Unicode Version
ဟေဗြဲဩဝါဒစာ ၄:၁၆ “ထို့ကြောင့်၊
ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊
ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချည်းကပ် ကြကုန်အံ့။”
အပြစ်လွှတ်ခြင်း
၊ ခွင့်လွှတ်ခြင်းအတွက် ဘုရားသခင်ထံသို့ ချည်တုံချတုံ (သို့) ရှက်ကြောက်သော
စိတ် ဖြင့် ချည်းကပ်စရာ မလိုပါ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊
တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့
တိုးဝင် ချည်းကပ်ကြကုန်အံ့။” ဟေဗြဲဩဝါဒစာ ၄:၁၆
ဘုရားသခင်၏ ရာဇပလ္လင်တော်တွင်
ကြိမ်းမောင်းခြင်း ၊ အပြစ်ပေးခြင်း (သို့) ငြင်းပယ်ခံရခြင်းတွေကို သင်မတွေ့ရပါ။ ဘုရားသခင်ထံ
အပြစ်တို့ဖြင့် သင်တိုးဝင်တဲ့အခါတွင်လည်း ဘုရားသခင်၏ ကျေးဇူးတော် နှင့် သနားခြင်းဂရုဏာကို
လက်ခံရရှိပါမည်။
သနားခြင်း
ဂရုဏာနှင့် ကျေးဇူးတရားတို့ကြားတွင် မည်ကဲ့သို့ ခြားနားသနည်း။ သနားခြင်း ဂရုဏာသည်
သင်၏ မှားယွင်းခဲ့သော အရာအားလုံးတို့ကို ခွင့်လွှတ်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးတော်ဆိုတာက
သင်၏ အနာဂတ်တွင် ပြောင်းလဲစေမည့် တန်ခိုးဖြစ်ပါတယ်။ နှစ်ခုလုံးကို သင်လိုအပ်ပါတယ်။
ဘုရားသခင်ထံသို့
ရိုးသားစွာ ၊ နှိမ့်ချစွာဖြင့် တိုးဝင်တဲ့အခါမှာ သူ၏ ခွင့်လွှတ်ခြင်းကို လက်ခံရရှိပါ
လိမ့်မည်။ ခွင့်လွှတ်ခြင်းအတွက် ဘုရားသခင်ထံ
မည်ကဲ့သို့ တိုးဝင်ရမည်ကို ကျွန်ုပ် ဝေငှပါရစေ။
ဘုရားသခင်ထံ မတောင်းပန်ပါနှင့်။
သင်ခွင့်လွှတ်ခံချင်တာထက်ကို ပိုပြီး ဘုရားသခင်က ခွင့်လွှတ်ချင်ပါ တယ်။ အပေးအယူ ၊ လဒ်ထိုးခြင်းတွေ
မပြုပါနှင့်။ “အဖဘုရား ထိုအရာကို ကျွန်ုပ် ဘယ်တော့မှ မလုပ်တော့ပါဘူး။ အကောင်းဆုံးအသက်တာဖြင့်
နေထိုင်ပြီး ၂၀ ရာနှုန်းပေးပါမည်” လို့ ကတိမပေးပါနှင့်။
မတောင်းပန်ပါနှင့်။ အပေးအယူ မလုပ်ပါနှင့်။
ယုံကြည်လိုက်ရုံပါ။
ယုံကြည်ခြင်းအတွက် သင်ဘာတွေ လိုအပ်သနည်း။ ဟေဗြဲ ၄:၁၆ “ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း
ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊” တွင် ဖော်ပြသည့် ဘုရား၏ ကတိတော်ကို ယုံကြည်လိုက်ပါ။
အပြစ်လွှတ်ခြင်းအတွက် ဘုရားသခင်ထံ မည်ကဲ့သို့ တိုးဝင်ချည်းကပ်မည်နည်း။
ဝန်ခံ ဖို့သာ ဖြစ်ပါတယ်။ ဝန်ခံခြင်းဆိုတာ “ကျွန်ုပ်ဘယ်တော့မှ မလုပ်တော့ပါဘူး” မဟုတ်ပါ။
“ကျွန်ုပ် မှားယွင်းမှု ပြုပါပြီ” လို့ ဝန်ခံခြင်း ဖြစ်ပါတယ်။
ရောမ ၅:၁ တွင် ဆိုထားသည်မှာ “ထိုကြောင့်၊
ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင်(အပြစ်တရားမှ လွှတ်ပြီး
