Revealing Is the Beginning of Healing | ထုတ်ဖော်ပြောကြားခြင်းသည် ကုသခြင်း၏ အစဖြစ်ပါတယ်။
 Unicode Version
ရှင်ယာကုပ်ဩဝါဒစာ ၅:၁၆ “အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန် ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆု တောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာချင်ပါသလား။ ထိုလုပ်ငန်းစဉ်၏ ပထမခြေလှမ်းမှာ သင်၏အပြစ်တွေကို ဘုရားသခင်ထံ ဖွင့်ဟ ဖို့ဖြစ်ပါတယ်။
သို့ပေမဲ့ အပြစ်တွေကို ကျော်လွန်ပြီး အသက်တာ စိတ်ပိုင်ဆိုင်ရာ ကျန်းမာချင်လျှင် ဒုတိယခြေလှမ်း ပြုဖို့တော့ လိုအပ်ပါတယ်။ သင်၏ အပြစ်တို့နှင့် ပတ်သက်ပြီး တစ်ယောက်ယောက်ကို ပြောပြဖို့ လိုပါတယ်။
“တခြားသူတစ်ဦးကို ဘာကြောင့် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ဘုရားသခင် ဆွဲသွင်းရတာလဲ” လို့ သင်မေးကောင်း မေးပါမည်။ ဘာကြောင့်လဲဆိုတော့ သင့်ပြသနာ၏ အရင်းအမြစ်က ဆက်ဆံရေး ဖြစ်ကြောင်း ဘုရားသခင် သိထားတော်မူပါတယ်။
တခြားသူတို့နှင့် ပြတ်တောက်သွားတဲ့ ဆက်ဆံရေးသည် သင့်ပြသနာ၏ အရင်းအမြစ် ဖြစ်ကြောင်းကို သင်တောင် မသိလိုက်ပါဘူး။ တခြားသူတို့နှင့် ရိုးသားနေမည့်အစား သင့်ကိုယ်သင် ယောင်ဆောင် ဖုံးကွယ်နေပါတယ်။ သင်၌မရှိ‌သောအရာကို လူတွေသိတဲ့အခါ သင်ကတော့ ရှိတယ်ဆိုတဲ့ ဟန်ဆောင်မှုပြုပါတယ်။ အရာအားလုံး အဆင်ပြေပါတယ်လို့ ပြုမူပါတယ်။
ထိုအပြုအမူက သင့်အား တခြားသူတို့နှင့် သီးသန့်ဖြစ်သွားစေပါတယ်။ ရင်းနှီးမှုကိုလည်း ဟန့်တားစေ ပါတယ်။ ပြီးတော့ သင်၏ အနက်ရှိုင်းဆုံး ချစ်ခြင်းမေတ္တာမှလည်း ကင်းဝေးစေပါတယ်။ စိတ်နှလုံးသား ထဲမှာ ဝှက်ထားတဲ့အပြစ်တွေနဲ့ အပြည့်အဝ မချစ်နိုင်ပါဘူး။
သင် လျှို့ဝှက်ချက်ထားသလို သင်မကျန်းမာသူသာ ဖြစ်ပါသည်။ တကယ်တော့ လျှို့ဝှက်မှု ကြီးလေလေ ပိုပြီး မကျန်းမာလေ ဖြစ်ပါတယ်။ တခြားတဖက်၌ သင်၏ ခံစားချက်တို့ကို ဖော်ပြခြင်းက ကုသခြင်း၏ အစဖြစ်နေပါတယ်။ သင်၌ ယုံကြည်ရသောသူ ၊ သင့်အား နားထောင်ပေးပြီး အတူခံစားပေးသူတစ်ဦးကို ရှာတွေ့တဲ့အခါ ဘာတွေဖြစ်မလဲဆိုတာ သင်သိပါတယ်။ သူ့မှာလည်း ပြသနာရှိတယ် မဟုတ်လား။
ဖိအားအဆို့တစ်ခုကို ဖွင့်လိုက်ခြင်းသည် တခြားသူတစ်ဦးကို တစ်စုံတစ်ခု ပြောပြလိုက်ခြင်း ဖြစ်ပါတယ်။ သင်၏ လျှို့ဝှက်ချက်ပေါ် သူတစ်ပါးအား ဖွင့်ချပြလိုက်ခြင်းသည် သင့်အပါ်သက်ရောက်နေသာ ထိုဖိအား ကို လျော့ချလိုက်ခြင်း ဖြစ်ပါတယ်။
ကုသခြင်းကို အလိုရှိပါလျှင် ဟန်ဆောင်ဖုံးကွယ်ခြင်းကို ရပ်တန့်ပစ်ဖို့ လိုပါတယ်။ လူသိမခံလိုသော မည်သည့်အ‌ကြောင်းအရာမျိုးက သင်၏ အသက်တာတွင် ရှိနေပါသနည်း။ ၎င်းကဏ္ဍသည် ဘုရားသခင် သင့်အား ကျေးဇူးတော် ၊ ဂရုဏာတော် နှင့် ကုသခြင်းတို့ကို အများဆုံးပေးချင်သော နေရာဖြစ်ပါတယ်။
ဆင်ခြင်ရန်
- သင်၏ အပြစ်တို့ကို မည်သူနှင့် ဝေမျှပြီး ဖော်ပြပေးနိုင်ပါသနည်း။ သူတို့၌လည်း ထိုကဲ့သို့ပြုနိုင်ဖို့ရန် သင့်အား မည်သူယုံကြည်ပါသနည်း။
- သင့်ကိုယ်သင် အကောင်းဆုံး နားဆင်ပေးသူဟု ထင်မြင်ပါသလား။ သင်၏ နားထောင်မှု စွမ်းရည်ကို မည်သို့ မြှင့်တင်နိုင်မည်နည်း။
- သင်၏ အပြစ်ကို သူတစ်ပါအား ဖော်ပြလိုက်တဲ့အခါ မည်သို့သော ကုသမှုမျိုး ဘုရားယူဆောင် လာသည်ကို သင်တွေ့ကြုံခဲ့ဖူးပါသနည်း။
--------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်