Unicode Version
ဒေသနာကျမ်း ၁၁:၁ “သင်၏အစာကို ရေပေါ်မှာပစ်ချလော့။
ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။”
ဒေသနာကျမ်း ၁၁:၁ “သင်၏အစာကို ရေပေါ်မှာပစ်ချလော့။
ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။”
ဤသမ္မာတရားကို သင်ကြားဖို့ရန်
သခင်ယေရှုက နိမိတ်လက္ခဏာ တစ်ခုကို ပြုခဲ့ပါတယ်။ သဲကန္တာရဆီ ဒေသနာ နားထောင်ဖို့ရန် သခင်ယေရှုနောက်လိုက်သောသူ
ငါးထောင်တို့ကို နေ့စဉ် ယေရှု စကားပြောခဲ့ပါတယ်။ နေ့တစ်နေ့ ကုန်ဆုံးချိန်မှာ ထိုသူတို့
ဗိုက်ဆာလာခဲ့ကြပါတယ်။ တစ်စုံတစ်ယောက်ကို အစားအသောက်အတွက် စေလွှတ်ဖို့ရန် တပည့်တော်တို့က
သခင်ယေရှုကို ပြောခဲ့ပါတယ်။ ထိုကဲ့သို့ ပြုမည့်အစား သခင်ယေရှုက “ငါတို့ ထိုသူတို့ကို
ကျွေးမွေဖို့ လိုအပ်တယ်” လို့ပြန်ပြောခဲ့ပါတယ်။ “သူဘာလုပ် နေတာလဲ” လို့ တပည့်တော်တို့
သိချင်စိတ်ရှိခဲ့မယ်ဆိုတာကို ကျွန်ုပ် ခန့်မှန်းမိပါတယ်။ တပည့်တော်တို့၏ ယုံကြည်ခြင်းကို
သခင်ယေရှု စမ်းသပ်နေခြင်း ဖြစ်ပါတယ်။ လူငါးထောင်ကို ကျွေးမွေးဖို့ရန် လိုအပ်သောအရာကို
ရှာဖွေဖို့ရန် သခင့်အား ယုံကြည်အားကိုးမလား ဆိုတာကို ယေရှုသိချင် မြင်ချင်ခဲ့ပါတယ်။
လူအုပ်ကြီးထဲမှ လူငယ်ကလေးတစ်ဉီးတွင် အစာ ပါလာခဲ့ပါတယ်။
မုန့်ငါးလုံးနှင့် ငါးကြော်နှစ်ကောင် ဖြစ်ပါတယ်။ ထိုလူငယ်လေးက “သခင်.. ဤအစာတို့ကို
ရယူနိုင်ပါတယ်” ဆိုပြီး ယေရှုထံ ယူဆောင်လာခဲ့ပါတယ်။
ထိုမုန့်နှင့် ငါးတို့ကို ယေရှုယူဆောင်ပြီး ဆုတောင်း၍
ချိုးဖဲ့ခဲ့တယ်။ ကောင်းချီးပေးပြီး ပွားများစေခဲ့ပါတယ်။ လူ ငါးထောင် တို့ကို ကျွေးမွေးခဲ့ပါတယ်။
အံ့ဩဖွယ်နိမိတ်လက္ခဏာ၏ သက်သေ ငါးထောင် ဖြစ်ခဲ့ပါတယ်။ ဒါတင်မကပါ လက်ကျန်ငါးနဲ့ မုန့်တွေ
ပြည့်နေတဲ့ တောင်း ၁၂ တောင်းရှိနေပါတယ်။
သင်မျှော်လင့်စောင့်စားသည်ထက်
၊ သင် စိတ်ကူးမိတာထက် ၊ သင်လိုအပ်နေတာထက်ကို ဘုရားသခင် အမြဲတမ်း သင့်အား ပေးပါတယ်။
လူငယ်ကလေး ပေးလာသော အရာကို ယေရှု ယူဆောင်ပြီး ချိုးဖဲ့တယ်။ ကောင်းချီးပေးပြီး အသုံးပြုခဲ့ပါတယ်။
၎င်းသည် သင်၏ အသက်တာတွင်လည်း ဘုရားသခင် ပြုသောအရာ
ဖြစ်ပါတယ်။ ဘုရားသခင်ထံ သင်ယူဆောင်လာသောအရာက ကျိူးပဲ့နေသောအရာ ဖြစ်ပါစေ ကောင်းဖို့အတွက်
၎င်းကို ဘုရားသခင် အသုံးပြုပါမည်။
သင်၌ရှိသောအရာဖြင့် ယနေ့တွင် ဘုရားသခင်ထံ
ပေးကမ်းလိုက်ပါ။ သင့်အား ကောင်းချီးပေးလိမ့်မည် ၊ ပြီးတော့ သူတစ်ပါးတို့ကိုလည်း ကောင်းချီးဖြစ်စေရန်
သင့်အား အသုံးပြုပါလိမ့်မည်။
ဆင်ခြင်ရန်
- ယနေ့တွင် ဘုရားသခင်အား မည်သည့်အရာကို သင်ပေးချင်ပါသနည်း။
- သင်၏ ပိုင်ဆိုင်သမျှအားလုံး ၊ အသက်တာ ကျိုးပဲ့နေသော
အစိတ်အပိုင်းတို့ကို ဘုရားသခင်ထံ ဖော်ပြဖို့ရန် ဘာကြောင့်အရေးကြီးပါသနည်း။
- ပေးကမ်းတဲ့အခါမှာ ဘုရားသခင်သည် သင်၌မည်သို့သော
စိတ်သဘောထားမျိုး ရှိစေလိုသည်ဟု သင်ထင်မြင်ပါသနည်း။
----------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်