ဘုရားသခင်၏ ရှေ့တော်၌ အပြစ်ကင်းစင်ကြောင်း ကြေငြာခြင်းခံရ ပြီး ဖြစ်သောကြောင့်) ၊ ငါတို့သခင်ယေရှုခရစ်
အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ ၏။”
ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ
ဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပါယ်မှာ “ငါ ဘယ်တော့မှ မပြစ်မှားဘူး - အပြစ်မရှိဘူး” လို့ဆိုလိုပါတယ်။
ထိုသို့သော သန့်ရှင်းသော နှလုံးသားကို
ပိုင်ဆိုင်ချင်ပါသလား။ သင့်အပြစ်၏ စွန်းထင်းမှုက ဘယ်လောက် ပင် နက်ရှိုင်းပါစေ ထိုအစွန်းအထင်းတို့ကို
ဘုရားသခင် ဖယ်ရှားပေးနိုင်ပြီး သင်အား အပြစ် မရှိသောသူ ၊ အပြစ်ဘယ်တော့မှ မကျူးလွန်သောသူကဲ့သို့
စိတ်နှလုံးသားကို အသစ်ပြုပြင်ပေးပါမည်။
ဆင်ခြင်ရန်
- သင်၏ အဆိုးရွားဆုံးသော
အပြစ်တို့ကို ဘုရားသခင် ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ သင်ယုံကြည်ပါ သလား။ ဘာကြောင့်နည်း
(သို့) ဘာကြောင့် မဟုတ်သနည်း။
- ဘုရားသခင်ထံ
အပြစ်တို့ကို ဖော်ပြသည့် နည်းလမ်းနှင့် ပတ်သက်ပြီး သင်ဘာတွေ ပြောင်းလဲဖို့ လိုသနည်း။
- ယုံကြည်ခြင်းအားဖြင့်
ဖြောင့်မတ်ရာသို့ ရောက်သည်ဆိုလျှင် အပြစ်ကျူးလွန်တိုင်း ဘာကြောင့် ဖော်ပြဝန်ခံသင့်ပါသနည်း။
-----------------------------------------------------------------------------------------
Zawgyi Version
ေဟၿဗဲဩဝါဒစာ ၄:၁၆ “ထို႔ေၾကာင့္၊ ငါတို႔သည္ သနားျခင္း က႐ုဏာကို၎၊ ေတာ္ေလ်ာ္ေသာမစျခင္း ေက်းဇူးေတာ္ကို၎ ခံရမည္အေၾကာင္း၊ ရဲရင့္ေသာစိတ္ႏွင့္ ေက်းဇူးပလႅင္ေတာ္သို႔ တိုးဝင္ခ်ည္းကပ္ ၾကကုန္အံ့။”
အျပစ္လႊတ္ျခင္း ၊ ခြင့္လႊတ္ျခင္းအတြက္ ဘုရားသခင္ထံသို႔ ခ်ည္တုံခ်တုံ (သို႔) ရွက္ေၾကာက္ေသာ စိတ္ ျဖင့္ ခ်ည္းကပ္စရာ မလိုပါ။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “ထို႔ေၾကာင့္၊ ငါတို႔သည္ သနားျခင္း က႐ုဏာကို၎၊ ေတာ္ေလ်ာ္ေသာမစျခင္း ေက်းဇူးေတာ္ကို၎ ခံရမည္အေၾကာင္း၊ ရဲရင့္ေသာစိတ္ႏွင့္ ေက်းဇူးပလႅင္ေတာ္သို႔ တိုးဝင္ ခ်ည္းကပ္ၾကကုန္အံ့။” ေဟၿဗဲဩဝါဒစာ ၄:၁၆
ဘုရားသခင္၏ ရာဇပလႅင္ေတာ္တြင္ ႀကိမ္းေမာင္းျခင္း ၊ အျပစ္ေပးျခင္း (သို႔) ျငင္းပယ္ခံရျခင္းေတြကို သင္မေတြ႕ရပါ။ ဘုရားသခင္ထံ အျပစ္တို႔ျဖင့္ သင္တိုးဝင္တဲ့အခါတြင္လည္း ဘုရားသခင္၏ ေက်းဇူးေတာ္ ႏွင့္ သနားျခင္းဂ႐ုဏာကို လက္ခံရရွိပါမည္။
သနားျခင္း ဂ႐ုဏာႏွင့္ ေက်းဇူးတရားတို႔ၾကားတြင္ မည္ကဲ့သို႔ ျခားနားသနည္း။ သနားျခင္း ဂ႐ုဏာသည္ သင္၏ မွားယြင္းခဲ့ေသာ အရာအားလုံးတို႔ကို ခြင့္လႊတ္ျခင္း ျဖစ္ပါတယ္။ ေက်းဇူးေတာ္ဆိုတာက သင္၏ အနာဂတ္တြင္ ေျပာင္းလဲေစမည့္ တန္ခိုးျဖစ္ပါတယ္။ ႏွစ္ခုလုံးကို သင္လိုအပ္ပါတယ္။
