God Meets Your Needs | သင်၏အလိုတို့ကို ဘုရားသခင် ပြည့်စုံစေသည်။

 Unicode Version

ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၁၁ “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။”

အရာအားလုံးကို ဘုရားသခင် လုပ်ဆောင်ထားပါတယ်။ သင်မမြင်တဲ့အရာတွေ နှင့် သင်မြင်နေတဲ့ အရာအားလုံး ၊ ကမ္ဘာမြေပေါ်ရှိအရာအားလုံး နှင့် စကြာဝဋာ အလွန် ဘက်ခြမ်းက အရာအားလုံး ပါဝင်ပါတယ်။ ဘုရားသခင်သည် ကောင်းမြတ်ခြင်းအရာ အားလုံးတို့၏ အရင်းအမြစ် ဖြစ်ပါတယ်။ ဘုရားသခင်ထံ သင်အားကိုးနိုင်ပါတယ်။

အရာအားလုံးအတွက် အရင်းအမြစ်အဖြစ် ဘုရားသခင်အပေါ် သင် အားကိုးယုံကြည်သည် နည်းတူ အောက်ပါသမ္မာတရား (၄) ခုကို အမှတ်ရနေပါ။

 

ကောင်းမြတ်သောအရာအားလုံးတို့သည် ဘုရားသခင်ထံမှလာသော လက်ဆောင်ဖြစ်သည်။

သင်နှင့် ထိုက်တန်တဲ့အရာ မရှိခဲ့ပါ။ အရာအားလုံးတို့သည် ဘုရားသခင်၏ ကျေးဇူးတော် လက်ဆောင် ဖြစ်ပါတယ်။ ဘုရားသခင်ကသာ သင့်ကို မပေးချင်ဘူးဆိုလျှင် သင်၌ ဘာမှ ရှိမည် မဟုတ်ပါ။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” ရှင်ယာကုပ်ဩဝါဒစာ ၁:၁၇

ဒါကြောင့်လည်း သခင်ဘုရား၏ ပဌနာတော် တတိယပိုဒ်တွင် “ပေးသည်” ဆိုသည့် စကားလုံးဖြင့် စတင်ထားခြင်း ဖြစ်ပါတယ်။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနား တော်မူပါ။ (ရှင်မဿဲ ၆:၁၁)

ဘာကြောင့်လဲ။ ဘုရားသခင်ပေးသော အရာတွေကို ရယူလို့ မရနိုင်လို့ ဖြစ်တယ်။ လက်ဆောင် ဖြစ်တဲ့ အတွက်ကြောင့်ပါ။

 

သင်လိုအပ်သောအရာ ဘုရားမတတ်နိုင်တာ မရှိပါ။

မနက်ဖြန် (သို့) ဤနှစ်ကုန်ချိန်တွင် မည်သည့်အရာကို သင်တို့အားလုံး လိုအပ်မလဲဆိုတာ သင်မသိပါ။ သို့ပေမဲ့ မည်သို့ပင် ဖြစ်စေ ဘုရားသခင်၌ ဖြည့်ဆည်းပေးဖို့ရန် တန်ခိုးတော်ရှိပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၄: ၁၉ တွင် ဆိုထားသည်မှာ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” “ကြွယ်ဝသော စည်းစိမ်” ၏အဓိပ္ပါယ်မှာ ဘုရားသခင်သည် သူ၏ ပေးကမ်းသောအရာတို့ကို ဖောဖောသီသီ ရက်ရောသည်ဟု ဆိုလိုပါသည်။

 

သင်လိုအပ်သမျှအရာ အားလုံးတို့ကို ဘုရားသခင် သင့်အားပေးချင်သည်။

ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၁၁ “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။ ၎င်းသည် သင်၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းဖို့ရန် ဘုရားသခင်ကို ပြုံးပျော်စေပါတယ်။

 

ဘုရားသခင် သင့်ကို စောင့်နေပါတယ်။

အကယ်၍ သင်လိုအပ်သောအရာက သင့်၌ မဖြစ်လာခြင်းသည် သင်တောင်းလျှောက်ဖို့ရန် ဘုရားသခင် စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။ သင်၏ လိုအပ်ချက်တို့ကို ဘုရားမဖြည့်ဆည်းပေးချင်လို့ မဟုတ်ပါ ၊ သင်မတောင်းဆိုခဲ့လို့ ဖြစ်ကောင်းဖြစ်မည်။ ရှင်ယာကုပ်ဩဝါဒစာ ၄:၂ တွင် ဆိုထားသည်မှာ “အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။

