Unicode Version
၂ ကော ၉:၁၀-၁၂ “မျိုးစေ့ကြဲသော
သူအားမျိုးစေ့ကို၎င်း၊ အစာအဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို
ပေး၍ ပွါးများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေ တော်မူမည်။ ထိုသို့သင်တိုသည်
စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ၌ ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊
ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊
ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို
ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။”
၂ ကော ၉:၁၀-၁၁ တွင် ဖော်ပြထားသော ကတိတော်သည်
သင့်အား ပေးသနားတော်မူသော အရာတို့ဖြင့် သင်၏ မျှဝေလိုသော ဆန္ဒပေါ်တည်ပါတယ်။ ဘုရားသခင်၏
ကောင်းချီးတို့ကို သူတစ်ပါးတို့အား ပေးကမ်းလိုသော ဆန္ဒရှိပါသလား။
သင်ကတော့ “ခဏစောင့်ပါ၊
ပေးကမ်းဖို့ လောက်ငှသော ကြွယ်ဝသူ မဟုတ်ပါ” ဟု ပြောကောင်း ပြောပါမည်။ ကောင်းပါပြီခင်ဗျာ….
ဘယ်လောက်ဘဲဖြစ်ဖြစ် နည်းနည်းဘဲဖြစ်ဖြစ် စေတနာထားလို့ ရပါတယ်။
ဒေနာရိ ၂ပြားသာပိုင်ဆိုင်သာ အမျိုးသမီးတစ်ဉီးသည်
ထိုငွေတို့ကို လှူဒါန်းပစ်တဲ့ အကြာင်းကို သမ္မာကျမ်းစာတွင်ဖော်ပြထားပါတယ်။ “ငါ့မှာ
ပေးစရာမရှိဘူးဆိုတာ ဆင်ခြင်သာ ဖြစ်ပါတယ်။ တစ်စုံတစ်ခုကို သင်အမြဲတမ်း ပေးနိုင်ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ၂ ကော ၉:၁၂ “အဘယ်သို့နည်းဟူမူကား၊
ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို
ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။”
ခက်ခဲသော ကာလကို သင်ရင်ဆိုင်တွေ့ကြုံရတဲ့အခါတွင်
“အဖဘုရားသခင် … ကျွန်ုပ်၌ များစွာသော ပိုင်ဆိုင်မှုမရှိပါ
၊ သို့ပေမဲ့ ဝေမျှဖို့ရန် ကျွန်ုပ်ဆန္ဒရှိပါတယ်။ ကျွန်ုပ်၌ အစာ အနည်းငယ်သာရှိပါ၏။ သို့ပေမဲ့လည်း
တစ်စုံတစ်ယောက်ကို ညနေစာ ကျွေးဖို့ရန်အတွက် ဖိတ်ခေါ်ချင်ပါတယ်” လို့ သင်ပြောဆိုနိုင်စဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ ပြုပါလျှင် ကတိတော်
(၃) မျိုးကို ဘုရားသခင် ပေးပါတယ်။ ပထမဉီးစွာ သင်ဝိညာဉ်ရေးရာ ကြီးထွားလာပါမည်။ ဒုတိယအနေဖြင့်
သူတစ်ပါးတို့၏ လိုအပ်ချက်တို့ဖြည့်ဆည်းပေးဖို့ရန် ဘုရားသခင် သင့်ကို အသုံးပြုပါလိမ့်မည်။
တတိယအနေဖြင့် သင့်အားဖြင့် ဘုရားဘုန်းတော် ထင်ရှားပါလိမ့်သည်။
သင်၌ရှိသောအရာဖြင့် ပေးကမ်းဝေမျှတဲ့အခါမှာ
သင်မထင်မှတ်ထားသော နည်းလမ်းတို့ဖြင့်ဘုရားသခင် သည် သင့်အပေါ် ကောင်းချီးတံခါးကို ဖွင့်ပါတော့မည်။
ဆင်ခြင်ရန်
- မည်သို့သောအရာဖြင့် သင့်အား ဘုရားသခင် ကောင်းချီးပေးပါသနည်း။
ဤသတင်းပတ်အတွင်း ထိုကောင်းချီးတို့ဖြင့် မည်သူ့ထံ သင်ဝေမျှပေးနိုင်မည်နည်း။
- ယခုအချိန်တွင် သင်၌ ပေးကမ်းဖို့ များပြားစွာမရှိဘူးလို့
ထင်ပါလျှင် သင့်ထံမှ မည်သည့်အရာကို ဘုရားမျှော်လင့်သည်ဟု ထင်ပါသနည်း။
- သင်၏ ပေးကမ်းခြင်းအားဖြင့် ဘုရားသခင် သင့်အား
ကောင်းချီးပေးကြောင်းကို သင်မည်သို့ မြင်ပါသနည်း။
----------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်