A Fresh Start Begins with Repentance |

 Unicode Version

ယေရမိ မြည်တမ်းစကား ၃: ၄၀-၄၂ “ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရ ဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့် လက်တို့ကို ချီကြွကြကုန်အံ့။ အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ် တော်မမူပါ။”



 အသစ်သော အသက်တာ စတင်ခြင်း နှင့် ကြည်လင်သော ဩတ္တပ္ပစိတ်ဆီသို့ သွားသောလမ်းသည် နောင်တရခြင်းမှ စတင်ပါတယ်။

နောင်တရခြင်းဆိုတာ ဘာလဲ။ အဓိပ္ပါယ် (၃) မျိုးရှိပါတယ်။ ပထမဦးစွာ သင်၏ အပြစ်ကို တာဝန်ယူပါ။ ဒုတိယအနေဖြင့် ထိုအပြစ်ပြုခြင်းအရာတွေကို ဥပက္ခာပြုပါ။ တတိယအနေဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ဘက်ဆီသို့ လှည့်ပါ။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ယေရမိ မြည်တမ်းစကား ၃: ၄၀-၄၂ “ငါတို့သည်ကိုယ်လိုက်သော လမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရ ဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ ကောင်းကင်ဘုံ၌ ရှိတော် မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့် လက်တို့ကို ချီကြွကြကုန်အံ့။ အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန် မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ် တော်မမူပါ။”

 

နောင်တရခြင်းဆိုတာ သင်၏ အပြစ်ကို ရှာကြံအကြောင်းပြခြင်း မဟုတ်ပါဘူး။ “ဤအရာက ကြီးကြီးမားမား မဟုတ်ပါဘူး” လို့ မထင်ပါနှင့်။ ကြီးမားပါတယ် ၊ သို့မဟုတ် သင်မသိမရတော့တာလဲ ဖြစ်မည်။ “ဖြစ်ပြီးသွားတာ ကြာပြီ ၊ ခဏာ ကျွန်ုပ်ဖြတ်သန်းခဲ့တဲ့အရာ (သို့) လူတိုင်း လုပ်နေကြ တာဘဲလေ” လို့မပြောပါနှင့်။ အပြစ်ကို ကျိုးကြောင်းဆင်ခြင် ခြင်း၊ လျော့နည်းသွားအောင် လုပ်‌ဆောင်ခြင်း ၊ ဆင်ခြင်ပေးခြင်း (သို့) သူတစ်ပါးဆီ အပြစ်ဖို့ခြင်း မပြုနိုင်ပါ။ ၎င်းသည် မှန်ကန်သော နောင်တ မဟုတ်ပါ။

 

ဤအရာကို အာရုံစိုက်ပါ။ သင်အား ချုပ်နှောင်ထားသာအရာကို ကုစားဖို့ရန် အကြီးမားဆုံးသော ချုပ်နှောင်မှုသည် သင်ကိုယ်တိုင် ဖြစ်ပါတယ်။ သင်က ဘုရားသခင် (သို့) တစ်စုံတစ်ယောက်ကို သင်စောင့်ဆိုင်းနေတာ မဟုတ်ပါ။ ဘုရားသခင်သည် သင်၏အသက်တာရှိ ချု်ပနှောင်မှုတို့ကို ကုစားပေးဖို့ရန် အလိုတော်ရှိပြီး သင့်အား စောင့်ဆိုင်းနေပါတယ်။

ရှင်ယောဟန်ဩဝါဒစာ ပဌမစာင် ၁:၈ “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။

အသက်တာတွင် မိမိကိုယ်ကို အနိုင်ယူတတ်တဲ့ စိတ်ကို ဖယ်ရှားချင်ပါသလား။ မိမိကိုယ်ကို မလှည့်စားတော့မှ အနိုင်ယူတတ်တဲ့စိတ်ကို ဖယ်ရှားနိုင်ပါမည်။ ၎င်းသည် ရိုးသားမှုကနေ စတင်ပြီး တစ်စုံတစ်ရာကို မှားယွင်းကြောင်း ဝန်ခံမှုပြုခြင်းဖြစ်ပါတယ်။ သင်၏ အပြစ်တို့ကို ဝန်ခံဖို့ လိုအပ်ပြီး အသက်တာကနေ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။