ဘုရားသခင္ထံသို႔ ႐ိုးသားစြာ ၊ ႏွိမ့္ခ်စြာျဖင့္ တိုးဝင္တဲ့အခါမွာ သူ၏ ခြင့္လႊတ္ျခင္းကို လက္ခံရရွိပါ လိမ့္မည္။ ခြင့္လႊတ္ျခင္းအတြက္ ဘုရားသခင္ထံ မည္ကဲ့သို႔ တိုးဝင္ရမည္ကို ကြၽႏ္ုပ္ ေဝငွပါရေစ။
ဘုရားသခင္ထံ မေတာင္းပန္ပါႏွင့္။ သင္ခြင့္လႊတ္ခံခ်င္တာထက္ကို ပိုၿပီး ဘုရားသခင္က ခြင့္လႊတ္ခ်င္ပါ တယ္။ အေပးအယူ ၊ လဒ္ထိုးျခင္းေတြ မျပဳပါႏွင့္။ “အဖဘုရား ထိုအရာကို ကြၽႏ္ုပ္ ဘယ္ေတာ့မွ မလုပ္ေတာ့ပါဘူး။ အေကာင္းဆုံးအသက္တာျဖင့္ ေနထိုင္ၿပီး ၂၀ ရာႏႈန္းေပးပါမည္” လို႔ ကတိမေပးပါႏွင့္။
မေတာင္းပန္ပါႏွင့္။ အေပးအယူ မလုပ္ပါႏွင့္။ ယုံၾကည္လိုက္႐ုံပါ။
ယုံၾကည္ျခင္းအတြက္ သင္ဘာေတြ လိုအပ္သနည္း။ ေဟၿဗဲ ၄:၁၆ “ထို႔ေၾကာင့္၊ ငါတို႔သည္ သနားျခင္း က႐ုဏာကို၎၊ ေတာ္ေလ်ာ္ေသာမစျခင္း ေက်းဇူးေတာ္ကို၎ ခံရမည္အေၾကာင္း၊” တြင္ ေဖာ္ျပသည့္ ဘုရား၏ ကတိေတာ္ကို ယုံၾကည္လိုက္ပါ။
အျပစ္လႊတ္ျခင္းအတြက္ ဘုရားသခင္ထံ မည္ကဲ့သို႔ တိုးဝင္ခ်ည္းကပ္မည္နည္း။ ဝန္ခံ ဖို႔သာ ျဖစ္ပါတယ္။ ဝန္ခံျခင္းဆိုတာ “ကြၽႏ္ုပ္ဘယ္ေတာ့မွ မလုပ္ေတာ့ပါဘူး” မဟုတ္ပါ။ “ကြၽႏ္ုပ္ မွားယြင္းမႈ ျပဳပါၿပီ” လို႔ ဝန္ခံျခင္း ျဖစ္ပါတယ္။
ေရာမ ၅:၁ တြင္ ဆိုထားသည္မွာ “ထိုေၾကာင့္၊ ငါတို႔သည္ ယုံၾကည္ျခင္းရွိ၍ ေျဖာင့္မတ္ရာသို႔ ေရာက္လွ်င္(အျပစ္တရားမွ လႊတ္ၿပီး ဘုရားသခင္၏ ေရွ႕ေတာ္၌ အျပစ္ကင္းစင္ေၾကာင္း ေၾကျငာျခင္းခံရ ၿပီး ျဖစ္ေသာေၾကာင့္) ၊ ငါတို႔သခင္ေယရႈခရစ္ အားျဖင့္ ဘုရားသခင့္ေရွ႕ေတာ္၌ ၿငိမ္သက္ျခင္းကို ခံစားၾက ၏။”
ေျဖာင့္မတ္ရာသို႔ ေရာက္ေစျခင္းငွာ ဆိုသည္မွာ အဘယ္နည္း။ အဓိပၸါယ္မွာ “ငါ ဘယ္ေတာ့မွ မျပစ္မွားဘူး - အျပစ္မရွိဘူး” လို႔ဆိုလိုပါတယ္။
ထိုသို႔ေသာ သန႔္ရွင္းေသာ ႏွလုံးသားကို ပိုင္ဆိုင္ခ်င္ပါသလား။ သင့္အျပစ္၏ စြန္းထင္းမႈက ဘယ္ေလာက္ ပင္ နက္ရႈိင္းပါေစ ထိုအစြန္းအထင္းတို႔ကို ဘုရားသခင္ ဖယ္ရွားေပးႏိုင္ၿပီး သင္အား အျပစ္ မရွိေသာသူ ၊ အျပစ္ဘယ္ေတာ့မွ မက်ဴးလြန္ေသာသူကဲ့သို႔ စိတ္ႏွလုံးသားကို အသစ္ျပဳျပင္ေပးပါမည္။
ဆင္ျခင္ရန္
- သင္၏ အဆိုး႐ြားဆုံးေသာ အျပစ္တို႔ကို ဘုရားသခင္ ခြင့္လႊတ္ေပးႏိုင္တယ္ဆိုတာ သင္ယုံၾကည္ပါ သလား။ ဘာေၾကာင့္နည္း (သို႔) ဘာေၾကာင့္ မဟုတ္သနည္း။
- ဘုရားသခင္ထံ အျပစ္တို႔ကို ေဖာ္ျပသည့္ နည္းလမ္းႏွင့္ ပတ္သက္ၿပီး သင္ဘာေတြ ေျပာင္းလဲဖို႔ လိုသနည္း။
- ယုံၾကည္ျခင္းအားျဖင့္ ေျဖာင့္မတ္ရာသို႔ ေရာက္သည္ဆိုလွ်င္ အျပစ္က်ဴးလြန္တိုင္း ဘာေၾကာင့္ ေဖာ္ျပဝန္ခံသင့္ပါသနည္း။