မည်သည့်အရာ (သို့) မည်သူ့ထံမှာ သင်၏လိုအင်ကို ဖြည့်ဆည်းဖို့ရန် သင်မျှော်လင့်ဖူးပါသနည်း။ ဘုရားသခင်ထက် တခြားအရာတွေဖြစ်နေပါက ယနေ့တွင် လှည့်ပြန်လိုက်ပါ။ အရာအားလုံးအတွက် သင်၏ အရင်းအမြစ်အဖြစ် ဘုရားသခင်ကို ယုံကြည်လိုက်ပါ။

 

ဆင်ခြင်ရန်

- သင်၏ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ မည်သည့်နေရာတွင် သင်ရှာဖွေနေပါသနည်း။

-တိကျသော လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရန် ဘုရားရှင်ထံ သင်မတောင်းဆိုတဲ့အခါ သင်စောင့်ဆိုင်း ရခြင်း၏ ပုံမှန်အကြောင်းရင်းကား မည်သို့နည်း။

- ဘုရားသခင်က သင်၏ လိုအင်တွေကို ဖြည့်ဆည်းခြင်း နှင့် သင်၏ ဆုတောင်းကို အဖြေပေးခြင်းပေါ် သင်မည်ကဲ့သို့ ပိုပြီး သတိထားမိလာနိုင်သနည်း။

------------------------------------------------------------------------------

Zawgyi Version

ရွင္မႆဲခရစ္ဝင္က်မ္း ၇:၁၁ “သင္တို႔သည္ အဆိုးျဖစ္လ်က္ပင္ ကိုယ္သားတို႔အား ေကာင္းေသာအရာကို ေပးတတ္လွ်င္၊ ထိုမွ်မက ေကာင္းကင္ဘုံ၌ရွိေတာ္မူေသာ သင္တို႔ အဘသည္ ဆုေတာင္းေသာသူတို႔အား ေကာင္းေသာအရာကိုသာ၍ ေပးေတာ္မူမည္ မဟုတ္ေလာ။”

အရာအားလုံးကို ဘုရားသခင္ လုပ္ေဆာင္ထားပါတယ္။ သင္မျမင္တဲ့အရာေတြ ႏွင့္ သင္ျမင္ေနတဲ့ အရာအားလုံး ၊ ကမာၻေျမေပၚရွိအရာအားလုံး ႏွင့္ စၾကာဝဋာ အလြန္ ဘက္ျခမ္းက အရာအားလုံး ပါဝင္ပါတယ္။ ဘုရားသခင္သည္ ေကာင္းျမတ္ျခင္းအရာ အားလုံးတို႔၏ အရင္းအျမစ္ ျဖစ္ပါတယ္။ ဘုရားသခင္ထံ သင္အားကိုးႏိုင္ပါတယ္။

အရာအားလုံးအတြက္ အရင္းအျမစ္အျဖစ္ ဘုရားသခင္အေပၚ သင္ အားကိုးယုံၾကည္သည္ နည္းတူ ေအာက္ပါသမၼာတရား (၄) ခုကို အမွတ္ရေနပါ။


ေကာင္းျမတ္ေသာအရာအားလုံးတို႔သည္ ဘုရားသခင္ထံမွလာေသာ လက္ေဆာင္ျဖစ္သည္။ 

သင္ႏွင့္ ထိုက္တန္တဲ့အရာ မရွိခဲ့ပါ။ အရာအားလုံးတို႔သည္ ဘုရားသခင္၏ ေက်းဇူးေတာ္ လက္ေဆာင္ ျဖစ္ပါတယ္။ ဘုရားသခင္ကသာ သင့္ကို မေပးခ်င္ဘူးဆိုလွ်င္ သင္၌ ဘာမွ ရွိမည္ မဟုတ္ပါ။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ထိုအဘသည္ ေ႐ြ႕ ေလ်ာ့တိမ္းယိမ္းျခင္းမရွိ၊ ေျပာင္းလဲျခင္းအရိပ္ႏွင့္ ကင္းလြတ္ေတာ္မူ၏။” ရွင္ယာကုပ္ဩဝါဒစာ ၁:၁၇

ဒါေၾကာင့္လည္း သခင္ဘုရား၏ ပဌနာေတာ္ တတိယပိုဒ္တြင္ “ေပးသည္” ဆိုသည့္ စကားလုံးျဖင့္ စတင္ထားျခင္း ျဖစ္ပါတယ္။ အသက္ေမြးေလာက္ေသာအစာကို အကြၽႏ္ုပ္တို႔အား ယေန႔ေပးသနား ေတာ္မူပါ။ (ရွင္မႆဲ ၆:၁၁)

ဘာေၾကာင့္လဲ။ ဘုရားသခင္ေပးေသာ အရာေတြကို ရယူလို႔ မရႏိုင္လို႔ ျဖစ္တယ္။ လက္ေဆာင္ ျဖစ္တဲ့ အတြက္ေၾကာင့္ပါ။