 

ယနေ့တွင် နောင်တရခြင်း၏ ခြေလှမ်းကို စတင်လိုက်ပြီး အသစ်သော အသက်တာ စတင်ခြင်းလမ်းကို ဦးတည်လိုက်ပါ။

 

ဆင်ခြင်ရန်

- သင် မည်သည့်အရာကို မသိချင် ယောင်ဆောင်နေပါသနည်း။ ဘာအပြစ်ရှိလို့ ဟန်ဆောင်နေပါသနည်း။ အပြစ်မဟုတ်ဘူးလို့ ဘာကြောင့် ဟန်ဆောင်နေပါသနည်း။

- သင်၏ အပြစ်တို့ကို ဖော်ပြပြီး စွန့်ပစ်ဖို့ရန် ယနေ့တွင် မည်သို့သော ခြေလှမ်းဖြင့် စတင်မည်နည်း။

- သင်၏ အပြစ်အတွက် နောင်တရပြီးလျှင် ဘုရားသခင် သင့်အား ဘာလုပ်ချင်တယ်လို့ ထင်မြင် ပါသနည်း။

-----------------------------------------------------------------------------------------

Zawgyi Version

ေယရမိ ျမည္တမ္းစကား ၃: ၄၀-၄၂ “ငါတို႔သည္ကိုယ္လိုက္ေသာလမ္းတို႔ကို စစ္ေၾကာ စုံစမ္း၍၊ ထာဝရ ဘုရားထံေတာ္သို႔ ျပန္သြားၾကကုန္အံ့။ ေကာင္းကင္ဘုံ၌ ရွိေတာ္မူေသာ ဘုရားသခင့္ ထံေတာ္သို႔ ႏွလုံးႏွင့္ လက္တို႔ကို ခ်ီႂကြၾကကုန္အံ့။ အကြၽႏ္ုပ္တို႔သည္ ျပစ္မွား ပုန္ကန္မိပါၿပီ။ ကိုယ္ေတာ္သည္ အျပစ္လႊတ္ ေတာ္မမူပါ။”




အသစ္ေသာ အသက္တာ စတင္ျခင္း ႏွင့္ ၾကည္လင္ေသာ ဩတၱပၸစိတ္ဆီသို႔ သြားေသာလမ္းသည္ ေနာင္တရျခင္းမွ စတင္ပါတယ္။

ေနာင္တရျခင္းဆိုတာ ဘာလဲ။ အဓိပၸါယ္ (၃) မ်ိဳးရွိပါတယ္။ ပထမဦးစြာ သင္၏ အျပစ္ကို တာဝန္ယူပါ။ ဒုတိယအေနျဖင့္ ထိုအျပစ္ျပဳျခင္းအရာေတြကို ဥပကၡာျပဳပါ။ တတိယအေနျဖင့္ ဘုရားသခင္၏ ေက်းဇူးေတာ္ဘက္ဆီသို႔ လွည့္ပါ။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ေယရမိ ျမည္တမ္းစကား ၃: ၄၀-၄၂ “ငါတို႔သည္ကိုယ္လိုက္ေသာ လမ္းတို႔ကို စစ္ေၾကာ စုံစမ္း၍၊ ထာဝရ ဘုရားထံေတာ္သို႔ ျပန္သြားၾကကုန္အံ့။ ေကာင္းကင္ဘုံ၌ ရွိေတာ္ မူေသာ ဘုရားသခင့္ ထံေတာ္သို႔ ႏွလုံးႏွင့္ လက္တို႔ကို ခ်ီႂကြၾကကုန္အံ့။ အကြၽႏ္ုပ္တို႔သည္ ျပစ္မွား ပုန္ကန္ မိပါၿပီ။ ကိုယ္ေတာ္သည္ အျပစ္လႊတ္ ေတာ္မမူပါ။”


