပ်မသိသော အရာတို့သည် မှားယွင်းကြောင်းကို
မြင်နိုင်ဖို့ရန် မစတော်မူပါ။”
သင်၏ အပြစ်တို့ကို ဖွင့်ချဖို့ရန် ဘုရားသခင်ထံ
တောင်းလျှောက်ပါ။ ဆာလံဆရာကဲ့သို့ သင်ဆုတောင်းနိုင် ပါတယ်။ ဆာလံကျမ်း ၁၃၉:၂၃-၂၄ “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို
သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့
အကျွန်ုပ်လိုက် သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”
ထိုကဲ့သို့ ဆုတောင်းသောအခါတွင် သင့်အားချည်နှောင်
၊ ချုပ်နှောင်ထားသည့်အရာများကို ရှာဖွေဖို့ရန် ဘုရားသခင်အား သင်တောင်းဆိုနေခြင်း ဖြစ်ပါတယ်။
အချိန်ယူဖို့ရန် အရေးကြီးပါတယ်။ အလျင်မလိုပါနှင့်။
“အဖဘုရားသခင် … ကျွန်ုပ်ပြုသော အပြစ်အားလုံးတို့ကို ဖော်ပြဖို့ရန်
အချိန် ၅ မိနစ်ရှိပါတယ်” လို့မပြာပါနှင့်။
အချိန်ယူပါ… ပြီးတော့ အားလုံးကို ရေးချထားဖို့ရန် ပြုထားပါ။
ဘာကြောင့် ရေးချဖို့ အရေးကြီးရသနည်း။ ရေးသားထားခြင်းက
ပိုမို တိကျစေပါတယ်။ သင်၏ ရေးသားထားမှု နှင့် ပြောဆိုခြင်းတို့မှ တစ်ဆင့် ၊ နှုတ်ဖျားနှင့်
လက်ချောင်းထိပ်တို့မှတစ်ဆင့် အတွေးတို့ သည် ရောထွေးသွားတတ်ကြပါတယ်။ ရေးသားထားမှု မရှိဘူးဆိုလျှင်
ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး သင်သေချာစဉ်းစားနိုင်တော့မည် မဟုတ်ပါ။
အရေးကြီးတဲ့ မေးခွန်းတစ်ခုကို
ကျွန်ုပ်မေးပါရစေ။ သင်၏ အသက်တာတွင် ဘုရားသခင်၏ ကောင်းချီးကို ရယူလိုခြင်းနှင့် ပတ်သက်ပြီး
မည်ကဲ့သို့ အလေးအနက်ထားပါသနည်း။ ရိုးသားဖို့ ဆန္ဒရှိခြင်းက လုံလောက်ပြီလား။ သင့်ကိုယ်သင်ရော
ရိုးသားဖို့ ဆန္ဒရှိပါသလား။ သူတစ်ပါးတို့ပေါ်တွင်ရော ရိုးသားဖို့ ဆန္ဒရှိပါသလား။ ငြင်းပယ်ခြင်းအရာ၌သာ
ရှင်သန်ချင်နေပါသလား။ ငြင်းပယ်ခြင်းအရာက ဘုရားသခင် ၏ ကောင်းချီးနှင့် တွဲ၍မရပါ။
ကြည်လင်သော ဩတ္တပ္ပစိတ်ကို ရေရှည်
ရှိချင်တယ်ဆိုလျှင် သင်က လွှတ်မြောက်ခြင်းကနေ ခြေလှမ်းတစ်လှမ်း ဝေးနေခြင်းသာ ဖြစ်ပါတယ်။
လွှတ်မြောက်ခြင်းဆိုတာ သင်တစ်ခါမှ မတွေ့ကြုံဖူးတဲ့ ဝမ်းမြောက်ခြင်း
ခံစားမှု ဖြစ်ပါတယ်။ အသက်တာခရီးတွင် အနှောင့်အယှက်ဖြစ်စေတဲ့ အလေ့အကျင့် ၊ နာကျင်မှု တွေကနေ
လွှတ်မြောက်ခြင်းကို သင်တွေ့ရှိပါလိမ့်မည်။
ကျေးဇူးပြု၍ အချိန်မဆွဲပါနှင့်။
သင်၏ ပုဂ္ဂိုလ်ရေးရာ ဝိညာဉ်ပိုင်းအရာ အကဲဖြတ်ခြင်းကို ယခုတစ်ပတ်တွင် ပြီးပြည့်စုံစေဖို့ရန်
အချိန်သတ်မှတ်လိုက်ပါ။ ၎င်းသည် ကြည်လင်သော ဩတ္တပ္ပစိတ်၌ ဝမ်းမြောက်ဖို့ရန် ပထမဉီးဆုံးသော
ခြေလှမ်းဖြစ်ပါတယ်။ ပြီးတော့ သင်၏ အသက်တာကို လည်း ပြောင်းလဲပေးပါလိမ့်မည်။
ဆင်ခြင်ရန်
- ပုဂ္ဂိုလ်ရေး ဝိညာဉ်ပိုင်ဆိုင်ရာ အကဲဖြတ်ခြင်းတို့ကို
လုပ်ဆောင်ဖို့ရန် မည်သည့်အရာက သင့်အား အလုပ်များစေပါသနည်း။
- ဘုရားသခင်သည် အရာရာကို သိသော်လည်း တစ်ခါတစ်ရံ
သင်၌ ဘုရားသခင်နှင့် ရိုးသားမှု မရိုးသားဟု အဘယ်ကြောင့် ထင်မြင်ပါသနည်း။
- အကြောက်တရားက သင်၏ အလေ့အထ ၊ နာကျင်မှု နှင့်
ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ရိုးသားခြင်းကနေ မည်ကဲ့သို့ အတားအဆီး ဖြစ်စေပါသနည်း။
- သင်၏ မာနကလည်း သင်၏ရိုးသားမှုကို မည်ကဲ့သို့
အတားအဆီး ဖြစ်စေပါသနည်း။
-----------------------------------------------------------------------------------------------------
Zawgyi Version
မိမိကိုယ်ကို ကြည်လင်သော ဩတ္တပ္ပစိတ် ဖြစ်စေဖို့ရန် ပထမဉီးဆုံးခြေလှမ်းမှာ ကိုယ်တိုင် ဝိညာဉ်ရေးရာ အကဲဖြတ်မှုတစ်ခု ပြုလုပ်ရန် ဖြစ်ပါတယ်။
ဆင်ခြင်ရန်