သင္လိုအပ္ေသာအရာ ဘုရားမတတ္ႏိုင္တာ မရွိပါ။

မနက္ျဖန္ (သို႔) ဤႏွစ္ကုန္ခ်ိန္တြင္ မည္သည့္အရာကို သင္တို႔အားလုံး လိုအပ္မလဲဆိုတာ သင္မသိပါ။ သို႔ေပမဲ့ မည္သို႔ပင္ ျဖစ္ေစ ဘုရားသခင္၌ ျဖည့္ဆည္းေပးဖို႔ရန္ တန္ခိုးေတာ္ရွိပါတယ္။ ဖိလိပၸိဩဝါဒစာ ၄: ၁၉ တြင္ ဆိုထားသည္မွာ “ငါ၏ဘုရားသခင္သည္ ဘုန္းအာႏုေဘာ္၌ စံပယ္ေတာ္မူေသာ စည္းစိမ္ရွိသည္အတိုင္း၊ သင္တို႔အလို ရွိသမွ်တို႔ကို ေယရႈခရစ္အားျဖင့္ ျပည့္စုံေစေတာ္မူလိမ့္မည္။” “ႂကြယ္ဝေသာ စည္းစိမ္” ၏အဓိပၸါယ္မွာ ဘုရားသခင္သည္ သူ၏ ေပးကမ္းေသာအရာတို႔ကို ေဖာေဖာသီသီ ရက္ေရာသည္ဟု ဆိုလိုပါသည္။


သင္လိုအပ္သမွ်အရာ အားလုံးတို႔ကို ဘုရားသခင္ သင့္အားေပးခ်င္သည္။

ရွင္မႆဲခရစ္ဝင္က်မ္း ၇:၁၁ “သင္တို႔သည္ အဆိုးျဖစ္လ်က္ပင္ ကိုယ္သားတို႔အား ေကာင္းေသာအရာကို ေပးတတ္လွ်င္၊ ထိုမွ်မက ေကာင္းကင္ဘုံ၌ရွိေတာ္မူေသာ သင္တို႔အဘသည္ ဆုေတာင္းေသာသူတို႔အား ေကာင္းေသာအရာကိုသာ၍ ေပးေတာ္မူမည္ မဟုတ္ေလာ။” ၎သည္ သင္၏ လိုအပ္ခ်က္တို႔ကို ျဖည့္ဆည္းဖို႔ရန္ ဘုရားသခင္ကို ၿပဳံးေပ်ာ္ေစပါတယ္။


ဘုရားသခင္ သင့္ကို ေစာင့္ေနပါတယ္။

အကယ္၍ သင္လိုအပ္ေသာအရာက သင့္၌ မျဖစ္လာျခင္းသည္ သင္ေတာင္းေလွ်ာက္ဖို႔ရန္ ဘုရားသခင္ ေစာင့္ဆိုင္းေနျခင္း ျဖစ္ႏိုင္သည္။ သင္၏ လိုအပ္ခ်က္တို႔ကို ဘုရားမျဖည့္ဆည္းေပးခ်င္လို႔ မဟုတ္ပါ ၊ သင္မေတာင္းဆိုခဲ့လို႔ ျဖစ္ေကာင္းျဖစ္မည္။ ရွင္ယာကုပ္ဩဝါဒစာ ၄:၂ တြင္ ဆိုထားသည္မွာ “အေၾကာင္းမူကား၊ ဆုမေတာင္းဘဲ ေနၾက၏။”

မည္သည့္အရာ (သို႔) မည္သူ႔ထံမွာ သင္၏လိုအင္ကို ျဖည့္ဆည္းဖို႔ရန္ သင္ေမွ်ာ္လင့္ဖူးပါသနည္း။ ဘုရားသခင္ထက္ တျခားအရာေတြျဖစ္ေနပါက ယေန႔တြင္ လွည့္ျပန္လိုက္ပါ။ အရာအားလုံးအတြက္ သင္၏ အရင္းအျမစ္အျဖစ္ ဘုရားသခင္ကို ယုံၾကည္လိုက္ပါ။


ဆင္ျခင္ရန္

- သင္၏ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းဖို႔ မည္သည့္ေနရာတြင္ သင္ရွာေဖြေနပါသနည္း။

-တိက်ေသာ လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ရန္ ဘုရားရွင္ထံ သင္မေတာင္းဆိုတဲ့အခါ သင္ေစာင့္ဆိုင္း ရျခင္း၏ ပုံမွန္အေၾကာင္းရင္းကား မည္သို႔နည္း။

- ဘုရားသခင္က သင္၏ လိုအင္ေတြကို ျဖည့္ဆည္းျခင္း ႏွင့္ သင္၏ ဆုေတာင္းကို အေျဖေပးျခင္းေပၚ သင္မည္ကဲ့သို႔ ပိုၿပီး သတိထားမိလာႏိုင္သနည္း။