ေနာင္တရျခင္းဆိုတာ သင္၏ အျပစ္ကို ရွာႀကံအေၾကာင္းျပျခင္း မဟုတ္ပါဘူး။ “ဤအရာက ႀကီးႀကီးမားမား မဟုတ္ပါဘူး” လို႔ မထင္ပါႏွင့္။ ႀကီးမားပါတယ္ ၊ သို႔မဟုတ္ သင္မသိမရေတာ့တာလဲ ျဖစ္မည္။ “ျဖစ္ၿပီးသြားတာ ၾကာၿပီ ၊ ခဏာ ကြၽႏ္ုပ္ျဖတ္သန္းခဲ့တဲ့အရာ (သို႔) လူတိုင္း လုပ္ေနၾက တာဘဲေလ” လို႔မေျပာပါႏွင့္။ အျပစ္ကို က်ိဳးေၾကာင္းဆင္ျခင္ ျခင္း၊ ေလ်ာ့နည္းသြားေအာင္ လုပ္‌ေဆာင္ျခင္း ၊ ဆင္ျခင္ေပးျခင္း (သို႔) သူတစ္ပါးဆီ အျပစ္ဖို႔ျခင္း မျပဳႏိုင္ပါ။ ၎သည္ မွန္ကန္ေသာ ေနာင္တ မဟုတ္ပါ။


ဤအရာကို အာ႐ုံစိုက္ပါ။ သင္အား ခ်ဳပ္ေႏွာင္ထားသာအရာကို ကုစားဖို႔ရန္ အႀကီးမားဆုံးေသာ ခ်ဳပ္ေႏွာင္မႈသည္ သင္ကိုယ္တိုင္ ျဖစ္ပါတယ္။ သင္က ဘုရားသခင္ (သို႔) တစ္စုံတစ္ေယာက္ကို သင္ေစာင့္ဆိုင္းေနတာ မဟုတ္ပါ။ ဘုရားသခင္သည္ သင္၏အသက္တာရွိ ခ်ဳ္ပေႏွာင္မႈတို႔ကို ကုစားေပးဖို႔ရန္ အလိုေတာ္ရွိၿပီး သင့္အား ေစာင့္ဆိုင္းေနပါတယ္။

ရွင္ေယာဟန္ဩဝါဒစာ ပဌမစာင္ ၁:၈ “ကိုယ္အျပစ္မရွိဟု ငါတို႔သည္ဆိုလွ်င္၊ ကိုယ္ကိုကိုယ္လွည့္ျဖား ၾက၏။ ငါတို႔၌သစၥာတရားမရွိ။” 

အသက္တာတြင္ မိမိကိုယ္ကို အႏိုင္ယူတတ္တဲ့ စိတ္ကို ဖယ္ရွားခ်င္ပါသလား။ မိမိကိုယ္ကို မလွည့္စားေတာ့မွ အႏိုင္ယူတတ္တဲ့စိတ္ကို ဖယ္ရွားႏိုင္ပါမည္။ ၎သည္ ႐ိုးသားမႈကေန စတင္ၿပီး တစ္စုံတစ္ရာကို မွားယြင္းေၾကာင္း ဝန္ခံမႈျပဳျခင္းျဖစ္ပါတယ္။ သင္၏ အျပစ္တို႔ကို ဝန္ခံဖို႔ လိုအပ္ၿပီး အသက္တာကေန စြန႔္ပစ္ရမွာ ျဖစ္ပါတယ္။


ယေန႔တြင္ ေနာင္တရျခင္း၏ ေျခလွမ္းကို စတင္လိုက္ၿပီး အသစ္ေသာ အသက္တာ စတင္ျခင္းလမ္းကို ဦးတည္လိုက္ပါ။


ဆင္ျခင္ရန္

- သင္ မည္သည့္အရာကို မသိခ်င္ ေယာင္ေဆာင္ေနပါသနည္း။ ဘာအျပစ္ရွိလို႔ ဟန္ေဆာင္ေနပါသနည္း။ အျပစ္မဟုတ္ဘူးလို႔ ဘာေၾကာင့္ ဟန္ေဆာင္ေနပါသနည္း။

- သင္၏ အျပစ္တို႔ကို ေဖာ္ျပၿပီး စြန႔္ပစ္ဖို႔ရန္ ယေန႔တြင္ မည္သို႔ေသာ ေျခလွမ္းျဖင့္ စတင္မည္နည္း။

- သင္၏ အျပစ္အတြက္ ေနာင္တရၿပီးလွ်င္ ဘုရားသခင္ သင့္အား ဘာလုပ္ခ်င္တယ္လို႔ ထင္ျမင္ ပါသနည္း။